ပြည်တော်ဝင်ခွင့်စောင့်နေသူ(သီဟသူမင်းသား/မင်းခွေးချေး)
ကြားရတဲ့စကားသံကဟုတ်မှဟုတ် ပါ့မလား…..မှုန်ရီဝေးဝါးနေတဲ
စိတ်ဝဋ်ဉာဉ်ကြားက လွင့်နေတဲ့ဝိဉာဉ်ကိုစုစည်း အသေအချာ
နားစွင့်မိလိုက်တယ်.၊၊.ဟုတ်ပါ
အသံတွေပါ။။
“နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော
စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ အသင်းအဖွဲ့ပေါင်းစုံမှ
တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ၁၉၈၈
ခုနှစ် နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့်
ပြည်ပရောက်အတိုက်အခံများအပါအဝင် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့
ပြန်လာ၍ရကြောင်း ပြည်ပသို့ ရောက်ရှိနေသူများကို ပြန်လာခွင့်ပြုသည်ဟု
အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည် တဲ ့ နောက်ပြီး
ရှိပါသေးတယ်… အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်ငံတော်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်”
ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံး
လာရောက် လက်နက်ချနိုင်”သည်ဟု အဆိုပါ မိန့်ခွန်းတွင် ပြောကြားသည်တဲ့ ..“
.ဒါဆို..၁၉၈၈မတိုင်ခင်ကလူတွေကကော….ဒီလိုစကားတွေအတွက်ကျုပ်စိတ်မဝင်စားတာအမှန်ပါ…
ကျုပ်ရဲ့သေနေတဲ့နှလုံးသားတစ်စုံကိုလန်နိုးစေခဲ့တဲ့နှလုံးသားက
ိုနှိုးကြားစေနိုင်တာက
ဘာတဲ့ကျုပ်နားကြားများမှားလေရော့လား…..အသေချာနားစွင့်မိတော့..ပီပီသသကြားမိတာက
“ရွှေဘိုနန်းတော်နဲ ့ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုအကြီးစားပြင်ဆင်နေပြီတဲ ့……”
အိုး…..ဒါဆို….ဒါဆို..ကျူပ်ရဲ့ပြည်တော်ပြန်ခရီးမဝေးတော့ဘူးပေါ့……ဒီစကားကြားရတာ
့နှစ်ပေါင်း၇၀ဝကျော်သေနေတဲ့ကျုပ်နှလုံးသားပြန်လည်နိုးထလာခဲ့ပြီ…၊ကျုပ်ရဲဝမ်းသာမှုပီတိ….ကကျုုပ်ကလွဲ
လို ့ဘယ်သူမှမသိနိုင်ဘူး…။
.အမိမြေပြန်လာချင်တဲ့ကျုပ်လိုလူတွေလဲ ရှိလိမ့်မယ်လို
့ထင်မိပါတယ်..သိုသော်ငြားလဲ.. မရဲတရဲ…မယုံတယုံဖြစ်နေကြတာပေါ့လေ
အဲသလို..မယုံတယုံ ဖြစ်အောင်လဲ …….. ကျုပ် စောင့်စားရတဲ့နှစ်တွေ
က….နည်းမှမနည်းတောတာနော့…
………………………………………………………………..
အပြင်ဘက်ကအချင်းချင်ပြောဆိုသံ…ဝေဖန်သံ ၊အငြင်းပွားသံ တွေ က အုတ်နံရံ
ကိုထွင်းဖောက်.. ဟိုး…..မြေအောက် တိုက်ခန်းလေးထဲ
ထိကြားနေရတယ်လေ။..ကျုပ်လည်း
ဘာလိုလိုနဲ့တွက်ကြည်တာဒီမြေအောက်တိုက်ခန်းလေးထဲရောက်နေတာနှစ်ပေါင်း(၅၆)နှစ်တင်းတင်းပြည့်ပါရော
့လား… ……ကျုပ် ရင်ထဲ က ဝမ်းနည်းခြင်း ကြေကွဲခြင်း ၊နာကြည်းခြင်း
တွေပြည့် နေပါရော ……….
မြန်မာသက္ကရာဇ် ၁၃၁၅ခုနှစ်လောက်ကမြန်မာပြည်အစိုးရရဲဖိတ်ခေါ်ချက်အရမြန်မာပြည်ကို
သံတမာန် ရှေးဟောင်းကျောက်စာ သုတေသနအဖွဲ ့နဲ ့အတူ သုတေသန ပညာရှင်
ဒေါက်တာဂျွန်ဘီဒင် အပါဝင် ရောက်ရှိလာကြပါတယ်…။သူ အပြန်မှာတော့
မြန်မာပြည်တော်ပြန် လက်ဆောင်အနေ နဲ ့တွံတေးက စဉ့်အိုးကြီးတစ်လုံး ကို
ကောက်ရိုး အထပ်ထပ်ရစ်ပတ်ပြိး သယ်ယူသွားခဲ ့တယ်.။
.သူအပြောကတော့မြန်မာလူမျိုးတွေရဲ ့လက်ရာပြောင်မြောက်တဲ ့စဉ့်
အိုးကြီးကိုအမေရိကန်နိုင်ငံသားတွေကိုပြချင်တယ်ဆိုတော့..မြန် ့မာဆိပ်ကမ်း
က သံတမန် လာရောက်တဲ ့သူ ဖြစ်နေတာကြောင့် စစ်ဆေးခြင်းမရှိ သယ်ဆောင်
ခွင့်ရခဲ ့တယ်။။ တွံ ့တေးစဉ် ့အိုးဆိုတာ…မြန်မာလူမျိုးတို ့ရဲ ့အံ
့မခန်းလက်ရာပါ..အိုးထိန်းသည်ရဲ ့စိတ်ကူး…နွဲ ့နှောင်းတဲ ့
ဟင်္သာမောင်နှံကဟန်တွေဟာမြန်မာတို့ရဲ့ အနုပညာလက်ရာ…..စဉ့်ရေအရောင်
ကျောက်သလင်းသားလို အရည်သွေးကြောင့် နာမည်ကျော်ကြားခဲ ့တာပါ။ကျုပ်တို
့မြန်မာတွေ ကနေ ့စဉ်မြင်တွေ ့ရလို ့သာ တန်ဘိုးမထား ကြပေမဲ ့..
