* “ ဝူး….’’ ခနဲ ဖြတ် သွားသော အရှိန် ပြင်းပြင်း မောင်းနှင်နေသော ဆိုင်ကယ် မှာ အသ ံမျှ သာကျန်ခဲ့၏။ လမ်းကွေ့ ၊ လမ်းချိုးများ နှင့် ကားများကို ကျွမ်းကျင်စွာ တိမ်းရှောင်ရင်း ဟန်ချက်ညီမောင်း နှင်နေသည်။ Sonic ဆိုင်ကယ်ဦးထုတ် နှင့် ဂျာကင် အနက်ရောင် ၊ ဂျင်းပင်အနက် နှင့် လူလတ်ပိုင်း အရွယ် သူငယ်တစ်ဦးမောင်း နေခြင်း ဖြစ်သည်။ ထိုစဉ် တဖက်ပလက်ဖောင်း မှ ဇီးရိုး (Zero) ကွာတား ခေါ် ပေါင်းရင်း ရောက်မတက် ဘောင်းဘီဝတ်ဆင် ထားသော မိန်းကလေးငယ်တစ်ဦး သည် အိမ်မွေး နိုင်ခြံခွေးကလေး အား ကြိုးလေးဖြင့် ချည်နှောင်ထားကာ လမ်းလျှောက် […]


-အနီရောင်နှုပ်ခမ်းပါး အနီရောင်နှလုံးသားပေါ် အနီရောင်အနမ်းတွေပေးခဲ့တယ်….။ -အနီရောင်မျက်ဝန်းတွေနဲ့ ချယ်ရီပင်တွေကြား ခံစားချက်တွေဖွေးဖွေးလှုပ်ခဲ့………။ -လွင်ပြင်ခေါင် ရာသီတွေနဲ့အတူ ပူလောင်ခြင်းကောင်းကင်ရိပ်တွေအကြား ပက်ကြားအက်ခဲ့တယ်….. အပြုံးများနဲ့နှလုံးသားလေး… -အနီရောင်နှုတ်ခမ်းပါးလေး အနီရောင်နှလုံးသားပေါ် အနီရောင်ဆူးတွေနစ်ဝင်စေခဲ့တယ်……..။


-စံပယ်ဖွေးဖွေး ရင်ဝယ်ထွေးလို့ ချစ်ခြင်းလက်ဆောင် ပါးချင်တယ်…။ -စံပယ်တစ်ပွင့် လက်ကမ်းစွင့်လို့ လှမ်းယူလိုက်ပါ ချစ်သူရာ….။ -စံပယ်တစ်ခိုင် ကြင်သူပိုင်ဖို့ ခူးဆွတ်လှမ်းစွင့် ပေးချင်တယ်…။ -စံပယ်အချစ် ရင်ဝယ်လှစ်လို့ ပန်လိုက်စမ်းပါ ချစ်သူရာ…။ ။


-ချစ်ဖို့တော့ နှလုံးသားပါခဲ့တယ်… ပစ်ဖို့တော့ မဟုတ်ပါဘူး..ချစ်ရသူ…။ မနှစ်မြို့တဲ့ အပြုံးတွေ လက်ဆင့်ကမ်းလို့ ရစ်ဖို့တော့ နှလုံးသား ကို မကျီစား ပါနဲ့ကွာ….။ ။ -ဆောင်းတွင်းမှာပေါ့ချစ်ရသူ… မင်းချမ်းနေမယ်ဆိုရင် ငါကိုယ်တိုင်မီးအဖြစ်ပေါ့.. -မိုးတွင်းမှာပေါ့ ချစ်ရသူ… မင်းကိုစိုမယ့် မိုးအတွက် ငါကိုယ်တိုင် ထီးအဖြစ်ပေါ့လေ… -ငါ့ကိုယ်တိုင် ငါပိုင်ခဲ့ပေမယ့် ငါ့နှလုံးသား ငါ မပိုင်ခဲ့ဘူးလေ…။ -မင်းကိုတွေ့တိုင်းသာခုံနေတဲ့ရင်ခွင် အားအင် မရှိတော့ရင်တောင်မှ လှုပ်ခပ်နိုင်သေးတယ်…။ ဒါဟာဒီနေ့အတွက်တော့ တမ်းချင်းတစ်ပုဒ် ပဲ ချစ်ရသူ.. နောက်နေ့ အတွက် ကတော့…………. ဆုံလာမယ့်အကြည့်တွေထဲမှာ ငါ ရေးပေးခဲ့မယ်။ ။


