လူမှာအရေးကြီးဆုံး နှစ်ခုပဲရှိတယ်။
လူမှာအရေးကြီးဆုံး နှစ်ခုပဲရှိတယ်။
- အဲဒါကကိုယ်ကျင့်တရားရယ်
- အမှန်တရားကိုမြတ်နိုးမှု (love of truth) ရယ် ဒါဘဲဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်း
ကျမနေထိုင်ရာသင်္ဃန်းကျွန်းကနေ …ဒိနေ ့ကိုကိုနဲ ့ကျမရုပ်ရှင်ကြည်ရန် ့မြို ့ထဲ ကိုသွားဘို ့ချိန်းဆိုမိကြပါတယ်..
ကိုကိုကတခါတလေ..သွားတာအဌားကားနဲ ့သွားရန်ပြောပေမဲ ့။အချိန်ကလေည်းစောနေသေးတာကြောင့်38လိုင်းကားပဲ စိးရန်ကိုကိုကိုပြောပြီး စီးခဲ ့ကြပါတယ်။ဟုတ်တယ်ကျမတို ့မှာနောင်ရေးကလည်းရှိသေးတယ်..အစစအရာရာချွေတာကြရမယ်လေ။
ကိုကိုကတော့..မိ သဘောဆို တဲ ့အကြည့်နဲ ့လာခဲ ့ကြပါတယ်။
ကျမတို ့ကားပေါ်မှာနေရာမရခဲကြပေမယ့်သိပ်အကြပ်ကြိီး မဟုတ်တဲ့
့အတွက်အဆင်ပြေနေခဲ ့ပါတယ်။
သုဝဏလမ်းဆုံအရောက်မှာ..ကျမတို ့နံဘေးကဆင်းသွားကြတာမို ့ကိုကိုနဲ ့ကျမနေရာထိုင်ခုံရခဲ ့ပါတယ်။ကျမကပြူတင်းပေါက်ဘက်ဝင်ထိုင်ပြီး ကိုကိုကလျှောက်လမ်းဘက်ကပါ။
ဘော်လုံးအပွဲ အပြိးဆင်းလာတဲ ့သူတွေနဲ ့မလို ့ကားပေါ်မှာလူတော်တော်များလာခဲ ့ပါတယ်။
ကားပေါ်ကိုလူငယ်တသိုက်..နောက်ပြောင်အော်ဟစ်ဆဲဆိုနေတဲ ့လူငယ်၅ ယောက်လည်းတက်လာပါတယ်။
အော်ဟစ်နောက်ပြောင်ဆဲ ဆိုကြပြီး၊ ကြောင်ကြောင်းကျားဆေးမှင်ကြောင်ထိုးထားတဲ ့ လူငယ်တသိုက်နဲ ့တကားထဲ အတူစီးရတာမလိုု ့…ကျမမှာတော့နှာခေါင်းရှုံ့စိတ်ညစ်ရပါပြီ ။
.
ကိုကိုကတော့….မင်းအပြစ်နဲ ့မင်းဆို တဲ ့အကြည့်နဲ ့ကြည့်ခဲ ့ပါတယ်..ကိုကိုနဲ့ ကျမကဆဲ ဆိုတာကိုလုံးဝမကြိုက်တတ်သူပါ။အမိယုတ်ညံ့သူသာဆဲ တတ်ကြတာလို ့ကျမကသိထားပါတယ်။
ရှေ ့ကမှတ်တိုင်အရောက်မှာ….
