အချစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်မိခြင်း
ခုတစ်လော အချစ်အကြောင်းတွေ ရေးကြတာများလို့ အချစ်ဆိုတာကို သိသလောက် နည်းနည်းလေး ရေးကြည့်လိုက်ပါတယ်။
အချစ်ဆိုတာ လူငယ်လည်း လူငယ်အတွေး၊ လူကြီးလည်း လူကြီးအတွေး ကိုယ့်အတွေးနဲ့ကိုယ် ရှိကြမှာပါ။ တစ်ယောက်တစ်မျိုးပေါ့လေ။
အချစ်ဆိုတာ ဘယ်ကစဖြစ်တာလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုလာပြီနော်။ လှတာကိုလား။ ချောတာကိုလား။ ဒါမှ မဟုတ် အပြောကောင်းတာကိုဆိုလိုတာလား။ အဲဒီမှာ စကားပုံတစ်ခုကို စဉ်းစားမိတယ်။
“Love in the heart is better than honey in the mouth”
နှလုံးသားထဲက အချစ်ဟာ ပါးစပ်ဖျားက ပျားရည်ထက် ချိုပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကျွန်မလည်း မသိဘူး။
ကျွန်မ ခံယူမိထားတာကတော့ လူတစ်ယောက်မှာ It is needed to love and be loved. အချစ်ခံရဖို့နဲ့ ချစ်ဖို့ဆိုတာ လူတိုင်းမှာ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။
အဲ တစ်ခုတော့ ရှိတယ်နော် “And remember, the surest way to win love is to give love.” သိထားဖို့က မေတ္တာကိုရဖို့ အသေချာဆုံးလမ်းဟာ မေတ္တာကို ပေးဖို့ပါပဲ။
အချစ်ဆိုတာ ဘယ်အရာမှ မကောင်းဘူးလို့လည်း ထင်တယ်။ ပူလောင်တယ်။ အချစ်ဆိုတာထက် မေတ္တာထားတတ်ဖို့ လိုအပ်ပါတယ်။
အဲ အချစ်ဆိုတာ အချစ်တစ်ခုထဲနဲ့လည်း အချစ်ဆိုတာ ဖြစ်မလာတတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး မေတ္တာထားနိုင်ဖို့ရယ် နားလည်မှုရယ် သစ္စာရှိဖို့ရယ် ဒါတွေ အားလုံးပေါင်းစပ်မှသာ အချစ်ဆိုတာ ဖြစ်လာမယ်လို့ ကျွန်မ မြင်မိပါတယ်။
ခု လူတွေဟာ ဘယ်အရာမှ တန်ဖိုးမထားတတ်ကြတာကို မြင်တွေ့နေရတာ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ အများအားဖြင့် အွန်လိုင်းတက်နေကြတဲ့သူတွေရဲ့ ထုံးစံတစ်ခုပေါ့။ လွယ်လွယ်တွေ့၊ လွယ်လွယ်ပြော၊ လွယ်လွယ်ကွဲနဲ့ သူတို့ကျတော့ လွယ်လိုက်ကြတာနော်။ ဒါကို အချစ်လို့ ခေါ်တာလား။ ဒီတစ်ဦးကို ပြောကြည့်မယ်။ မရရင် နောက်တစ်ယောက်ပြောမယ်။ ဒါတွေဟာ အချစ်စစ်လို့ ပြောလို့ရမလား။
မဟာတ္ထမဂန္ဓီ ပြောခဲ့တာကတော့
“where there is love, there is life. Hatred leads to destruction. အချစ်ရှိလျှင် ဘဝရှိ၍ အမုန်းတရားသည် ပျက်စီးခြင်းကိုု ဦးတည်သည်တဲ့။