.နိုင်ငံခြားက လူတွေအတွက်တော ့မြင်ရခဲတဲ ့အနုပညာ လက်ရာပါဘဲ။
အရိမဒ္ဒနပူရပုဂံပြည်က ဘိုးတော်လောင်းကျန်စစ်သားဘုရင်မင်းမြတ်ရဲ့ ခန်
့ထည်သော မီးတား မဟာရာဇ်တံတိုင်းကြီး၏အတွင်းက အာနန္ဒစေတီ ကဆည်းလည်းသံကို
ဆွတ်ပျံလွမ်းမော မိပါတယ်။ တမဒီပမြို့ရိုး အရှေ ့ဘက်သရပါတခါးအနိးအရှေ
့စားကျက်ကွင်းထဲကနွားခလောက်သံတွေလည်းကြားယောင်မိဆဲ။ နန်းရင်ပြင်
အနောက်ဘက်က စစ်ရေးလေကျင့်ကွင်းက တံပိုးသံ၊ စည်သံ၊ လွှားသံ၊
အဲမောင်းသံေတွေ..ရာပေါင်းများစွာသော စစ်သည်တော ်မြင်းသည်တော် တို့
စစ်ရေးလေ ့ကျင်နေပုံ ၊အင်တိုက်အားတိုက်စစ် သွေး စစ်မာန်
ကြွေးကြော်သံတွေဟာ…ကျုပ် ရဲ ့အမြင်အာရုံနဲ ့နားမှာ မနေ ့တနေ
့ကလိုဘဲကြားယောင်ဆဲ…မြင်ယောင်ဆဲ .အရာရာဟာ…မနေ ့တနေ ့ကလိုပါဘဲလား…………။
ကျုပ်ကောင်းကောင်းမှတ်မိနေတာပ…အရိမဒ္ဒနပူရ ပုဂံထိးနန်းရဲ ့မြပုခက်
မဟာဆိမဟာသွေး ပီသစွာကြိးပြင်းခဲ ့ရတဲ ့ကျုပ် ၊
တွံတေးတောတန်းတနေရာမှာဆင်ကျော့ရင်းကံတော်ကုန်ရှာတဲ့ခမည်းတော်”‘ဂြီတြိဘာဝနာဒီကျ
ပဝရ ဓမ္မရာဇာ ဒါနပတိနရ သိဃ်ဥစ္စနာ” မင်းဘုရင်မင်းမြတ်ရဲ ့
သားကြီးးဩရသဖြစ်တဲ ့ကျုပ်…..
ဘုရင်မင်းမြတ် နဲ ့မယ်တော်ကလွဲ ရင် ဘယ်သူ ့ကိုမှ မျက်စိထဲ ရှိတယ်မထင်ခဲ
့တဲ ရာဇဂုဏ်မောက်မာလွန်းတယ်လို ့ အများကသိကြတဲ ့ကျုပ်၊
ပုဂံပြည်ရဲ ဩဇာကတိမအရှိဆုံး အသက်အကြီးဆုံး သက်တော်ရှည် အမတ်ကြိး ပညာရှိ
သုခမိန်ရာဇသင်္ကြန်ကိုကွမ်းတံတွေးနဲထွေးမိတဲ့..မြန်မာ့ရာဇဝင်မှာ……….အမည်းစက်ဖြစ်အောင်မောက်မာရိုင်းပြ
မိခဲ ့ဘူးတဲ ့ကျုပ်………..။
ကျုပ် ကလည်း ကျုပ် ပါဘဲ…အသက်ကလည်း၂ဝနှစ် မပြည့်တဲ
့အရွယ်….မင်းပျို မင်းလွင်လေး ။ပြိးတော့ အိမ်ရှေ ့စံနန်းလျာ
မင်းတစ်ပါးနန်းရင်ပြင်တခုလုံး ထောင်လွား သောက်စားမော်ကြွားခဲ ့မိတဲ
့ကျုပ်…..
တိုင်းပြည်ရေးရာ ညီလာခံတက်ဘို ့နန်းရင်ပြင်ထဲ ခြေသံလုံလုံနဲ ့ ဝင်လာတာကို
တိုင်မှီပြိး ညီလာခံ လျောက်တင်စရာ ကို စဉ်းစားနေတဲ ့ ကျုပ်
အဖိုးလောက်ရှိတဲ ့အမတ်ကြီး ကို… ကျုပ်ဝင်လာတာ မမြင်ရကောင်းလား ဆိုပြိး ၊
ကွမ်းတံတွေး နဲ ့ထွေးမိတာကို.. အငြိုးထားပြိး မင်းနေပြည်တော်နဲ ့ဝေး
ကွာနေတဲ ့တွံ တေးတောတန်း တစ်နေရာမှာ… ရာဇသင်္ကြန် အမတ်ကြိီး နဲ
့ပေါင်းပါတွေ က အငြိုးထား အကောက်ကြံ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ ့ရတဲ ့
ကျုပ်…
ကျုပ်ကောင်းကောင်းကြိးမှတ်မိနေတာပ…ဖခမည်းတော်ဈာပနာမကျင်းပသေးမှီ…
ဒီအမတ်ကြီးက ဥပါယ်တံမျဉ်နဲ ့.“.အရှင့်သားဘုန်းကံကြောင့် တွံတေးတောတန်းထဲ
ကဆင်ဖြူတော်ကိုအရှင့်သားကိုယ်တိုင်ရှု စား ကျော့ယူသိမ်းသွင်းပြီး
ဈာပနာအရေးပြိး မှ ထီးနန်း သိမ်းမြန်းပါ ၊စိုးစံတော်မှုပါ ……………….“
အကြံပေးလို ့ကျုပ်ရဲ ့မြလက်စွပ် ကိုတောင် အမတ်ကြိး ရာဇသင်္ကြန်ကို.. ဆု
အဖြစ် ချိးမြှင့်ခဲ ့သေးတာ က အစ…….ကျုပ ် မှတ်မိနေပါသကော…………………..
