Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မတရားတာတွေ

moethidasoeAugust 31, 20111min57018

super custom တွေကို ဒဏ်ရိုက်မယ့် အစီအစဉ် ထွက်လာပြီ လို့ ဂျာနယ်တစ်စောင်မှာ ဖတ်ရတယ်

ပြည်တွင်းကို ခိုးသွင်းခွင့် ရှိသူတွေက နယ်စပ်နဲ့ ပေါင်း .. လမ်းကြောင်းနဲ့ ပေါင်းပြီး ခိုးသွင်းတယ် .. အသားတင် ရိတ်သွားတယ်

အခု ဝယ်ထားတဲ့လူတွေ end user တွေက သူတို့တွေ မဆောင်ခဲ့တာကို စုပေါင်းပြီး ဆောင်ရမယ် ဆိုတော့

ယိုသမျှ ချေး ပုစွန်ခေါင်းမှာ စုတယ် လို့များ ဖြစ်နေသလားလို့ တွေးမိတယ်

နောက်ပြီး ဆောင်ရမှာက ဒေါ်လာနဲ့ တဲ့ .. ဗမာငွေလေး ရှိလို့ ဝယ်စီးမိပါတယ် .. အခုလို ဒေါ်လာနဲ့မှ ဆိုတော့ ဘယ်လို ဆောင်ရမှာလဲ (ဝယ်ရတော့မှာပေါ့)

ဝယ်ပြီး ဆောင်မယ် ဆိုပါတော့ .. ဘယ်လို ရထားတဲ့ ငွေလဲ လို့ မေးရင် ဘယ်လို ဖြေရမှာလဲ .

နောက်ပြီး ဒေါ်လာ မဟုတ်ပဲ (ပြန်သိမ်းမယ်လို့ ရည်ရွယ်ထားတဲ့) FEC ပဲ ဆောင်ရမယ် ဆိုရင် ကော

နောက်ပြီး ဒီလို လုပ်လိုက်တာက ဒေါ်လာ FEC တွေ ဈေးကျနေတာကို ဆွဲတင်ချင်တယ် ဆိုရင်တော့ နည်းနည်းများ လွဲနေသလား ..

18 comments

  • တာနော

    August 31, 2011 at 12:18 pm

    ရည်ရွယ်ချက်တစ်ခုခုတော့ ရှိနေမယ်ထင်ပါတယ်၊ ဒုက္ခ ရောက်ကြရပီလေ ၊
    စိတ်မကောင်းစရာသတင်းပါပဲ၊ သေချာတာတော့ ဒေါ်လာဈေးတွေ ပြန်တက်လာတော့မှာ ။

  • Harumoto

    August 31, 2011 at 12:25 pm

    ရဘူးလေ ။အကောင့်ထဲ ကို ဒေါ်လာနဲ့ထဲ့ပေးရမှာတဲ့…….ဟူး..မနဲပါလား…စီးရတာနဲ့ မတန်ဘူး…
    အကောင့်က ကိုယ့်အကောင့်ဖြစ်နေရင် တပြည်လုံးက ပိုက်ဆံတွေ …ထောပြီ။အကောင့် ပိုင်ရှင် ဘသူလဲ?

  • မီးမီး သော်

    August 31, 2011 at 12:31 pm

    ဘယ်သူ ့အကောင့်ပါလိမ့်နော်။အဲလိုတကယ်လားဟင်။သေချာပါပီ. ဒေါ်လာတွေ ဈေးတက်အောင်အတမင်သက်သက် ကလိမ်စေ့ငြမ်းဆင်တာ။ဒီကောင်တွေမို ့လို ့ဒီအတွေးမျိုးတွေးရက်တယ်။ခေါင်းမရှိဘဲလျှောက်ရမ်းနေပီ။သာမန်လူတွေတော့နာပီဘဲ။