ဒီအချိန်ကိုကိုဘေးမှာ့ကလေးချီထားတဲ ့အမျိုးသမိးတယောက်လည်းတက်လာခဲ ့ပါတယ်။
ကိုကိုကတော့…နေရာကြပ်လို ့ပဲလား…ဒါမှာမဟုတ်မတွေ ့ တာပဲလား အပြင်ငေးရင်းလိုက်ပါခဲ ့ပါတယ်။ကျမလည်းကိုကို ကိ ့တစ်ထောင်နဲ ့တို ့ပြီး သတိပေးလိုက်ပါတယ်။
အဲဒီအချိန်မှာ….ကျမတို ့ခုံရှေ ့ကလူကြီး တယောက်ကနေရာထပေးတာတွေ ့ရပါတယ်။
ကြည်နူးစရာ တစ်ခု သွားတွေ့တယ်..ဘာလည်းဆိုတော့ အနောက်နိုင်ငံတွေမှာ Lady First ဆိုပြီးတော့ အမျိုးသမီးတွေကို ဦးစားပေးဖို့ စာသားလေး ရှိပါတယ်……။
ဒီလိုပဲ ကျမတို့ မြန်မာနိုင်ငံ မှာ လည်း လိုင်းကား စီးတဲ့အခါ သံဃာတော်များ ၊ ကိုယ်ဝန်ဆောင်များ ၊ နာမကျန်း သူများ ကိုနေရာ ဖယ်ပေးကြပါ တယ်။ ဒါပေမယ့် ကျမ တစ်ခါ ၊နှစ်ခါ မက တွေ့ ကြုံ ဖူးတယ်..အဲဒီလူ တွေကပဲ နားမလည်တာလား ၊တစ်ကိုယ် ကောင်းဆန် တာလား ၊လူမှုရေး ခေါင်းပါးကြတာလား ဆိုတာ ကာယကံ ရှင်တွေပဲ သိကြမှာပါ ။ယောကျင်္ား ရင့်မာကြီး တွေဖြစ်ရဲ့သားနဲ့ မိန်းခလေးနဲ့ အပြိုင် နေရာလုတာတွေ တွေးကြည့်တာနဲ့တင် ရှက်ဖွယ်လိလိ ဖြစ်ပါတယ်။ကူညီပေးတတ် သော လူကြီး၏ စိတ်ဓာတ်မှာ လေးစားစရာ ဖြစ်သည် ရုတ်တရက်စိတ်ထဲ မှာကိုကိုအစားရှက်မိနေပါတယ်။ဒါပေမယ့်လည်း..ကိုကိုမမြင်တာဘဲဖြစ်မှာပါလို ့တွေးမိလိုက်ပါတယ်။
အဲ ့ဒိလူ က ပုဇွန်တောင်ဈေးအထွက် မှာတော့ စပါယ်ယာကောင်လေးကို….
“ဟေ ့သူငယ်ငွေတစ်ထောင်ပြန်အမ်းလေ..” လို ့တောင်းလိုက်တာကြားမိလိုက်ပါတယ်။ ကျမသေချာသတိထားကြည့်နေတယ်..ဒီလူကားခပေးချင်ဟန်ဆောင်ပြီးအိတ်ထဲ ပြန်ထဲ ့တာကိုသိနေမြင်နေတယ်လေ။
စပါယ်ယာကောင်လေးက …လူအများနြ ့ဆက်ဆံရတာမလို ့..မမှတ်မိတဲ ့အခြေအနေမှာ…..
