လူကြီးမင်းတို့..
ကျနော်တို့ မြန်မာနိုင်ငံ အခြေအနေကတော့ လူကြီးမင်းတို့ သိတဲ့အတိုင်ပါပဲ အထွေအထူးပြောစရာ မလိုဘူးလို့ထင်ပါတယ်။ အထူသဖြင့်တော့ ကျနော်ပြောချင်တာ လူငယ်တွေ နဲ့သူတို့ရဲ့အနာဂတ်တွေပါပဲ၊ ကျနော်တို့ နိုင်ငံရဲ့ မျိုးဆက်သစ်တွေ ဖြစ်တဲ့ ကျနော်တိုလူငယ်တွေအတွက် ရေရာသေချာမှုမရှိတဲ့ သူတို့ရဲ့အနာဂတ်တွေကိုပါ ပြောချင်တာပါ။ ကျနော်သည်လည်း လူငယ်တစ်ယောက်ပါပဲ၊ နိုင်ငံတကာက အသိအမှတ်မပြုတဲ့ မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယခုနှစ်ပဲ အောင်ထားတာပါ။ လူငယ်တွေအကြာင်းပြောရင်တော့ ကျနော့်ကိုယ်ကျနော် နဲ့နိင်းယှဉ်ပြီးပြောကြည့်ပါမယ်။ ကျနော်ဟာ (၁၀) တန်းအောင်းထားပေ့မယ် ကျနော်ကျောင်းတက်ဖို့ကျနော် သိပ်စိတ်မဝင်စားဘူးဗျာ၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံက ဘွဲ့ ဟာ သာရေးနာရေးအတွက်လောက်ပါပဲ ရှင်းရှင်းပြောရင်တော့ဗျာ မင်္ဂလာဆောင်သာရေး ၊ အသုဘ နာရေး အတွက်မှာသာ နာမည်နောက် အမှိးတပ်လို့ရတယ်ဆိုရုံသာပါ ဘဝအတွက် ဘာမှအထောက်အကူ မဖြစ်ပါဘူးံ။ ကျနော်ဆိုရင်ကျောင်းအဝေးသင်တက်မယ် ယခုလက်ရှိမှာ လက်မှုပညာတစ်ခု သင်နေတယ် ဒီသင်တန်းဆင်းရင်ကျနော်အတွက် ထမင်းစားလက်မှတ်တစ်ခ ုရပြီပေါ့ ကဲ့ လူကြီးမင်းတို့စဉ်းစားသာကြည့်ပေတော့ မြန်မာနိုင်ငံက ရတဲ့ဘွဲ့က ဘယ်နားသုံးရမလဲတောင် မသိတော့ဘူး။ (၁၀)တန်းကျတဲ့ လူတွေကိုကျနော်မေးကြည့်တယ် မင်းတို့ ပြန်မဖြေဘူးလားလို့ သေချာပါတယ် မဖြေချင်ကြဘူး သူကတောင်မေးလိုက်သေးတယ် မင်းတို့ဘွဲ့ရရင် ရတဲ့ဘွဲ့နဲ့ ဘာလုပ်စားမလဲတဲ့ ကျနော့်မှာဖြေစရာစကားမရှိဘူးလေ သူပြောတာအရှုင်းကြီးပါ ဒါလာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံ ကပညာရေးစနစ်ကြောင့်ပါ ရှင်းနေတာပဲလေ ။ တကယ်တမ်းပြန်ကြည့်တော့လည်း ရေးရေးတောင်မမြင်နိုင်တဲ့အနာဂါတ်တွေနဲ့ ရုန်းကန်နေတဲ့ လူငယ်တွေဒုနဲ့ဒေးပါ။ လူကြီးမင်းတို့လဲ အသိပါပဲ။
မူလတန်းအဆင့်ကနေပြန်ကြည့်ရင်တော့ဗျာ အခြေမခိုင်လို့ အပေါ်ရောက်မှ ပြုတ်ကျတာ ထုံးစံပါပဲ ။ အခြေခံက မခိုင်ပဲနဲ့တော့ အပေါ်မှတြည်မြဲချင်လို့ဘယ်ရမလဲ။
ကျနော်တို့မြန်မာနိုင်ငံက ပညာရေးစနစ်ကိုလည်းပြန်ကြည့်ကြပါဦး၊ လူကြီးမင်းတို့အသိပဲလေ။ ကျောင်းသားတိုင်း ကျူရှင်အားကိုးတယ် ၊ ကျောင်းကလည်းဟုတ်တိ ပတ်တိ သင်မပေးနိုင် သူငယ်တန်းကနေ ၉ တန်းအထိ တစ်နစ်တစ် တန်းအောင်စနစ်လေ ၁ဝတန်းလဲ ရောက်ရော အခြေမခိုင်တော့ ပြုတ်ကျပြီပေါ့။ ဒီလိုသာဆို ကျနော်တို့လူငယ်တွေ ဘယ်လိုလုပ် ပညာတတ်တော့မလဲ ။ နိုင်ငံတကာမှာမျက်နှာငယ်ရ ၊ သိမ်ငယ်ရ ၊ အထင်သေးတဲ့မျက်လုံးတွေနဲ့ အကြည့်ခံနေရတာ လူကြီးမင်းတို့ရောခံနိုင်ကြလို့လား?????????
