Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဝမ်းသာရမှာလား…ဝမ်းနည်းရမှာလား….

etoneMay 12, 20101min3877

ဒီနေ့ မနက်စောစော inbox ထဲကိုဝင်နေတဲ့ သတင်းတပုဒ်ကို share လိုက်ပြန်တယ်နော် ။ ရေးတဲ့လူကတော့ ချစ်စံဝင်းပါတဲ့ ။

ဓမ္မစေတီခေါင်းလောင်းကြီးကို တရားဝင်ခေါင်းဆောင် ရှာဖွေခဲ့သူ အမေရိကန်လူမျိုး ဂျင်ဘလန် Jim Blunt ဆိုသူ၏ ခေါင်းလောင်းကြီးရှာဖွေခဲ့မှု အတွေ့အကြုံများအကြောင်းဖြစ်ပါ

သည်။
ခေါင်းလောင်းကြီးကို မိမိလက်နှင့် ထိမိကိုင်မိဘူးပါသည်ဟု ပထမဆုံး ပြောသူသည် ဦးကြိုင် (အမျိုးသားမှတ်ပုံတင်အမှတ် CN T 801875) ဖြစ်၍ ဒုတိယတွေ့ရှိသည်ဟု ပြောကြားသူက ကိုအောင်ကျော် (အမျိုးသားမှတ်ပုံတင်အမှတ် KMT 118533) ဖြစ်ပြီး တတိယမြောက် ခေါင်းလောင်းတော်ကြီးကို သူတွေ့ရှိခဲ့သည်ဟု ဆိုသူကား မစ္စတာဂျင်ဘလန့် ဖြစ်ပါ၏။
ဂျင်ဘလန့်က သူသည် ခေါင်းလောင်းကြီးကို ရှာဖွေမှုလေးကြိမ် ပြုလုပ်ပြုလုပ်ခဲ့၍ ရေအောက်သို့ သူကိုယ်တိုင် (၁၁၅)ကြိမ် ဆင်းပြီး ရေငုပ်ရှာဖွေခဲ့သည်ဟု ဆိုသည်။ ဂျင်ဘလန့်သည် ခေါင်းလောင်းကြီး ရှာဖွေရေးအတွက် ကျိုက်ထီးရိုးစေတီတော်ကြီးသို့ အဓိဌာန်ခရီး နှစ်ကြိမ် သွားရောက်ခဲ့သူဟု ဆိုပါ၏။ သူသည်ခေါင်း လောင်းကြီးရှာဖွေရေး အတွက် မြန်မာနိုင်ငံသို့ ရောက်နေစဉ်
သက်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ခေါင်းလောင်းကြီး အကြောင်းကို နာရီပေါင်းများစွာ ဆွေးနွေး လျှောက်ထားခဲ့သည်။ ဗုဒ္ဓကိုယ်တော် ဟောကြားသော တရားတော်များကိုလည်း ဆရာ တော်ကြီးများထံမှ တဆင့် နာကြားခဲ့ရသည်။ ရေငုပ်ရာတွင် လိုအပ်သော အဆောင်အယောင်၊ လက်ဖွဲ့များကို ဆောင်ပြီးမှ ရေငုပ်သည်ဟု ဆိုပါ၏။
ဂျင်ဘလန်သည် ဒေါပုံရေပြင်တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးအား ရေငုပ်ရှာဖွေပြီးသည့်နောက် ထိုအကြောင်းအရာများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် အနောက်တိုင်း မီဒီယာများမှ တစ်ဆင့် ရေးသားခဲ့သည်။ ဂျင်ဘလန့်၏ ရေးသားမှုကြောင့် ဥရောပနှင့် အမေရိကမှာသာမက တစ်ကမ္ဘာလုံးကပါ ဓမ္မစေတီမင်းခေါင်း လောင်းကြီးအား စိတ်ဝင်စားလာခဲ့၏။ “
