အကယ်၍ သင် လုပ်ငန်းရှင်တယောက်ဆိုရင်
တကယ်လို့ ကုန်ထုတ်လုပ်ငန်း တခုကို လုပ်နေတဲ့ သူတယောက်ဖြစ်နေမယ်ဆိုရင် ဒီအခြေအနေမှာ သင် ဘာတွေ လုပ်မလဲ….။
ကုန်ထုတ်လုပ်ငန်းဆိုလို့ ဘယ်လိုအတိုင်းအတာလဲဆိုတာထက် လုပ်ငန်းသဘာဝကို ဘဲ ယေဘူယျ ပြောချင်တာပါ။ကုန်ထုတ်လုပ်ငန်းဆိုတာ စားသောက်ကုန် လူသုံးကုန် တွေထုတ်လုပ်တာကို ပြောချင်တာပါ။ကုန်ကြမ်းတွေကို စက်ရုံမှာ ကုန်ချောဖြစ်အောင် ထုတ်လုပ်ရောင်းချ တဲ့လုပ်ငန်းပေါ့။လုပ်ငန်းကြီးတာသေးတာကွာပေမဲ့ ကြုံနေရတဲ့ အခြေအနေက သိပ် မကွာပါဘူး။လုပ်ငန်းရဲ့သဘာဝအတိုင်း စီစဉ်ပြောကြရအောင်…။
ပထမတွေ့ရတာက ကုန်ကြမ်းကိစ္စဘဲ။ အရင်က လုပ်ငန်းသုံးကုန်ကြမ်းကို သုံးလစာလောက် ကြိုတင် စုဆောင်းထားကြတယ်။ ဒါကလဲ လုပ်ငန်းတိုင်းပါဘဲ။ သုံးလို့ လျှော့သလောက် အဆင်ပြေ သလို ထပ်ထပ်ဖြည့်ကြတယ်။အဆင်ပြေဆိုတာ ကိုယ်သုံးတဲ့ပစ္စည်းက နိုင်ငံခြားကဆိုရင် ငွေဈေး အတက်အကျနဲ့ အဝင်အထွက်ပေါ် ကြည့်ဝယ်ရတာပါ။ပြည်တွင်းကထွက်တာဆို ပစ္စည်းထွက်တဲ့ ရာသီပေါ် ကြည့်ဝယ်ရတာပေါ့။
အခုတော့..ငွေဈေးကလည်းမငြိမ် အခွန်ကလည်းလျှော့မယ်ဆိုတော့ ကုန်ကြမ်းဈေးမမှန်တော့ဘူး။ လက်ထဲမှာလဲ လက်ကျန်ကသုံးစရာကျန်သေးတယ်။ဒါပေမဲ့ ကုန်ကြမ်းအမြဲဝယ်နေရတဲ့ ဖေါက် သယ်က သူ့ပစ္စည်းအတင်းပေးနေတယ်။ငွေ နောက်မှရှင်းပေးပါတဲ့။
ကဲ..သင်သာ လုပ်ငန်းရှင်တယောက်ဆို ဘယ်လို ဆုံးဖြတ်မလဲ?…။
ဒါဆိုစက်ရုံအနေအထား ကြည့်ရအုံးမှာပေါ့။စက်ရုံဆိုရင် စက်စွမ်းအားနဲ့ လူ့စွမ်းအား ပေါင်းစပ်ပြီး ကုန်ထုတ်လုပ်တဲ့နေရာပါ။ အခြေအနေ ကောင်းပါတယ်။ လျှပ်စစ်မီး မှန်မှန်ရနေတော့ စက်စွမ်းအားပြည့် ထုတ်နိုင်နေပါတယ်။ဝန်ထမ်း အလုပ်သမားလဲ ပြည့်စုံတယ်လို့ ပြောရမယ် ။ အရင်လို အဝင်အထွက် သိပ်မရှိတော့ဘူး။အလုပ်ရှားလာတော့ ရှိတဲ့အလုပ်မှာမြဲတယ်။ဒီတော့ လုပ်ငန်းကျွမ်းကျင်လာတယ်။ကုန်ထုတ်နှုန်းမြင့်လာတယ်။ဒါပေမဲ့ အရင်လို စွမ်းအားပြည့် မထုတ်နိုင်ဘူး။ကုန်အမှာက အပြည့်မရဘူး။စက်စွမ်းအားပြည့်မလည်ပါတ်နိုင်ရင် အခက်ခဲတွေကြုံ လာပြီ။စက်ကမလည်ရင် မီတာ မတက်ပေမဲ့ အလုပ်သမားက နေ့စာ လစာ ပေးရတော့ ခက်ပြီ။ဒါဆို ရောင်းရမှ ..အရောင်း ကုန်အမှာစာရဘို့ လိုလာပြီ။ဒါဆို သင်ဘာ လုပ်မလဲ?….။