    • Harumoto

      August 31, 2011 at 12:41 pm

      အကောင့်တခုရဲ့ ပိုင်ရှင် ဘသူဆိုတာ ဘဏ်မှာစုံစမ်းလို့မရဘူးထင်တယ်နော….။

  • nozomi

    August 31, 2011 at 12:32 pm

    မနေ့က ရန်ကုန်တိုင်းထဲမှာ ဖတ်လိုက်ရတာတော့ ထုတ်လုပ်သူက ပေးရမယ်လို့ ရေးထားတယ်

    သတင်းက အမျိုးမျိုးဖြစ်နေတာ ဆိုတော့ တာဝန်ရှိသူတစ်ဦးဦးက confirm လုပ်ပေးရင်ကောင်းမယ်

  • pan pan

    August 31, 2011 at 12:39 pm

    တက်တယ် တက်တယ်
    FECဈေး ဒေါ်လာဈေး တစ်နေ့ငါးကျပ်ကနေ တစ်ဆယ်လောက်ထိတက်နေပြီ

  • myanpyithar

    August 31, 2011 at 3:05 pm

    ဝမ်းနည်းစရာမရှိပါ..ဒေါ်လာဈေးတက်ရင်တော့ဆင်းရဲလို့နိုင်ငံရပ်
    ခြားအလုပ်သွားလုပ်သူတွေအတွက်ဝမ်းသာစရာပါ

  • koyinmaung

    August 31, 2011 at 3:33 pm

    ဒီနေ့ဒေါ်လာဈေ း..
    တရုတ်ငွေဈေ း
    သိယင်ပြောပြပေးပါအုံး

  • nayminn

    August 31, 2011 at 3:34 pm

    ဇုန်ပိုင်ရှင် ဆောင်ရမှာပါ ။ ဝယ်ကတည်းက တော်တော်များများ စာချုပ်မှာ အမည်ပေါက် အခွန်ဆောင်ပြီး နံပါတ်ထွက် တဲ့ထိ ဇုန်ပိုင်ရှင်ကလုပ်ပေးရမှာ။

  • kyawzinoo

    August 31, 2011 at 4:04 pm

    အဲ့ဒါကတော့ အရမ်းလွန်တယ်ဗျာ
    ကြားထဲက အမြတ်ထုတ်သွားတာ ဘယ်သူတွေလဲ၊
    ရှင်းနေတာပါ၊ အထူးပြောစရာလိုမယ်မထင်ပါဘူး။

  • zaw min

    August 31, 2011 at 7:06 pm

    ပြီးခဲ့တဲ့ အပတ်ကဖတ်လိုက်ရတဲ့ သတင်းထဲမှာ ကွန်တိန်နာအလုံး(၂၀)ထဲမှာ တစ်စဆီဖြုတ်ပီးတင်သွင်းလာတာ ကားအစီးရေ ၂၀ဝကျော်လို့ဆိုပဲ…အဲဒီမှောင်ခိုတင်သွင်းတဲ့ ဇုန်ကားတွေထဲမှာ နာမည်ကြီးဇုံပိုင်ရှင်တွေလည်းပါတယ်၊
    အကောင်ဆုံးကတော့ ဇုံပိုင်ရှင်နဲ့လက်ရှိပိုင်ရှင်တွေကို ညှိနှိုင်းပေးဆောင်စေမယ်ဆိုရင်တော့အစဉ်ပြေမှာပါ။
    သေချာတာကတော့ စက်မှုဇုံကားတွေဈေးထက်ကျသွားအုံးမယ်လို့ယူဆမိပါတယ်..