……………………………………………………………………..
မြန်မာလူမျိုးတိုရဲ့ဖော်ထုတ်ခွင့်မရသေးတဲ့…မပုတ်မသိုးအောင်းဆေးစီရင်ခြင်း
အတတ်တွေနဲ ့… ကျုပ်ကဘဝချုပ်ငြိမ်း ဆေးစိရင်ပြီိ းဒိရာဝင်အိုးထဲ
ဆေးရည်စိမ် ခြင်းခံခဲ ့တဲ ့ကျုပ်…..ကျုပ်ဟာ ..ဒေါက်တာဂျွန်ဘီဒင်ဆိုတဲ
့ရှေးဟောင်းသုတေသနပညာရှင်ရဲ
့လူကြိးလူကောင်းမပီသစွာ..ဗြောင်ကျကျခိုးယူခြင်းခံခဲ့ရတဲ့ကျုပ်………ကျုပ်ဟာ…ဒေါက်တာဂျွန်ဘိဒင်ရဲ
့အိမ်အောက်ထပ်ကမြေအောက်ခန်းထဲ မှာ….ထားပြီး..။ ကျုပ်ကို စဉ့်အိုးထဲ
ကထုတ်ပြိး ကျောက်ညိုစားပွဲ ပေါ်က ၆ပေ ရှည်မှန်ခေါင်းထဲ ပြောင်းထဲ
ပြီိးထားလိုက်ပါတယ်…။
“ကျုပ်ရဲ ့ ့သွင်ပြင် ကိုပြောပြအုံးမယ်..မဟာဆီမဟာသွေးကြးီ ပြင်းခဲ ့ရတဲ ့ကျုပ်၊
ကျုပ် အသားရေကရွှေလိုဥဝင်းနေတယ်။ မျက်နှာကနှုတ်ခမ်းမွှေးရေးရေး နဲ ့ခေါင်းက
ယောင်တစ်စောင်းထုံးထားတယ် ကေသရာဇာခြင်္သေ ့မင်း ပါတြ ့ငွေချည်ဖောက်
ရွှေဖလားရောင်ဖဲ ပုဆိုးနဲ ့ မျက်နှာက တခုခုအလိုမကျဟန်အံ
့ကြိတ်ပြိးနေတယ်။ဒါကတော့
ကျုပ်ရဲရာဇမာန်ထောင်လွှားနေကြအတိုင်းပေါ့……ဒေါက်တာကကျုပ်ဝတ်ထားတဲ့အဝတ်အစားနဲ့အသားအရေတွေကိုင်ကြည့်ပြိး..
အံ့ဩ ထူးဆန်းစွာဖြစ်ပြိး ကျုပ် ဘေးနားက…တခြား အီဂျစ်နိုင်ငံက
မံမီရုပ်အလောင်း ကို ကိုင်လိုက်… .ကျုပ် အသားအရေ လာကိုင်လိုက် ၊ပြီးးတော
့စာအုပ်ထူေတွေနဲ့အလုပ်ရှုတ်လိုေနေပါတယ်။သိပ်မကြာခင်မှာဒေါက်တာဂျွန်ဘိဒင်ဟာ..ကျေနပ်အားရစွာနဲ
့ကျုပ်ရဲ ့ခေါင်းနံဘေးမှာပုဂံမင်းသား ၊သီဟသ၊ူပုဂံခေတ၊မြန်မာနိုင်ငံ၊၁၂၄၅
အေဒိီ…..လို ့ရေးထိုးလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တနေ ့တော့ဒေါက်တာဂျွန်ဘီဒင်ရဲ ့မြေအောက်ခန်းထဲ ကို
ဒေါက်တာဂျွန်ဘီဒင်လောက်
အသက်တူတဲ့ဧည့်သည်တစ်ယောက်ရောက်လာခဲပါတယ်…။ဘယ်လိုပဲအနောက်တိုင်းဝတ်စုံ
ဝတ်ထားပေမဲကျုပ်ရဲ့နှလုံးသွေးးကသိနေတယ်..စကားပြောတတ်လေ… သူ ့ရဲ
့သွင်ပြင်လဏ္ဍ အဲ့ဒိဧည့်သည်ဟာြမြန်မာလူမျိုးဖြစ်တယ်ဆိုတာ…….ကျုပ်ကိုယ်ထဲကဇာတိေသွေးကအတတ်သိနေပါပြိ။ကျုပ်ဘဝမှာတော့ဒိတသက်မြန်မာလူမျိုးတစ်ယောက်ကိုရေခြားမြေခြားမှာတွေရတာ…ကျုပ်
လောက် ကျုပ်ရဲ ့ကြည်နူးနေမှုကို မပြောပြတတ်အောင်ပါဘဲ… အဲ ့ဒိဧည် ့သည်ဟာ..
ကျုပ် ကိုထည့်ထားတဲ ့မှန်ခေါင်းနဲ ့ဘေးကစာတမ်းကြည့်ပြိးမျက်ရည်စို
့နေတယ်ဆိုတာ နှလုံးသွေးတူတဲ ့ကျုပ်တွေ ့လိုက်ပါတယ် ။
ကျုပ်ရင်ထဲ က လာတဲ ့စကားတွေ ကိုလည်း ဒီမြန်မာ ဧည့်သည်ရဲ ့ရင်မှတဆင်
ကြားရမယ်ထင်ပါရဲ ့၊ ့ဒီမြန်မာ ဧည့်သည်ရဲ ့ရင်မှတဆင့် သူမျက်ဝန်းက
ဝမ်းနည်း မှုတွေ ဟာ..ရင်ထဲ မှာလှိုက်ကြွေးငိုနေပြိလားလို ့ ထင်မိပါတယ်.။
.ပြိုတော့မဲ မိုးလို သူ ့မျက်နှာအရိပ်အကဲ ဟာ..အချစ်ရဆုံး..
