၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီဆန်ဆန် ဝေဖန်ကြည့်ခြင်း
ဒီမိုကရေစီနိုင်ငံ အဖြစ် သိပ်မကြာသေးတဲ့ကာလမှာကူးပြောင်းလာတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ပြည်သူတွေ ဘယ်လောက်ထိ ရရှိ ၊ ခံစားပြီးပါပြီလဲ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ကကော ဒီမိုကရေစီစနစ်ကို ပြည့်ဝစွာဖေါ်ဆောင်ပေးနိုင်ပါရဲ့လား ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေမူကြမ်းမှာ ယခုလက်တွေ့မှာ လိုအပ်ချက်လေးတွေကြုံတွေ့လာရပါပြီ ။ အဓိက ကတော့ အောက်ခြေအဆင့် အုပ်ချုပ်ရေး အပိုင်းတွေမှာပါပဲ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ်ခံယူပြီး ဒီမိုကရေစီ စနစ်ကိုကူးပြောင်းခဲ့တဲ့ နိုင်ငံမှာ ကျေးရွာအဆင့် ၊ မြို့နယ်အဆင့် ၊ ခရိုင်အဆင့်တွေမှာ ဘာလို့များဒီမိုကရေစီမရရှိခဲ့ရတာပါလဲ ။ စဉ်းစားစရာပါ ။ ခုနောက်ပိုင်းကြားရတာတွေကတော့ ရပ်ကွက်/ကျေးရွာအဆင့်တွေမှာ အုပ်ချုပ်ရေးမှူးတွေကို မဲပုံးထောင်ပြီး ရွေးချယ်ပေးနေတယ်လို့ ကြားသိရလို့ ဝမ်းသာမိပါတယ် ။ ဒါပေမယ့် ရပ်ကွက်/ကျေးရွာ အချို့ သာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ပြောင်းလဲခြင်းမဟုတ်တာကို သိလာရပါတယ် ။ အချို့ ရပ်ကွက်/ကျေးရွာတွေမှာ ပြည်သူတွေကို နှိပ်စက်နေတဲ့ ၊ ပြည်သူတွေမုန်းနေတဲ့ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရှိနေဆဲပါပဲ ။ အဲဒါတွေကကော ဘယ်တော့မှ ပြောင်းလဲရွေးချယ်မှုတွေပြုလုပ်မှာလဲ ။ ထားပါတော့ .. ။ မြို့နယ်အဆင့် ၊ ခရိုင်အဆင့်တွေမှာရော မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ဒေသခံတွေထဲက မြို့သူ/မြို့သား ကြည်ညိုလေးစားသူတွေကို မဲဆန္ဒနဲ့ရွေးချယ်မှုပြုလုပ် မပေးနိုင်ဘူးတဲ့လား ။ တိုင်းသူပြည်သားတွေကို အဓိက ဖိအားပေး နှိပ်စက်နေတာက အဲဒီ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေဆိုရင် ကျွန်တော့စကား လွန်မယ်မထင်ပါဘူး ။ ဘာကြောင့်ပါလဲ …. ။ အဓိကကတော့ မြို့ခံတွေမဟုတ်တဲ့အတွက်ပါပဲ ။ အဲဒီမြို့ကောင်း စားရေးဆိုတာထက် ၊ ကိုယ်ပိုင်အကျိုးအမြတ်ရရှိရေးဆိုတာကို ဦးတည်သွားကြလို့ပါပဲ ။ သူတို့က တစ်သက်လုံး