တဆက်တည်း..အဲ ့ဒိလူ ့က..” ငါ လှမ်းပေးတာ သူတို ့လည်းမြင်တယ.် “လို ့ကျမတို ့နှစ်ယောက်ကိုပါ ဆွဲထည့်လိုက်ပါတယ်…။
ပြီးတော့.”.မင်းတို ့စပါယ်ယာတွေ ကဒီအတိုင်းဘဲ…”.ဟိန်းဟောက်နေပါတော့တယ်..။
ကိုကိုကဘာမှမပြောဘဲ…ကျမကမနေနိုင်ပါဘူး…စပါယ်ယာကောင်လေးကိုမပေးကြောင်းပြောလိုက်ချင်နေမိပါတော့တယ်..။ဒါနဲ ့စပါယ်ယာလည်း..အများနဲ ့ဆက်ဆံနေရတာမလို ့ငွေကိုးရာပြန်အမ်းမလို ့လုပ်လိုက်တဲ ့အခါ ကျမ မကျေမနပ် ဖြစ်ပြီးပြောမယ်အလုပ်မှာ ကိုကို က
“မိ….ဘာလုပ်တာလည်းဆို တဲ ့အကြည့်မင်းနဲ့ မဆိုင်ဘူးငြိမ်ငြိမ်နေပါ”လို ့ကိုကို ရဲ ့တိးတိုးပြောသံမှာ…..ကျမရှက်လို ့နေရပါပြိ…။
အဲ ့ဒိအချိန်မှာဘဲ..ခုဏဆဲတဲ ့တစ်သိုက်ထဲ ကလူငယ်လေးတွေ က
“”ဒီမှာဦးလေးကြီး…. စပါယ်ယာလေးက ခင်ဗျားသားအရွယ်လောက်ရှိတယ်..သူရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာ…။
ခင်ဗျာအဝေးရောက်မှပေးချင်ဟန်ဆောင်တယ်..အနီးရောက်တော့မပေးဘူး….ဒီမှာကျွန်တော်တို ့သူငယ်ချင်း၅ယောက်လုံးခင်ဗျာလုပ်နေပုံကိုမြင်တယ်။ ”
တဆက်တည်းကျမဘက်လှည့်ပြီး.
.”ဒဲ ့အစ်မလည်းမြင်တယ်ဗျ””လို ့ရဲရဲဝင့်ဝင့်အမှန်တရားဘက်ကရပ်တည်ပေးသွားတယ်။
ကျမချစ်ခင်ရတဲ ့ကိုကို..ကဘယ်လိုလူလည်းကွယ်..ပညာတွေတတ်ပါ့ရဲ ့နဲ ့ကျမနှာခေါင်းရွှတ်ကဲ ့ရဲ ့မိခဲ ့တဲ ့…ဆဲ တတ်ကြတဲ ့လူငယ်တသိုက်က..
ကျမနှစ်သက်တဲ ့..ကျမလေးစားတဲ့စာနာမှု၊နားဘည်မှုသိတတ်မှုတွေ.
.ကျမအားကျအလေးထားတဲ ့ရိုင်းပင်းကူညီတတ်တဲ ့စိတ်တွေရှိကြပါရဲ ့………
ဒိလူငယ်တွေသာမဆ ဲတတ်ခဲ ့ရင်..တကယ့်အဖိုးတန်လေးတွေပဲဖြစ်မှာပါ..။
ကျမရဲ ့အတွေးကလည်းတန်ဘိုးကိုငွေကြေးမတိုင်းတာတတ်ဘူး…အသုံးဝင်မှုနဲပဲတိုင်းတာတတ်တယ်လေ။
လူတစ်ယောက်ချမ်းသာကြွယ်ဝမှုကိုငွေကြေးနဲ့ မတိုင်းတာဘူး..တန်ဘိုးနဲ ့ပဲတိုင်းတာတတကျမခေါင်းမဖော်ဝံ့အောင်….ရှက်ရပါပြိ။
လူမှာအရေးကြီးဆုံး နှစ်ခုပဲရှိတယ်။
*အဲဒါကကိုယ်ကျင့်တရားရယ်
*အမှန်တရားကိုမြတ်နိုးမှု (love of truth) ရယ် ဒါဘဲဖြစ်တယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
ဒီစာလေး က ကိုကို..ကကျမကိုပေးခဲ ့တာလေးပါ…………………….
ကျမအတွေးတွေက..ဟိုးးးးးးးးးးးးးးး အတိတ်ဆီ နှင့် ဆဲတတ်သော်လည်း ကားပေါ်မှ အမှန်တရားဘက်ရပ်တည်ပေးခဲ ့သော ဆေးမြှင်ကြောင်ရုပ်များနဲ ့လူငယ်လေးများဆီသို့ …….
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
~~~~~~~~~~~~~~~~~~
12 comments
ပေါက်ဖော်
October 18, 2011 at 10:35 pm
ဟုတ်သော်ရှိ.မဟုတ်သော်ရှိ
ဖတ်ရတာတော့..အရသာရှိ၏…
တစ်ခုရှိတာက
လူတွေက စိတ်ရင်းကိုမြင်အောင်မကြည့်ပဲ ပုံဏ္ဍန်ကိုကြည့်ပြီး…အရင်ထင်ကြေးပေးတတ်ကြတယ်..