ဒါဆိုကျနော်တို့ဘာလုပ်သင့်လဲ ???????? ## တစ်ဘို့ထဲကြည့့်တဲ့လူတွေ ## လုပ်ပေးတာ ကိုစောင့်မယ်ဆိုရင်တော့ဗျာ ၊ ( ကျနော်သာဆို မိုးပြိုမယ့်နေကိုသာ စောင့်လိုက်ချင်ပါတယ် ) နိုင်တဲ့ဘက်က တာဝန်ထမ်းရမှာပေါ့ ၊ ကိုယ့်နိုင်ငံအတွက်ပဲ ၊ ကိုယ့်အမျိုးကိုယ် ချစ်ဖို့တိုက်တွန်းနေရဦးမှာလား??????????
လူကြီးမင်းရော ပညာရေးအတွက်ဘာတွေလုပ်ဖို့ စဉ်းစားထာပါသလဲ???? ??????
8 comments
minthar
August 29, 2011 at 1:28 am
ဘာလုပ်ဖို့ မှ မစဉ်းစားထားဘူး။ ဖြစ်ချင်တာတွေဖြစ်ပလေ့စေ။ ဘွဲ့တစ်ခုတော့ အရယူထားတာ ကောင်း
မလားလို့။ နှောင်းမှ နောင်တ မရချင်ဘူး။ သေချာစဉ်းစားပါ။ ကြိုက်တဲ့လမ်းရွေးချယ်ပါ။
တာနော
August 29, 2011 at 1:32 am
ဟုတ်သဟ ၊ မှန်သဟ ၊ မမိုက်ချင်စမ်းပါနဲ့ ၊ ရောမပြည်မှာ ရောမလို့ကျင့်တာ မမှားဘူး ၊
နောက်ကျရင် မိုးမိတယ် ဆိုတဲ့ ချင်းစကားပုံလေးကို သတိရ စမ်းပါ ။
MaMa
August 29, 2011 at 8:27 am
အထက်တန်းပညာသင်ဖို့ အခြေခံပညာတတ်ဖို့လိုသလို၊ ဘဝတလျှောက်လုံးမှာ အခြေခံပြည့်စုံအောင် ဘွဲ့လေးတစ်ခုလောက်တော့ ရထားသင့်တယ် ထင်ပါတယ်။
ကျမလည်း ဘွဲ့ရပြီးခါစတုန်းက ကိုယ့်ထက်အသက်လည်းငယ်၊ လုပ်ငန်းကျတော့ ကိုယ့်ထက်ကျွမ်းတဲ့ အခြေခံပညာပဲ သင်ဖူးတဲ့ အသိတစ်ယောက်ကိုတွေ့တော့ ငါတို့ ကျောင်းတက်ပြီး ဘွဲ့တစ်ခုယူနေတာ အချိန်ကုန်လူပမ်း ဖြစ်တာပဲ အဖတ်တင်တယ်လို့ တွေးမိပါတယ်။
ဒါပေမယ့် ရေရှည်မှာကျတော့ အင်တာနက်၊ အီးမေးလ်တွေ အသုံးပြုတဲ့အခါကျတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုကွာခြားလာတယ်။ အဲဒီတော့မှပဲ ဘွဲ့တစ်ခုရတာ အကျိုးမဲ့မဟုတ်ဘူးလို့ သိလာရတယ်။
“ပညာရဲရင့် ပွဲလယ်တင့်” ဆိုတဲ့ ဆိုရိုးစကားရှိတာပဲ။
ဘယ်ပညာမဆို မတတ်အပ်တဲ့ပညာမရှိ။ အသုံးချသင့် မချသင့်သာ စဉ်းစားရမယ် လို့ ကြားခဲ့ဖူးတာ တခုကို သိပ်သဘောကျလို့ ကြုံတိုင်း ပြောပြဖြစ်တယ်။(ဥပမာ- ခါးပိုက်နှိုက်နည်းတောင် တတ်ထားရင် ကောင်းတာပဲ။ အသုံးတော့ မချသင့်ဘူးပေ့ါ။)
blackchaw
August 29, 2011 at 11:43 am
ညီလေးရေ
လမ်းမမှားအောင်ရွေးကွာ ဆိုတဲ့ ထူးအိမ်သင် သီချင်းလေးကြားဖူးမှာပါ။
မြန်မာနိုင်ငံမှာ လူဝင်ဆန့်ဘို့ အနည်းဆုံးအဆင့် ၁ဝ တန်းလေးတော့ အောင်ထားဘို့ လိုပါတယ်။