အဲဒီမြို့မှာ ခေါင်းချနိုင်မှာမှမဟုတ်တာ ။ အဲဒီမြို့အတွက် ဘာမှမလုပ်တော့ဘူးပေါ့ ။ အခုလက်ရှိ ကျင်းပနေတဲ့ လွှတ်တော်တွေမှာတော့ ဒီကိစ္စတွေကို တင်ပြဆွေးနွေးမှုတွေရှိတယ်လို့ကြားသိရပါတယ် ။ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ လွှတ်တော်အစည်းအဝေးပြီးဆုံးသွားမှသာ သိရှိလာရမှာပါ ။ ခုကျွန်တော်ပြောတဲ့ပြောင်းလဲမှု တွေက ဒီမိုကရေစီနိုင်ငံလို့ ခံယူထားတဲ့နိုင်ငံတိုင်းမှာ လက်ခံကျင့်သုံးနေကြတဲ့ စနစ်ပါ ။ အထင်ရှားဆုံး ဥပမာကတော့ – အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ပြည့်သူ့အချစ်တော် မင်းသားကြီးအာနိုး ရွေးချယ်ခံခဲ့ရပါတယ် ။ မြန်မာနိုင်ငံမှာကော အဲဒီလိုပြောင်းလဲမယ့် အစီအစဉ်မရှိတော့ဘူးလား ။ ခုလက်ရှိ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးစနစ်တွေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံအဖြစ်သတ်မှတ်နိုင်မှာမဟုတ်ပါဘူး ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူအတွက် ပြည့်ဝတဲ့ဒီမိုကရေစီအသီးအပွင့်တွေရရှိခံစားရေး ရှေးရှုပြီး ဖြည့်စွက်ရေးဆွဲမှုတွေ ပြုလုပ်သင့်ပြီလို့ တွေးမြင်မိပါတယ် ။
25 comments
zawmaung
September 5, 2011 at 8:59 pm
Be patient , it will be happen in our grade grade grand son or daughter time if if luck change.
တာနော
September 5, 2011 at 9:34 pm
တင်ပြချက်လေး ကောင်းလိုက်တာကွယ်။ အရမ်းကောင်းတာပဲ၊ yetazar ပြောတဲ့စကားက အမြင်ဓတ်ကို ပွင့်လင်းစေပါတယ်၊
ဖြစ်သင့်ဖြစ်ထိုက်တဲ့ နည်းမှန်လမ်းမှန် အယူအဆလေးပါ၊ ဒီပို့စ်လေးက ဖတ်ရတာ အရသာရှိလိုက်တာ။
Ko Ko Aung
September 5, 2011 at 11:09 pm
မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ် လုံးဝမကူးပြောင်းရသေးပါဘူး။
လက်ရှိအစိုးရအပြောအရဆိုရင် ဒီမိုကရေစီစံနစ်ကို ဖေါ်ဆောင်ဘို့ ကြိုးစားနေဆဲပါ ..တဲ့။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီစံနစ်ကို ဖေါ်ဆောင်ဘို့ မဖြစ်နိုင်ပါဘူး။
အဲဒါက သာသာထိုးထိုးပြောရရင် ခဏပဲသုံးလို့ရမယ့် ကြားပုံစံတခုပါ။
အဲဒီအခြေခံဥပဒေကို မြန်မြန်မပြင်နိုင်ရင် သမိုင်းတပတ်လည်ပြီး အာဏာရှင်စံနစ်ကိုပဲ ပြန်ဦးတည်သွားမှာပါ။