– ပြုံးလည်း မပြုံးလှည့်ဘူး.. ရယ်လည်း မရယ်တတ်ဘူး.. မျက်ရည်တွေ နဲ့သာ ပြည့်နေသော အမေ..။ -သားတို့လည်း ချစ်တယ်… အမေကလည်းချစ်တယ်.. တစ်ခါတစ်ရံလည်း ဒေါသထွက်တတ်တဲ့ အမေ..။ -တစ်ခါတစ်လေ.. အမေ့မျက်ရည်တွေကျမှ သားတို့ ဝမ်းပြည့်ရတယ် အမေ… -အမေ…. သားတို့ ချွေးတွေ.. သားတို့ သွေးတွေ ကိုလည်း အမေ သန့်စင်ပေးခဲ့တယ်အမေ..။ -အမေ…. အမေ့ကို ရင်ခွဲ သားတို့ကို နှင်ဆဲ လို့ ရက်စက်ကြတော့မယ် အမေ..။ -အမေ…. ရာဇဝင်ထဲ မရောက်သေးခင် ဖြစ်နိုင်ရင် သားတို့ရင်ထဲ ခွဲထည့်ပြီး.. ရှင်သန်နေစေချင်တယ်အမေ…။


မောင်ရေချမ်းတို့သဗျ အချစ်လည်းရေးလိုက်တာပဲ…အပျက်လည်း ရေးလိုက်တာပဲတဲ့…အဲ…စဉ်းစားစရာလေး များ မရေးဘူးလား ဆိုသတဲ့နော်… မရှိပဲနေမလားနော့…ရှိတာ မှ ရှိသဗျ..ဗျာ… ‘ နို့ ဘာတုန်း  ‘ လို့ မေးဖွယ်ရာရှိသဗျ…. ကိုယ်တိုင် စေ့စေ့ တွေး ၍ စေ့စေ့ ပေါ်သော အရာများ စာရှု သူတို့လည်း စေ့စေ့ တွေး တတ်အောင် တင်ပေးချင်သဗျ။ အဲ့သဟာလေးကတော့ တခြားတော့မဟုတ်ဗျ။ မြန်မာတိုင်း သိကြတဲ့ စကားပုံလေး ဖြစ်တယ်ဗျ…။ ‘ ကြောက်ရင် လွဲ ၊ ရဲရင် မင်းဖြစ် ‘ လို့ ဆိုသတဲ့… အားတက်စရာကြီးဗျာ… လုံးဝ စိတ်ဓာတ်ကျ၊ ကြောက်နေတဲ့ လူအဖို့ တော့ ချက်ချင်းလက် ငင်း အောင်မြင် အောင် လုပ်ချင်စိတ် ပေါက်စေသဗျ… […]