ကျွန်မမြင်မိတာကတော့ “lowe is a fervent fire” အချစ်ဆိုတာ ပြင်းထန်တဲ့ မီးတောက်မီးလျှံပဲ။
လောကမှ နှစ်ဦးနှစ်ဖက် လိုချင်တာနဲ့ ပေးဆပ်တာ ထပ်တူကျမှသာ အချစ်ဆိုတာ ဖြစ်ပေါ်လာရင် ပိုကောင်းပါတယ်။
အချစ်ဆိုတာ ဘဏ်တိုက်မှာ သွင်းထားတဲ့ ငွေကြေးလို မဟုတ်ပါဘူး။ လိုတဲ့အခါ ထုတ်ချင်တိုင်း ထုတ်လို့မရပါဘူး။
သူ ပေးနိုင်ပြီး ကိုယ်မပေးနိုင်တဲ့အခါ တစ်ဖက်သားအတွက် စိတ်မကောင်းရုံက လွဲလို့ မတတ်နိုင်တဲ့အရာတစ်ခုပါပဲ။
ကျွန်မကတော့ မချစ်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ သံယောဇဉ်အရမ်းကြီးတတ်လို့ပဲ။ သံယောဇဉ်ဆိုတဲ့အရာဟာလည်း ဖြတ်နိုင်တဲ့သူတွေအတွက် အေးချမ်းပေမယ့် မဖြတ်နိုင်တဲ့သူတွေကျတော့ အမြဲပူလောင်နေတာပဲလေ။
ကျွန်မကတော့ အချစ်ဆိုတာ ရယူခြင်းရှိသင့်သလို ပေးဆပ်မှုလည်း ထားတတ်ရမယ်။ ဟုတ်တယ်မလား။
အချစ်ဆိုတာ ကိုယ်ကျင့်တရားနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါဟာလည်း မပါမဖြစ်ဘူးလေ။
အင်း မရေးလည်း မရေးတတ်ပါဘူး။ ရေးချင်တာတွေလည်း ရှိသေးတယ်။ အချစ်အကြောင်းကို လေ့လာပြီးမှပဲ ဆက်ရေးတော့မယ်…. ဟီးဟီး
ကဲ အမှတ်တရ ကျွန်မရဲ့ ကဗျာလက်ဆောင်များ
Love အချစ်ဆိုသည်မှာ
L…. lake of Sorrow (ဝမ်းနည်းပူဆွေးရေအိုင်)
O…. Ocean of Tears (မျက်ရည်သမုဒ္ဒရာ)
V…. Valley of Death (မရဏတောင်ကြား)
E… End of Live (ဘဝနိဂုံး) ပါတဲ့.….. ဟုတ်တယ်ဟုတ်… မဟုတ် ဟုတ်ဟုတ်…. ဟုတ်
နောက်တစ်ပုဒ်လက်ဆောင်
အချစ်ဆိုတာ
ဒုက္ခရဲ့နိဒါန်း
သောကရဲ့မြစ်ဖျား
အလွမ်းရဲ့ဗဟို
အပြိုပြိုအလဲလဲ
ငိုလို့မဆုံးတဲ့ ပွဲတစ်ပွဲ.…. ပေါ့
အချစ်ဆိုတာအာပလာ….
ဘဝဆိုတာအလှမပါ…
ကဗျာတွေမှတင့်တယ်တာ…
အဲဒါနှစ်သက်စရာ….
ဟွင်းဟွင်း
19 comments
ပေါက်ဖော်
September 14, 2011 at 4:37 pm
ခုတလော..ဒီအပျိုကြီး အချစ်အကြောင်းတွေ လှိမ့်လွှတ်နေပါလား..
ဧကန္တတော့..ဧကန္တ.ပဲ…. 😛
manawphyulay
September 14, 2011 at 4:48 pm
တိချင်လား…. အဟတ်..
mr.lone
September 14, 2011 at 4:40 pm
ကြိုက်တယ် manawphylay ရေ ဆက်ရေးဦးနော်… အားပေးစောင့်မျှော်လျက်ပါ…. ဒါပေမယ့်…
Two is better than One …
thit min
September 14, 2011 at 4:48 pm
Forget love! I’d rather fall in “fried chicken”.
