Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖတ်ဖြစ်အောင်ဖတ်စေလိုပါသည်။ မြန်မာနိုင်ငံအတွင်းဝင်လာပြီ (အရေးကြီးသည်)

Mobile HouseSeptember 3, 20112min73232

Reject ဖုန်းတွေ ဝင်လာ မှု ကျယ်ပြန့်လာပြီ

အစက တော့ သူများစီးပွားရေး တုတ်နဲ့ ထိုးတယ် ဖြစ်မှာစိုးလို့ မပြောပဲ နဲ့ နေနေတာ။ ဒါပေမဲ့ သူပဲကောင်းစား ပြီး ဝယ်သူ ကော ဆိုင်တွေကောပါထိခိုက် နေလို့ ပါ။ခံ ရတဲ့ သူတွေ တစ် ဆ ထက်တစ် ဆ များလာပြီ။ အဲ့ ဒါကြောင့် ထုတ်ပြော ရတာပါ ။

အထူး သဖြင့်  Samsung တွေ ဝင်လာတဲ့ အခါ အကောင်း နဲ့ စက်ရုံ မှ အပယ်(Reject) တွေဆိုပြီး ၂ မျိုးဝင်လာ တယ်။။ Reject ဆိုတာ က တော့ စမ်းသပ်တဲ့ အချိန်မှာ တခုခုကြောင့် ပျက်ခဲ့ ရင် သုံးရသေးတယ် ဆို အပယ်(Reject )ဆိုပြီး ဈေးကွက်ထဲဝင် လာတယ်။ဘန်ကောက် ကပဲဝင်တာပါ ။ ခု အပယ် တွေက မြန်မာ နိုင်ငံအတွင်းရောင်းဈေး က စက် ရုံ ထုတ် ဈေး ထက် ပင်နည်းနေတယ် ။ ဆိုင်ရောင်းဈေး အကောင်းနဲ့ ဆို ၃၀,၀၀ဝ မှ ၁၀၀,၀၀ဝ ကျပ် အထိကွာ ခြားနေပါတယ် ။second hand မဟုတ်သောကြောင့် ခွဲခြားရန် အခက်အခဲ ရှိနေပါတယ် ။တချို့ ဖုန်းများသာမြင်သာသောနေရာမှာ ပျက်စီး နေတာကို တွေ့ မြင်နိုင်တယ်။Samsung မှမဟုတ်ပါဘူး အခြားဖုန်းများလဲ reject ဝင်လာမူှု ပိုခေတ်စားလာတယ် ။ခွဲခြားရန်ခက်ခဲ ခြင်း၊ လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း၊ဈေးနှုန်းချို သာခြင်းကြောင့်  Reject ဝယ်ယူရောင်း ချခြင်းဖြစ်ပါတယ်။ ။ပေါချောင် မှ တော့ အကောင်းမရနိုင်ပါဘူး ။ဈေးကြီး မှကောင်းတယ် လဲမဟုတ်ပါဘူး ။အကောင်း ဆုံးကတော့ ဖုန်းကို နားလည် သူ ခေါ်ယူ ပြီး မှ ဝယ်ယူသင့် ပါတယ်။ဆိုင် တိုင်းဈေး စုံစမ်း ပြီး မှ ဈေးအသင့်သင့် ခန့်မှန်းခြေ တူတဲ့ ဈေး ကိုပဲဝယ်သင့်တယ် ။  ။မန်းလေး မှာ တော့ ကျွှန်တော် သိတာ ၁ဆိုင် နဲ့ လိုက် ပြန့် တဲ့ သူ ၁ ဦး ကိုပဲသိတယ် ။ဆိုင် ကတော့ နံမည် မပြောတော့ ပါဘူး ။ လမ်း ၈ဝ ဘုံကျောင်း ဘေးနား.က ဆိုင်ပါ။ကျွှန်တော် တုံး ကတော့ galaxy 5 ပါ။၁ သိန်း၁သောင်းနဲ့ ရလာတယ် ။ဖုန်းအသစ် နဲ့ ယှဉ် လိုက် တော့ ဆားကစ်(ဒ်) မှာ လောင်ထား တာတွေပါပါတယ် ။သွားပြော တော့ ဘာလို့ ပြောရတာလဲ ဆိုပြီး ရန်တောင် ပြန်လုပ်တယ် ။ သက်သေ ပြဆိုတော့ အဲ့ ဖုန်းသစ်ပြလိုက်တော့ မှ ပိုက်ဆံ ပြန် အမ်းတယ် ။ဘန်ကောက် မှာ ဝယ် မယ်ဆိုရင် ကို ၁၅၀,၀၀ဝ ပေးရပါတယ် ။မန်းလေး မှာအဲ့ တုံးကရောင်းတာ ၁သိန်း ရ သောင်းပါ ။ လိုက်ပြန့် တဲသူ ကလဲ အဲ့ လို ပါပဲ ဆိုင်ပိုင်ရှင်တွေလဲ သတိထားသင်ပါတယ် ။ဈေးပေါတယ်ဆိုပြီး ယူရောင်း ပြီးမှ ဆိုင်နံမည်ပျက်ရပါမယ်။ အဲ့ တစ်ဆိုင် ထဲမဟုတ် ပါဘူး ။လမ်း ၈ဝ လမ်း ၂၆ ကျုံး ထောင့် နားက ဆိုင် လဲ ဈေးတော့ ဆိုင်တိုင်းထက် ချို ပါတယ် ။၅၀၀ဝ လောက်သက်သာတယ် ဘာဖုန်း ဖြစ်ဖြစ် ပါ။ဒါပေမယ့်ကွာလတီ မမီတာတွေရောင်း တယ်။ဒီနေ့ဝယ်ပြီး ၁ ရက် ၂ ရက် အတွင်းပျက်သူများ အများအပြား ရှိနေ ပါပြီ။ အဲ့လိုလိမ်ရောင်းတဲ့ သူတွေကို လဲ အားလုံးဖို့ တောင်းဆိုချင်ပါတယ်၊ Reject ဆို reject ပြောရောင်း ပေးပါလို့ ။မှန်မှန် နဲ့ ကောင်းကောင်း  ရောင်းတဲ့ သူတွေ ဖို့ စဉ်းစား ပေးပါ။ ဝယ်သူတွေ ဖို့ စိတ်ကောင်းထားပေး ပါ။