  • naywoonni

    August 31, 2011 at 8:07 pm

    စကတည်းက ဝယ်မစီးနဲ့ပေါ့…။ ကိုယ်တွေ့တော့ မဟုတ်ဘူး…။ ကိုယ့်ရှေ့မှာ ဖြစ်သွားတာလေးပြန်ပြောလို့ရမလားမသိဘူး..။ အရင်တစ်ခါ လိုင်စင်မဲ့ တွေ ပထမအကြိမ် ဖမ်းတုန်းကရယ်စရာလေးပါ..။ လိုင်စင်မဲ့ ကားတွေ ဘယ်နေ့နောက်ဆုံး ရဲစခန်းရှေ့ လာထိုးရမယ်ဆိုတော့ တောင်းအေ့စ်လား ဟိုင်းအေ့လားမသိပါဘူး..။ ဝယ်ထားမိတဲ့သဌေးက သူ့ကားကို နိမ္ဗာန်ယာဉ်လုပ်ပြီး ထားပြီးသား ..။ အဲဒိကားကြီးက အမိန့်ထုတ်ထုတ်ချင်း နောက်ဆုံးနေ့ကို တောင်မစောင့်ပဲ ချက်ချင်း ရှေ့ဆုံးက နေ တန်းစီးပါလေရော…။ ဟာ…… မြို့သူမြို့သားတွေက သဘောကျတာပေါ့…။ နိမ္ဗာန်ယာဉ်ကြီး စခန်းရှေ့ ရပ်ထားတာကို…။ ဟိုက်လက်မခံရဲဘူး…။ ကြောက်ချီးတွေတောင်ပါဆိုပဲ..။ ဒါကြီးတော့ လာမရပ်ထားပါနဲ့ လိုမှခေါ်ပါ့မယ်ပေါ့ …။ ပြန်လွှတ်လိုက်ရတယ်…။ သဘောပါကြလားတော့ မသိဘူး…။ သတိရလို့ ပြန်ပြောပြတာ..။

  • moegyothwar

    August 31, 2011 at 8:22 pm

    ရောင်းတဲ့လုပ်ငန်းရှင်တွေကိုဆောင်ခိုင်းတာပါဗျာ….. လူလည် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းရှင် အမည်ခံ သူခိုးကြီးများက ရူးချင်ယောင်ဆောင်နေကြခြင်းပါ။ ပြသနာအရင်းအဖြစ်ကိုရှင်းချင်ရင် ဘယ်ဇုန်.. ဘယ်ထုတ်လုပ်ရေးက ဘယ်နှစင်း ထုတ်လုပ်ပြီးကြောင်း ကညန မှာ ယာဉ်စစ် စာရင်းရှိပါတယ်။ ငယ်စာရင်းလှန်ပြီး .. လုပ်ငန်းရှင်တယောက်ချင်းခေါ်ပြီး ဆောင်ခိုင်းသင့်ပါတယ်။ ဝယ်သူကိုဆောင်ခိုင်းရင် သယ်သူက လိမ်လည်မှု့နဲ့ ပြန်တရားစွဲနိုင်အောင် စီစဉ်ပေးထားပေါ့ဗျာ။

    နိုင်ငံတော်က တိုးတက်စေချင်လို့ အားပေးခဲ့တာကို အခွင့်ကောင်းယူခဲ့တဲ့ သူတွေကို မှတ်လောက်အောင် ဆုံးမမှ ရပါမယ်။ အခုသွားချင်နေတဲ့ စီးပွားရေးရည်မှန်းချက်ကို undermind လုပ်ခဲ့သူ အားလုံး ( သက်ဆိုင်ရာဝန်ကြီးများပါ အပါအဝင် ) ကို လိုအပ်သလို စိစစ်.. စစ်ဆေး ပြီး အမှန်အတိုင်း ပြည်သူကိုတင်ပြသင့်ပါတယ်။

    တဘက်ကလဲ ပြည်သူပြည်သားတွေရဲ့ သွားလာရေးလုံခြုံဖို့၊ အဆင်ပြေစေဖို့၊ သက်တောင့်သက်သာရှိစေဖို့အတွက် ကားတင်သွင်းခွင့်ကို ချိန်ဆပြီး ပြန်ခွင့်ပြုသင့်နေပါပြီ။ အခွင့်ထူးခံတွေမှရတဲ့ အခွင့်အရေးကို သာမန်ပြည်သူတွေခံစားနိုင်မှ နိုင်ငံတော်နဲ့ပြည်သူအတွက်အကျိုူးရှိမှာပါ။

