မေ
နှင်းဆီ နှုတ်ခမ်း
ပန်းရောင် လွှမ်းလို့
အပြိုင် အနမ်း ၊ လွမ်းလေပြီ။ ။
ထနောင်းအိပ်မက်
အဆိပ်တက်လို့
တွဲချီလက်လည်း ၊ ငတ်လေပြီ။ ။
ကြင်နာသွေယွန်း
ဘော်ငွေစွန်းလို့
မျက်ရည်စ လည်း ၊ ခလေပြီ။ ။
မျှော်သူအလွမ်း
အပြန်လမ်းကို
ရော်ကာမှန်းလို့ပန်းလေပြီ။ ။
အများမမြင်
တပါးရင်မှာ
ပျော်မှာပါလေ ပျော်ပါမေ။ ။
ကွဲသူ့အသည်း
ပုလဲတွဲလို့
မျှော်မှာပါလေ မျှော်မှာလေ။ ။
4 comments
မီးမီး သော်
September 10, 2011 at 11:58 pm
မျှော်လင့်စောင့်စားနေရတာ ပိုပြီးခက်ခဲပင်ပန်းတာပေါ့။
ဒါပေမယ့် အသည်းတော့မကွဲပါနဲ ့
ပေါက်ဖော်
September 11, 2011 at 9:50 am
တောက ကိုရင်နဲ ့ နင်လားငါလားပါလား
alinsett
September 11, 2011 at 5:06 pm
ကာရန်ကို ချစ်တဲ ့သူ..လား လို ့မေးပါရစေနော့် ။
ကာရန်ကို အခုတလော ပယ်ထားကြပြီလေ။ စာပေလောကမှာကိုပြောတာပါ ။
မောင်ရေချမ်းက…ကာရန်ကို လုံးဝ မစွှန့်ထားဘူး။ ဘာလို ့လဲ…။ကာရန်စနစ်နဲ ့ကဗျာရေးရတာ လွတ်လပ်မှုမရှိ…လို ့မထင်မိဘူးလား။
ဒါပေမယ် ့ကာရန်ပါသည်ဖြစ်စေ မပါသည် ဖြစ်စေ…..ကဗျာ ဟာ ကဗျာ ဖြစ်နေဖို ့က အဓိက လို ့ ကိုယ် မြင်ပါတယ် ။
ဆက်ရေးပါ ။အားပေပါ့မယ် ့။
မောင်ရေချမ်း
September 12, 2011 at 7:47 pm
ဟုတ်ကဲ့..ကာရန်ကို ချစ်သဗျ။ အကုန်ချည်းတော့ မဟုတ်ပေမယ့် အချို့လောက်ခမျာ ကာရန်တွေချည်း ပဲထွက် ပတော့ စာရှု သူကြိုက်မယ် ထင်ပါ့။ မော်ဒန် တစ်ပုဒ်လောက် လည်း တင်ချင်သဗျ…