Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်မှပေးစာ

ရွှေအိမ်စည်August 23, 20111min3727

အပေါင်းအသင်း ရောင်းရင်းများခင်ဗျား

မျှဝေလိုက်ပါတယ်

မြန်မာပြည်မှပေးစာ၊

အားလပ်ရက် – ၂

holiday 2.png

စိမ်းလန်းစိုပြေတဲ့ကုန်းမြေရဲ့ အနောက်ဘက်နယ်ခြားတလျှောက် လေးတွဲ့စွာစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ အံ့မခန်းမြင် ကွင်းကို ပုဂံဟိုတယ်(မြစ်မြင်ကွင်း)က ပကတိဖော်ပြပေးနေပါတယ်။

ကျွန်ုပ်တို့ ပုဂံတွင် လေးရက်နေထိုင်စဉ်မှာ မုတ်သုန်ရာသီတွင်း ကောင်းစွာချဉ်းနင်းဝင်ရောက်နေသော်လဲ မိုးဖွဲလေး(အမှန် တကယ်ကိုအဖွဲဆုံးလေး) တကြိမ်ပဲ ရွာခဲ့ပါတယ်။ မြို့တော်ဟောင်းအတွက် ကျော်ကြားစေခဲ့တဲ့ ရှုမောဘွယ်ရာ နေဝင် ဆည်းဆာများကို ညနေတိုင်း ကျွန်ုပ်တို့ခံစားပျော်ရွှင်ခဲ့ရပါတယ်။

ကျွန်ုပ်တို့ ဘန်ဂလိုရဲ့ဝရံတာကနေ နေဝန်းနီကြီး တော်ဝင်ခြေလှမ်းများဖြင့် လျှော်ကျသွားနေတာကို ကြည့်မြင်ရပါတယ်။ တဘက်မြစ်ကမ်းကိုညှို့မှိုင်းနေစေတဲ့ မရမ်းနုရောင်နဲ့ မဲနယ်ပြာတောင်တန်းများနောက်ကွယ်မှာ လျှိုးဝင်မပျောက်ကွယ်ခင် မှာ ကောင်းကင်ကို အပြောရခက်တဲ့ ဟင်္သာပြဒါးရောင်များနဲ့ လိမ္မော်ရောင်များနဲ့ အဝါရောင်များဖြင့် ရောင်ခြယ်လျက် အံ့ဘွယ်တိမ်ကောက်ကြောင်းများကို အရောင်လင်းလက်စေပါတယ်။ ဒါဟာ ခရီးသွားလက်ကမ်းကြော်ငြာမှဓါတ်ပုံကို အသက်ဝင်စေခဲ့တာပါ။

ပုဂံရဲ့ကြည်နူးဘွယ်အချစ်ဇာတ်ကြောင်းများနဲ့ အံ့မခန်းဘွယ်ရာများကို ပညာရှင်များ၊ အထူးပြုလေ့လာသူများနဲ့ ထသွားထ လာဧည့်သည်များက ရေးသားခဲ့ကြပါတယ်။ ခြုံနွယ်သစ်ပင်များလွှမ်းတဲ့လွင်ပြင်မှာ အရွယ်အစားစုံ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထောင်ပေါင်းများစွာရှိနေပါတယ်။ (ရှေးဟောင်းသုတေသနဌာနက ဗိမာန်အသေးများရဲ့ အကြွင်းများ အပါအဝင် ၃ ထောင်ကျော် စာရင်းပြုစုထားပါတယ်။) အကြီးဆုံးမှ အသေးဆုံးအထိ တခုချင်းစီမှာ ကောင်းကင်ကို ထောင်တက်နေတဲ့ ထိပ်ဦးပိုင်းများ ဆောင်းထားကြပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာဖန်တီးမှုဖြစ်ရုံထက် ပိုမိုမြင့်တဲ့အရာ တခုကို လွမ်းမောတမ်းတခြင်းရဲ့ ပိသုကာပညာဆိုင်ရာဖော်ပြမှုဖြစ်ပါတယ်။

တိကျတဲ့ပုံတူပွါးကိုရရန် မကြာခဏမခြယ်သတဲ့ပုံမှာ ကျွန်မရဲ့ ပုဂ္ဂလိကစိတ်ခံစားမှုကို အသေးစိတ်မခြယ်မှုန်းပဲ ဆေးရောင် အလင်းအရောင်တောက်ပခြင်းကို ပေါင်းထည့်ပေးနိုင်ပါတယ်။ ညနေဆည်းဆာချိန်မှာ အလားအလာမရှိတဲ့ ရည်ရွယ်ချက် မြို့တော်ကို အတိတ်မှာရော အနာဂတ်မှာမရှိတဲ့ မှေးမှိန်တဲ့လောကမှာ အရိပ်များနက်ရှိုင်းစေမှုဖြင့်ပယ်ဖျက်လိုက်ပါတယ်။