နွယ်ပင်
September 14, 2011 at 4:51 pm
အစ်မရေ အချစ်အကြောင်းတွေ အရမ်းပြောနေပါလား
အချစ်ဆိုတာ ဘာလဲလို့ ကိုယ်တိုင်စမ်းသပ် ရှာဖွေနေပြီလား
ဒီဝါကျွတ်မမှီလဲ နောက်ဝါကျွတ် အတွက် အမှီဆိုပြီးတော့လေ ………..:p
manawphyulay
September 14, 2011 at 5:04 pm
ကြွားတာတော့ ဟုတ်ဘူး ညီမလေး နွယ်ပင်ရေ… မှတ်ပုံတင်က အရင်ထဲက ရှိထားပြီးသားလေ… မထုတ်ဖြစ်သေးတာ… အဟဲ 😛
zawmyothu
September 14, 2011 at 5:00 pm
love look not with the eyes,but with the mind 😛
မီးမီး သော်
September 14, 2011 at 5:05 pm
အချစ်အကြောင်းတွေပြောလာပီနော်. မမမနောရေ…ဟိဟိ
manawphyulay
September 14, 2011 at 5:07 pm
မပြောချင်လို့ ကြည့်နေတာကြာပြီ… အဟိ 😛
မီးမီး သော်
September 15, 2011 at 6:20 pm
အယ်တကယ်ပေါ့ …ဟိ ဟိ ပေါ်လာပီနော့။
rain pricess
September 14, 2011 at 5:41 pm
အချစ်အကြောင်းတွေပြောလာပြီဆိုတော.မရိုးတော.ဘူးထင်တယ်
အချစ်အတွက်ရေးထားတဲ.ကဗျာနှစ်ပုဒ်လုံးကြိုက်တယ်
ဆက်ရေးပါမမ အားပေးနေမယ်နော်
zaw min
September 14, 2011 at 10:45 pm
ဟိုတုန်းကပျက်လုံးထုတ်တဲ့ လူရွှင်တော်တွေရဲ့ ပျက်လုံးလေးသတိရသွားတယ်…အပျိုကြီးများ ရည်းစားထားတော့ လန်ဒန်မြေပဲယို
ရင်ထဲမှာ ဟာသလို ဘာလိုလို ညာလိုလို..
စုံ စုံ
September 15, 2011 at 11:26 am
မနောရေ အချစ်အကြောင်းမရေးတတ်လို့သာဘဲနော်
ပြောသွားလိုက်တာများ အမှန်တရားတွေချည်းဘဲ 😛
နီလေး
September 15, 2011 at 11:26 am
အပျိုကြီးတွေအချစ်အကြောင်းမပြောရဘူးလို့ ဥပဒေမရှိပါဘူးအားငယ်နဲ့နော် မမ မနောရေ အပျိုကြီးတွေဆို အချစ်အကြောင်းသာတောင်သိသေးတယ် ဟိဟိ အရင်ကဗျာလေးလဲကောင်းတယ် ခုကဗျာလေးလဲကောင်းတယ်
manawphyulay
September 15, 2011 at 11:29 am
မနော ညီမလေးတွေက အားပေးနေတဲ့အတွက် ဆက်လက်ရှေ့ကို ချီတက်လိုက်မယ်နော်… နောက်က လိုက်မယ်မလား ညီစေနော်… 🙂
Moe Z
September 15, 2011 at 12:07 pm
အချစ်ဆိုတာသူ့ဘာသာသူဖြစ်လာတာလေ မမမနောရဲ့….
တားဆီးလို့လည်းမရသလို ကာကွယ်လို့လည်းမရဘူး..
မချစ်ရဲဘူးဆိုပြီးရှောင်လို့မှမရတာ …
John Gay ကတော့ပြောတယ် She who has never loved has never lived တဲ့ 🙂
chitsu
September 15, 2011 at 1:10 pm
အချစ်ဆိုတာတစ်ယောက်နဲ.တစ်ယောက်နားလည်မှုရယ်၊သစ္စာရှိမှုရယ်။ဖေးမမှုရယ်သာရှိနေရင်စိတ်ချမ်းသာနေမှာပါပဲ….ဟုတ်တယ်မဟုတ်လား………ချယ်
chartatelay
September 15, 2011 at 1:18 pm
အချစ်ဆိုတာတော့ဘယ်ကစလဲကျွန်တော်လည်းမသိဘူး
အချစ်ဆိုတာ ရေအိုင်လို့ထင်ရင်မှားမယ်ဆိုတာတော့ကြိမ်သေပြောလို့ရတယ်
ဘာကြောင့်လည်းဆိုတော့ သူက သမုဒ္ဒရာထက်တောင်မှ ကြီးသေးတယ်ဆိုတာ မှတ်ထားလို့ရတယ်
musicalpunk
September 15, 2011 at 3:36 pm
ဘယ်သူမဆိုုအချစ်နဲ့မကင်းဘူးတဲ့ ။မှန်ပါတယ်
ဒါပေမဲ့ တစ်ခါချစ်ပြီး အဆင်မပြေကြရင် နောက်ထပ် မှန်ကန်တဲ့အချစ်ြဲဖစ်ဖို့ ကြောက်နေတက်ကြတယ်။
အဲဒါကြောင့် တချိုု့က မစစ်မှန်တော့တာလို့ထင်တယ် ။ဖြစ်နိူင်လား?