ဟုတ်ပါတယ်။ အရောင်းတက်အောင် လုပ်ရမှာပါ။လုပ်ငန်းတိုင်းရဲ့အရေးကြီးတဲ့ အပိုင်းပါ။လုပ်ငန်းရှင်တိုင်း ကိုယ့်ပစ္စည့်းကို နိုင်ငံခြားပို့ချင်ကြပါတယ်။ဒါပေမဲ့ လက်ရှိ ပြည်တွင်း ဈေးကွက် ကို အပြိုင် အဆိုင် ရောင်းနေရပါတယ်။စားသောက်ကုန်ရော လူသုံးကုန်ပါ အိမ်နီးနားချင်း နိုင်ငံက ပစ္စည်းတွေနဲ့ ဈေးကွက် ပြိုင်ရောင်းနေရပါတယ်။ပုံစံ အသစ် ဒီဇိုင်းအသစ် ဆို ကိုယ်က စဉ်းစားတုံးရှိသေးတယ် သူတို့ဆီက ဝင်လာနှင့်ပြီ။ကြာတော့ လက်ဝေခံ ဈေးကွက်ဖြစ်လာနေပြီ။ဒီကြားထဲ နယ်ကုန်အဝယ် မတက်ဘူး။မိုးလေဝသကြောင့်လဲ ပါမယ်။ဆက်သွယ်ရေး လမ်းကြောင်းတွေ ကြောင့်လဲပါတယ်။တခြားအကြောင်းကြောင်းကြောင့် လဲရှိကောင်းရှိမှာပေါ့။ပစ္စည်းရောင်းတဲ့ လက်လီဆိုင် လက်ကားဆိုင်တွေမှာလည်း ဈေးရောင်း မကောင်းဘူး။ပစ္စည်းလက်ကျန်များနေတယ်။
ဆိုင်တွေက မယူနိုင်တော့ စက်ရုံမှာ လက်ကျန်များလာပြီ။
ဂိုဒေါင်မှာပစ္စည်းထားလို့ မဆံ့တော့ဘူး။
ဒါဆို စက်ရုံ ရပ်ထားရမလား။
ကုန်ကြမ်းလဲမဝယ်နိုင်သေးဘူး။
ကုန်ကြမ်းရောင်းတဲ့သူ ကိုယ့်ဝဋ်လည်ပြီ။
သူလဲရောင်းမရတော့ ဘာလုပ်မလဲ?…..
သင်ဆိုရင်ကော ဘယ်လိုလုပ်မလဲ…?။
(ကျွန်တော် စိတ်ညစ်ပြီး ခေါင်းစားတဲ့ ကိစ္စ မျှဝေပေးရတာ စိတ်မကောင်းပါဘူး)
(ဝိုင်းဝန်း ဝေဖန် ကြရင်တော့ အကြံကောင်းများရမလားလို့ပါ)
19 comments
pan pan
August 29, 2011 at 2:44 pm
ဟေ့…..ခုငါတို့လုပ်နေတဲ့ ပရောဂျက်လိုပဲ အမှာစာတွေ၊ ဂိုဒေါင်တွေနဲ့
ဒါပေမယ့် ခုပိုစ့်ကပါတဲ့အကြောင်းအရာနဲ့တော့ မဆိုင်ပါဘူး
ဘာလဲ၊ ကွန်ပျူတာနဲ့မဟုတ်ဘဲ လက်တွေ့ကွင်းဆင်းနေတာလား
စိတ်ညစ်နေတာနော်၊ လာမဆွနဲ့
(ငါ့အံဆွဲထဲက အချဉ်ထုတ်တွေကိစ္စ နင်ဘယ်လိုသိသွားတာလဲ)
—————
ဒါနဲ့ ကုန်ချောကိုပြည်တွင်းမှာပဲ ဖြန့်မှာလား
ဒါဆို ခေတ်ထနေတဲ့ ကံစမ်းမဲကိစ္စလည်း အသုံးဝင်လောက်တယ်
ပရိုမိုးရှင်းများများလုပ်၊ အဆစ်ပေးတန်ပေးပေ့ါ
ငါလည်းသိပ်နားမလည်ဘူး
ဆူး
August 29, 2011 at 3:00 pm
ကုန်ကြမ်းတွေ အတင်းရောင်းလို့ အားနာလို့ ဝယ်မိရင်
ကုန်ချော မြန်မြန်ထွက်ဖို့ပြီး ငွေပေါ်ဖို့ မျှော်လင့်ရမှာပဲ။