အဆောက်အဦးငယ်များစွာတို့ဟာ ပျက်စီးမှုအဆင့်ဆင့်မှာရှိနေပါတယ်။ အမြဲမတည်ရှိခြင်းနဲ့ ဟောင်းနွမ်း ဆွေးမြေ့ခြင်းနဲ့ အယူမှား အယုံမှားခြင်း အကျေအမွများရဲ့ သရုပ်ဖော်ချက်များအဖြစ်ရပ်တည်နေပါတယ်။

ဗုဒ္ဓဘာသာဒေသတွင်သာမက တန်ခိုးထွားသူများနဲ့ ဝါကြွားလိုသူများ သူတို့ရဲ့အာဏာပိုင်ခြင်းနဲ့ ဂုဏ်ဒြဗ်များကို ဖျက်မရ နိုင်တဲ့ အမှတ်တံဆိပ်များအဖြစ် ကျန်ရစ်အောင်ကြိုးစားခဲ့ကြတဲ့ ကမ္ဘာမြေကြီးရဲ့ မည်သည့် အစိတ်အပိုင်းမှာမှ မလျော်ကန် တဲ့သင်္ခန်းစာများကိုလဲလှစ်ပြနေပါတယ်။

ပုဂံဟာ ပျောက်ကွယ်သွားတဲ့ဂုဏ်ရောင်၊ ပျောက်ဆုံးသွားတဲ့လူမှုယဉ်ကျေးမှုနဲ့ လူတို့ရဲ့သနားစဘွယ် မာနတရားများကို ဖော်ညွှန်းနှိုးထနေပါတယ်။ အဆုံးမဲ့သဲကန္တာရသဲများတွင် ကြီးမားတဲ့အပိုင်းအစများအဖြစ် လဲလျောင်းနေတဲ့ အိုဇီမဲန်ဒီယား ရဲ့ အေးတိအေးစက်နိုင်တဲ့ သရော်လှောင်ပြောင်ချက်ဖြင့် ကောင်းစွာဖော်ပြပေးနေပါတယ်။ “ကျွန်ုပ်ရဲ့အလုပ်များနဲ့ မြော်လင့်ချက်မဲ့ခြင်းများကိုကြည့်ပါ – အိုဘုရားသခင် – ”

သူတို့ရဲ့ ထင်ရတဲ့ဘာသာရေးယုံကြည်မှုသက်သေအဖြစ် အုတ်များနဲ့အင်္ဂေတသရွတ်များဖြင့် စေတီပုထိုးများ တည်ခဲ့ကြတဲ့ ပုဂံရဲ့ ဘုရင်များ၊ မိဖုယားများ၊ မင်းသားများ၊ နန်းတွင်းသူနန်းတွင်းသား ဘယ်နှစ်ပါးဟာ သံသရာအနှောင်အဖွဲ့က အမှန်တ ကယ်လွတ်မြောက်အောင် ရှေ့ရှုကြပါသလဲ။

တန်ဘိုးကြီးအဆောက်အအုံများတည်ဆောက်ခြင်းဖြင့် ကမ္ဘာမှာ သူတို့ရဲ့ပစ္စည်းတန်ဘိုး သက်သေပြရုံမျှ ဘယ်နှစ်ယောက် စိတ်ပါဝင်စားခဲ့ပါသလဲ။

အဲဒီအလုပ်တွေဟာ နိဗ္ဗာန်ရောက်ကြောင်းတရားအယူအဆလွှမ်းခြုံမှုမှ သူတို့ရဲ့စိတ်များက ကြောက်ရွံ့ဖယ်ရှောင်နေတာ ကြောင့် အသက်ရှင်နေတဲ့သံသရာတလျှောက် သူတို့ရဲ့သက်တောင့်သက်သာရှိနေမှုကို အာမခံတဲ့ အာမခံပေါ်လီစီအဖြစ် ဘယ်နှစ်ယောက် ကြည့်မြင်ခဲ့ပါသလဲ။