ကမ္ဘာပေါ်တွင် နှစ်အရှည်ကြာဆုံး လူ့သမိုင်း၌ လျှို့ဝှက်ဆန်းကြယ်မှု တစ်ရပ်အနေနှင့် လူသားတို့ စိတ်ဝင်တစားရှိခဲ့သော အရာမှာခရစ်တော်၏ ညစာစားပွဲမှ နေ၍ ပျောက်ဆုံးသွားသော သိဒ္ဓိဝင်ပန်းကန်ပြား Holy Grail ဖြစ်သည်။ ခရစ်တော်သိဒ္ဓိဝင် ပုဂံပြားသည် ယနေ့ထက်တိုင် လက်စလက်န ရှာဖွေ၍ မရသေးသဖြင့် လူတို့သည် သိဒ္ဓိဝင်ပုဂံပြားအပေါ် တမ်းတတ စိတ်ဝင်စားခဲ့ကြ၏။
ရာစုနှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပါသော်လည်း သိဒ္ဓိဝင်ပန်းကန်ပြား အပေါ်လူတို့၏ စိတ်ဝင်စားမှုသည် လျှော့ကျခြင်းမရှိ အစဉ်တစိုက် စိတ်ဝင်စားခဲ့ကြ၏။
ယင်းသိဒ္ဓိဝင်ပုဂံပြားနှင့်မခြား အနောက်ဥရောပမှာသာမက ကြားရသူတိုင်း စိတ်ဝင်စားမှုရှိလာသော အရာသည် ဓမ္မစေတီ ခေါင်းလောင်းကြီးပင် ဖြစ်ပါသည်။
ဂျင်ဘလန့်သည် မြန်မာနိုင်ငံတွင် ဓမ္မစေတီခေါင်းလောင်း ကြီးရှာဖွေရေးနှင့် ပတ်သက်၍ ပထမဆုံးခွင့်ပြုချက်ရရှိသူ နိုင်ငံခြား သားဖြစ်ပြီး သူသည် စတင်းဖိုဒ်တက္ကသိုလ်တွင် ကမ္ဘာမြေကြီး ဆွဲအားကြောင့် ရေလှိုင်းများ၊ ဒီရေအတက်အကျအကြောင်းကို လေ့လာသုတေသနပြုခဲ့သူ သုတေသနသမား တစ်ဦးဖြစ်သည်။ သူသည် ဂြိုဟ်တု ထောက်လှမ်းရေးပညာကို (၃၅)နှစ်တိုင် လက် တွေ့
လေ့လာဆည်းပူးခဲ့သူလည်း ဖြစ်၏။ သူသည် ဟောလီးဝုဒ် သုတေသနဋ္ဌါနနှင့် တိုးတက်သော အင်ဂျင်နီယာအသင်းတွင် အသင်းဝင်တစ်ဦးလည်း ဖြစ်သည်။ သူသည်မြေပြင်ကို အာကာသမှ လည်းကောင်း၊ ရေထုမြေထုအောက်ခြေကို ကောင်းကင်ယံမှ လည်းကောင်း စူးစမ်းထောက်လှမ်းနိုင်သည့် ဂြိုဟ်တုအပါအဝင် ပစ္စည်းများစွာကို တီထွင်ခဲ့သူဟုဆိုပါ၏။
ဂျင်ဘလန့်သည် ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာဖွေမှုနှင့် ပတ်သက်၍ သူ၏ အသေးစိတ် အစီရင်ခံစာလည်း ရှိပါသည်။
ဂျင်ဘလန့်က သူသည် ခေါင်းလောင်းကြီးကို သူ့လက်နှင့် အသေအချာ ထိခဲ့သည်ဟု ဆိုပါ၏။ သူ့ခေါင်းလောင်းကြီးအား လက်နှင့်ထိခဲ့သည်ကို နိုင်ငံတော်အားလည်း အသိပေးခဲ့သည်ဟု ဆိုပါ၏။ ဂျင်ဘလန့် တွက်ချက်မှုအရ ခေါင်းလောင်ကြီး၏ အရွယ်အစား အတိုင်းအတာကို အောက်ပါအတိုင်း ဖြစ်ကြောင်း ဆိုလေသည်။