ကုန်ကြမ်းရှိပြီး ကုန်ချောဝယ်မဲ့သူလည်း ရှိတယ် ထွက်ဖို့ ပြသနာ ဖြစ်တဲ့ မီးနဲ့ လူ ကိစ္စကတော့ မီးကတော့ အာပါရာပါ ကြည့်လုပ်.. လူကတော့ ပညာရှင်ဆို ချော့ပေါင်း.. ဒါလောက်ပဲ ပြောလို့ ရမယ်။
ပစ္စည်းတွေ ဂိုထောင်ထဲမှာ ပုံနေပြီ ဆိုရင်တော့ စက်ရုံ လည်ပတ်မှု အရှိန်ကိုလျော့ချရမယ် ထင်တယ်။
စီးပွားရေးဆိုတာ ကြိုးတန်းပေါ်မှာ လျှောက်ရသလိုပါပဲ။ အတွေးတချက်က သိန်းပေါင်း ထောင်ချီ တန်နို်င်သလို အတွေးတချက်က သိန်းပေါင်း သောင်းချီ ရှုံးနိမ့်သွားစေနိုင်တယ်။
လက်တွေ့ ရင်ဆိုင်ရရင် အခက်အခဲတွေ က ထင်ထားတာထက် ပိုများတယ်ဆိုတာ နားလည်ပါတယ်။
Harumoto
August 29, 2011 at 3:17 pm
လောလောဆယ်တော့ ဈေးကွက် မှာ စီးပွါးရေးက အကြွေးပါတ်လည်ဖြစ်နေတာလဲရှိသေး..
အတွေးတချက်တင်မက သူဋ္ဌေးတယောက် မှောက်သွားရင်လဲ.. အကြွေးသံသရာ ကမ ္ဘာပါတ်
တော့မယ်။လုပ်သာလုပ်နေရတာ တွေးကြောက်တတ်ရင် မလွယ်ပါဘူး။ ဝိုင်းတွေးပေးလို့ ကျေးဇူးတင်ပါတယ်။
windtalker
August 29, 2011 at 3:19 pm
yes boss !
right time boss !
ကျုပ် ကို လခအများကြီး ပေးပြီး
စီးပွားအကြံပေး ရာထူးပေးရင်
ဘောစိ လုပ်ငန်းအတွက်
အကောင်းဆုံး တိုးတက်အောင် လုပ်ပေးနိုင်တဲ့
ရွာထဲက စီးပွားရေးတစ်ကယ်ကျွမ်းကျင်တဲ့
မာစတာကြီး ကို အကူအညီ တောင်းပေးမယ်…
ဟီဟိ…
စတာနော်
အခု အချိန်ကတော့
စီးပွားသမား တော်တော်များများ
ငုတ်တုတ်မေ့ နေတဲ့ အချိန်မို ့
( ရာသီချိန် လည်း အလုပ် မဖြစ် )
ဒီပို ့စ် ပိုင်ရှင် ကို ကိုယ်ချင်းစာပါတယ် ဗျာ
Harumoto
August 29, 2011 at 4:01 pm
အထင်ကြီးလှချည့်လား….
အားလုံးဝိုင်းဝန်းတွေးလို့ ရအောင်ရေးထားတာပါ။
ကျွန်တော့မှာ ဇီးထုပ် လုပ်ငန်းတောင် မလုပ်နိုင်ပါဘူး။
စိတ်ညစ်ချိန်ကလေး လျှော့သွားအောင် တွေးမိ ရေးမိတာပါ။
စတာဆိုပေမဲ့ တကယ်အကူအညီတောင်းလို့ရရင် ကောင်းမယ်နော်..
ကျွန်တော့်အတွက်မဟုတ်ပါဘူး.. ဗမာပြည်က လုပ်ငန်းရှင်တွေအတွက်ပါ။
etone
August 29, 2011 at 4:40 pm
ဒီနေ့တော့ အကြမ်းပဲ ဖတ်လိုက်တယ် … ရုံးဆင်းတော့မယ်လေ … 😀 😀 😀 မနက်ဖြန်ကျမှ သေချာပြန်လာဖြေတော့မယ် … 🙄
manawphyulay
August 29, 2011 at 6:09 pm
အကြံတော့ပေးချင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တစ်ယောက်မဟုတ်တော့လဲ ဘယ်လိုပေးရင်ကောင်းမလဲဟင်….
