Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကံစမ်းမဲ ပေါက်လို့တဲ့….ဗျာ

jaryittAugust 25, 20111min57911

တစ်နေ့ နေပြည်တော်မှာနေတဲ့… (……………..) ဆီကို ဖုန်းပိုင်ရှင် အမည်…။ ဖုန်းနံပါတ်အမှန်အကန်ပြောပြီး ဖုန်းခေါ်ဆိုလာလို့ ဖုန်ကိုင်လိုက်တော့ ယခု ဖုန်းပိုင်ရှင် အနေနဲ့ အောင်ဘာလေ ထီ ထိုးထားတဲ့ ထီ ကဒ်ကနေ ကံစမ်းမဲ ပေါက်နေပါသတဲ့…။ ဆုမဲက နှစ်သိန်းတန် ဒီဂျစ်တယ် ကင်မရာတစ်လုုံးပါတဲ့…။ ပြောလာပုံက …။ဆုမဲကို ကံစမ်းမဲ ပေါက်သူ ဖုန်းပိုင်ရှင်ဆီကို ပို့ပေးပါ့မယ်တဲ့…။လေ ဒါပေမဲ့ သူတို့ဆီကနေ (ဖုန်းဆက်သူထံမှ ) နောက်ဖွင့်မဲ့ အောင်ဘာလေထီ (၁၁) သိန်းဘိုး ကံစမ်းရမယ်တဲ့လေ…။ အဲဒိတော့…..
(…………………) မှ “ ဟာ…….အဲဒိလောက်ကြီးတော့ ကျွန်တော် မတတ်နိုင်ဘူး”လို့ ပြန်ပြောတော့ (ဖုန်းဆက်သူထံမှ ) အဲဒိလိုဆိုရင် သူကတစ်ဝက်စိုက်ပါ့မယ်တဲ့…။ တက်ဝက်ဆိုတော့ ငါးသိန်းခွဲပေါ့နော်….။ အဲဒိလောက်လည်းမတတ်နိုင်ဘူးပေါ့လေ……….။
(ဖုန်းဆက်သူထံမှ ) သုံးသိန်းလောက်ဆိုရင်ကောပေါ့…။
ဈေးချိုလိုက်တာ တစ်ဖြေးဖြေး လျော့ပေးသွားတာနော်…။ တော်တော် သဘောကောင်းပုံရတယ်…။
(………………..) မှ စဉ်းစားပါရစေပေါ့…။ ကြိုးစားကြည့်မယ်ပေါ့…။
(ဖုန်းဆက်သူထံမှ ) သုံးသိန်းဘိုး ကံစမ်းမဲယူရင်တော့ အနဲဆုံး သိန်းနှစ်ရာဖိုးလောက် ပေါက်နိုင်ဖွယ်ရှိတယ်တဲ့ ..။ ဆယ့်တစ်သိန်းဘိုးသာ ကံစမ်းရင်တော့ သိန်း ကိုးရာဘိုးလောက်အထိ ပေါက်နိုင်သတဲ့…။
လွယ်လိုက်တာနော် အောင်ဘာလေထီက သူတို့ ကိုယ်တိုင် ဖွင့်နေတဲ့ အတိုင်းပဲ..။
ဒါနဲ့ ကောင်းပြီ …။ ဘယ်ကိုဆက်သွယ်ရမလဲ ဆိုတော့
(ကြားဖြတ်ပြောရရင် ဂျာရစ်က အပြီးသတ် အဖြေလေးလိုချင်လို့ အဆုံးသတ်ခိုင်းလိုက်တာ..။ မျက်စေ့မှိတ်ပြပြီးတော့..။ ဟဲဟဲ ဂျာရစ်က ယောက်ျားလေးချင်းလည်း မျက်စေ့မှိတ်ပြတာပဲ..။ )
(ဖုန်းဆက်သူထံမှ ) ငွေ သုံးသိန်းကို လွဲပေးရမဲ့လိပ်စာက
ဦးသန့်ဇင် (14/အဂပ(နိုင်/199847) နာမယ်နဲ့ ရိုးမဘဏ် ခွဲ (ဗိုလ်တထောင်)ကို လွဲပေးရပါမယ်တဲ့..။
(ဖုန်းဆက်သူှ ) ကတော့ ဦးဥက္ကာကျော် (မန်နေဂျာ)
ကုမ္မဏီ အမည်ပြောမသွား
1085 ပန်းဆိုးတန်း အထက်
ဖဆပလ ၊ ရန်ကုန် ကလို့ ပြောပါတယ်..။
ကဲ အောင်ဘာလေ ထီ ကံစမ်းတာက မစမ်းတဲ့ ကံစမ်းမဲက ထပေါက်နေသတဲ့ဗျာ…။
မှတ်ချက်…။ ဖုန်းလက်ခံ စကားပြောသူရဲ့ သဘောတူညီချက်အရ ဒီစာကိုတင်လိုက်ခြင်းဖြစ်ပါတယ်..။