Reject ဟုတ်မဟုတ် ခွဲခြားနိုင်ရန်

ဈေးချို တယ်ဆိုပြီး မဝယ်ယူရန်၊

တချို့ က ဖုန်း ဆို IMEI နံပတ် နဲ့ ဘူးကနံပတ် နဲ့ လဲကွာတက်ပါတယ် ။အဲ့ ဒါလဲစစ်သင့် ပါတယ်။

ဖုန်းအကောင်းဆိုရင် ဘတ်ထရီ အောက် က ဖုန်းမှာကပ်ထားတဲ စတစ်ကာ မှာ ဘောင်ခက် ထားတဲ့ အထဲမှာ

CLASS B

NTC ID.B38…-10-0013  ဆိုပြီး ပါတယ် ။

ပြီးတော့ MODELး GT-5500 or 5503

ရဲ့အောက်မှာ reject ဆို   FCC ID: လာပြီး

အကောင်း (အစစ်)ဆို  RATED :3.7 v ဆိုပြီးလာပါတယ် ။

ပြီးတော့ အမှိုက်တောင်း ပုံ လေးကို အမှားခြစ် ထားတဲ့ပုံပါပါတယ်။

ကျန်တာတွေ ကတော့ ရှာဖွေဆဲ ပါ။

 

အောက်ကပုံကတော့ Huawei 8600 ပါ။ဈေးကွာတဲ့ ဖုန်း၂လုံးယှဉ်ပြထားတာ ပါ။အပေါ်ကပုံ က ဈေးပေါတဲ့ ဖုန်းပါ။