ဆူး
August 29, 2011 at 7:21 pm
စီးပွားရေး လုပ်ငန်း လုပ်တဲ့ လူတိုင်း အကြွေးမကင်းတတ်ကြဘူး
တခါတရံ အကျင့်မကောင်းတဲ့ လူတွေလည်း ရှိတယ်။
သူများ ပိုက်ဆံ နဲ့ အရင်းအနှီးလုပ်ချင်တဲ့ လူမျိုးတွေ ရှိတယ်။
ဈေးကွက် စီးပွားရေး စနစ်ဖြစ်လာတာ ဆိုတော့ အပြိုင်အဆိုင် ရောင်းချင်ကြတဲ့ အတွက် သူ့ထက်ငါ အလုအယက် ပိုက်ဆံ ပိုရှိတဲ့ လုပ်ငန်းရှင်ကြီးတွေက အကြွေးတွေ ချတဲ့အခါ လုပ်ငန်း အသေးစားတွေကတော့ သိပ်အကြွေးမချ နိုင်တဲ့အခါ လုပ်ရင်းနဲ့ မြုပ်သွားတာတွေလည်း ရှိတယ်။ တခါတရံ သူများ လုပ်လို့ လိုက်လို့ မိရာက အကြွေးသမား ထွက်ပြေးလို့ အရင်းပြုတ်တာတွေလည်း ရှိတယ်။
ပစ္စည်းယူပြီး အကြွေးကြာတယ်။ ဈေးက အနည်းဆုံးနဲ့ လိုချင်ကြတယ်။
အကြွေး သိပ်ကြာလွန်းရင် သာမာန် ရောင်းဈေးနဲ့ မကိုက်ပြန်ဘူး။ ကြာတတ်မဲ့ အနေအထားနဲ့ အတိုးနှုန်း အသေးစားလေးလောက် တွက်ပြီး ထည့်ရောင်းပေးသင့်တာမျိုး.. ဈေးပြိုင်တွေ များလာရင် အရင်းရပြီးရော ဆိုတာတွေ ဖြစ်လာကြတယ်။
စီးပွားရေး ပညာတော့ သိပ်မတတ်ဘူး။ လက်တွေ့မှာတော့ တပတ် တပတ် အကြွေးချမိတဲ့ ပိုက်ဆံ ရမရ စိတ်ပူသလို အကြွေးရှင်တွေကို ပေးဖို့ကလည်း အားထုတ်ခဲ့ရပြန်တာပဲ။
ဒီလိုနဲ့ လုံးလည်နဲ့ ချာလည်………. ချာလည်နဲ့ လုံးလည် ဖြစ်ပြီး တိုးတက်ကြီးပွား သို့မဟုတ် ယုတ်လျော့မသွားအောင် ကြိုးစားအားထုတ်နေရပါတယ်။
တချို့ကလည်း လုပ်ငန်းကြီးတွေက အကုန်ဝါးမြိုသွားတာခံရတဲ့ အနေအထားမျိုးတွေ အထိ ရှိပါတယ်။ လုပ်ငန်းကြီးတွေ ဝါးမြို ခံရပြီ ဆိုရင်တော့ ဈေးကွက်တခုလုံး ဘယ်လိုမှ တိုးလို့ မရနိုင်တော့ဘူး။ သူတို့ရဲ့ ဩဇာ လွမ်းမိုးမှုတွေက တော်တော် ကြီးမားလောက်အောင် ခြိမ်းခြောက်ခံရမှုတွေ အများကြီး ရှိတယ်။
ဥပမာ ကော်ဖီ ဆပ်ပြာ ရေသန့် အအေး
ဘာတွေ ပြောနေမိမှန်း မသိဘူး.. လမ်းကြောင်းတွေ လွဲကုန်ပြီ ထင်တယ်နော်။
MaMa
August 29, 2011 at 9:50 pm
စီးပွားရေးလုပ်ငန်းရှင်တွေဟာ အ တဲ့သူတွေသိပ်မပါဘူးလို့ထင်ပါတယ်။ သူတို့အတွေ့အကြုံနဲ့ တွက်ချက်မှုတွေရှိကြပါတယ်။ ဥပမာ- ဒေါ်လာတွေတက်တုန်းက တလစာရောင်းအားအတွက်တနှစ်စာ ဝယ်ထားကြပါတယ်။ ယခုလို ဈေးကျချိန်မှာတော့ တလစာ ရောင်းအားအတွက်တလစာ သာဝယ်ကြတော့မယ်ထင်ပါတယ်။ တလစာ ရောင်းအားအတွက် တနှစ်စာဝယ်မဲ့ သူတွေမရှိလောက်တော့ပါ။ နောက်ဆို ဈေးလျှော့ပေးပြီး ငွေပေးပြီးမှ ကုန်မှာပေးတာတွေတောင်ပေါ်ပေါက်လာနိုင်ပါတယ်။ ဒေါ်လာဈေးတွေတက်တုန်းက အကုန်မြတ်သလို ကျတော့လည်း အနဲနဲ့အများ အကုန် ရှုံးကြမယ်ထင်ပါတယ်။
