ခံစားမှုသက်မှက် ချက် 1500
နုယွတဲ့နှလုံးသားလေး ကို
ယုယ တဲ့ အပြုံးလှလေးတွေနဲ့တော့
မကျီစားပါနဲ့မောင်…..။ ။
စိုပါးတဲ့နှုတ်ခမ်းတွေနဲ့ပဲ
ညိုမြရဲ့ အသည်းလေး ကို
မဖမ်းစားပါနဲ့နော်….။ ။
ရွှန်းမြတဲ့ မျက်ဝန်းတွေ နဲ့ပဲ
ထွန်းကားတဲ့မေ့ အချစ်တွေ ကို
သိမ်းပိုက်လိုက်ပြီလားဟင်…။ ။
ချစ်ခြင်းရဲ့ အမြုတေ ကို
အပြစ်ကင်းတဲ့ အပြုတွေ နဲ့
မရက်စက်လိုက်ပါနဲ့မောင်..။ ။
ကြည်ဝင်းစို အပြုံးများ ကို
ရင်တွင်းညိုနှလုံး သား က
မှီရင်းခို ရှုံးသွားပါပြီမောင်ရယ်………..။ ။
3 comments
ပေါက်ဖော်
September 14, 2011 at 4:32 pm
ရှုံးသွားလျင်တော့..
ထောင့်ငါးရာဖိုး လျော်ပေတော့..
အရင်းက ကြေတာမဟုတ်သေးဘူး
ထပ်ပွားဖို ့က မနက်ဖြန်နဲ ့ သန်ဘက်ခါပဲ ရှိတော့တာ
😀
မောင်ရေချမ်း
September 14, 2011 at 4:44 pm
မိန်းကလေး ဘက် က ရေးထားတာဆိုတော့ (အကယ်၍) အမှား မှားပါသွားရင် ပြင်ဆင် နားလည် ဖတ်ရှု့ ပေးပါလို့………..
manawphyulay
September 14, 2011 at 4:55 pm
စာလုံးပေါင်းလေးတော့ ပြင်လိုက်ပါဦး မောင်ရေချမ်းရယ်… နုရွတဲ့ နှလုံးသားကို လုပ်ပါ။ ယွ တာ မွတာ တွေ လုပ်ပါနဲ့လေ…. ယောက်ျားလေးဘက်က ရေးတာက ပိုကောင်းမယ်ထင်တယ် ဖတ်ရတာ အနှစ်ရှိသလိုပဲ ခံစားရတယ်။ မိန်းကလေးဘက်က ရေးသလိုကျတော့ တစ်မျိုးပဲ…. 🙁