 

 

 

 

 

 

 

 

 

 

 

အောက်ကပုံ ကတော့ ဘုံကျောင်းဘေး ကဆိုင် က ဖုန်း ပါ။galaxy 5  ပါ။sim card ထည့်တဲ့ နားက ဆားကစ် ပေါ်နေတဲ့နားကြည့်ပါ။ခဲရာ တွေ ၊လောင်နေတာတွေ ပါ။

ဒီဖုန်းလဲအဲ့ဆိုင်ကပါ။အပြင်ပိုင်း မှာဘာမှမတွေရပေမဲ့   network error တက်ပြီးပြင်မရတဲ့ ဖုန်း ပါ။

 

 

 

 

 

 

 

 

 

 

ဒါကတော့အ ကောင်း( အစစ်)ပါ ။ဘောင်ခက်ထားတာလေးပါပါတယ်။အမှိုက်ပုံး ပုံမပါပါဘူး။

 

 

 

 

 

 

 

 

ဒါကတော့ အစစ် နဲ့ reject နဲ့ ယှဉ်ပြထားတာပါ။

အဖြူ ကအစစ် ပါ။အနက်ကတော့ reject ပါ ။ ၂လုံး လုံးgalaxy 5 ပါ။

32 comments

  • ပေါက်ဖော်

    September 3, 2011 at 7:55 pm

    မှတ်ထားပါ့မယ်..
    ခုလို သတင်းပေးတာလဲ ကျေးဇူးတင်ပါကြောင်း..
    ရှဲရှဲ

  • windtalker

    September 3, 2011 at 8:04 pm

    ကောင်းပဗျာ
    ဒီလိုမျိုးတွေ ရှိနေပြီ ဆိုတာ
    ဘလက်ပရင့် ရဲ ့ပို ့စ် ကို ဖတ်ပြီးချိန်က စပြီး
    သိသွားပါပြီ
    ကျေးဇူးတင်ပါတယ်

  • blackprince72

    September 3, 2011 at 8:04 pm

    ပြီးတော့ Reject မှာ အမှိုက်တောင်း ပုံ လေးကို အမှားခြစ် ထားတဲ့ပုံပါပါတယ်။အ ပေါ်မှာ လိုသွားလို့ပါ။

  • yetazar

    September 3, 2011 at 8:07 pm

    ကိုယ်ကတော့ ဖုန်းမကိုင်နိုင်သေးပါဘူး ။ ဒါပေမယ့် ဖုန်းကိုင်နေတဲ့ မိတ်ဆွေတွေကို တဆင့်ပြန်ပြီး အသိပေးလိုက်ပါ့မယ် ။ ခုလို သတင်းပေးဖေါ်ရတာကျေးဇူးတင်ပါတယ် ။ ဘယ်သူမဆိုပိုက်ဆံပေး ဝယ်ရတာ အကောင်းလေးပဲ ကိုင်ချင်တာပေါ့ ။ ဟုတ်ဘူးလား ။ လက်ထဲရောက်တာနဲ့မြှောက်ပစ်ရတယ်ဆိုရင်တော့ သွားရောပဲ ။