အဲဒါအတွက်မျိုးစေ့တွေ အဲဒီအခြေခံဥပဒေထဲမှာ ပါပြီးသားပါ။
mgmglusoe
September 5, 2011 at 11:28 pm
ပို့စ်ထဲမှာပါသလို.. အပြောင်းအလဲလေး ဖြစ်မယ်ဆိုရင် အတိုင်းအတာတစ်ခု အထိ ကျေနပ်စရာကောင်းပါ
မယ်….ရပ်ကွက်ကျေးရွာတင်မကပဲ ခရိုင်အဆင့် မြို့နယ် အုပ်ချုပ်ရေးမှုးကြီးတွေ အဆင့်အထိ မဲစနစ်နဲ့
အများပြည်သူ ဆန္ဒ အရ ရွေးကောက် တင်မြှောက်ပေးမယ်ဆိုရင် အခြေအနေတစ်မျိုးထူးခြားလာလိမ့်မယ်
လို့ ထင်မြင်ယူဆနေမိပါတယ်….။
တစ်ကယ်တော့ အဲ့ဒီ အထွေထွေ အုပ်ချုပ်ရေးဦးစီးတွေဟာ စစ်တပ်က အာဏာသိမ်းပိုက်စဉ်က ယာယီအုပ်
ချုပ်ရေးမှုးတွေပါ၊ ခုတော့ အများပြည်သူ့ဆန္ဒအရ ထိုင်ခုံပေါ်က ဆင်းချိန်ရောက်ရှိနေပါပြီ၊
pannu
September 5, 2011 at 11:30 pm
စိတ်မောပါတယ် ဒီထိုင်ခုံကိစ္စတွေနဲ့ပဲ ချာလပါတ်လည်လိုက်နေတော့တာပါပဲရှင်၊ သူတို့သေရင် ထိုင်ခုံလေးပါ တွဲပြီးကြိုးနဲ့ချည်
ပေးလိုက်ချင်တယ် ။
True Faith
September 6, 2011 at 2:29 am
ရေးသူရော ကွန်မန့်ပေးသူတွေကိုပါ သဘောထားတွေ နှစ်သက်မိလို့ အမှန်ပေးဖြစ်ပါတယ်။ စာရေးသူပြောတာ တကယ့်အမှန်ပါပဲ။ အဲဒီ မြို့နယ်မှူး၊ ခရိုင်မှူးတွေက ဂွင်ဖန်ဖို့လောက်သာ ချောင်းနေတဲ့ အသားထဲက လောက်တွေပါ။ ကိုယ့်မြို့ ကိုယ့်ခရိုင်ကို အုပ်ချုပ်ဖို့ မြို့ခံ နယ်ခံတွေကို ရွေးချယ်ခွင့် ပေးကို ပေးရပါမယ်။ အခု ရှိနေတဲ့ သကောင့်သားတွေကတော့ အစိုးရ ထုတ်မှ၊ သို့မဟုတ် မဲစနစ်နဲ့ နောက်တဦးဦး ထပ်ထင်မှပဲ ဆင်းပေးမှာပါ။ သူ့ဘာသာ နှုတ်ထွက်ဖို့တော့ သေတဲ့အထိ စိတ်ကူးမယ် မထင်။
kai
September 6, 2011 at 4:00 am
ရောမမြို့ကြီးကို.. တရက်နှင့်တည်ဆောက်ခဲ့သည်…မဟုတ်..။
ဆိုတော့..
ဒီစာသားလေးက…အခု မြန်မာပြည် နိုင်ငံရေးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်ထင်မိတယ်..။
ကြောင်ကြီး
September 6, 2011 at 8:18 am