၁။ ဓမ္မစေတီခေါင်းလောင်းကြီး၏ အလေးချိန်သည် (၂၂၉.၅) တန်ရှိသည်။
၂။ ခေါင်းလောင်းထုထည်သည် (၉၂၄.၆)ကုဗပေရှိသည်။
၃။ ခေါင်းလောင်း၏ ဆလင်ဒါထု (၁၆၉.၅၆) ကုဗပေ
၄။ ဆလင်ဒါ ဟောင်းလောင်းပေါက်အတွင်းသားကုဗပေ (၆၈၅.ဝ၄) ကုဗပေ
၅။ ဆလင်ဒါ ကြေးသတ္တု၏ အပြည့်ထုထည် (၁၅၂၆.ဝ၄) ကုဗပေ
၆။ ခေါင်းလောင်းအချင်း (၈.၉) ပေ
၇။ ခေါင်းလောင်း နံရံအထူ (၁၈.၆) လက်မ
ဤအကြောင်းအရာများသည် ခေါင်းလောင်းကြီးနှင့်ပတ်သက်၍ တွေ့ရှိသူတစ်ဦးက ပထမဆုံးအကြိမ် သိပ္ပံနည်းကျ တွက်ချက်ကြေညာမှုဖြစ်ပါသည်။
ဂျင်ဘလန့်သည် ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်သက်၍ ရာဇဝင်သမိုင်းလာ အချက်အလက်များ၊ ဆရာတော်ကြီးများ၏ ပြောကြားချက်များ၊ လူပုဂ္ဂိုလ်များ၏ ပြော ဆိုချက်၊ ယုံကြည်မှု၊ ဒဏ္ဍာရီ အဆိုပြုချက်များပါမကျန်ဖြစ်ကြောင်းရယ် ကုန်စင်ကို ရေးသားကာ သူသည် ဒေါပုံရေပြင်တွင်ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ၊ ဗီဒီယိုလှုပ်ရှားမှု ပုံများ၊ VHS အောက်စက်လို စက်မျိုးနှင့်တစ်မျိုး၊ DVD
ရုပ်သံအချပ်များ၊ ကွန်ပျူတာ စနစ်များနှင့်တစ်ဖုံ ကူးယူ၍ အမေရိကန်ပြည်ထောင်စုမှာ စာအုပ်ဆိုင်များ၌ ဖြန့်ချိခဲ့ရာ ဂျင်ဘလန့်၏ ဖြန့်ချိမှုသည် အလွန်မှအရောင်းသွက်ခဲ့ကြောင်းသိရ၏။
ဂျင်ဘလန့်က ပင်လယ်ပြင်အောက်က ခေါင်းလောင်းကြီးအကြောင်း စာအုပ် တစ်အုပ်ကို ထုတ်ဝေ၍ ဗီဒီယို ဇာတ်လမ်းများကိုလည်း ရိုက်ကူးပြသမည့် အကြောင်းနှင့် ဓမ္မစေတီခေါင်းလောင်းကြီးနှင့် ပတ်သက်သော Website တစ်ခုတင်ရန်လည်း စီစဉ်နေသည်ဟု သိရသည်။
ဂျင်ဘလန်လှုံ့ဆော်မှုကြောင့် ခေါင်းလောင်းကြီးနှင့်ပတ်သက်သမျှကို ထင်ပေါ်ကျော် ကြားသူတို့လည်း စိတ်ဝင်တစားရှိလာကြ၏။ ထိုသူများထဲတွင် ဟောလိဝုဒ်မင်းသားကြီး ရစ်ချတ်ဂီယာ Richard Gere လည်းပါဝင်၏။ ရစ်ချက်ဂီယာသည် ဂျိန်းဘွန်းမင်းသား ရှောင်ကွန်နရီတို့နှင့်အတူ တွဲဖက်သရုပ်ဆောင်နိုင်သူ မင်းသားတစ်လက်ဖြစ်ပြီး An Officer and the gentleman, Pretty woman, First knight စသော နာမည်ကြီး ရုပ်ရှင်ကားများတွင်