…ကုန်ကြမ်းအမြဲဝယ်နေရတဲ့ ဖေါက် သယ်က သူ့ပစ္စည်းအတင်းပေးနေတယ်။ငွေ နောက်မှရှင်းပေးပါတဲ့။.. .ဖောက်သည်ဆိုတာကတော့တန်ဖိုးထားရပါမယ်။ အဲဒီ ဖောက်သည်က ကုန်ကြမ်းဈေးတွေတအားလိုက်တုန်းကရော ငွေကြိုပေးမယ် ပစ္စည်းနောက်မှပေးပါဆိုတုန်းကရော လက်ခံခဲ့ပါသလား။ ကိုယ်လိုသလောက်ကုန်ကိုထုတ်ပေးပါရဲ့လား။ အပြန်အလှန် စဉ်းစားသင့်တယ်ထင်ပါတယ်။
wma
August 29, 2011 at 11:11 pm
Same as you , now we all small & medium industries deal with.
What ‘ll happen next we don’t know.
Hope for the best , thus all we hope.
ကြောင်ကြီး
August 31, 2011 at 9:29 am
စီးပွားရေးမကောင်းလို့ အရောင်းထိုင်းပြီ သိုလှောင်ရုံထဲမှာ ကုန်ပစ္စည်တွေပုံနေပြီဆိုရင် လက်လီလက်လက်ကား ကိုယ်စားလှယ်တွေကို အားထားတာတင်မက ကိုယ်တိုင်ဈေးကွက်ထဲ ဆင်းရောင်းတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ကိုယ်စားလှယ်ဆိုင်တွေစားတဲ့ အမြတ်ကို ကိုယ်သုံးမဲ့ ပရိုမိုးရှင်းစရိတ်ထဲ ထည့်လိုက်ပေါ့။ buy 1 get 1, lucky draw, sale promotion, individual selling, sales discounts တွေများများသုံး၊ ကိုယ့်အတွက်ကျန် သူ့အတွက်လည်းအသုံးကျမဲ့ နေရာတွေမှာ public relations အနေနဲ့ လှူဒါန်းပစ်။ အုံလိုက်ကျင်းလိုက် ဝယ်မဲ့သူတွေကိုဆက်သွယ်ပြီး သူတို့အတွက် အကျိုးရှိ အသုံးချနိုင်တဲ့ နည်းလမ်းတွေ ရှာကြံတင်ပြပြီး trade discount များများပေး။ အဓိကဖြစ်ချင်တာ အခုလို အချိန်မျိုးမှာ စက်စွမ်းအားပြည့်လည်ပြီး ကျွမ်းကျင်အလုပ်သမားတွေကို ထိန်းထားနိုင်ဖို့၊ စရိတ်စကကြေဖို့ မဟုတ်လား။ အတွေ့အကြုံနဲ့ အဆက်အသွယ် အသစ်တွေရတာ အမြတ်ပေါ့။
မှတ်ချက်။ အကြံပြုသူ ဦးကြောင်ကြီးသည် ဟားဗတ်တက္ကသိုလ်မှ မားကက်တင်းဆိုင်ရာ ဘာသာရပ်ကို ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့ရတဦးဖြစ်ပြီး ဈေးကွက်ထိုးဖောက်ရေး အတွေ့အကြုံ နှစ်ပေါင်းများစွာ ရှိထားသူဖြစ်သည်။ ဦးကြောင်ကြီး အကြံညဏ်ပေးခဲ့သော နိုင်ငံတကာကော်ပိုရေးကြီးများမှာ hp computer, IBM computer, Kodak film, BCCI bank, Bear sterns, Lehman Brothers နှင့် Merrill Lynch တို့ဖြစ်သည်။ မြန်မာပြည်တွင်၌မူ အမှတ်(၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ လူသုံးကုန်ပစ္စည်း စက်ရုံများ၊ ဝင်းသူဇာ အရောင်းဌာနများ၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန မာဇဒါဂျစ်ကားအရောင်းတို့ကို အကြံပေးရောင်းအား မြှင့်တင်ပေးနေသည်။