ပြီးတော့ လွယ်လွယ်ကူကူပဲ ဘွဲ့လေးတစ်ခုတော့ ယူထားနိုင်ရင် ကောင်းပါတယ်။ မိမိတတ်ကျွမ်းတဲ့ ပညာနဲ့
အသက်မွေးဝမ်းကျောင်းပြုနိုင်ဘို့ အတွက် ကတော့ ့ဝါသနာပါရာ ကို ပြင်ပသင်တန်းေ တွ၊ လေ့လာ ရာနေရာတွေမှာ သင်ယူပါ။ မြန်မာပြည်မှာက အစိုးရကျောင်းက သင်တဲ့ပညာနဲ့ လုပ်စားဘို့တော့ မလုံလောက်ဘူးထင်တယ်။ ဘွဲ့လေးတစ်ခုကတော့
မရှိရင်လည်းလူ အထင်သေးမယ်၊ ရှိရင်လည်း ဘာမှတော့မဟုတ်ဘူး၊ လမ်းမမှားအောင်ရွေးပေါ့ကွာ။ အင်္ဂလိပ်စာကိုတော့ မဖြစ်မနေလေ့လာဘို့ အကြံပေးပါရစေ….။
hmee
August 29, 2011 at 1:21 pm
ဆယ်တန်းပဲအောင်တဲ့သူနဲ့ ဘွဲ့ရတဲ့သူ ယုံကြည်ချက်ခြင်း မတူပါဘူး။ အတွေ့အကြုံခြင်းလည်း မတူနိုင်ဘူးလေ။ အချိန်ရှိခိုက်မှာ ရတာကိုတော့ ယူထားသင့်ပါတယ်။ နောင်မှ လိုချင်ပါတယ် ရင်ကွဲအောင် အော်လည်း မရနိုင်ပါဘူး။ စီးပွါးရေး၊ ကြီးပွါးရေးက ဘယ်အချိန်ထ လုပ်လုပ် ရနိုင်ပေမဲ့ ပညာရေးကတော့ အချိန်သင့် အခါသင့်မှာ လုပ်ရမှာပါ။ မတွေဝေပါနဲ့လို့ အကြံပေးချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘွဲ့တခုတော့ ရအောင်တော့ ယူထားပါ။ တချိန်ချိန်မှာ အသုံးဝင်လာမှာပါ အချည်းနှီး မဖြစ်ပါဘူး။
မီးမီး သော်
August 29, 2011 at 1:25 pm
မှန်တာတော့ မှန်ပါတယ်။ဘွဲ ့ရလဲ ဘာမှမထူးပေမယ့်။ဖြစ်နိုင်ရင်ကြိ ုးစားပြီးယူထားလိုက်ပါလို ့ပြောချင်ပါတယ်။တကယ်တတ်လို ့ဘွဲ ့ရတာမဟုတ်ပေမယ့် တကယ်တတ်ချင်တကယ်တတ်အောင် သင်မယ့်နေရာကိုရွေးချယ်လိုက်ပါလို ့အကြံပြ ုပါရစေ
ရာမညသား
August 29, 2011 at 3:02 pm
ဟုတ်ပါတယ် လူကြီးမင်းတို့ပြောတာ၊ ကျနော်လည်း ဘွဲ့ တစ်ခုတော့ရအောင်ယူ မှာပါ၊ လူကြီးမင်း တာနော ပြောတာကိုကျနော်လက်မခံပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့် နိုင်ငံကိုယ်လူမျိုး ကိုချစ်ဖို့ အတွက် အားလုံးဝိုင်းဝန်း ကူညီကြရင် အများအားနဲ့ဆို နောင်လာနောင်သားတွေ အတွက် အကောင်း ဆုံးဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်၊။၊၊ What do you do for the future of our country ??/
manawphyulay
August 29, 2011 at 3:52 pm
ဘာမှမလုပ်ဘူးလေ… ကျောင်းသားကျောင်းသူတွေကို စာအုပ်ဖိုး ကောက်မယ်။ ဖတ်စာအုပ်ရောင်းမယ်…. နောက် …. ဘာကြေး ညာကြေး ကောက်မယ်…. ဗလာစာအုပ်တွေရောင်းမယ်…