သရုပ်ဆောင်ခဲ့သော မင်းသားဖြစ်သည်။ ရစ်ချက်ဂီယာ သည် Pretty Woman တွင် မင်းသမီးချော ဂျူလီယာရောဘတ်နှင့် တွဲသရုပ်ဆောင်ခဲ့ပြီး First Knight တွင် ဂျူလီယာအိုမန်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့၏။
မင်းသားကြီး ရစ်ချက်ဂီယာက ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူမည်ဆိုပါက ဘယ်လောက်ပဲကုန်ကုန် သူအကုန်အကျ ခံနိုင်မည့်သူ ဖြစ်ပါ၏။ ရစ်ချက်ဂီယာသည် မြန်မာနိုင်ငံတွင် နာဂစ်တိုက်စဉ်က အလှူရှင်များအဖွဲ့နှင့် ရောက်ရှိလာခဲ့ဖူးသူလည်း ဖြစ်သည်။ ရစ်ချက်ဂီယာသည် မူလက ခရစ်ယာန်ဘာသာ ကိုးကွယ်သော်လည်း ဗုဒ္ဓဘာသာကို အလေးအနက် ယုံကြည်သက်ဝင်လာသူ တစ်ဦးဖြစ်၏။
ဓမ္မစေတီခေါင်းလောင်းကြီး သတင်း ထိုကဲ့သို့ ပြန့်ပွားလာသည့် အတွက် ဂျင်ဘလန်အား ကျေးဇူးတင်စရာ ဖြစ်သော်လည်း ဂျင်ဘလန့်သည် ဓမ္မစေတီခေါင်းလောင်းသတင်းများကို သူဟာသူ ရေးသားဖြန့်ချိ ထုတ်ဝေရာမှ အမေရိကန် ဒေါ်လာ (၄.၂)သန်း ရရှိခဲ့သည်ဟု သိရသည်။ နောက်ထပ် စာအုပ်ရေးသားခြင်း၊ ရုပ်ရှင်ရိုက်ကူးပြသခြင်း၊ ဝက်ဘ်ဆိုဒ်ပေါ်တင်ခြင်း စသည်တို့မှလည်း ရနိုင်စရာ အကြောင်းများ
ရှိနေပါ၏။
ဤသတင်းများ၏ အရင်းအမြစ်ဖြစ်သော မြန်မာနိုင်ငံမှကား တစ်ပြားတစ်ချပ်မှ မရခဲ့ပါ။ ရှေးဟောင်းဒေသနယ်မြေများသို့ နိုင်ငံခြားသားများ ဝင်ခွင့်မရှိ။ ခွင့်ပြုထားသော မည်သည့်နေရာတွင်မဆို ဝင်ရောက်လိုပါက သတ်မှတ်ဝင်ကြေးပေးပြီးမှ ဝင်ရတာဖြစ်ပါ၏။ ဂျင်ဘလန့်သည် မြန်မာ့ရှေးဟောင်း နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် ရရှိပြီး ဓမ္မစေတီမင်းကြီး ခေါင်းလောင်းတော်ကြီး
သတင်းသည် သိဒ္ဓိဝင် ပန်းကန်ပြားတစ်မျှ စိတ်ဝင်စားစရာ ဖြစ်လာရသော်လည်း ကျွန်တော်တို့နိုင်ငံမှ တစ်ပြားတစ်ချပ်မှ ဝင်ငွေမရဘဲ ဂျင်ဘလန့်သည် အမေရိကန်ဒေါ်လာ (၄.၂)သန်း ရရှိသွားခြင်းအတွက် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား ကျွန်တော်တို့လည်း မသိနိုင်တော့ပြီတကား။

