ရမ္မက် သင့်
ရင်ဖိုစရာ အပြုံးများကို
မြင်ရုှံမှာ ရှုံးသွားစေခဲ့သလား မိန်ခလေးရယ်….
စူးပြင်းတဲ့အကြည့်တွေကြောင့်လည်း
မူးရင်းလဲ ကျခဲ့တဲ့ နှလုံးသားလည်း နာလှပါပြီ။
ယှက်ဖြာကြွယ် အလှသွေးကို
တသက်ကမ္ဘာအလယ် ခဏလေးဖြစ်ဖြစ် ချစ်ပါရစေ။
လည်တိုင်ကြူဖြူဖွေးလို့
မြင်လေသူ လူငေးတဲ့အဖြစ်ကိုတောင် ဝန်တိုနေခဲ့။
သွယ်ဖြာကာ ကကျော့ကွေးလို့
ရွေလိုဝါ ဖျော့တေးတဲ့လက်တွေ ရယ်..
လေကြည်ရာဆော့ပြေးလို့
မဟူရာပျော့သေးတဲ့ ဆံနွယ်တွေရယ်
မြင်သူမှာငေးသည့်အဖြစ် ကမတတ်နိုင်
နှလုံးသားထဲ အချစ်ကလည်း မရပ်နိုင်
မိန်းကလေးရယ်…….
ငါ့ရင်ထဲ ကမင်းကိုချစ်နိုင်အောင် ကို ချစ်သွားပြီ။
2 comments
alinsett
September 13, 2011 at 6:48 pm
ကာရန်ကို ချစ်တဲ ့သူကြီး..ရေ.။ ကောင်းပါတယ် လို ့ ပြောပါရစေ။ ဆက်လုပ်ပါ။
အားပေးနေမယ် ။
MaMa
September 14, 2011 at 8:47 am
ကဗျာခေါင်းစဉ်နဲ့ စာသားလိုက်ဖက်ညီတယ်။
မှင်စက်ကျရာ ကာရံဖြစ်ပါပေတယ်။