ပုဂံကိုအုပ်စိုးခဲ့တဲ့ မင်းများရဲ့စာရင်းဟာ အမှန်တကယ်ရှည်လျားလှပါတယ်။ ဒါပေမင့် မင်းတပါးတည်းကသာ ကျွန်မရဲ့ အာရုံကိုဖမ်းစားခဲ့ပါတယ်။ ကျွန်မကလေးဘဝမှာ သမိုင်းစာအုပ်များက ကျန်စစ်သားမင်းဟာ မြန်မာနိုင်ငံကို ပထမဆုံးစည်း ရုံးသိမ်းသွင်းခဲ့တဲ့ဘုရင်အဖြစ်မှတ်တမ်းတင်ခဲ့တဲ့ အနော်ရထာမင်းကြီးရဲ့သားတော်တပါးဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒါပေမင့် ပညာရှင်များရဲ့သုတေသနကတော့ သူတို့နှစ်ဦးဟာ သွေးမတော်စပ်ကြောင်းဖော်ပြကြပါတယ်။

ကျန်စစ်သားမင်းဟာ သာမန်ပုဂ္ဂိုလ်တဦးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမင့် ထူးခြားတဲ့ပါရမီရှင် ဖြစ်ပါတယ်။ သူဟာ သတ္တိဗျတ္တိနဲ့ရဲရင့်သူပါ။ တော်ဝင်တပ်မတော်ရဲ့စစ်သေနာပတိဖြစ်လာကာ ထင်ရှားတဲ့ သူရဲကောင်းတဦးဖြစ်ခဲ့ပါတယ်။

ဘုရင်အိုကြီးက သူ့ကိုအာခံတော်လှန်နိုင်ခြေရှိတဲ့သူလို့ မနာလိုမရှုစိမ့်ဖြစ်တာခံရပုံရပါတယ်။ ဘုရင်အနော်ရထာ နတ်ရွာစံ ပြီးနောက် ပျော့ညံ့အရည်အချင်းမရှိတဲ့သားတော်က အရိုက်အရာဆက်ခံခဲ့ပါတယ်။ သူ့ရဲ့သက်တမ်းဟာ အလွန် တိုတောင်းလှပါတယ်။ အနော်ရထာရဲ့အရိုက်အရာခံဘို့ ကျန်စစ်သားမင်းသားရဲ့ထီးနန်းသိမ်းဘိသိက်ခံရေးကို စိန်ခေါ်မဲ့သူ မရှိကြောင်းယူဆရပါတယ်။
ကျန်စစ်သားမင်းဟာ ဉာဏ်ပညာကြီးမားတဲ့၊ စွမ်းရည်ပြည့်တဲ့ အကြင်နာဂရုဏာတရားကြီးမားတဲ့ မင်းတပါးအဖြစ် သက်သေခံပါတယ်။ သူတည်ထားခဲ့တဲ့ အာနန္ဒာဘုရားဟာလဲ သူ့ရဲ့ဆွဲဆောင်မှု ပင်ကိုယ်စရိုက်ကို ရောင်ပြန်ဟပ်နေစေ ပါတယ်။ အလင်းအမှောင်နှစ်ခုစလုံး အားကောင်းအောင် ကျက်သရေရှိရှိ အချိုးကျ တည်ဖွဲ့ထားလို့ လှပတဲ့အဆောက် အအုံအဖြစ် သဘောထားယူဆရပါတယ်။ အာနန္ဒာစေတီကိုဖူးမျှော်ရတာဟာ ရှားပါးတဲ့ဘုရင်တပါးကို ကန်တော့ရသလို စေတီအတွင်းရှိ ထူးခြားတဲ့ဗုဒ္ဓရုပ်ပွားတော်များဟာ ဘာသာရေးအမွေအဖြစ်ကိုယ်စားပြုထားတာပါလားလို့ လေးလေးနက် နက် ချင့်ချိန်စဉ်းစားမိစေပါတယ်။

ဟိုတယ်မြေပေါ်မှာ ကျွန်ုပ်တို့ကို ရင်သပ်ရှုမောဘွယ် အံ့ဩခြင်းအဖြစ်နဲ့ ကျန်စစ်သားမင်းကြီးကို ရည်စူး တည်ထားကိုး ကွယ်တဲ့ စေတီနှစ်ဆူကို ဖူးမျှော်ခွင့်ရစေခဲ့ပါတယ်။ တကယ်တမ်းကို မထင်မရှား လူသိမများတဲ့စေတီများဖြစ်ပါတယ်။ တဆူကတော့ ကျန်စစ်သားမင်းကြီးအုပ်ချုပ်စချိန်မှာ သူရဲ့ရန်သူများအပေါ် အောင်မြင်ခြင်းအတွက် ဂုဏ်ပြုရည်စူး တည် ထားတာလို့ ကျွန်မတို့ကိုပြောပြပါတယ်။ အခြားတဆူကတော့ စစ်ဝါဒီတယောက်အနေနဲ့ သူကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ကျူးလွန်ခဲ့မှုများမှ ကြေရာကြေကြောင်းအတွက် သူ နတ်ရွာစံခါနီးမှာ တည်ထားပေးထား တာလို့ ဆိုပါတယ်။