*ဂျာရစ်

11 comments

  • victor soemoe

    August 25, 2011 at 10:06 pm

    အယ် – ကျနော့ အသိ နှစ်ယောက်ဆီကိုလည်း အဲ့ လို မျိုး ဖုန်း ဆက်တာ –
    (ဖုန်းလက်ခံ သူကိုယ် တိုင်)ပြောပြလို့ သိရတယ် –
    တကယ်လား အလန်ချူး လား –
    တကယ်ပဲ ဆိုယင် တော့ သူတို့( ဖုန်း ဆက်တဲ့ သူ) ကိုယ်တိုင်ပဲ – အဲ့ ဒီ သေချာပေါက် ပေါက်ပါမယ် ဆိုတဲ့ –
    အောင်ဘာလေ ထီကို ထိုးလိုက်ပါတော့ လား-
    ဘာလို့ သူများတွေဆီ ဖုန်းခေါ်ပြီးအလန်ချူးလုပ်နေသေးလဲ –
    လုပ်မနေပါနဲ့တော့ – လူ တွေခေတ်မီလာနေကြပါပီ –

  • ယုံလွယ်ရင်လဲခံ
    အလွန်းရင်လဲခံ
    လောဘတက်ရင်လံခံ
    အဲဒါအမှန်တရားပါ
    မခံချင်ရင် ဆင်ခြင်ပါ။

  • ပေါက်ဖော်

    August 25, 2011 at 11:05 pm

    ဘီယာရောင်းတဲ့ ခလေးမလို ဖြစ်နေပါပကောလားဗျာ
    ကိုယ့်ဘာသာ ရှိတဲ့ အသပြာလေးနဲ ့ ဖြစ်သလိုဂလုနေတာ.
    အာတိုရီး.. Double Strong အားပေးပါဆိုပဲ
    ကံချမ်းမဲ များကြီးထည့်ထားတယ်ဆိုပဲ..
    အနဲဆုံး တစ်လုံးသောက် တစ်လုံးပေါက် ဆိုပဲဗျာ..
    ကြောင်ပြီးသောက်ရအောင်လဲ ဘာရုပ်မှ လာတာမဟုတ်..(တခြား ရုပ်ပေါက်တာတွေလဲရှိပါတယ်)
    တစ်လုံးသောက်တစ်လုံး ပေါက်ဆိုတာလေး စိတ်ဝင်စားပြီး ၂လုံးမှာ..
    ဖောက်..
    အဖုံးဖွင့်.
    ဗလာ..
    ၂လုံးစလုံး ဗလာ..
    ဘလိုရှင်းမတုန်းဟဲ့ဆိုတော့…
    ခါတိုင်းပေါက်တယ်..ခုမှ မပေါက်တာဆိုပဲဗျာ..
    ရင်နာနာနဲ ့ ရှင်းရတာပါပဲ.

    လောဘကြီးတော့လဲ ခံရတာပါပဲ..လေ

  • မီးမီး သော်

    August 25, 2011 at 11:06 pm

    ခုလို လိမ်နေတာအဖွဲ ့လိုက်၊ဒါမှမဟုတ် လူတစ်ယောက်နှစ်ယောက်ပေါင်းပြီး လိမ်နေတာပါ။သူတို ့ခေါ်လာတဲ့ ဖုန်းတွေက ခုနောက်ပိုင်းချထားပေးတဲ့ ငါးသိန်းဖုန်းတွေလေ။နယ်ဖက်တွေမှာတော့ အတော်များများလိမ်ခံလိုက်ရပီ။ခုပြောတဲ့ လိပ်စာမှာလဲ မှာတော့ မသိဘူး။တချို ့လူတွေကိုပေးတဲ့ လိပ်စာနဲ ့ရှာတော့အဲ့နေရာမှာ ဘာရုံးခန်းမှကိုမရှိဘူးတဲ့ရှင်။အားလုံး မျက်ရည်နဲ ့မျက်ခွက်ပါ။အော်. လောဘလေးတက်လာတော့လဲ ခံပေဦးပေါ့

  • Shwe Tike Soe

    August 26, 2011 at 9:16 am

    ငွေမက်ရင် ငွေနဲ အလိမ်ခံရမယ်
    ရွှေမက်ရင် ရွှေနဲ. အလိမ်ခံရမယ်..
    မိန်းမ မက်ရင် မိန်းမနဲ. အလိမ်ခံရမယ် ဒါပါပဲ.. လိမ်တဲ့သူအမှားတော့မဟုတ်ဘူး ခံရတဲ့သူအမှား
    ဖြစ်သင့်လားမဖြစ်သင့်လား စဉ်းစားပြီးသာ သတိနေနေကြပေတော့ဗျာ…..