Harumoto
August 31, 2011 at 10:19 am
အကြံပေးတဲ့ ဦးကြောင်ကြီးကို ကျေးဇူးတင်ပါတယ်။
ဒီအချိန်မှာ ကောင်းနိုးရာရာ တွေး လုပ်ရတာထက် ပညာရှင်တွေရဲ့
အတွေးလေးတွေက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
အားလဲရှိတာပေါ့။နောင်လဲ ဒီလို အကူအညီတွေ ပေးပါအုံး။
ကျေးဇူးတင်ပါတယ် ဆိုတာထက်ပိုပြောလို့ရရင်ပြောချင်ပါတယ်။
နွေဦး
June 5, 2017 at 3:59 pm
၅ နှစ်ကြာပြီးနောက်
ဦးကြောင်ကြီး အကြံပေးခဲ့သော ကုမ္ပဏီ များဖြစ်တဲ့
(၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ လူသုံးကုန်ပစ္စည်း စက်ရုံများ၊ ဝင်းသူဇာ အရောင်းဌာနများ၊
အမှတ် (၂) စက်မှုဝန်ကြီးဌာန မာဇဒါဂျစ်ကားအရောင်းတို့
ပြုတ်ကုန်ပြီဖြစ်လို့
စာဟောင်းပြန်ဖတ်ရင်း ထောပနာ ပြုပါတယ် ခင်ဗျား…
ဆူး
August 31, 2011 at 10:45 am
ဟားဗတ်တက္ကသိုလ်မှ မားကက်တင်းဆိုင်ရာ ဘာသာရပ်ကို ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့ရ ဦး ကြောင်ကြီးရဲ့ အကြံကို နားထောင်ပြီးနောက် ပြသနာ တခု ကွန်ပလိန်းတက်ချင်ပါတယ်။
ဈေးလျော့ပေးတုန်းကတော့ ကျေကျေနပ်နပ် ဝယ်ပြီးတော့ ဈေးလျော့ကာလ ကုန်ဆုံးသွားတဲ့ အခါမှာ ဝယ်တဲ့ ပစ္စည်းကို အရင်ဈေး မဟုတ်ပဲ ဈေးများနေလို့ ဆိုပြီး ရန်တွေတာတွေ ကြုံဖူးတယ်။
ပြောလိုက်ရင် လေလုံးက မီလျှံနာ.. တယောက်တဈေး ရောင်းတယ်တဲ့.. စနစ်တကျ ရောင်းနေတာ မှားစရာ အကြောင်းလည်း မရှိ.. စာရင်းဟောင်းလည်း ထုတ်ပြနိုင်တယ်။ မတူညီတဲ့ အချိန်နဲ့ မတူညီတဲ့ အခွင့်အလန်း ဆိုတာ နားမလည်တဲ့ လူတွေ ကလည်း ရှိသေးတယ်။
ပိုက်ဆံ ၁ကျပ်တပြား တွက်ကပ်နေလိုက်တာ.. သိပ်လိုချင်ရင် သီးသန့် လျှော့ပေးလိုက်မယ် လူတိုင်းတော့ မဟုတ်ဘူး ဒီလောက်လေးနဲ့ ဘာမှ မဖြစ်ဘူး ဆိုပြီး မယူသွားဘူး။
ပစ္စည်းတွေ ပရိုမိုးရှင်းပေးရမှာတောင် လန့်လာတယ်။
ကြောင်ကြီး
August 31, 2011 at 11:07 am