စားသောက်ဆောင်အနီး ဥယျဉ်ထဲမှာတော့ သင့်တင့်တဲ့အရွယ် အဆောက်အအုံများရှိပါတယ်။ အဲဒိနေရာများမှာ ညနေ တိုင်း ရိုးရာစောင်းဂီတသံများဖြင့်တီးခတ်ဖျော်ဖြေကြပါတယ်။ သီးသန့်ဘုရားရှစ်ခိုးဆောင်များ အနံ့အသက်များရရှိပါတယ်။ ယင်းတို့တွင် ဆိတ်ငြိမ်ညနေဆည်းဆာမှာ ဆီးမီးဖယာင်းတိုင်များ ထွန်းညှိပူဖော်ကြရတာ ကြီးမားထင်ရှားတဲ့ ဘုရား ကြီးများမှာ ဘုရားရှိခိုးပူဇော်ရမှုနဲ့ ခြာနားတဲ့ခံစားမှုကိုရရှိပါတယ်။

ကျွန်မရဲ့သားနဲ့ကျွန်မတို့ဟာ အဆောက်အဦးဟောင်းများကို ကတိုက်ကရိုက်လျှောက်မကြည့်တော့ရန် ဆုံးဖြတ်လိုက်ကြ ပြီး၊ ဟိုတယ်ပရဝဏ်တွင်းရှိ အာနန္ဒဘုရားနဲ့ကျန်စစ်သားမင်းကြီးရဲ့ စေတီငယ်များအပြင် အခြားစေတီနှစ်ဆူဖြစ်တဲ့ သဗ္ဗညုနဲ့ မနုဟာဘုရားများကို သွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။ မနုဟာစေတီကတော့ အကျဉ်းခံ မွန်ဘုရင် မနုဟာမင်း တည်ထားခဲ့တယ်လို့ အများကယေဘူယျယူဆထားတာမို့ တမူ ထူးခြားလျက်ရှိနေပါတယ်။ ကာလကြာရှည်လက်ခံထားတဲ့ သမိုင်းမှာ ပညာရှင်များ အငြင်းပွားနေကြပါ တယ်။ ဒါပေမင့် ဒီစေတီဟာ တားဆီးပိတ်ပင်ခံထားရတဲ့ လွတ်မြောက်မှုရဲ့ ပြင်းပြတဲ့ခံစားမှုဝန်းကျင်ကို ဖန်တီးဘို့ တမင်္ဂလာပုံစံဖော်ဆောင်ထားပုံရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်များဟာ ရရှိတဲ့နေရာနဲ့ အချိုးမကျစွာ အလွန်ကြီးမားနေပါတယ်။ ဖူးမျှော်ရတဲ့ဧည့်သည်မှာတော့ ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါ၊ လွတ် မြေက်လိုတဲ့စိတ်ဆန္ဒဖြစ်မှုရဲ့ အသက်ရှူမွန်းကျပ်ခြင်းကို ခံစားဖြစ်ပေါ်စေပါတယ်။ ဤသို့ဖူးမျှော်ရခြင်းကြောင့် ကျွန်ုပ်တို့နိုင်ငံရဲ့ လိုအပ်ချက်ကြီးနှစ်ခုကို သတိရစေပါတယ်။ “မတူကွဲပြားနေကြတဲ့ လူမျိုးစုတိုင်းရင်းသားများအတွင်း သဟဇာတမျှမှုကို ယှက်နွယ်ယက်ဖောက်ပေးဘို့ လိုအပ်ချက်” နဲ့ “နိုင်ငံရေးအကျဉ်း သားများအားလုံးလွတ်မြောက်ဘို့ ဆောင်ရွက်ပေးရမဲ့လိုအပ်ချက်တို့”ဖြစ်ကြပါတယ်။ ဒီလိုအသိတရားမှအားလပ်ခြင်းဆိုတာ မရှိနိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည်