နေညိုခြေဆင်း နွားရိုင်းသွင်းလို့ လုံမေပျိုချော မဒီကျော့တို့ ရေအိုးကိုယ်စီ ပြီတီတီနှင့် ကမ်းစပ်နီးနား ဆင်းလေပြီ။ နေညိုချိန်ရောက် အပျိုကြောက်နှင့် ဗျိုင်းသင်းဖော် ကွဲ ဒိုင်မှော်ထဲမှ ရွတက်ခုံပျံ အိပ်တန်းပြန်လို့ သူရကန်စွန်း ယွန်းလေပြီ။ ကြာဖူးကြာစွယ် ကန်အလယ်မှ ပွင့်ပြန်ဖူးငုံ ပျားအစုံနှင့် စုပ်ယူစားသောက် ဝတ်ရည်ပေါက်တို့ ပိတ်လျက်ရော်ကာ အိပ်လေပြီ။ နေညိုချိန်ရောက် တိမ်ပြန်တောက်လည်း လွမ်းမက်မောမိပေ ရွာညနေ။    ။


တောသားမို့လို့ လားတော့မသိ၊ ကြက် မတွန်ခင်ကတည်းက နိုးနှင့်ပြီ။ နံဘေးမှာ ပုရစ်တွေ ပုံနေတာများ ရွာမှာဆို ချက်စားလိုက် ရင်ဖြင့် မြိန်လိုက်မယ့် ဟင်းပင်။ အိပ်ကပ် စမ်းတော့လည်း ပြန်စရာလမ်းစရိတ်မရှိ။ ကျူပ်ရှိရာ ကျူပ်အားကိုးလို့ ကိုးခြောက်ကိုးသုံး မီနီဘတ်စ် လေးနှင့်သာ နှစ်ပါးသွားရတော့ချေသည်။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပလား တော့မသိ၊ ဖြတ်သွားရာ ကုန်တင်ကားတစ်စီးမှ နံဘေးသို့ကပ် ၍ ‘ ဟေ့…မောင်ရင်…ဘယ်လဲကွ’     ကိုယ်လည်း မသိ။သူလည်းမသိ။ ‘ပုသိမ်ပြန်မလို့ဗျ..’ ဖြေသာဖြေလိုက်ရသည်။ လူက ကျောချမ်းနေ၏။ ဧည့်စာရင်း စစ်မှာလား၊ ဘာလား ပေါ့။ ရွာသူကြီးက ဘကြီးဆို တော့ သူပေးလိုက်တဲ့ သူ့ လက်မှက်နဲ့ စာတစ်စောင် တော့ပါလာသဗျ။ လိုလိုမယ်မယ် နှိုက်နေတုန်း ‘ဟုတ်လား..ဒါဆို လမ်းကြုံ လား’ အယ်…မကြားစဖူး..ရှိသမျှအမွှေးများ […]


သတ္တနွေးနွေး လှိုင်းဖွေးဖွေးနှင့် လမင်းငိုသံ ရှုံ့ရှုံ ညံ၍ မိုးအောက်မြေပြင် ဂေါ်သဇင်သည် ဖူးပွင့်ရွှင်လန်း ထိုညချမ်း၌ ဘဝအသစ်စနေ၏။   ။


ဆောင်းလေ က ခပ်အေးအေးလေးပင် သွေးနေသည်။ အနွေးထည် ဝတ်ရုံကိုယ်စီ နှင့် ဈေးသွားသူ သွား၊ ဈေးရောင်းသူရောင်း နှင့် မနက်ခင်း ၏ပြယုဂ်ကို ထင်ဟပ်နေစေသည်။ ထိုအချိန်ဆို ကျွန်တော်တို့ ဆင်ခြေဖုံး ရင်ကွက်ထိပ် ရှိ လက္ဘ်ရည်ဆိုင်လေး မှာ ဖျော်ဆရာကို ဘသောင်း၏ လက်စွမ်းကြောင့် လူပြည့်နေရော့မည်။ စောဦးစွာရောက် နှင့်နေသော ဖိုးကျော် နှင့် အောင်အောင် တို့ သူငယ်ချင်း ၂ ယောက် ဝိုင်းကို ဝင်ထိုင်လိုက် သည်။ ဖိုးကျော်သည် နယ်မှ ဖြစ် ၍ ကျွန်တော်တို့ ရက်ကွက်ထဲ ရှိ ဘုန်းတော်ကြီးကျောင်း တွင် နေပြီး တက္ကသိုလ် တက်နေသော တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်သည်။ ၂ ယောက်လုံးက ရည်ရည် မွန်မွန် […]