အိမ်း..ဆူးလေသံက မာနေတယ်ကွဲ့။ ဝယ်သူအမြဲမှန်၏ဆိုတဲ့ စကားကနေ အရောင်းသမားတွေထက် သူဌေးလုပ်သူတွေပို အကျိုးခံစားခွင့်ရတယ်။ ဝယ်သူကို မကျေနပ်ရင် သူစိတ်ချမ်းသာအောင်ထားပြီး နောက်ထပ်များများသာ ရအောင်ရောင်း။ တခါအဆဲခံရရင် နောက်တခါပိုရောင်းရအောင်လုပ်။ ဦးကြောင်ကြီးတို့များဆို အပ်ကနေ လေယာဉ်ပျံအထိ မရောင်းမရှိ ကုန်အောင်ရောင်းခဲ့တာ။ ဟိုးဘုရင်မကြီးကနေ အောက်ခြေအလွှာထိ ဖောက်သည်စုံနဲ့ တွေ့ဖူးတယ်။ တချက်မှ မညည်းခဲ့ပေါင်ဗျာ။
ဈေးလျှော့ပေးတဲ့ကာလက ထင်ထင်ရှားရှားလုပ်ပေးထား၊ ဈေးပြန်တက်တဲ့အခါ အပိုပစ္စည်းတခုခုလေးနဲ့ ပြန်ချော့ယူပေါ့။ ဒါမှမဟုတ်လည်း ကံစမ်းမဲထည့်။ လင်မယားခြင်းတောင်မှပဲ ရန်ဖြစ်ပြီးပြီးခြင်း လင်ဖြစ်သူက မယားဖြစ်သူကို ချက်ခြင်း ထမင်းပွဲပြင်ကျွေးခိုင်းလို့ မရသေးတာပဲ။ အပြောင်းအလဲတခုဖြစ်ပြီးလို့ မူလအနေအထားကို ပြန်သွားရင် သတိလေးတော့ထားပေါ့။ အခုတောင် သဂျီးက ဂေဇက်ဆိုက်ကို ဒေါ်လာဆယ်သန်းနဲ့ ရရင်ရောင်းပေးပါလုပ်နေတာ ဝယ်လက်ရှိပေမဲ့ ရွာသားများအကျိုးအတွက် ပွဲခမမက်ဘဲ လစ်လျှူရှုထားရတယ်။
weiwei
August 31, 2011 at 11:18 am
တော်လိုက်တဲ့ဦးကြောင်ကြီး … လူကို ရောင်းချင်ရင်ရော ဘယ်လိုထွက်အောင်ရောင်းရမလဲ .. အကြံဉာဏ်လေးများလိုချင်လို့ပါ …. ကျွန်မတို့အလုပ်ထဲမှာ မျက်စိနောက်နေတဲ့ အသက် ၄ဝ ကျော် အပျိုကြီးမမများကို ရောင်းချင်လို့ပါ ….
ဆူး
August 31, 2011 at 6:26 pm
အလုပ်လုပ်မှပဲ တနေ့တနေ့ ကျေနပ်အောင် အလကားနေရင်း တောင်းပန်ပေးနေရလို့ စိတ်ထဲ ကသိကအောက်ဖြစ်ပေမဲ့ တော်တော် အကျင့်ပါနေပြီ။
ပြသနာလာရှာတဲ့ လူ အနေနဲ့ ပထမပိုင်းတုန်းက သူချီးပဲ ဖိဟောက်နေတာ သည်းခံနေတော့ အဆင်ပြေနေတာ.. အရင်ဝယ်တုံးက အချိန်အခါ စာရင်းဟောင်းနဲ့ ထုတ်ပြလို့ ရှက်ပြီး ထွက်သွားတာ.. စိတ်ကျေနပ်အောင် လျော့ပေးမယ် ဆိုတော့ မကျေနပ်ပြန်ကော..
etone
August 31, 2011 at 1:58 pm
1.ကုန်ကြမ်းပေးတဲ့ လူဆီက ကုန်ကြမ်းမဝယ်ခင် (ခဏလေးစောင့်ပါ ဘာညာကောင်းအောင်ပြောထားပေါ့ … မဟုတ်လျှင် မိတ်ပျက်ပါတယ် … ) … မိမိဂိုထောင်ထဲက ပစ္စည်း သိုလှောင်မှူကို အရင် စစ်ဆေးသင့်ပါတယ် … ။
2 ပစ္စည်းလက်ကျန် နည်းသည် ၊ များသည် ပေါ် မူမတည်ပဲ … production ကိုတော့ ပုံမှန်အတိုင်း ဆက်သွားသင့်ပါတယ် … အရင်ကလို overtime ခေါ်တာမျိုးကို ခဏလျှော့ထားပြီး ပုံမှန်အလုပ်ချိန်အတိုင်း အလုပ်ဆင်းခိုင်းသင့်တယ် … ။