  • zaw min

    September 3, 2011 at 8:15 pm

    ယခုလိုမျှဝေပေးတာကျေးဇူးပါ…ပေါပေါကြိုက်တဲ့ မြန်မာလူမျိုးတွေအတွက်သတိထားစရာပါ။

  • ဆူး

    September 3, 2011 at 8:47 pm

    စေတနာကို ကျေးဇူးတင်ပါတယ်။ ဖုန်းမှာ ရှာကြည့်လိုက်အုန်းမယ်။

  • nature

    September 3, 2011 at 9:16 pm

    အခုလိုစေတနာနဲ့တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။

  • မီးမီး သော်

    September 4, 2011 at 12:25 pm

    အနက်ရောင်မင်းသားလေးရေကျေးဇူးပါနော့။ခုလိုမျိုးယှဉ်ပြပေးတော့သိသာတာပေါ့။

  • cobra

    September 4, 2011 at 3:58 pm

    တကယ်အရေးကြီးတဲ့သတင်းပါ
    ကျေးဇူးတင်ပါတယ်…။

  • shwemanthar

    September 4, 2011 at 4:18 pm

    သတိပေးတာကျေးဇူးပါ
    နီးစပ်ရာကိုဆက်ဖြန်.လိုက်ပါမယ်

  • sanaythalay

    September 4, 2011 at 10:19 pm

    ပြီးတော့ Reject မှာ အမှိုက်တောင်း ပုံ လေးကို အမှားခြစ် ထားတဲ့ပုံပါပါတယ်။အ ပေါ်မှာ လိုသွားလို့ပါ။

    ကျနော့် ဖုန်း battery မှာ အဲဒီလို အမှားခြစ် ထားတဲ့ပုံပါပါတယ် reject ကြီးပေါ့

  • blackprince72

    September 4, 2011 at 10:24 pm

    အဲ့ ပုံက Reject ပုံ ( အမှတ်သား )လိုပြောတာမဟုတ် ပါဘူး။ ဖုန်းကိုပဲ ကွာတာတွေ ယှဉ်ပြထားတာပါ။အဲ့ ပုံက battery တိုင်းနီးနီး ပါပါတယ်။

  • TTNU

    September 4, 2011 at 11:32 pm

    ကျေးဇူးတင်ပါတယ် Blackprince ရေ
    အိမ်မှာလဲ အဲဒီလိုမသိလို့ ထိပြီးပြီလေ။ ၈၀..၂၆ ဆိုင် ကပါပဲ။ Charging သွင်းမရလို့ သွားပြတော့ စင်္ကာပူ ပြန်ပို့ စစ်ပေးမယ် တစ်လ စောင့်ပါပေါ့။ တစ်လ စောင့်ပြီး သွားယူ၊ သိပ်မကြာဘူး ထပ်ပျက်တော့ ၊ ဘာမှ တာဝန် မယူတော့ဘူး။ ပိုင်ရှင် မရှိသေးဘူး နဲ့ချည်း ပြန်လာရတယ်။ နောက် ဆုံးတော့ ( ပလုံ ပေါ့လေ)။

  • မီးမီး သော်

    September 5, 2011 at 12:09 am

    စိတ်မကောင်းစရာပါလားနော်။စီးပွားရေးသမားတွေတော်တော်ဗရုတ်ကျလာနေပီနော့

  • blackprince72

    September 5, 2011 at 12:17 am

    ကျွှန်တော် အသိထဲ ကကို ၄ ၅ ယောက်ရှိနေပါပြီဗျာ။ကျွှန်တော် ဆိုင် မဖွင့်ခင်က အဲ့ မှာ ဖုန်းသွာအပ်တာ ၂လလောက်ကြာတယ် ။မနက်ဖြန် ပေါင်းများစွာနဲ့ ပေါ့ ။ပြီးတော့ မှဖုန်းပျောက်နေလို့ ဆိုပြောတာ။ပြီးတော့ ရတနာပုံ cyber city ဖွင့် ပွဲတုံးက ရိုက်စားလုပ်တာ ပြောရအုံးမယ်။ဆိုင် ကိုဧည့်သည် လာတော့ nokia 5800 ဘယ်ဈေးလဲမေးတော့ ၂သိန်း လို့ပြောတော့ ဈေးတအားကြသွားတယ်နော် တဲ့။အဲ့ဒါနဲ့ မေးလိုက်တာ မကျပါဘူးလို့ ဘယ်လောက်နဲ့ဝယ်တာလဲဆိုတော့ ၅၃၀,၀၀ဝ ကျပ် တဲ့ ဗျ။စဝင်တုံးကတောင် အများဆုံး၄သိန်းပေါ့ဗျာ ။အဲ့လိုပြောတော့မယုံးဘူလားဆိုဘောက်ချာထုတ်ပြတယ် ။ဟုတ်ပဗျာ မျက်လုံးတောင်ပြူးသွားတာပဲ။ ဘယ်ဆိုင်လဲကြည့်လိုက်တော့ အဲ့ ဆိုင်ပဲ။တကယ် ပဲလုပ်ရပ်တယ်လို့ ။သူဝယ်တဲ့ အချိန်အများဆုံး ရှိ ၃သိန်းလောက်ပေါ့ဗျာ။အဲ့ဒါကိုမသိတဲ့ သူ ရိုးသာဖြူစင်တဲ့သူတွေကို လုပ်စားတာ ရှက်ဖို့ကောင်းတယ်ဗျာ။ သူငယ်ချင်းတွေလဲ မှာထားလိုက်အုံးနော် ။နောက်ထပ်မခံရစေဖို့ ။