မှန်ပါတယ် သဂျီးမင်း။ စစ်ဗိုလ်ကြီးများ အဆက်ဆက်ကလည်း ရောမမြို့စကားဆိုရိုးကို သိကြပါတယ်။ ဒါကြောင့် မဆလ စစ်အစိုးရ မြန်မာပြည်ကို ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေး ဆင်နွှဲခဲ့တာ ၂၆နှစ်ကြာပါတယ်။ ဗိုလ်သန်းရွှေစစ်အစိုးရ တိုင်းပြည်ကို ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတာ ၂၃နှစ်ရှိသွားပါပြီ။ သဂျီးမင်းအနေနဲ့ မြန်မာပြည်မှာ ကျောက်တွင်း၊ ရွှေတွင်း၊ သစ်ခုတ်၊ အိပ်စ်ပို့ အင်ပို့လုပ်ငန်းတွေကို နှစ်ရှည်လများ တည်ဆောက်ထားရလို့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြောတာကို သင်ခန်းစာ ယူရပါတယ်။
MaMa
September 7, 2011 at 7:03 am
(ရောမမြို့ကြီးကို.. တရက်နှင့်တည်ဆောက်ခဲ့သည်…မဟုတ်..။)
သို့သော် တည်ဆောက်ခဲ့လို့သာ ခုလို ဝင့်ကြွားစွာ ဖြစ်တည်နေတာပေ့ါ။
မတည်ဆောက်လျှင်တော့ ဘယ်လောက်ကြာကြာ ဖြစ်တည်မလာနိုင်ပါ။
🙁
POL
September 6, 2011 at 8:03 am
2008 ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ ကမ္ဘာတည်သရွေ့ သူတို့အာဏာတည်အောင် စိတ်ကြိုက်ရေးထားတဲ့
ဥပဒေပါ။ စစ်တပ် 25 ရာခိုင်နှုန်းပါတဲ့ ကိစ္စ။ ကာကွယ်ရေး ဦးစီးချုပ် က အချိန်မရွေး တရားဝင်အာဏာပြန်သိမ်းနိုင်တဲ့ ကိစ္စ တွေဟာ လုံးဝ အဓိပ္ပါယ်မရှိ ၊ ဒီမိုကရေစီ မကျပါဘူး။
ဒီမိုကရေစီ စနစ်လို့ အော်နေပေမယ့် အောက်ခြေက စပြီး အရင်စစ်အစိုးရ လက်ထက်အတိုင်းပါပဲ။
ဘာမှမပြောင်းလဲပါဘူး။
maungmoenyo
September 6, 2011 at 8:25 am
ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင် အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဆိုတာကတရားဝင်အခေါ်အဝေါ်ပါ။ အဲ့ဒါ ဝန်ထမ်းအဖွဲ့အစည်းတွေဖြစ်ပါတယ်။ ရွေးချယ်တင်မြှောက်ခံရတဲ့ ရာထူးများမဟုတ်ပါဘူး။ ထူးခြားတဲ့ သတင်းတခုက မြန်မာပြည်အရပ်ရပ်မှာ မဲပုံးထောင်ကြရာမှာ မြို့နဲ့နီးတဲ့ ရွာ၊ ရပ်ကွက်တွေကိုမဲပုံးထောင်ပြီး၊ မနီတဲ့ အရပ်တွေ မှာတော့ လက်ရှိ (ယခင် – ရအဖ) ဥက္ကဌများက အလိုအလျောက် အုပ်ချုပ်ရေးမှူးများဖြစ်သွားကြတယ် လို့ ကြားရပါတယ်။ အံ့ဩစရာပါ။ အခြေခံအဆင့်တွေမှာ ရွေးကောက်တဲ့ စနစ်တွေ ဟာ ဖဆပလအစိုးရလက်ထက်ကတည်းက မရှင်းခဲ့ပါဘူး။ မောင်မိုးညိုအဖေ ပြောပြလို့သိရသလောက်၊ သူရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ပဲခူးတိုင်းကမြို့ကိုဆင်းပြီး ရွေးကောက်ပွဲနေ့မှာ လိုက်ကြည့်တော့ ရပ်ကွက်၊ကျေးရွာတွေအတွက် အတွက် မဲပုံးတွေ မတွေ့လို့ မေးကြည့်တော့၊ ကွာ…မင်းမယုံရင်ငါတို့ကိုယ်တိုင် မဲပုံးထဲဝင်ပြမယ်၊ သိပ်လျှာရှေမနေနဲ့ လို့ စကားနဲရန်စဲ လုပ်လိုက်တာတွေ ဖေါက်သယ်ပြန်ချပါတယ်။ မဆလခေတ်ရော..