သို့… နှင်းဆီ ရိုင်း

– ပွင်ဖက်လွှာကနီနီရဲ….
နှလုံးသားကထူထူထဲ ။ ။

– ပိုင်ရှင်မဲ့ ရင်ခုံသံတွေဟာလည်း
ဂန္တဝင်တေးသွားတစ်ပုဒ်အလား
အနိမ့်အမြင့်မညီညာလေခဲ့ ။ ။

– တော်ဝင်အနမ်းတို့ရဲ့ ဝင့်ဝါမှုကို
အခြံအရံ အပြည့်နဲ့အတူ စေးကပ်နေခဲ့ ။ ။

– ပန်းနုရောင်တောရိုင်းပွင့်တစ်ပွင့်ရဲ့ မြင့်မြတ်မှုကို
အသူရာရင်ခွင်ကြီးက
မဟူရာနှလုံးသားလေးရဲ့ သံစဉ်တွေနဲ့အတူ
ထွန်းညှိအသက်သွင်းခဲ့ ။ ။

– အလှကိုလှမ်းစွင့်ယူဖို့
တစ်ဘဝစာနမ်းရှိုက်သူကို
ခဏတာစူးနစ်စေသလားကွယ်………………။ ။