  • ရွှေဘိုသား

    September 5, 2011 at 8:58 am

    ကျေးဇူးပေါ.ဗျာ အခုလိုတင်ပေးတဲ.သူလည်းရှိမှာ နော.မို.ဆို ကျနော်တို.လူမျိုးတွေကလည်း
    ဈေးများမှ ကောင်းတယ်ထင်တဲ. အကျင်.ကလည်း ပါနေပြီဗျ

  • etone

    September 5, 2011 at 9:59 am

    ပေးရတဲ့ ပိုက်ဆံနဲ့ တန်တဲ့ အရည်သွေးတော ့လိုချင်တာပေါ့ နော် … ။
    ဈေးကတော့ .. တန်းတူပေးရပြီး reject မိလျှင် သေရောပဲ 🙁

    • etone

      September 5, 2011 at 10:03 am

      information ပေးတဲ့ စာရေးသူကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ ကျန်သွားတယ် .. ကျေးဇူးပါ အစ်ကိုရေ ။ 😛

  • Shwe Tike Soe

    September 5, 2011 at 11:19 am

    အခုလို သတိပေး သတင်းပေးတာ ကျေးဇူးတင်ပါတယ်.. သွင်းတဲ့သူတွေကလဲ ဘာလို.များ အဲဒီလိုတွေလုပ်ကြပါလိမ်နော်…

  • Yan Shin

    September 5, 2011 at 11:53 am

    အထူးကျေးဇူးတင်ရှိပါကြောင်း။
    ပစ္စည်းမှန် ဈေးမှန် အာမခံ
    customer first, customer ever right, customer is god
    အဲလိုပြောတဲ့ ဈေးကွက်စီးပွါးရေးခေတ်နဲ့ ဝန်ဆောင်မှု့ ဘယ်တော့ရောက်မလဲမသိ။

    • pan pan

      September 5, 2011 at 2:12 pm

      ဘယ်တော့ရောက်မယ်မသိဘူး
      သွားဝယ်တော့ တမျိုး
      ကိုယ်ဝယ်တဲ့ပစ္စည်း ပြဿနာလေးဖြစ်လို့ သူတို့ဆီပြန်လာရင် မကြိုက်တဲ့လူများတယ်
      ဖုန်းဆိုင်မှမဟုတ်ဘူး
      အစုံပဲ
      အဲဒီအခါ သူတို့မျက်နှာ ပြန်ကြည့်နေရတယ်

  • pan pan

    September 5, 2011 at 2:19 pm

    ပိုစ့်တင်ပြီး သတင်းပေးတဲ့ ကိုမင်းသားကိုလည်း ကျေးဇူးတင်ပါတယ်
    ခုတချို့ဟန်းဆက်တွေ ဈေးမတရားကျနေတာ သဘောရိုးရဲ့လားတောင် စိတ်ပူတယ်
    အဖေက ဈေးကျသွားတယ် ဈေးချိုတယ်ဆိုပြီး ဝယ်မယ်လုပ်နေလို့

  • နွယ်ပင်

    September 5, 2011 at 2:53 pm

    ကျေးဇူးတင်ပါတယ် အခုလိုပြောပြပေးတာ
    ဖုန်းဈေးတွေကျလာတာ ဒါနဲ့များ ပတ်သက်နေမလား…..