ထင်ချင်သလိုထင်ပလိုက်ကြတယ်..
အဲတာတော်တော်ဆိုးဒယ်..
small cat
October 19, 2011 at 5:16 am
အဝတ်အစား အသုံးအဆောင်ကောင်းတွေ ဝတ်ဆင် သုံးစွဲနေသူတိုင်း
ကိုအထင်မကြီးသင့်ပါဘူး။ လူတိုင်းကိုဆိုလိုတာမဟုတ်ပေမဲ့
လူလိမ်တို့၏လက်နှက်သည် အဝတ်အစား ဆိုတဲ့စကားလေးကြားဖူးတယ်
“ဘီလူးကြီး”ogre
October 19, 2011 at 8:00 am
အော်လူတွေလူတွေ
ကိုယ်ကျင့် တရားတွေပျက်ကုန်ကျပြီဗျ အားလုံး အချောင်လိုက်ပြီ
အချောင်လိုချင်တဲ့ စိတ်ဓါတ် ရှိသူတွေသာများလာပြီလေ
pan pan
October 19, 2011 at 8:53 am
အပေါ်ယံကြည့်လို့မရဘူး
အဲဒါထက် တချို့ဆို လုပ်ရပ်ပါကြည့်လို့မရပြန်ဘူး
သက်သက်ယုတ်မာတဲ့လူတွေရှိသလို၊ ပုံမှန်အတိုင်းတော့ စိတ်ထားကောင်းသလိုနဲ့
ကိုယ်နဲ့ပတ်သက်လာရင် အတ္တကြီးပြီး ယုတ်မာတဲ့လူတွေလည်း ရှိပ့ါ 😡
မသိတဲ့လူတွေကတော့ “ဟယ်၊ သူတော်ကောင်းကြီး၊ စိတ်ထားကောင်းလိုက်တာ” ပေ့ါ
တကယ်တမ်း ကိုယ်ကျိုးဖက်လာရင် ယုတ်ပက်ကြတာ နှစ်ယောက်မရှိဘူး
အရေချုံသူတော်ကောင်းအခွံလည်း ကျွတ်ကရော
မသိသေးတဲ့လူတွေကတော့ အကောင်းမြင်နေကြဆဲပေ့ါ 🙄
ကြောင်ကြီး
October 19, 2011 at 9:31 am
လူငယ်ငါးယောက်
ဆေးမင်ကြောင်
လူမြင်ကတ်အောင်
သောင်းကျန်းပါရဲ့..
ရွှေအိမ်စည့်ကိုကို
သဘောတို
အဟောပိုတာ
ဗေဒင်တောက်တဲ့..