    တင်သွင်းတဲ့နေရာမှာလဲ တရားဝင်ဖြစ်သွားရင် ရမယ့်အခွန်သည် နိုင်ငံတော်ထံ လုံးလုံးရောက်မှာမိုလို့ လိုနေတဲ့ budget ကိုလျှော့နိုင်မှာဖြစ်ပါတယ်။ ငတက်ပြားကြီးများဆီရောက်ပြီး ဝန်ထုတ်ဝန်ပိုးထမ်းနေရတာထက်စာရင် နိုင်ငံအတွက်တရားဝင်ပေးနိုင်အောင် စီစဉ်ပေးသင့်နေပါပြီ။

  • unclegyi1974

    August 31, 2011 at 10:14 pm

    မမိုးရေဘယ်လိုရတဲ့ငွေလဲလို့မမေးပါဖူးစိတ်ချနေ
    ငွေဆောင်ဖို့အဓိက
    နဲနဲလေးမှမလွဲပါဖူး
    သေချာလုပ်ထားတာပဲ
    လွဲလေကောင်းလေတဲ့

  • ကြောင်ကြီး

    September 1, 2011 at 6:39 am

    ဦးသိန်းစိန်အစိုးရရဲ့ ပြန်လည်သင့်မြတ်ရေး ပေါ်လစီသစ်အောက်မှာ စေ့စပ်ညှိနှိုင်း အပေးအယူ အလျှော့အတင်း လုပ်နိုင်ကြပါတယ်တဲ့..။

  • zawmaung

    September 1, 2011 at 11:21 am

    မနေ့က ရန်ကုန်တိုင်းထဲမှာ ဖတ်လိုက်ရတာတော့ ထုတ်လုပ်သူက ပေးရမယ်လို့ ရေးထားတယ်
    Today , Myanmar Time also report same thing.

  • kokothandar

    September 9, 2011 at 12:11 pm

    ဒါကိုအရင်းခံရှာ၇ရင် ဒီကားတွေဝင်တဲ့လမ်းကြောင်းက လာတ်စားပြီး Passလုပ်ပေးတဲ ့အဖွဲ ့အစည်းက
    လူတွေကိုဆောင်ခိုင်းသင့်တာပါ ရူးချင်ယောင်ဆောင်ပြီးမဆောင်ဘဲနေရင် သူပိုင်ပစ္စည်းတွေသိမ်းပြီး
    ထောင်ပါချလိုက်ရင်ကောင်းပါတယ်
    အဲ တဝက်လောက်ကတော ့ဇုံကားထုတ်ဖို ့လိုင်စင်လျောက် တဲ ့လူလည်ကဆောင်သင့် ပါတယ်
    ဝယ်စီးမိသူမှာတာဝန်မရှိပါမပေးဆောင်ထိုက်ပါ
    Custom ကလဲ ကိုသာဆိုးတွေဘဲ ဖြစ်လာတာပါလားနော်
    ကျွန်တော်တင်ဘူးတဲ ့ကောင်းကြသေးရဲ ့လားအရပ်ကတို ့မှာသူတို ့တစ်တွေရဲ ့တစ်နေ ့လာတ်ရငွေ
    အနည်းဆုံးကို ရေးတင်ထာပါတယ် ဒါဟာအမှန်တွေပါ

  • nature

    September 9, 2011 at 8:50 pm

    ထုတ်လုပ်သူကပေးရမယ်တော့ပြောတယ်။ထုတ်လုပ်သူပမပေးဘူးဆိုရင်ကော ကားက without ဖြစ်မှာလား။ နံပါတ်ကျပြီး နာမည်ပြောင်းပြီးသား ကားရောဆောင်ရမှာလား။ တချို့က ဆောင်ရမယ်။ တချို့က မဆောင်ရဘူးပြောတယ်။ ဆောင်ရင်ကော ဘယ်မှာဆောင်ရမှာလည်း ။ ဒီကိစ္စတွေကို တိတိကျကျ ဘယ် ဖုံး ဘယ်ဂျီမေးမှာ မေးလို့ရလဲ။ နံပါတ်ကျပြီးသားရော ယာယီနံပါတ်ရော ဆောင်ရမှာလား ဘယ်မှာဆောင်ရမလဲ ဘယ်လိုဆောင်ရမလဲ သိသူတွေ တိတိကျကျလေး တင်ပေးကြပါဦး။

Leave a Reply