ဒီတိုင်းပါဘဲ။ ခုပြီးခဲ့တဲ့ (၂၀ဝဂ ရွေးကောက်ပွဲမှာတော့ ကော်မရှင်တွေ နဲ့ ယခင် ရအဖ တွေကို ကြိုတင်အမိန့်ပေးထားပါတယ်။ နောင် တက်မဲ့ သက်တမ်းအတွက် လက်ရှိသင့်သူတွေ ကို အုပ်ချုပ်ရေးမှူးဆက်ထား။ သင့်မယ်မထင်ရင် ခုကတည်းကလူချင်းပြောင်းထား….ဆိုဘဲ။
မောင်မိုးညို ယခင်ကဆိုခဲ့တဲ့အတိုင်းဘဲ (၂၀၀၈) ဖွဲ့စည်းပုံဟာ ချွတ်ယွင်းအားနည်းချက်များစွာနဲ့ ပြည့်လျှံနေတဲ့ ဖွဲ့ စည်းပုံပါ။ တပ်ချုပ်ကြီးကိုကြောက်ရလွန်းလို့ ခေါင်းညိမ့်လိုက်ရပေမဲ့၊ သူတို့အထဲမှာတောင်သိပ်အစာမကြေပါဘူး။
ထူးခြားတဲ့ အချက်(၂)ခု –
(၁) ခုပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးမှာ ပြည်သူလျွတ်တော် ကော်မတီ (၁၄) ခုအသစ်ဖွဲ့ခဲ့ပါတယ်။ ကြည့်ပါ။ အဲ့ဒိကော်မီတီ ရဲ့ ဥက္ကဌများဟာ စစ်အစိုးရခေတ်မှာ ဝန်ကြီးတာဝန်ယူခဲ့သူ အားလုံ (အားလုံး) ကို သက်ဆိုင်ရာကော်မီတီတွေမှာ ခန့်ခဲ့ပါတယ်။
(၂) လွှတ်တော်ကိုယ်စားလှယ်များကမေးတဲ့မေးခွန်း။ အဆိုပြုချက်တွေအားလုံးကို သက်ဆိုင်ရာဝန်ကြီးမငိ်းများ၊ ရှေ့နေချုပ်၊ ကော်ိမရှင် များက ခတ်တည်တည်နဲ့ sorry လုပ်လိုက်ပါတယ်။ ဆိုလိုတာက၊ အစိုးရက လုပ်ပေးထားတဲ့ အစီအစဉ် (သို့) အစီအစဉ်plan ရှိရင် လုပ်ပေးမယ်လို့ ပြောပါတယ်။ မရှိရင်တော့ ဘာကြီးပြောနေနေ လှည့်တောင်မကြည်ပါဘူး။ ဒါလုပ်တာလက်ခံ၊ မင်းတို့ဘာမှ လျှာရှည်စရာမလိုဘူး လို့ဆိုလိုက်တာပါဘဲ။
သိပ်သက်ဇိုးရှေမဲ့ပုံမပေါ်ပါဘူး။ သူတို့အထဲကဘဲ ဒီဖွဲ့စည်းပုံကို ပြောင်းပြန်လှန်မဲ့ ပုံပါဘဲ။
လူထုကတော့ နင့်နေအောင်ခံလိုက်ကြအုံးပေါ့။
Arkar11
September 6, 2011 at 10:22 am
မပြောင်းတဲ့အပြင် ကျုပ်တို့ဘက်မှာ အရင်က ဧည့်စာရင်း နှစ်ပတ်တခါ တိုင်နေရာကနေ အခု တပါတ်တခါ ပြောင်းသွားတယ်..ဒီအစိုးရ လက်ထက်မှာ ဒီစနစ်ဆိုးကြီးပြောက်သွားမလားမှတ်တယ်…ပိုတောင်စိုးလာတယ်…
လင်းဝေကျော်
September 6, 2011 at 3:07 pm
သိပ်အများကြီး မဝေဖန်ချင်ပါဘူး။
အောက်ခြေ အဆင့်အုပ်ချုပ်ရေးအာဏာကိုတောင် လူထုက တိုက်ရိုက်မရွေးနိုင်မှတော့….
ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတ က တိုက်ရိုက်ခန့်နေမှတော့….
MaMa
September 8, 2011 at 8:23 am
လိုတိုရှင်းရေးလိုက်တာ တောတော်ထိရောက်တယ်။ မြန်မာစာ သံခိပ် အတော်ကျွမ်းတယ် ထင်ပါ့။
icecube
September 7, 2011 at 8:43 am
အပြုသဘောနဲ့ဝေဖန်ရရင် ပို့စ်ပိုင်ရှင် ရေးသလို အောက်ခြေက စ ပီး ခရိုင်၊မြို့နယ် အဆင့် အထိလောက်
လူထု က တိုက်ရိုက်ရွေးခွင့်ပေးရင် လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေ သုံးပုံ့ တစ်ပုံ လျော့ကျသွားမလား
လို့ ထင်မိပါတယ် ။
maungmoenyo
September 8, 2011 at 7:50 am
မဆလ ခေတ်မှာ ဒီမိုကရေစီဗဟိုဦးစီးစနစ် ဆိုပြီး ဝေါဟာရနဲ့ တန်ဆာဆင် အုပ်ချုပ်ပါတယ်။ အမှန်ကတော့ ပါတီကဦးဆောင်ပြီးလမ်းညှါန်ချက်ကို အာဏာပိုင်အဖွဲ့အစည်းတွေက ခွဲဝေကျင့်သုံးခြင်းပါဘဲ။ စစ်အုပ်ချုပ်ရေးကာလမှာတော့ရှင်းပါတယ်။ ဗဟိုဦးစီးစနစ်ပါဘဲ။ အဲ – ခု (၂၀ဝဂ) စနစ်သစ်မှာတော့ လွှတ်တော်ကို တပ်နဲ့ (၂၅%) ကိုင်ထားပါတယ်။ ကျန် (၆၀-၆၅%) ကကိုယ်အိပ်ထဲက ကြံ့/ဖွံ့ပါ။ လွှတ်တော် အမတ်တစ်ဦးဟာ ဥပဒေကြမ်းတစ်ခုကိုတင်သွင်းနိုင်တဲ့ အနေအထားမရှိလို့ ဥပဒေပြုအမတ်လို့ မဆိုနိုင်ပါဘူး။
icecube ပြောသလို အောက်ခြေက စပြီးခရိုင်ထိ ရွေးကောက်ရင်…ဆိုတဲ့ အိပ်မက်က အလှမ်းဝေးနေသေးကြောင်းပါ။ (ဖြစ်နိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့)
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 7, 2011 at 11:53 am
ဘယ်လိုမှဒီမိုကရေစီနည်းမကျဘူးဗျို့။ရွေးလဲမောင်ရွေးဘဲနေမယ်။ပေးလိုက်ရတဲ့ မဲတွေများကွာ မဲသွားတယ်နေမယ်။တခုမှကိုဖြူမလာဘူး။ဒါကြောင့်ဘယ်နေရာရောက်ရောက်ဗျို့ အစိုးရဆိုတာ အစဘဲရိုးတယ်ဗျို့။ဟား ဟား
yetazar
September 7, 2011 at 12:14 pm