  • မီးမီး သော်

    August 26, 2011 at 10:04 am

    ကိုယ်တွေ ့ခံရရင်ပိုစာနာတတ်ပါလိမ့်မယ်။လိမ်တဲ့ လူတွေများ နည်းမျိုးစုံတတ်လဲတတ်နိုင်တယ်။ဟွန် ့ ။သက်ဆိုင်ရာက လဲဒီဖုန်းတွေနဲ ့လိုက်အရေးယူလို ့ရတာကို မယူသေးပါလား။ပွဲကြည့်ကောင်းနေတယ်ရှိမှာ

    • Foreign Resident

      August 27, 2011 at 4:50 am

      ” သက်ဆိုင်ရာက လဲဒီဖုန်းတွေနဲ ့လိုက်အရေးယူလို ့ရတာကို မယူသေးပါလား။ ”

      It seems, we don’t have enough evidence ?
      You may have only transition record.

      But, you can see,
      Telephone caller & money receiver are different person.
      They made it intentionally.

      If you sue them, that money receiver will say he never know this telephone caller man. 😛

  • pan pan

    August 26, 2011 at 10:07 am

    လောဘကြီးတဲ့လူဆို လိမ်လို့လွယ်သတဲ့

  • etone

    August 26, 2011 at 10:56 am

    အလကားပါ .. သူ့ ဒစ်ဂျစ်တယ် ကင်မရာက ဘယ်ဆီနေမှန်းမသိဘူး… ထီးသုံးသိန်းဖိုးမထိုးနဲ့ မသေချာဘူး …. သုံးသိန်းဖိုး ကင်မရာတလုံးဝယ်လိုက် … အတော်သင့်တော့ အကြမ်းသုံးလို့ရတဲ့ အမျိုးစားဝယ်လို့ရတယ် .. 😛 😛 😛

  • manawphyulay

    August 26, 2011 at 11:18 am

    ဒီလိုပြောတာလည်း ယုံတာပဲလား…. လိမ်လို့ရတဲ့သူကို လိုက်လိမ်တယ်ဆိုတာ မကြားဖူးဘူးထင်တယ်။ ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားသာကြည့်တော့လေ.. တကယ်လို့ ထီပေါက်နေတယ်ဆိုရင် ဖုန်းမဆက်ဘူး သူတို့က ပွဲစားခလိုချင်လို့ အိမ်ကို မရရအောင် ရှာပြီး လာတော့တာပဲ။ ကိုယ့်ဘာသာဝယ်ရင်တောင် ဒီထက်ကောင်းတဲ့ကင်မရာ ရဦးမယ်နော်…

  • စုံ စုံ

    August 26, 2011 at 12:14 pm

    ထီလောကမှာကဒါမျိုးတွေဖြစ်နေတာအခုမှမဟုတ်ဘူး ဟိုးအရင်ကတည်းကပါ
    ထီမှာလဲလိမ်နည်းတော်တော်များများရှိပါတယ်
    ဒီလိုမျိုးဖုန်းဆက်ပြီးလိမ်တာမျိုးကအခုမှမဟုတ်ဘူး
    ဟိုးအရင်ထဲကရှိတာပါ
    နောက်ထပ်ထီနဲ့ပတ်သက်ပြီးလိမ်နည်းတွေလဲရှိသေးတယ်
    အခုပြောရင်မပြည့်မစုံဖြစ်နေမှာစိုးလို့နောက်မှသေချာရှင်းပြပေးပါမယ့်
    လူတရာမှာကိုးဆယ်ကထီထိုးဖူးကြပါလိမ့်မယ်
    ထီထိုးတဲ့သူတိုင်းသည်မိမိထီလက်မှတ်ကိုသေချာသိမ်းပါ ပြီးရင် ၁ရက်နေ့မှာထီဖွင့်ပြီဆိုတာနဲ့
    ထီပေါက်စဉ်ဝယ်တိုက်ပါ ထီတိုက်ရင်းနဲ့မရှင်းတဲ့အချက်တွေရှိရင် ကိုယ်ယုံကြည်ရမယ်ထင်တဲ့
    ထီရောင်းသူဆီမှာမေးမြန်းပါ(ဘာ့ကြောင့်ဆိုတော့ထီရောင်းသူတိုင်းမယုံကြည်ရလို့ပါ)
    တချို့ဂဏန်းတွေကိုကိုယ်ကမပေါက်နိုင်ဘူးထင်ပေမယ့် တွတ်ရတဲ့ထီလက်မှတ်တွေဒုနဲ့ဒေးရှိပါတယ်
    တကယ်လို့မိမိထီလက်မှတ်ကတစုံတခုထူးခြားတယ်(ဥပမာ ပေါက်တယ်၊တွတ်ရတယ်)ဆိုပါစို့
    ထီရုံးကိုမသွားနိုင်ရင်တောင် ၂ရလမ်းမှာနာမည်ရှိပြီးသာထီဆိုင်တွေကိုဆက်သွယ်ပါ
    ဒါဆိုဘယ်လိုနည်းနဲ့မှအလိမ်မခံရနိုင်ပါဘူး

Leave a Reply