တန်ဘိုးအထားရဆုံးအမြတ်နိုးဆုံးကို.. မမျော်လင့်ပဲ တွေ ့ရတဲ
့အခိုက်ဝမ်းနည်းမှုမျိုးတွေပါ…။ သူ ့ရင်ထဲ ကအသံတိတ်ပြိးဖတ်နေတဲ ့…. .သူ
့ရင်ထဲ ဘယ်လောက်ကြေကွဲနေမလဲဆိုတာ..ကျုပ်နားလည်မိပါရဲမြန်မာလူမျိုးတိုရဲ
ဂုဏ်ယူထုတ်ဖော်ပြောပြခွင့်မရခဲ့တဲ ့နှစ်ပေါင်းများစွာ
အလောင်းပကတိအတိုင်းစိရင်ခြင်းအတတ် ရှေးမြန်မာတို ့တတ်မြောက်ခဲ ့တယ်
ဆိုတာ.သိရလို ့အံ့ဩတနန်း ဂုဏ်ယူမိတဲ ့သူ…….. .သူက အိုင်စီအက်စ်ဦးဩဘာ
ပါ။
ကျုပ်ကိုအတန်ကြာဝမ်းနည်းမှုတွေနဲကြည့်အပြိးမှာ…သက်ပြင်းမော…တချက်ရှိုုက်ပြိး……“ဒေါက်တာရုတ်တရက်တော့ကျနော်..ဒိရုပ်အလောင်းကိုမြင်မြင်ခြင်းဘာပြောရမှန်းမသိအောင်
ဖြစ်သွားတာအမှန်ပါ။ပြောစရာစကားတွေကရင်ထဲပြည့်ကြပ်နေလိုဘာစပြောရမှန်းစဉ်းစားနေပါတယ်.။.အဓိကပြောချင်တာကတော့
မြန်မာတို ့ရဲ ့နှစ်ပေါင်း အတိအကျပြောရရင် (၇၁၁) နှစ် အထိ မပုတ်မသိုးပဲ
မူလအတိုင်းရှိနေတဲ ့ပုဂံ မင်းသားရဲ ့ရုပ်အလောင်း ဆေးရင်စိခြင်းအတတ်ကို
နှောင်းလူ မြန်မာတွေ သန်းပေါင်း များစွာသော..မြန်မာတွေ မသိသေးဘူး…. ။.
ပြီးးတော့ ကျွန်နော်တိုတွေ ့က ကမ္ဘာကိုတင်ပြချင်သေးတယ်။ အီဂျစ်လူမျိုးတွေ
ဘဲ စိရင်တတ်တယ်။ ရှေ းတရုပ်လူမျိုး တွေဘဲ တတ်တယ် ထင်နေတာလေ။
ကျွန်နော်လည်းနိုင်ငံတော်အစိုးရကလွတ်လို ့ကျွန်တော်တို
့နိုင်ငံကခိုးယူသွားတဲ ့ ဒီမင်းသားရုပ်အလောင်းနဲ ့စဉ့်
အိုးကြိးပါသက်သေပြတဲ ့အနေနဲ ့ယူသွားရမယ်..။”
“အိုး……….ဥိးဩဘာ ခိုးတယ်လို ့မပြောပါနဲ ့ခင်ဗျားတို ့ညံ့လို ့ခံရတယ်ပဲပြောပါ။…….”
“ဝမ်းနည်းပါတယ်…ဒေါက်တာ…ကျနော်တို ့မြန်မာလူမျိုးမှာစကားပုံတခုရှိပါတယ်..
သူခို းကဘယ်တော့မှခိုးပါတယ်လို ဝန်မခံတတ်ပါဘူး..။”
“ကျွန်ေနော့် အခုပြောနေတဲ ့စကားက မြန်မာနိုင်ငံရဲ ့မြန်မာပြည်သူ တရပ်လုံး
ကိုယ်စား ပြောနေတာပါ”
”တခုတော့ရှိပါတယ်ဥိးဩဘာ…..ခင်ဗျာပြန်လိုချင်ရင်ခင်ဗျားတို
့နိုင်ငံမှာထိုက်ထိုက်တန်တန်
အမျိုးသားပြတိုက်ကြီိးဆောက်ပြိးရင်..ဥပမာ..ပြင်သစ်ကလို၊အင်္ဂလန်နိုင်ငံကလို…….ဆောက်ပြိးရင်တော့ပြန်ယူနိုင်ပါတယ်…ခင်ဗျားတို့နိုင်ငံမှာရှိတဲ့ဂျူပလီေဟောကချစ်ကြည်ရေး
လက်ဆောင်ပါခင်ဗျားတို့သာအမျိုးသားပြတိုက်လုပ်ထားပေမဲ
့လွတ်လပ်ရေးရပြီးတဲ့နိုင်ငံအနေနဲ ့ကြည့်ရင် အရမ်းကိုသေးငယ်လွန်းပါတယ်။”
“ဒိလိုဆိုလည်းဒေါက်တာကျနော်ပြန်ပါအုံးမယ်… ဒိဆေးရည်စိမ်မင်းသားအလောင်းနဲ
့စဉ် ့အိုးကြိးကိုကျနော်သံတမန်နည်းနဲ ့ပဲပြန်ယူပါတော့မယ်….“ လို ့
ကျုပ်ကိုတချက်ကြည့်ပြိး ့နောက်ဆုံးနှုတ်ဆက်ပြောစကားလေးကြားယောင်ခဲ
့ပါတယ်…….။
ရာသိတွေလည်းအလီလီပြောင်းခဲ့ပါပြိ..၊နှစ်တွေလည်းကြာညောင်းခဲ့ပါပြီ..။။အချိန်ရဲ
့တိုက်စားမှုကြောင့် အိုင်စိအက်ဥိးဩဘာ ၊ ဒေါက်တာဂျွန်ဘိဒင်တို ့လည်း
လောကကြိးထဲကအပြီးးပိုင် ထွက်ခွာသွားကြပါပြီိ။
• ကျုပ် အမေရိက ရောက်နေတဲ ့အကြောင်းကိုနှောင်းလူတွေ ကကောသိကြပါရဲ ့လား
• မြန်မာနိုင်ငံမှာဂျူပလီဟော ကိုပဲအမျိုးသားပြတိုက်အဖြစ ယနေ ့ထိ
ဆက်အသုံးပြုနေတုံးပဲလား………….