7 comments

  • susunosuki

    May 12, 2010 at 6:01 am

    သိသူဖော်စား မသိသူကျော်သွား
    ရသူအတွက် ဝမ်းသာပြီး ကိုယ့်လူမျိုးတွေတော့ကြိုးစားရဦးမယ်ဆိုတာပြနေတယ်

  • Shwemannmay

    May 12, 2010 at 6:26 am

    အင်း ဒါကတော့ ဝမ်းသာဝမ်းနည်းကြီးပဲပေ့ါ။ မြန်မာကို ကမ္ဘာကသိအောင်လုပ်ပေးခ ယူသွားတာပဲ

  • Mg Soe Ko Ko

    May 12, 2010 at 6:50 am

    ငွေကြေးတန်ဖိုး ထက် သမိုင်းတန်ဖိုးက ပို အရေးကြီး ပါတယ်။ တချိုးသောသူများကတော့ ခေါင်းလောင်းကြီး က ခိုက် တယ် ပေါ်တူဂီတွေ သယ်သွားတုန်းက ဘုရား တွေ ကဖောက်ထားတဲံ ဌာပနာ ပစ္စည်း သေတ္တာ လဲပါတယ် ဆိုပြီး ဒဏ္ဍာရီ ဆန်ဆန် အဖြစ် အပျက်တွေ လဲ ပေါ်ထွက်လာဘူးပါတယ်။ အရင် တုန်း ကတည်းက ဆရာချစ်စံဝင်းတို့ မိသားစု လဲခေါင်းလောင်းဆယ်ယူရေး အတွက်တော်တော် လေး ကြိုးပမ်းခဲ့ ဘူးပါတယ်။ ခေါင်းလောင်းဆယ်ယူရာမှာ ပါဝင်ခဲ့ တဲ့ အင်ဂျင်နီယာဘွဲ့ရဆရာ သား ကြီး ၁ယာက်ဆို မတော်တဆ တခု နဲ့ ကွယ်လွန်သွားတုန်းကတောင် ကောလဟာလ သတင်း အချိုးထွက်ခဲ့ ဘူးပါတယ် ။ ခေါင်းလောင်းဆယ်ယူရာမှာ သက်ဆိုင်ရာခွင့်ပြုချက်ရယူ ပြီး အချိုရည် တစ်ခု ရဲ့ ပိုင် ရှင် တစ်ဦးက စပွန်စာလုပ်ခဲ့ ဘူးပါတယ်။ အရင် အနားယူ သွား ပြီဖြစ်တဲ့ ဗိုလ်ချုပ် တစ်ဦးလဲ ပါဝင်ခဲ့ ဘူးပါတယ်။ မြန်မာတို့ ရဲ့ သမိုင်းအမွေ ဖြစ်တဲ့ ခေါင်းလောင်းကြီး ကို မြန်မာ တွေကိုယ်တိုင် ကြိုးစားပြီးနှစ်ပေါင်းတော်တော် ကြာ ကြိုးပမ်း ခဲ့ ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ သို့ပေမဲ့ အဆိုပါခေါင်းလောင်းကြီး အကြေ ကို ကမာ္ဘက မဆို နဲ့ အချို့သော မြန်မာလူမျိုးများဆို မကြားဖူးပါ။
    နောင် လာနောက် သား အချို့ ဆို ပိုဝေးလို့ သက်ကြီးပိုင်းတချို့ ဆိုဒဏ္ဍာရီ ဆန်ဆန် အဖြစ် အပျက် တခုလောက်သာ သိထားကြပါတယ်။ ဆရာချစ်စံ ဝင်း ကတော့ အစဉ် အဆက် ထို အခြင်းအရာများကို အမြဲ တင်ပြနေသူ တဦးဖြစ်ပါတယ် ။ ခေါင်းလောင်းကြီး ဆယ်ယူရန်ကြိုးပမ်းမှု အကြောင်းကို ဂျင်ဘလန် ထက် အရင် စာအုပ်တောင် ရေးသားထုတ်ဝေထားတာရှိပါတယ်။ ခု ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်ဖြစ် မြန်မာပြည်ရဲ့ အဖိုးတန် အမွေ အနှစ် အကြောင်းကို ကမာ္ဘ ကသိရှိတာ အမြတ်ပါ။ ဂျင်ဘလန့် စာအုပ်တွေရေးပြီးဒေါ်လာရ သွားတာ သာပြောတာပါ။ သူ့ရဲ့ လုံ့လထုတ်မှုတွေ ကြိုးပမ်းမှုတွေ ညိနှိုင်းရခက်တဲ့ အခြေအနေတွေ အခက် အခဲ
    တွေ အများကြီးရှိခဲ့ မှာပါ ။ တာတွေ က ကာယကံရှင် ကိုယ်တိုင်သိနိုင်မဲပ အရာတွေ ပါ။ အဲ့ ဒီ့ အတွက် အဖိုးအခ လို့ ပဲ ယူ ဆနိုင်ပါတယ်။ ဒါပေမဲ့ အဖိုးဖြတ်လို့ မရ တာက ကျွန်တော် တို့ မြန်မာလူမျိုးတွေ ရ့ သမိုင်းအမွေ နဲ့ အာရှတိုက် က လူမျိုးတွေ ကို ယဉ်ကျေးမှု ရှိအောင်ဆိုပြီး လာရောက်နယ် ချဲ့ ခဲ့ တဲ့ အနောက်တိုင်းသားတွေရဲ့ ဓါးပြဆန်ဆန် အဖြစ် အပျက်တစ်ခု အတွက် သက်သေ အထောက် အထားတစ် ခု လဲ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကျွန်တော် သီးသန့် အမြင်တစ်ခုပြောချင်တာကတော့ အထက် ပါ mail ကတော့ ဆရာချစ်စံဝင်း ရေးသားတယ် ဆိုတာ မဖြစ်နိုင် ဘူးဆိုတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်။