ကြောင်ကြီးဝေဖန်
ရမ်းလေကန်
အင်တာနက်ပေါ်
ပြောခွင့်ရှိလို့….။
etone
October 19, 2011 at 11:51 am
ကားပေါ်က ဇာတ်လမ်းလေးကို ဖတ်ရတာ ဆရာမဂျူးရဲ့ ဟိုဝတ္တုထဲကလိုပါပဲ … ဘောလုုံးပွဲကြည့်ပြီး အပြန် ဆဲဆိုလာတဲ့ လူအုပ်စု ကားပျက်တော့ ဆင်းတွန်းတဲ့ ဝတ္တုလေးနဲ့ ခပ်ဆင်ဆင်ပါပဲ … ။
တစ်နေ့တစ်နေ့ကားလိုက်စီးရင်း … ကားပေါ်က အတွေ့ကြုံတွေ ခဏခဏရတယ် … ။
တခြားနိုင်ငံတွေမှာတော့ ဘယ်လိုမှန်းမသိပေမယ့် … ဒီနိုင်ငံမှာတော့ လေဒီဖက်စ်မဖြစ်နိုင်ဘူး … ဘာလို့လဲဆိုတော့ .. ကားကြပ်ကြပ်နေရာမှာ … ယောကျာ်းရော မိန်းမရော ပိကြပ်ညပ်နေတဲ့ အချိန် ဖင်တစ်နေရာစာ ထိုင်ရတာက တော်သေးတာမို့ … နေရာလွတ်ရင်တောင် အနီးနားက ယောကျာ်းတွေ ခပ်တည်တည်ဝင်ထိုင်နေကြပါပြီ … ။ တဖက်က တွေးမယ်ဆိုလျှင်တော့ .. ဦးရာလူစနစ်ပေါ့လေ … ကားကြပ်ကြပ်ကြီးထဲ သူတို့လည်း မတ်တပ်ဘယ်ရပ်ချင်ပါ့မလဲ … ။
အမြင်မတော်တဲ့လူတွေကို(ဗိုက်ကြီသည် ၊ရောဂါသည် ၊ ဒုကိ္ခတ ၊သံဃာ၊ အိုမင်းမစွမ်းသူ) ထပေးတဲ့ တစ်ချို့ စာနာစိတ်ရှိတဲ့ လူတွေလည်း ရှိပါသေးတယ် …
http://myanmargazette.net/53764/creative-writing/short-story မှာ ရေးခဲ့ဖူးတယ် ။
blackchaw
October 19, 2011 at 12:01 pm
ထူးအိမ်သင် က သူတန်ဘိုးထားတဲ့ အရာ နှစ်ခုကိုပြောခဲ့ဘူးပါတယ်။
ချစ်ခြင်းမေတ္တာ နဲ့ ဉာဏ်ပညာ ပါတဲ့။
ရွှေအိမ်စည့် ကိုကို က ရွှေအိမ်စည်ကို တကယ်ချစ်တယ်ဆိုရင်
တစ်ခုပြည့်ပြီ။ ချစ်ခြင်းမေတ္တာ။
ရွှေအိမ်စည် လိုချင်တဲ့ စိတ်ဓါတ်မျိုး သူ့မှာရှိလာဘို့
ဘယ်လိုပြောင်းလဲရမလဲဆိုနည်းလမ်းကိုသိရင်
နောက်တစ်ခုပြည့်ပြီ။ ဉာဏ်ပညာ။
ထူးအိမ်သင် စံနဲ့ ပြောတာနော်။
ဗိုလ်ချုပ်အောင်ဆန်း စံနဲ့ကျတော့ အင်း……။
mandalarthu
October 19, 2011 at 12:12 pm
ရွှေအိမ်စည်ရေ……
ဗိုလ်ချုပ်ရဲ ့လူမှာအရေးကြီးဆုံး နှစ်ခုဟာ
*ကိုယ်ကျင့်တရားရယ်
*အမှန်တရားကိုမြတ်နိုးမှု ဆိုတာကို အပြည် ့အဝ ယုံကြည်လက်ခံပါတယ်။
အဲဒီ (၂)ခုသာမရှိတော ့ရင် လူတယောက်ရဲ ့ဘဝတန်ဖို းသုညဖြစ်သွားမှာ သေချာပါတယ်။
လူတွေရဲ ့စိတ်ရင်းကို အပေါ်ယံကြည် ့ပြီး ဆုံးဖြတ်လို ့မရဘဲ အရေးကြံ ုမှသာ သိခဲ ့ရတာလဲ