    • blackprince72

      September 5, 2011 at 8:09 pm

      ဖုန်းဈေးတွေကျတာက တော့ ဖုန်းဈေးမထိန်းပဲအပြိုင်အဆိုင်ရောင်း ခြင်း ကြောင့် လဲပါတယ်။တစ်လုံး၃၀၀ဝကျပ်တောင် မမြတ်ပါဘူး ။ပြီးတော့ အဲ့ လိုreject တွေ ဝင်လာတော့ ပိုဆိုးတာပေါ့ဗျာ ။အဲ့ ဈေးတွေနဲ့ တအားကွာတော့ ဈေးလျော့ရောင်းရင်း မရောင်းရရင်ရူံးရောပဲ။

  • chitthu135

    September 5, 2011 at 3:00 pm

    ကျေးဇူ့တင်ပါတယ်ကျွန်တော်ကမလေးမှာရောက်နေတယ်ဒါပေမဲ့အကိုတို့ကဗမာပြည်ကအကြောင်းတွေ
    ပြောပြပေးတာကျေးဇု့တင်ပါတယ်အမေကလဲပြောသာတဲ့အမေ့ကိုဖုန်း၁လုံးလောက်ဝယ်ပေးပါတဲ့
    ကျွန်တော်ဝယ်ပေးချင်တယ်အခု့လိုမျိုးဖုန်နဲ့တွေ့ရင်တော့သွားပြီးအလိမ်ခံရရင်တော့မတွေးရဲစရာပဲအကို
    ဖုန်းကောင်း၂ဝယ်လိုရမဲ့နေရာလေးကိုပြောပြပါလားအကို

    • blackprince72

      September 5, 2011 at 4:39 pm

      anycall ကတော့ နံမည်ပျက်မရှိပါဘူး ။ကျန်တာတော့ အာမ မခံဘူးဗျ။ဘယ်မြို့ ကလဲမသိဘူးနော်။

  • Aung Myat Way

    September 5, 2011 at 4:27 pm

    တကယ်ဖတ်ဖြစ်တောင်တစ်ကယ်အကျိုးဖြစ်ထွန်းမယ်လို့သင်တကယ်ထင်သလား မြန်မာပြည်မှာအရောင်း
    ဆိုင်တွေကတာဝန်ယူဖြရှင်းမပေးကြဘူးဆိုတာနောင်တော်လေးအသိပင်ဖြစ်သွားပြီပေါ့နောက်ဆိုဒိထက်တောင်ပိုပိုကဲလာမယ်နော်ဝယ်တာကိုသတိထားပေါ့

    • blackprince72

      September 5, 2011 at 5:01 pm

      အနည်းနဲ့ အများတော့ အကျိုးရှိတာပေါ့ ဗျာ။ခင်ဗျားက ဘယ်ဆိုင်ကမလို့ လဲ ? ဆိုင်တွေက တာဝန်ယူ မဖြေရှင်းတဲ့ ဆိုင်တွေရှိသလို ဖြေရှင်းပေးတဲ့ ဆိုင်လဲရှိ ပါတယ် ။ ဝယ်တဲ့ လူဘက်ကလဲ အားလုံးစစ် ယူဖို့ လိုပါတယ် ။nokia ,sony ,htc … စတာတွေဆို အာမခံမပေးတောင် ၁ရက် ၂က် အတွင်းဆိုပြန်လဲပေးပါတယ် ။တရုတ်ဖုန်းကတော့ ဆိုင်ကထွက်တာနဲ့ အမ မခံတော့ ပါဘူး။