၂၀၁၁ ဩဂုတ်လ ၂၂

မိုင်အိနိချိ၊ ဂျပန်

( ဂျပန်နိုင်ငံတွင် ၂၀၁၁ ဩဂုတ်လ ၂၂ နေ့ထုတ် မိုင်အိနိချိ နေ့စဉ်သတင်းစာပါ Letter from Burma: Holiday (2) ကို မြန်မာပြန်ဆိုပါသည် )

မောင်မောင်လှကြိုင်

၂၀၁၁ ဩဂုတ်လ ၂၂


all the best
mmhk

7 comments

  • ကြောင်ကြီး

    August 23, 2011 at 11:10 am

    ချီးကျူးပါတယ် ဒေါ်ရွှေခင်များ၊ အခုလို တခုတ်တရနဲ့ အမေစုစာကို ဘာသာပြန်ပေးလို့ပါ… နောင်လည်း ဆက်လက်ဖတ်ရှုနိုင်ရန် စောင့်မျှော်နေပါသည်..။

    • ရွှေအိမ်စည်

      August 23, 2011 at 11:48 am

      ကျနော်ဟုတ်ဘူး….
      မောင်မောင်လှကြိုင်ပြန်ပေးတာ.
      .ဟီး..သေချာဖတ်လေဗျာ

      သွေးသောက်တွေ လေ

  • pan pan

    August 23, 2011 at 11:15 am

    မနုဟာဘုရား ရောက်ချင်နေတာ
    အရင်နှစ်က ပုဂံသွားတော့ နေ့ချင်းပြန်ဆိုတော့ မရောက်ဖြစ်လိုက်ဘူး
    ကလေးဘဝတုန်းကပုဂံရောက်ဖူးပေမယ့် အဲဒီဘုရား ရောက်ဖြစ်လားတောင် မသိဘူး

  • မီးမီး သော်

    August 23, 2011 at 12:57 pm

    “”””အကြီးဆုံးမှ အသေးဆုံးအထိ တခုချင်းစီမှာ ကောင်းကင်ကို ထောင်တက်နေတဲ့ ထိပ်ဦးပိုင်းများ ဆောင်းထားကြပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာဖန်တီးမှုဖြစ်ရုံထက် ပိုမိုမြင့်တဲ့အရာ တခုကို လွမ်းမောတမ်းတခြင်းရဲ့ ပိသုကာပညာဆိုင်ရာဖော်ပြမှုဖြစ်ပါတယ်။”””

    စိတ်ဝင်စားဖို ့ကောင်းတဲ့ရည်ညွန်းချက်ပါနော်။ဘယ်လိုထင်ကြပါလဲ ပြောကြည့်ကြပါနော်

  • မီးမီး သော်

    August 23, 2011 at 1:05 pm

    “”””” မနုဟာစေတီကတော့ အကျဉ်းခံ မွန်ဘုရင် မနုဟာမင်း တည်ထားခဲ့တယ်လို့ အများကယေဘူယျယူဆထားတာမို့ တမူ ထူးခြားလျက်ရှိနေပါတယ်။ ကာလကြာရှည်လက်ခံထားတဲ့ သမိုင်းမှာ ပညာရှင်များ အငြင်းပွားနေကြပါ တယ်။ ဒါပေမင့် ဒီစေတီဟာ တားဆီးပိတ်ပင်ခံထားရတဲ့ လွတ်မြောက်မှုရဲ့ ပြင်းပြတဲ့ခံစားမှုဝန်းကျင်ကို ဖန်တီးဘို့ တမင်္ဂလာပုံစံဖော်ဆောင်ထားပုံရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်များဟာ ရရှိတဲ့နေရာနဲ့ အချိုးမကျစွာ အလွန်ကြီးမားနေပါတယ်။ ဖူးမျှော်ရတဲ့ဧည့်သည်မှာတော့ ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါ၊ လွတ် မြေက်လိုတဲ့စိတ်ဆန္ဒဖြစ်မှုရဲ့ အသက်ရှူမွန်းကျပ်ခြင်းကို ခံစားဖြစ်ပေါ်စေပါတယ်။ ဤသို့ဖူးမျှော်ရခြင်းကြောင့် ကျွန်ုပ်တို့နိုင်ငံရဲ့ လိုအပ်ချက်ကြီးနှစ်ခုကို သတိရစေပါတယ်။ “မတူကွဲပြားနေကြတဲ့ လူမျိုးစုတိုင်းရင်းသားများအတွင်း သဟဇာတမျှမှုကို ယှက်နွယ်ယက်ဖောက်ပေးဘို့ လိုအပ်ချက်” နဲ့ “နိုင်ငံရေးအကျဉ်း သားများအားလုံးလွတ်မြောက်ဘို့ ဆောင်ရွက်ပေးရမဲ့လိုအပ်ချက်တို့”ဖြစ်ကြပါတယ်။ ဒီလိုအသိတရားမှအားလပ်ခြင်းဆိုတာ မရှိနိုင်ပါ။”””””