ရွေးတော့ရွေးတာပဲဗျာ ။ ရွေးချယ်ခဲ့တဲ့သူတွေက အားကိုမရဖြစ်သွားတာပါ ။ အလုပ်မလုပ်ကြဘူးလေ ။ ဒါပေမယ့်ဗျာ ။ စောင့်ကြည့်ရဦးမှာပေါ့ ။ ခုလက်ရှိ (၁) နှစ်ကာလမှာတော့ အားရစရာမရှိသေးဘူး ။ အခြေအနေတိုးတက်လာပါစေလို့တော့ဆုတောင်းရမှာပဲ ။
maungmoenyo
September 8, 2011 at 7:52 am
ဘာဖြစ်လို့လဲဆိုတော့ အရည်အချင်းမှမရှိကြတာကလား။ ညှာညှာတာတာပြောရရင် အရည်အချင်းကိုပြနိုင်လောက်တဲ့ သတ္တိ ဒီအမတ်မင်းများမှာ တွေ့မှမတွေ့ရဘဲလေ…။
pyinlepyaw
September 7, 2011 at 12:36 pm
ဟုတ်တယ်.၊ တစ်ခုခုတော့ ထူးခြားသင့်နေပြိီ၊ စောင့်နေကြရတဲ့ ပြည်သူတွေလဲ လည်ပင်းရှည်နေပြီ၊ လူမုန်းပြောသလို အစပဲရိုး
တဲ့ အစိုးရများလား ၊ ငုတ်တုတ်ထိုင်ရင်း မိုးလင်းသွားမှာလား ။
redbull
September 7, 2011 at 12:46 pm
ကြိုးနီစနစ်က ပျောက်မသွားသေးတာတော့ အမှန်အကန်ပါ.. မြွေလိမ် မြွေကောက် တွန့်လိမ် ပြီးမှ အရာ
ထင်တဲ့ သဘောမျိုးက ခုထိ မပြောင်းလဲသေးတာလဲ အမှန်ပါ…
အစကရိုးရိုး နောက်တော့ တစ်မျိုးတိုးလိုု့ ဆိုးမှာလဲ စိုးရသေး…။
Aung Myat Way
September 7, 2011 at 3:17 pm
ဖွဲ့စည်းပုံအခြေခံဥပဒေသည်မြန်မာနိုင်ငံလူသားအားလုံးအတွက်ကေါင်းပါ၏
ပြည်ထောင်စုကြီးအတွက်မကေါင်းပါ တိုင်းရင်းသားလူမျိုးများ
အတွက်မတူညီမှုတွေနဲဖြစ်နေပါသည် တိုင်းရင်းသာများအတွက်
အခွင့်ရေးများနှင့်လူမျိုးစုများအတွက်နစ်ပါသည်
sitminnaing
September 7, 2011 at 6:36 pm
မူနဲ့မဆိုင် လူနဲ့ပဲဆိုင်တယ်…မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မ.ဆ.လ ဟာ မူအရအရမ်းကောင်းပါတယ်…မသိတဲ့လူတွေရှာပြီး ဖတ်ကြည့်ပါ၊ ကျုပ်တို့ခေတ်က P.S သင်ရတဲ့လူတိုင်းသိလိမ့်မယ်။
မ.ဆ.လ ခေတ်က အရင်းရှင်စနစ်ကို ဖြတ်သိမ်းပြီး၊ ပြည်သူတွေအကျိုးကို သယ်ပိုးမယ့် တကယ့်စေတနာရှင်တွေရဲ့မူတွေပါ။လေ့လာကြည့်ရင်သိနိုင်ပါတယ်။တကယ်လုပ်သလား….စာအုပ်ထဲမှာပဲရှိတာလားဆိုတာစဉ်းစားကြည့်ကြပေါ့ဗျာ..