  • ရင်နင့်

    September 5, 2011 at 9:22 pm

    80*36 ကဆိုတော့ Mobile Mother ပေါ့ ခုကျွန်တော့်ဖုန်းလဲ အမှားခြစ်ကော FCC ID ကောပါတယ်
    reject ကြီးပေါ့ အဲ့ဒါက anycall ကဝယ်တာ ခုအဲ့ဖုန်းပျက်နေလို့ ဝယ်ထားတာတော့၅လလောက်ရှိပြီ အသစ်ဝယ်မလို့ blackberryနဲ့HTC ထဲကဘယ်အမျိုးအစားကောင်းလဲဆိုတာလေး ပြောပြပေးပါဦး
    ပြီးတော့ဈေးနှုန်းလေးတွေကော Thz blackprince

  • marmeesoe

    September 7, 2011 at 2:19 am

    မန္တလေးမြို့က ဆိုင်ကယ်တစ်ပတ်ပတ်ပြီး ဈေးမေးလို့ရနိုင်ပါတယ်။ ရောင်းတဲ့သူက အမှန်အကန်ပစ္စည်းကို ထိုက်သင့်တဲ့ အမြတ်နဲ့ ရောင်းတယ်။ အတုရောင်းတဲ့သူရဲ့ ဈေးနဲ့စာရင် မြင့်မှာပါ။ အဲဒါဆိုရင် ဝယ်တဲ့သူက ကျေကျေနပ်နပ်နဲ့ ဝယ်ကြသလား။ ဈေးကြီးတယ်ဆိုပြီး မဝယ်ပဲထွက်သွားသလား။

    • blackprince72

      September 7, 2011 at 2:40 am

      ဈေးကြီးတယ်ဆိုပြီးထွက်သွားပါတယ် ။မန်းလေးအကျင့်ပေါ့ ဗျာ။ရန်ကုန် ဆို အကောင်းမှ ဈေးကြီးမှ အကောင်းထင်တာ ။ ပြီးတော့ အယူမှား နေကြတာတစ် ခု က ဖုန်း ဆို တဲ့ အရာက ရောင်းရင် အမြတ် ၂ဝ ဝ၀ဝ ကျပ် ၃ဝ ဝ၀ဝ ကျပ် လောက်အနည်းဆုံး တင်တယ်လို့ စွဲနေတာပါ။အဲဒါက ရန်ကုန်မှာ ဆိုဟုတ်ပါတယ် ။ပစ္စည်းအမှန်ခြင်းတူတောင် ရန်ကုန်နဲ့ မန်းလေး ဈေး ၂ဝ ဝ၀ဝ ကျပ် ၃ဝ ဝ၀ဝ ကျပ်လောက်ကွာပါတယ် ။ရန်ကုန်မှာ က ကိုယ်ဈေးနဲ့ ကိုရောင်းတာပါ ။မန်းလေး မှာ က ဆိုင်းအချင်းချင်းကြည့် ပြီး အသက်နိုင်ဆုံးဈေးလျော့နေကြတယ်။အခုဆို ၃၀၀ဝ ကျပ် တောင် မမြတ်ချင်ဘူး ။ဟိုလက်ဆောင်တောင်းဒီလက်ဆောင်တောင်း ဟိုဆိုင်ကပေးတယ် ဆိုပြော။ဈေးကျလို့ ရှုံးရင် ၄ ၅ သောင်း ချီပြီးရှုံးတယ်။ အဲ့ လို မြတ်တယ်ထင်ကြတော့ ဈေးကွာရင်နည်းတဲ့ ဆိုင်က ဈေးမှန်တယ်ဖြစ်ရော ။ရှင်းပြရင် လဲ မနာလိုလို့ ပြောတာဖြစ်ရော။မလွယ်ပါဘူးဗျာ။

  • chindwinsayargyi

    September 10, 2011 at 8:56 pm

    ကျေးဇူးတင်ပါတယ်။ဘုံကျောင်းနားကဆိုင်ကိုသိပါတယ်..စိတ်ရှည်လက်ရှည်တင်ပြထားတဲ့စေတနာကိုလေးစားပါတယ်.

Leave a Reply