    ဒီနေရာလေးကို ဖတ်မိတော့ အမေရဲ ့တွေးခေါ်နိုင်စွမ်း၊အမေ့ရဲ ့ခံယူချက်နူးညံ့သိမ်မွေ ့လွန်းတာတွေ ့ရတယ်နော်။တကယ်ပါ. အမေ. —အမေဟာကျွန်မတို ့အတွက် အားဆေးဖြစ်သလို ရှေ ့ကနေမားမားရပ်ပေးနေတဲ့ ဒုတိယ အမေပါအမေ။ကျွန်မ ပုဂံကို ၂၀၀၆ခုနှစ်မှာတစ်ကြိမ် ၂၀၀ရခုနှစ်မှာတစ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။နှစ်ကြိမ်လုံး မနှဟာဘုရားကိုဝင်ဖူးခဲ့ပါတယ်။ဒါပေမယ့်ဒီအတွေးမျိုးမရခဲ့ဖူးပါဘူး။လေးစားအားကျလျှက်ပါအမေစု။ခုလို မျိုး ဘာသာပြန်ပေးထားတဲ့ စာရေးသူကိုလဲ ကျေးဇူးအထူးပါနော်

  • windtalker

    August 23, 2011 at 1:25 pm

    မနုဟာ ဘုရား ကို ရောက်ရင်
    မြတ်စွာဘုရား ဆင်းတု တော် တွေ ရဲ ့
    မျက်နှာတော် တွေ ကို သေချာ လိုက်ဖူးကြည့်မယ် ဆိုရင်
    ထူးခြား မှု များ ကို ဖူးမျှော်တွေ ့ရှိနိုင်ပါတယ်

  • ရွှေဘိုသား

    August 23, 2011 at 7:51 pm

    ကာလကြာရှည်လက်ခံထားတဲ့ သမိုင်းမှာ ပညာရှင်များ အငြင်းပွားနေကြပါ တယ်။ ဒါပေမင့် ဒီစေတီဟာ တားဆီးပိတ်ပင်ခံထားရတဲ့ လွတ်မြောက်မှုရဲ့ ပြင်းပြတဲ့ခံစားမှုဝန်းကျင်ကို ဖန်တီးဘို့ တမင်္ဂလာပုံစံဖော်ဆောင်ထားပုံရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်များဟာ ရရှိတဲ့နေရာနဲ့ အချိုးမကျစွာ အလွန်ကြီးမားနေပါတယ်။ ဖူးမျှော်ရတဲ့ဧည့်သည်မှာတော့ ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါ၊ လွတ် မြေက်လိုတဲ့စိတ်ဆန္ဒဖြစ်မှုရဲ့ အသက်ရှူမွန်းကျပ်ခြင်းကို ခံစားဖြစ်ပေါ်စေပါတယ်။ ဤသို့ဖူးမျှော်ရခြင်းကြောင့် ကျွန်ုပ်တို့နိုင်ငံရဲ့ လိုအပ်ချက်ကြီးနှစ်ခုကို သတိရစေပါတယ်။ “မတူကွဲပြားနေကြတဲ့ လူမျိုးစုတိုင်းရင်းသားများအတွင်း သဟဇာတမျှမှုကို ယှက်နွယ်ယက်ဖောက်ပေးဘို့ လိုအပ်ချက်” နဲ့ “နိုင်ငံရေးအကျဉ်း သားများအားလုံးလွတ်မြောက်ဘို့ ဆောင်ရွက်ပေးရမဲ့လိုအပ်ချက်တို့”ဖြစ်ကြပါတယ်။ ဒီလိုအသိတရားမှအားလပ်ခြင်းဆိုတာ မရှိနိုင်ပါ။

    တကယ်လည်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မြောက်ဘို. ဆောင်ရွက်သင်.ပါပြီ
    ပြည်ပကလူတွေ ပြန်မလာတာ အဲဒီအကြောင်းတွေပါပါလိမ်.မယ်

Leave a Reply