• မြန်မာနိုင်ငံတော်အဆင့်နဲ ့တိုက်တန်ညိညွတ်အဆင် ့မှိတဲ
အမျိုးသားပြတိုက်ကြိးကော အသစ်တည် ဆောက်ပြိးပြိလား…………..
• ကျုပ်လို..အလောင်းကောင်ကိုပြန်လည်သယ်ယူရေးဟာ…..ဝေးနေတုံးပဲလား……
• မြန်မာတို ့ရဲ ့ဆေးရည်စိမ်ခြင်းအတတ်ပညာကိုထုတ်ဖော်ပြသဖို ့စိတ်ကူးတွေ ကော….
• ကျုပ်ကတော့….သမိုင်ကြွေးလို့ပြောမလား……………ရာဇဝင်ကြွေးလို
့ပြောရမလား…မြန်မာရာဇဝင်မှာပညာရှိလို့စာတင်ကြတဲရာဇသင်္ကြန်အမတ်ကြီးက
ိုကွမ်းတံတွေးနဲေထွေးမိတာလေးကြောင်
့ကျုပ်ဟာ….တိုင်းတပါးမှာ….ပြည်တော်ပြန်ဘို ့အရေး က……….မရှိတော့ပြိလား။
• ကျုပ်ကမြန်မာ ့သမိုင်းပုဂံရာဇဝင်မှာကျုပ်ရဲ ့ဘိုးတော်ဘေးတော်တို
့၊ဥိးရိးတော်.. တိုနဲ့အတူကျော်ကြားခဲ့ကြတဲ ့
အနော်ရထာ၊ကျန်စစ်သား၊အလောင်းစည်သူညောင်ဥိးဖီး၊ငထွေရူး၊ ငလုံးလက်ဖယ်..တို
လောက်…တိုက်ရည်ခိုက်ရည်မကျော်ကြားခဲ ခြင်းမရှိတာကြောင့်လား
• ကျုပ်အသက်ကလည်း ငယ်သေးတဲအပြင် ကျုပ်အသတ်ခံရစဉ်က ကျုပ်နဲ့အတူကျုပ်ကို
စီရင်တဲ့ဆေးရည်စိမ်ခြင်း အတတ်က ိုမြန်မာတို့ရဲ့တန်ဖိုးမဖြတ်နိုင်တ
ဲဒိလောကဓါတ်ပညာကို ထုတ်ဖော်ပြသဖို အာရုံကို စွဲဆောင်နိုင်စွမ်း ကျုပ်ကို
မရှိကြတော့ဘူးလား
• စိတ်ကူးလေးများနှောင်းလူတွေထဲ ကတစ်ယောက်ယောက်ပေါ်လာနိုး..
• ကျုပ်ကိုလာခေါ်နိုးနဲ ့အမေရိကန်နိုင်ငံမှာ….ကျုပ်ရှိနေပါတယ်လို ့…………
• ပြည်တော်ကိုပြန်ဝင်ခွင့်…..ကျုပ်လည်းစောင့်နေပါတယ်………လို ့
ဤဆောင်းပါးရေးရာတွင်စာကိုးအဖြစ်အောက်ပါ…တို့ကိုအသိပညာနဲ
့စေတနာကိုကူးညှိပူဇော်ပါသည်။
။၁။ ရာဇသင်္ကြန်အတ္ထုပ္ပတ္တိစာအုပ်(သတင်းစာဆရာကြီးသူရိယဥိးသိန်းမောင်)
၂။ပုဂံသုတေသနလမ်းညွှန်စာအုပ်(ဥိးဗိုကေ၊ပုဂံ ပြတိုက်)
၃။မှော်ဝန်းကြည်မြတ်(ဆီစိမ်မင်းသား၊လွမ်းချင်းတာရှည်အမိမြေ)
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
(နှစ်ပေါင်း၇၀ဝကျော်ပေမဲ ့မြန်မာလူမျိုးသန်း၆ဝကျော်နဲ ့သက်ဆိုင်တယ်)
17 comments
kai
September 25, 2011 at 2:50 am
လုံမရွှေအိမ်စည်ရေ..
အခုစာတွေကို ..ကိုယ်တိုင်ရေးတယ်လို့.. ယူဆမိပါတယ်.။
ဆိုတော့..
အင်္ဂလိပ်အမည်ကို အင်္ဂလိပ်လိုရေးပြီး.. မြန်မာစာထဲက.. ပါဠိစာလုံးပေါင်းတွေ အထပ်ထပ်ပြန်စစ်စေလိုပါတယ်..။ အမည်တွေဖြစ်နေလို့ပါ..။
အမေရိကဘယ်နေရာမှာရှိနေတယ်ဆိုတာကိုလည်း.. ရှာလို့တွေ့ရင် တိတိကျကျ ရေးစေလိုပါတယ်..။ စုံစမ်းပေးစေလိုပါတယ်..။
သတင်းစာထဲထည့်ပါမယ်..။ ပွိုင့်၅ထောင်ပေါင်းပေးပါမယ်..။
ယူအက်စ်မှာသာ ရှိနေရင်…
“သူ့ကို အမိမြေဆီပြန်ပို့ပေးလိုက်ကြတာပေါ့” နော..။
( မြန်မာပြည်ရောက်မှ.. သမိုင်းမထိမ်းသူတွေလက်ထဲ.. ကမောက်ကမဖြစ်ကုန်ရင်တော့.. မဟာဒုက္ခ) 🙁
ရွှေအိမ်စည်
September 25, 2011 at 8:10 pm
အခုလိုချီးမြှင့်တဲ ့အတွက်ကျေးဇူးတင်ပါတယ်လို ့ပြောကြားပါရစေ…
ဒီပိုစ့် က ရေးတင်တာ..ဧဒင်ဥယျာဉ်မှာတင်ပြီးသားအဟောင်းကြီးပါ..