3. မိမိဂိုထောင်ထဲက ပစ္စည်း အရေတွက် များနေတယ်ဆိုလျှင် ဈေးကွက်ထဲဖြန့် ဖို ့ … ကြောငြာအားကောင်းကောင်းသော်လည်းကောင်း … ၊ ပရိုမိုးရှင်းများဖြင့်လည်းကောင်း ဈေးကွက်တွင်း စွဲဆောင်ရပါမယ် … ။မိမိဧ။် ကုန်ပစ္စည်း အရည်သွေး အမျိုးစား အလိုက် ပြည်ပ ဈေးကွက်အထိ ချဲ့ထွင်နိုင်လျှင်တော့ ..အကောင်းဆုံးပေါ့ … ။ မိမိကိုယ်တိုင်က ပြည်ပဈေးကွက်ထဲ ဝင်ဖို့ … ကွန်ဖီဒန့် မရှိဘူးဆိုလျှင်တော့ … ရည်ရည်လည်လည် လူတစ်ယောက် ငှားပြီး ဈေးကွက်ရှာခိုင်းရပါလိမ့်မယ် … ။
ဈေးကွက်ကိုချဲ့ထွင်နိုင်သမျှ ချဲ့ထွင်ပြီး တော့.. လက်လီ ၊ လက်ကားတွေကိုလည်း အကြွေးချသင့်လျှင် ချရပါလိမ့်မယ် … ဒါပေမဲ့ ပိုင်မှ အကြွေးချပါ … ချည်ပြီး တုတ်ပြီးမှ လုပ်ပါ .. ။ မဟုတ်လျှင် ဒေဝါလီခံရပါလိမ့်မယ် … ။
4. ပစ္စည်းဈေးကွက်ထဲ ချပြီးတာနဲ့ … ကုန်ကြမ်းထောက်ပံ့သူဆီ အကြွေးဖြင့်ဝယ်ပါ … အကုန်လုံးမဟုတ်တောင် … ကိုယ်နိုင်တဲ့ ပမာဏထိဝယ်လှောင်ထားပါ … ။
5. နောက်ပိုင်း ဈေးကွက်ထဲ ကိုယ့်ပစ္စည်း အရောင်းသွက်လို့ရလာတဲ့ ပိုက်ဆံနဲ့ … ကုန်ကြမ်းထောက်ပံ့သူကို ပြန်ချေပါ … အလုပ်သမားဖိုး ၊ မီတာဖိုး .. စသည်ဖြင့် မျှတအောင် သုံးစွဲပါ … ။
6. အဓိကက … ကိုယ့်ဇာတ်တော့ ကိုယ်နိုင်ရပါလိမ့်မယ် … ။ ဘာလို့လဲဆိုတော့ .. တခုနဲ့ တခုက အချိတ်ဆက်မိမိ အကွက်ချထားရလို့ပါ … နည်းနည်းလေး လစ်ဟာသွားတာနဲ့ …နာမည်ပျက်ကိန်းလည်း ရှိတတ်ပါရဲ့ …။ ကြော်ငြာကို အကုန်ကျနည်းနည်းခံပြီး ပိုရင်းလိုက်လျှင် … ဈေးကွက်ထဲ အရောင်းသွက်မယ် ထင်ပါရဲ့ … ။
moegyothwar
August 31, 2011 at 8:59 pm
ကျွန်တော့်ဦးကြီးပြောဘူးတယ်….. ကုန်ထုတ်တဲ့လုပ်ငန်းလုပ်တဲ့လူဆိုတာတော်တော်မိုက်တဲ့သူ၊ သွေးကောင်းတဲ့သူမှလုပ်နိုင်တာတဲ့။ ကျွန်တော်တို့လို ကုန်သွယ်နေသူတွေကတော့ ဒီဟာမကောင်းရင် ဟိုဟာပြောင်း လုပ်လို့ရတယ်တဲ့။ ကုန်ထုတ်တဲ့သူတွေမှာ အပြောင်းအလဲနဲ့တွေ့ရင် ခံရတာထိပ်ဆုံးဘဲတဲ့။ အရမ်းမှန်ပါတယ်….. ထုတ်လုပ်မှု့လုပ်ငန်းရှင်တွေကို ကိုယ်ချင်းစာမိပါတယ်…
လက်ရှိအခြေအနေနဲ့ ယှဉ်ပြီးပြောရရင်… ဘက်စုံအကျဘက်သွားနေသလို…. စားသုံးသူရဲ့ ဝယ်လိုအား အရမ်းကျနေတာ လက်တွေ့ပါဘဲ။ အစစချိန်ဆပြီးလုပ်ရမယ့်အချိန်ပါ… အစိုးရက ချေးငွေအမြန်ထုတ်ပေးတာ၊ ကုန်သွယ်မှု့ပိုမုလွတ်လပ်အောင်ဆောင်ရွက်ပေးမဲ့အခြေအနေတွေကို စောင့်ကြည့်ပြီးမှ ဘာဆက်လုပ်ရမယ်ကို စဉ်းစားတာပိုမှန်ပါလိမ့်မယ်