နုယွတဲ့နှလုံးသားလေး ကို ယုယ တဲ့ အပြုံးလှလေးတွေနဲ့တော့ မကျီစားပါနဲ့မောင်…..။    ။ စိုပါးတဲ့နှုတ်ခမ်းတွေနဲ့ပဲ ညိုမြရဲ့ အသည်းလေး ကို မဖမ်းစားပါနဲ့နော်….။    ။ ရွှန်းမြတဲ့ မျက်ဝန်းတွေ နဲ့ပဲ ထွန်းကားတဲ့မေ့ အချစ်တွေ ကို သိမ်းပိုက်လိုက်ပြီလားဟင်…။     ။ ချစ်ခြင်းရဲ့ အမြုတေ ကို အပြစ်ကင်းတဲ့ အပြုတွေ နဲ့ မရက်စက်လိုက်ပါနဲ့မောင်..။     ။ ကြည်ဝင်းစို အပြုံးများ ကို ရင်တွင်းညိုနှလုံး သား က မှီရင်းခို ရှုံးသွားပါပြီမောင်ရယ်………..။     ။


– ပွင်ဖက်လွှာကနီနီရဲ…. နှလုံးသားကထူထူထဲ ။ ။ – ပိုင်ရှင်မဲ့ ရင်ခုံသံတွေဟာလည်း ဂန္တဝင်တေးသွားတစ်ပုဒ်အလား အနိမ့်အမြင့်မညီညာလေခဲ့ ။ ။ – တော်ဝင်အနမ်းတို့ရဲ့ ဝင့်ဝါမှုကို အခြံအရံ အပြည့်နဲ့အတူ စေးကပ်နေခဲ့ ။ ။ – ပန်းနုရောင်တောရိုင်းပွင့်တစ်ပွင့်ရဲ့ မြင့်မြတ်မှုကို အသူရာရင်ခွင်ကြီးက မဟူရာနှလုံးသားလေးရဲ့ သံစဉ်တွေနဲ့အတူ ထွန်းညှိအသက်သွင်းခဲ့ ။ ။ – အလှကိုလှမ်းစွင့်ယူဖို့ တစ်ဘဝစာနမ်းရှိုက်သူကို ခဏတာစူးနစ်စေသလားကွယ်………………။ ။


ရင်ဖိုစရာ အပြုံးများကို မြင်ရုှံမှာ ရှုံးသွားစေခဲ့သလား မိန်ခလေးရယ်…. စူးပြင်းတဲ့အကြည့်တွေကြောင့်လည်း မူးရင်းလဲ ကျခဲ့တဲ့ နှလုံးသားလည်း နာလှပါပြီ။ ယှက်ဖြာကြွယ် အလှသွေးကို တသက်ကမ္ဘာအလယ် ခဏလေးဖြစ်ဖြစ် ချစ်ပါရစေ။ လည်တိုင်ကြူဖြူဖွေးလို့ မြင်လေသူ လူငေးတဲ့အဖြစ်ကိုတောင် ဝန်တိုနေခဲ့။ သွယ်ဖြာကာ ကကျော့ကွေးလို့ ရွေလိုဝါ ဖျော့တေးတဲ့လက်တွေ ရယ်.. လေကြည်ရာဆော့ပြေးလို့ မဟူရာပျော့သေးတဲ့ ဆံနွယ်တွေရယ် မြင်သူမှာငေးသည့်အဖြစ် ကမတတ်နိုင် နှလုံးသားထဲ အချစ်ကလည်း မရပ်နိုင် မိန်းကလေးရယ်……. ငါ့ရင်ထဲ ကမင်းကိုချစ်နိုင်အောင် ကို ချစ်သွားပြီ။