maungmoenyo
September 8, 2011 at 8:10 am
လူနျင့်ပါတ်ဝန်းကျင်တို့၏အညမညဖြစ်စဉ်ခေါ် မဆလရဲ့လကိကိုင်သုံးတဲ့ တွေးခေါ်မြော်မြင်ရေးသဘောတရားကို ထုတ်ဖေါ်ခဲ့တဲ့ မောင်ချစ်လှိုင်တို့၊ ဦးစောဦးတို့၊ နောက်သခင်တင်မြ၊ နောက် “ဗနတ” လို့ခေါ်တဲ့ ဗဟိုနိုင်ငံရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်သက်တမ်းအရှည်ဆုံးဖြစ်ခဲ့ပြီး နောင် NLD ကိုရောက်သွားတဲ့ ဦးတင်အေး စသူတို့ဟာ အဲ့ဒီ စနစ်နဲ့ ဖြစ်ပေါ်တိုးတက်မှုတွေရဲ့ လက်တွေ့မဆန်မှု၊ ဆိုရှယ်လစ်စနစ် ရဲ့ ခေတ်မမှီတော့ တဲ့အဖြစ်တွေကို မဖုံးနိုင်မဖိနိုင်ဖွင့်ဟဝန်ခံသွားကြပါတယ်။
အဲ့ဒီကာလက ရှိခဲ့တဲ့ (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ချွတ်ယွင်းအားနည်းချက်များရှိကြောင်ကို အဲ့ဒီ ဖွဲ့သည်းပုံအခြေခံဥပဒေကိုဦးဆောင်ရေးဆွဲခဲ့ တဲ့ ဥက္ကဌ ဖြစ်သူ (နောင်နိုင်ငံတော်ကောင်စီဝင်ဖြစ်သွားသူ) ကလည်း (၈၈) အရေးအခင်းကာလမှာ ဦးဒိန်ရတန်ကဖွင့်ဟဝန်ခံသွားပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထူထောင်ခဲ့ တဲ့ founder ကြီး ဗိုလ်နေဝင်းကိုယ် တိုင် အရေးပေါ်ပါတီညီလာခံမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ လက်တွေ့နဲ့ ကင်းကွာတဲ့ လုပ်ရပ်တွေ ကြောင့် မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ တန်းစီစာရင်းမှာ ဗိုလ်စွဲသွားရတာကို ဒေါသထောင်းထောင်းထွက်ပြီး သူ့ရဲ့ နှုတ်ထွက်စာကို တင်သွားပါတယ်။
စနစ်တခုဟာ ကာလတခုမှာ အကျိုးရှိပေမဲ့ အကန့်အသတ်နဲ့ပါ။
မောင်မိုးညိုလေ့လာမိရသလောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမြုတေပါတီခေတ်မှ ပြည်သူ့ပါတီ အသွင်ပြောင်းပြီး၊ (၁၉၇၄) သက်တမ်း(၄)နှစ်အတွင်းမှာဘဲ အရည်အသွေးပြည့်မှန်ခဲ့ပါတယ်။ (၁၉၇၈) နောက်ပိုင်းဆက်တိုက်ပျက်လာတာ သိခဲ့ကြတဲ့အတိုင်းပါဘဲ။ (၁၉၈၂/၈၃ ခုနှစ် ဗဟိုနိုင်ငံရေးတက္ကသိုလ်၊ အခြေခံနိုင်ငံရေးသင်တန်း နှင့် တက္ကသိုလ် လမ်းစဉ်လူငယ်ခေါင်းဆောင်သင်တန်းတက်ရောက်ခဲ့စဉ်ကာလများအတွင်း၊ အဆောင်များတွင် ကြိတ်ဝိုင်းတမျိုး ဗြောင်ဆွေူးနွေးဝေဖန်ပွဲ တဖုံမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ဝေဖန်တိုက်ခိုက်ပွဲများ ကိုတမ်းတရည်ညွှန်းလျက်)
yetazar
September 8, 2011 at 1:59 pm
ဟုတ်ကဲ့ပါ ။ အပြုသဘောဝေဖန်ပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ် ။ ကျွန်တော်တို့တွေ တတ်နိုင်သလောက်ကလေးတော့ နိုင်ငံတော်ကိုအကျိုးပြုချင်တယ် ။ ဒါပေမယ့် အခွင့်အရေး မရှိဘူးဖြစ်နေတယ်လေ ။ ဒါကြောင့်မို့ ရွာထဲမှာပဲ ကိုယ့်ရင်ထဲရှိတာလေးတွေကို ဖွင့်ဟနေရတာ ။ တစ်ချိန်ချိန်မှာတော့ အပြောင်းအလဲလေးဖြစ်လာပါစေလို့ဆုတောင်းနေရမှာပဲလေ ။