ကိုယ်တွေ ့အခါခါပါဘဲ။ အခက်အခဲကြံ ုလာတဲ ့အခါ ထင်မထားတဲ ့လူတွေက လူသားချင်းစာနာထောက်ထားမှ ုအပြည် ့နဲ ့ကူညီတာတွေ တွေ ့နေရတော ့လေးစားကြည်ညိ ုမိပြီး
ကိုယ်လဲ သူတို ့လို စိတ်မျိုးထားတတ်အောင်၊ ထားနိူင်အောင် ကြိ ုးစားနေရတုန်းပါဘဲ။
အမှန်တရားကိုချစ်ြမြ တ်နိုးပေမယ် ့ကိုယ်နဲ ့မဆိုင်တဲ ့ကိစ္စတွေမှာ မဆိုင်သလို မနေဘဲ
့ရဲရဲဝင့်ဝင့်အမှန်တရားဘက်ကရပ်တည်ပေးသွားနိူင်တဲ ့သတ္တိရှိဖို ့တော ့
အတော်လေးကြိ ုးစားရဦးမှာပါ။
ရွှေအိမ်စည်ရေ…….ဒီလို အတွေးအခေါ်ကောင်းလေးတွေပေးတဲ ့အတွက် ကျေးဇူးပါနော်။
windtalker
October 19, 2011 at 12:18 pm
မရွှေရေ
မရွှေပို ့စ်ကို ဖတ်အပြီးမှာ ဖီးလင် တော်တော်ဖြစ်ရတယ်ဗျာ
ဆဲတတ်သော်လည်း အမှန်တရားဘက်မှ ရပ်တည်တတ် ဆိုတာလေးကိုပေါ့
အဲဒါမျိုးတွေက နေရာတိုင်းမှာ ပုံစံအမျိုးမျိုးပြောင်းပြီး တွေ ့နေရဦးမယ်လို ့ထင်ပါတယ်ဗျာ
ကျွန်တော် က တော့ ကျောက်သမား ဆိုတော့
ကျောက်စကား နဲ ့ပြောရရင်
ကျောက်ရဲ ့အခွံပေါ်မှာ ကာလာပြချက်တွေ နဲ ့သိန်းသန်းချီအောင် အောင်မယ့် လက္ခဏာ ပြနေတဲ့ ကျောက်ရိုင်းတုံးဟာ ၊ ခွဲဖြတ်လိုက်တဲ့အခါ အထဲမှာ ဘာမှ ပါမလာတတ်သလို
အခွံပေါ်မှာ ဘာပြချက် မှ မရှိပဲ ခွဲလိုက်မှ အထဲကနေ သိန်းသန်းချီအောင် ထအောင်တဲ့ ကျောက် မျိုး လည်း မြင်ရပါများတော့
နေတတ်နေပါပြီဗျာ
MOEPWINTPHYU
October 19, 2011 at 2:45 pm
ကောင်းလိုက်တာဖတ်ရတာလေ
လူကိုအပေါ်ယံတင်မကြည့် ပဲနဲအတွင်းစိတ်ထိလည်း ဘယ်သူမှမသိနိုင်ပါဘူး
တစ်ခါတစ်လေတော စိတ်ကောင်းဝင်ပြီး ကူညီခြင်စိတ်ရှိပါတယ် တစ်ခါတစ်လေတော အကုန်းလုံးကိုမသိချင်းယောင်ဆောင်နေလိုက်တယ် ………
လူဆိုတောလေ ကောင်းတဲအခါရှိသလိုမကောင်းတဲအခါလည်ရှိပါသည်
Lin Nay Yong
October 19, 2011 at 3:41 pm
“လူတစ်ယောက်ရဲ့ တန်ဖိုးကို ငွေနဲ့မတိုင်းတာဘူး
အသုံးဝင်မှုနဲ့ ပဲတိုင်းတာတယ်”
လူတိုင်း တန်ဖိုးရှိပြီး အသုံးဝင်နိုင်ကြပါစေ။
မောင်သန်းထွဋ် ဦး
October 19, 2011 at 5:56 pm
လူမှာအရေးကြီးဆုံး နှစ်ခုပဲရှိတယ်။
*အဲဒါကကိုယ်ကျင့်တရားရယ်
*အမှန်တရားကိုမြတ်နိုးမှု (love of truth) ရယ် ဒါဘဲဖြစ်တယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
ခုလို တန်ဖိုးရှိတဲ့ စာသံပေသံလေးတွေ ဖတ်ခွင့်၊ကြားခွင့်ရလို ့ကျေးဇူးပါနော်။