သတင်းစာက သတင်းတစ်ပုဒ်ကနေ ပြန် မန် ့ချင်လာလို ့..ပုံပြောင်းရေးလိုက်တာပါ။
ကျနော်…သိမ်းပစ်လိုက်တာပါ….ကောမက်ပေးမရသလိုဖြစ်နေတယ်လေ..
တင်ပြီးတော့..ဘာဖြစ်သွားမှန်းမသိတာနဲ ့..ဒါကြောင့်ဖိုရမ်ထဲ မှာဘဲ..နောက်ဆိုစာတင်တော့မယ်….စိတ်ကူးပြီး..ဖိုရမ်မှာတင်နေတာ..(ပွိုင့်လည်းသူကြီးကိုလှူတဲ ့သဘောပေါ့…)
သူကြီးပေးတဲ ့ပွိုင့်က..အကျိုးမယုတ်ပါဘူးသူကြီး…
ကျနော်စာမူခအားလုံးကအလှူပါ(နာရေးအသင်းကိုလှူပါတယ်..)
သူကြီးဆီ ကရခဲ ့ရင်လည်း…နာရေးအသင်းပါဘဲ…။
ကျနော့်အလှူတိုင်းကို..ဂေဇတ်မိသာစုအားလုံးကိုဝေမျှပါတယ်ဗျာ
လေးစားခင်မင်လျှက်ပါ။
သမိုင်းမှတ်တမ်းမှာ..ဒီလိုစာဖတ်မိတော့လည်း..
“သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။
ချစ်လို့မြှောင့်ပင့်ရေးတယ်။
မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။
ကြောက်လို့ ဖုံးကွယ်ပြောတယ်။
မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။”
(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
kai
September 26, 2011 at 1:09 am
ရွှေအိမ်စည်ရေ..
စာတွေပြင်ပြီးရင်.. kai@myanmargazette.net အီးမေးလ်ကိုပို့လိုက်ပါနော.။
စာလုံးသတ်ပုံနဲ့.. အခွဲအဖြတ်တွေပါ စစ်ပေးပါနော.။ 🙂
ပေါက်ဖော်
September 25, 2011 at 10:57 am
”တခုတော့ရှိပါတယ် သဂျီး…..သဂျီးပြန်ပို ့ချင်ရင် ကျုပ်တို ့နိုင်ငံမှာထိုက်ထိုက်တန်တန် အမျိုးသားပြတိုက်ကြီးဆောက်ပြီးရင် ..ဥပမာ..ပြင်သစ်ကလို အင်္ဂလန်နိုင်ငံကလို ….ဆောက်ပြီးရင်တော့ပြန်ယူနိုင်ပါတယ်..ကျုပ်တို ့နိုင်ငံမှာရှိတဲ ့ဂျူပလီဟော ကချစ်ကြည်ရေးလက်ဆောင်ပါ
သူတို ့ဘာသာအမျိုးသားပြတိုက်လုပ်ထားပေမဲ ့ အရမ်းကိုသေးငယ်လွန်းပါတယ်။”
😀
လောလောဆယ်..အမတ်ကြီး..အမေရီးကား မှာပဲ အေးဆေးနေပါဦး..လို ့ပြောပါရစေ
မြန်မာတွေရဲ့ဆေးရည်စိမ်နည်း အတတ်..တစ်ဂယ်ဆို..ကျော်ကြား သင့်တယ်နော့်
ခုတော့..
ကြောင်ကြီး
September 25, 2011 at 12:11 pm
ဆေးရည်စိမ်အမတ်ကြီး အမေရိကားရောက်နေလို့ တော်သေးတာပေါ့ဗျာ၊ နို့မို့ရင် ရှေးဟောင်းပစ္စည်းခိုးရောင်းသူတွေ လက်ချက်နဲ့ မြဝတီ-မဲဆာက်လမ်း၊ ဒါမှမဟုတ် လားရှိုး-မူစယ်လမ်းကနေ ကိုယ်ပျောက် ထွက်သွားရင် ပြီးပါပြီ။ အခုလိုဆိုရင်တော့ ပြန်တောင်းလို့ ရနိုင်ကောင်းပါရဲ့။
pooch
September 25, 2011 at 8:43 pm
မြန်မာ လူမျိုးတို့ ရဲ့ အကြီးဆုံးအားနည်းချက်က ဘာလဲဆိုတော့ ခေတ်အဆက်ဆက်မှာ သမိုင်းမှတ်တမ်းတွေကို အသေအချာ ရေးမှတ်ပေးခဲ့သူမရှိဘူး.. အတတ်ပညာများလည်း အတူတူပဲ …. ထိန်းသိမ်းမှု အားနည်းခဲ့ကြတယ်…….. တရုတ်ပြည်မှတ်တမ်းတွေဆိုရင် ဘုရင်တွေ လက်ထက်မှာ ဘုရင့်ရဲ့ နှုတ်က ထွက်သမျှစကားလုံးတိုင်း လုပ်ရပ်တိုင်းကို နောက်ကနေ မှတ်တမ်းတင်ပေးသူရှိတယ် ..
အဲ့ဒီတော့ သူတို့ တိုင်းပြည်ရဲ့ အကြောင်းအရာများ အားလုံးကို မှတ်တမ်းမှတ်ရာ သမိုင်းကြောင်းတွေကို နှောင်းလူတွေ သိရတယ်..
ပြီးတော့ သူတို့ တိုင်းပြည်ကို လာရောက်တဲ့ လူမျိုးခြားတွေက်ိုလည်း သေသေချာချာ မှတ်တမ်းတင်ခဲ့ကြတယ်….
ပျူလူမျိုးတွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ကပြဖျော်ဖြေပုံတွေကို တရုတ် နိုင်ငံက သမိုင်းမှတ်တမ်းမှာ အကျယ်တဝံ့ ဖော်ပြထားတာကို ကျမတို့ တိုင်းပြည်က ပြန်လေ့လာခဲ့ ကိုးကားခဲ့ရတယ်လို့ ဖတ်ဖူးတယ်..