  • Rain girl

    June 2, 2010 at 6:33 am

    ဝမ်းနည်း ဝမ်းသာဖြစ်ရပါတယ်။ ခု ခေါင်းလောင်တော်ကြီး ပြန်ရတော့ လည်း ကောင်းတာပေ့ါ။ သမိုင်းမွေ တစ်ခုပဲလေ။

  • ဆူး

    September 4, 2010 at 7:21 am

    ဝမ်းသာပါတယ် ဝမ်းနည်းပါတယ်

  • hoe

    September 4, 2010 at 7:42 am

    ဒါကို ဝမ်းသာစရာလို ့ပဲ ယူဆ သင့်ပါတယ်… ဘာလို ့လဲဆိုတော့ ကျွန်တော်တို ့ဘယ်လို မှ မသိနိုင်တာကို သူက ရအောင် ရှာဖွေခဲ ့တာရယ်… ကျွန်တော် တို ့နိုင်ငံကြောင့် သူ အောင်မြင်သွားရတာ ပီတိဖြစ်ရတာရယ် ကြောင့် ပါလို ့ထင်ပါတယ်… သူလဲ ပင်ပင်ပန်း ပန်း ရှာဖွေ ခဲ ့ရတာပဲ မဟုတ်လားဗျ…. 🙂 🙂 🙂

  • Ba Gyi Taw

    September 4, 2010 at 10:04 am

    ဝမ်းသာ ၊ ဝမ်းနဲဖြစ်ရအောင် မင့်ကဘာလုပ် ပေးခဲ့လို ့လဲ ။ မြန်မာစစ်အစိုးရတောင် သူနဲ ့မဆိုင် ဘေးထိုင်နေခဲ့တာကို ။

Leave a Reply