အခုထက်ထိလည်း ထိန်းသိမ်းမှုမှာ အားနည်းဆဲပါ။
ကျမတို့မှာ မော်ကြွားသင့် မော်ကြွားနိုင်ပါရဲ့နဲ့ အခုတော့…. တွေးတိုင်း အားမလိုအားမရစိတ်နဲ့ ဝမ်းနည်းရတယ်..
မောင်တုတ် ကြီး
September 25, 2011 at 9:55 pm
သမိုင်းဝင်ပစ္စည်းမို ့ပြန်ယူရပါမယ်။
MaMa
October 10, 2012 at 6:33 am
ဒီစာကို ခုမှပဲ ဖတ်မိတော့တယ်။
မူလအသားအရေအတိုင်း နှစ်ပေါင်း ၇၀ဝ ကျော် မပုပ်မသိုး မပျက်မစီးအောင် ဆေးစိမ်ခြင်းအတတ်ကို မြန်မာတွေ တတ်တယ်ဆိုတာကို သိရလို့ အံ့ဩဂုဏ်ယူမိပါရဲ့။
အဲဒီပညာတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါရဲ့လားလည်း သိချင်မိပါတယ်။
ရေးသားဖြန့်ဝေပေးလို့ သိရတဲ့အတွက် ရွှေအိမ်စည်ကိုလည်း လေးစားပါတယ်။
ကျေးဇူးတင်ပါတယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
October 10, 2012 at 6:47 am
အန်တီမမရေ..
ဒီစာက ပထမဦးဆုံးရွေးချယ်သုူဖြစ်သင့်တာနော်
အကြံပေးတာပါ.. ရေအိမ်စည်လဲ ရွာအတွက်အတော်လေးပေးဆပ်ခဲ့တာ
kai
October 10, 2012 at 7:26 am
ဒီစာတွေက.. သတင်းစာထဲပုံနှိပ်ဖေါ်ပြလိုက်ဖြစ်ပါတယ်..။
လူတွေကြိုက်ကြပြီး.. စိတ်ဝင်တစားမေးကြတယ်..။
Novy
October 10, 2012 at 10:46 am
ဒီသမိုင်းသာတကယ့်ဖြစ်ရပ်မှန်ဆိုရင်
ဆေးစိမ်ခြင်းအတတ် ပညာအတွက် စဉ်းစားရင်းနဲ့တောင် ဂုဏ်ယူနေမိတယ်
ဒီလိုသမိုင်းမျိုးကို ဖတ်ရလို့ ကျေးဇူးတင်မိပါတယ်
လုံမလေး မွန်မွန်
October 10, 2012 at 11:30 am
အစ်မရေ…
ဂုဏ်ယူမိတယ်..အံ့ဩမိတယ်..ဝမ်းသာမိတယ်…ဝမ်းနည်းမိတယ်..ယူကြုံးမရဖြစ်မိတယ်…နှမြောမိတယ်..
အို..ခံစားချက်အစုံပါပဲ..မျက်ဝန်းမှာလည်း မျက်ရည်တွေ ဝဲလို့ပေါ့…
ဒီစာကိုရေးတဲ့အစ်မကိုလည်း ဂုဏ်ယူကျေးဇူးတင်ပါတယ်..
လုံမလေးမွန်မွန်
မိုးတိမ်
October 10, 2012 at 1:06 pm
အဲဒါတစ်ကယ်ဆိုရင် တရားဝင်ပြန်တောင်းသင့်ပါပြီ။ဖြစ်နှိုင်ရင် ကိုရွှေအိမ်စည်ရေ ဘယ်နေရာမှာရှိတာလဲ
တိတိကျကျလေးဖော်ပြရင်ပိုကောင်းမှာပါခင်ဗျာ။ကမ္ဘာမှာမြန်မာဟာ မညံ့ကြောင်းပြရမယ့် အချိန်ကောင်း
ရောက်နေပါပြီ။
လယ်ထွန်Z
October 11, 2012 at 7:15 am
မတူတဲ့အတွေးနဲ့ မန့်ပါ့မယ်
မရွှေအိမ်စည်နဲ့ သဂျီး ရေ …
မနေ့က သည်စာကို မန့်ထားကြတာတွေ့ပီး စိတ်ဝင်စားလွန်းလို့ ရှာကြည့်တော့
ဝီကီမှာ ဟောသလို တွေ့သဗျ
http://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%B1%E1%80%9B%E1%80%AD%E1%80%80%E1%80%94%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA_%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9E%E1%80%AE%E1%80%9F%E1%80%9E%E1%80%B0
သည်လိုဗျာ
သူရိယ အယ်ဒီတာ ရေးဖူးတာလည်း ဖော်ပြထားပေမယ့်
အချက်အလက်အားဖြင့် အတော်လေး ဝေဝါးနေတာတွေ့ရရဲ့…
အလောင်းရဲ့ ရုပ်ဆင်းသွင်ပြင်ကို အသေးစိတ် မှုန်းချယ်ထားသလောက်
အမေရိကား မှာ ဗမာတစ်ယောက် ပြတိုက်တခုမှာ သွားတွေ့တယ်
ဆိုတာကလွဲရင် .. မြို့ တို့ ပြတိုက်နာမည်တို့ မပါတာ ထားဦးတော့
အိစ့်ကိုစ့်လား ဝက်စ်ကိုစ့်လား ဒေါင်းဆောက် လား တောင် မရေရာလေတာ
အတော်လေးတော့ .. မသင်္ကာစရာဗျ….။
နှစ်တွေကြာလွန်းလှပြီ ခုချိန်ထိ အမေရိကား တနံတလျားက မြန်မာတွေ
ဘယ်သူကတော့ ဘယ်မှာ ဘယ်လိုတွေ့လိုက်ပါပြီ ဆိုတာမျိုးလည်း
မဖတ်ရ မနာရမကြားရဖူးသေး..။
နောက်တချက် ဆေးစိမ်ထားတာ သီဟသူ ဖြစ်နေတဲ့အချက်..။
စိမ်စရာ ရှားလို့ဗျာ ..အဖေလုပ်တဲ့သူ ရှင်ဘုရင်ကို လုပ်ကြံသူ
သစ္စာဖောက် ကိုများ စိမ်ရသတဲ့ …။ အနှီ နည်းပညာများ ထွန်းကားခဲ့တယ်ဆို
အနော်ရထာ မင်းကြီး ကို စိမ်ပါလား။ ကျန်စစ်သားမင်းကြီးကို စိမ်ပါလား ..
နှောင်းလူတွေ မြင်ဖူးတယ် ရှိအောင် ပြောပါတယ်။
နောက်ပိုင်းခေတ် ဘုရင်တွေ ကြားထဲမတော့ စိမ်တယ် ဆိုတာ မကြားဖူးတော့..။
သည်နေရာမှာ ကွဲလွဲတာ တခုက ရာဇသင်္ကြန် အငြှိုးထား သတ်တယ် လို့လည်း ဖတ်ဖူးသလို
စစ်ပွဲမှာ မြှားသင့် သေတယ် လို့လည်း ရေးကြသေးရဲ့…။
http://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%9F%E1%80%9E%E1%80%B0_(%E1%80%95%E1%80%AF%E1%80%82%E1%80%B6)
သေချာတာကတော့ သူဟာ လူကောင်းမဟုတ်တာပဲ။
အမတ်ကြီးက သတ်တယ် ဆိုရင်တော့ ဘောက်မဲ့ကြောင့် သမိုင်း ကျန်အောင်
ဆီစိမ်တယ်မသိ ..။ ပစ္စည်းသက်သေ လူသက်သေ ကြီး ကိုနော …။
နောက်ဆုံးသော အချက်က အမျိုးသားရေး စိတ်ဓါတ်ကို ကောင်းကောင်းကြီး ဆွထားတဲ့အချက်ပါပဲ။
ခိုးယူတာမဟုတ် ညံ့လို့ ခံခဲ့ရတယ် တို့ အကောက်ခွန်ကို ဗီလိန် ဇာတ်ချိုးထားတာတို့ ..
နောင်လူကြီးမင်းတို့ တိုင်းပြည်မှာ ထိုက်ထိုက်တန်တန် ပြတိုက်ကြီး ဆောက်ပြီးရင် ပြန်ပေးမယ်တို့
ဆိုတာတွေက ဒီ သံသယ ကို ပိုလို့ ပိုလို့ ခိုင်မာစေပါတယ်။
မဟုတ်မှ လွဲရော .. နေရှင်နယ်ဟီးရိုး ပါပါကြီးအူးနေဝင်း လက်ထက်က ထုတ်လုပ်ခဲ့တဲ့
မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး (ဝါ) အမေဒစ်ကင်န် မုန်းတီးရေး ပရိုပါဂန်းနား ပါးစပ်ရာဇဝင်လို့သာ
ယူဆလိုက်ချင်တော့ပါတယ်ဗျား …။
ခင်တဲ့..
ရှူံးနိမ့်မှုများနဲ့.. လူ
October 11, 2012 at 7:25 am
ဘောက်မဲ့ဗျာ ဂီရယ်…
ဒို့မြန်မာတွေ ဆေးစိမ်တဲ့ အတတ်ပညာထွန်းကားတဲ့ခေတ်မှာမှ ရှင်ဘုရင်ဖြစ်လာရတာကတစ်ကြောင်း၊
အကောက်ခွန်တွေ လဘက်စားတဲ့အချိန်မှာမှ ပြည်ဝင်ခွင့်ရသွားရှာတာကတစ်ကြောင်း၊
ဘာပဲဖြစ်ဖြစ် မသိခဲ့ဖူးတဲ့ ဗမာပြေကြီးဆိုတာကို ကြက်သီးဖိန်းဖိန်းထသွားရလောက်အောင် ရေးဖွဲ့နိုင်တာကတစ်ကြောင်းကြောင့် ဖတ်ရွေးအဖွဲ့ဝင်မဟုတ်ပေမယ့် ရွေးပြီးတော့မှ ဖတ်တဲ့ အဖွက်ဝင်တြောက် အနေနဲ့ ပထမဆုံးဆုကို ပေးလိုက်ပါကြောင်း။
ရွာထဲက သမိုင်းသုသေသနရှင် နန်းမတော် မယ်ပုချ် မသိစေနဲ့ဦး။
ဟိုစာအုပ်ဂျီးနဲ့ကိုင်ပေါက်၊ ဒီစာအုပ်ဂျီးနဲကထုလုပ်နေလို့ ခံနေရဦးမယ်..
ဘွများ ခက်ပါဘိ
အဲ့ဂလို
pooch
October 11, 2012 at 10:18 am
အဟတ်….. အခဲမကျေသေးဘူးကိုး 😆
ရှုံးလူရင်ထဲ အဲ့ဒီလောက်ကြီးတဲ့ အက္ခရာရှိနေခဲ့မှန်း
အစောကြီးထဲကသိရင် ပြောခဲ့မိမယ်တောင် မထင်ဘူး
kai
April 9, 2013 at 3:42 am
ဒီပို့စ်ကို.. ဆွေးနွေးလိုပါတယ်နော..
လောလောဆယ်တော့.. ဂီဂီပြောတာ.. သဘာဝကျတယ်ထင်မိတယ်..
ယူအက်စ်ကကျုပ်တို့ကတော့.. အခုထိ.. အထောက်အထားတစွန်းတစလေးတောင်မရ..
တကယ်သာယူအက်စ်မှာရှိနေတာမှန်ရင်.. မြန်မာပြည်ပြန်ယူနိုင်အောင်လုပ်ပေးမယ့်.. လုပ်ပေးနိုင်တဲ့… သူတွေရှိနေတယ်လို့ပဲ.. ပြောချင်ပါတယ်..
သိသူများ.. သတင်းပေးကြပါ…။
=
ဗုဒ္ဓဘာသာကိုကမ္ဘာ့အကောင်းဆုံးရွေးတယ်ဆိုတာကြီးလိုမဖြစ်ကြစေလိုပါကြောင်း.. ရယ်..။
http://myanmargazette.net/20189/
:kwi: