Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာမပြောညာမပြော…အရမ်းကာရော။။။။

ကားကတော်တော် ဒုက္ခပေးနေပြီး ကုမ္ပဏီကဝယ်လိုက်တာပဲ ကားဝယ်တယ်ဆိုပေမယ့်
အသစ်တော့ဘယ်ဟုတ်မလဲဗျ မြန်မာပြည်မှာ စက်ရုံထွက် ကားအသစ်စီးတဲ့ လူတန်းစားတွေကသပ်သပ်ရှိတာပဲ
ကျုပ်တို့ လိုလူတွေကတော့ အပေါ်ဝိုင်း အောက်ဝိုင်း ဝိုင်းတကာဝိုင်း ကုန်အောင်သွားရှာ ဒါမှမဟုတ် ပွဲစားနဲ့ရှာ
ဂျာနယ်ကြော်ငြာထားတာတွေလိုက်ကြည့် ဒီလောက်ပဲပေါ့  နောက်ဆုံး ပွဲစားအစပ်အဟပ်နဲ့ပဲကုမ္ပဏီအတွက်ဝယ်လိုက်ရတယ်
ကားကတော့ အကြောကိုတင်းနေတာပဲ  ပွဲစားကလဲ မကောင်းရင် နှစ်ဆပြန်ပေးမယ်ဘာညာ အာမဘန္ဒေ ခံနေ မှတော့ ကျုပ်
လည်းသူဌေးကိုယ်စား မျက်စိဇွတ်မှိတ်ပြီးကောင်းတယ်လုပ်လိုက်ရတယ်  ဟုတ်တယ်လေးကျုပ်မှအကုန်နားမလည်တာကို
မောင်းကြည့်တော့လဲကောင်းနေတာပဲ နောက်မှတစ်ဖြေးဖြေးသိလာတာက…………….
အရှေ့ကမီးကြီးသိပ်မလင်းတာရယ်
ယာဉ်မောင်းဘက်ကတံခါးပိတ်ရင်အံမကျတာရယ်
ရှေ့လေကာမှန်က မိုးယိုတာရယ်
ဝိုင်ဘာက တစ်ချက်တစ်ချက် ထစ်ထစ်နေတာရယ်
နောက်တံခါးက လိုင်နာအချို့ပြတ်ထွက်နေတာရယ်
အဲယာကွန်းဖွင့်မောင်းရင် Heat တက်တာရယ်
အင်ဂျင်အောက်ဖက်က ဆီတွေတစ်စက်တစ်စက် ယိုကျနေတာရယ်
ဂီယာထိုးရတာ ကြပ်နေတာရယ်
မောင်းနေရင်း စတီယာရင်က  ညာဘက်ကိုဆွဲနေတာလေးရယ်  အဲဒါတွေသာမရှိရင်တော်တော် ကောင်းတဲ့ကားပါ..။။။
အသံကတော့သိပ်မထွက်ပါဘူး ဟွန်းသံကသာတဂစ်ဂစ်နဲ့ အစ်နေတာ ကျန်တဲ့ အသံတွေကသူထက်ပိုမည်ပါတယ်
ကျုပ်လည်းဝယ်လာတဲ့နေ့ထဲက လုံးဝမနားရပါဘူး ရေတိုင်ကီဆိုင်သွားတိုင်ကီ အလုံးလိုက်လဲ
မီးသီးတွေ အစုံလိုက်ဝယ်ထည့် ပါဝါ ကွိုင်တွေဝယ်တပ် အပေါ်က မိုးယိုနေတာကို ဆီလီကွန်တွေထိုးထည့် အောက်က
ကရိုင်းကစ်ဖွင့် ပြန်ပိတ် လိုင်နာတွေပြန်ထည့် ဘယ်လိုလုပ်လုပ်မရတာပါ ဆီယိုနေတာကောင်းသွားပေမယ့်  ကျန်တဲ့
ဝိုင်ဘာတွေ အဲယားကွန်ခလုပ်တွေ မီးကြီးတွေက ဝါယာရိမ်ဆိုင်မှာလုပ်ရမှာ ဒါနဲ့နောက်ဆုံး ရပ်ကွက်ထဲကလက်ပူတိုက်တဲ့
ဆိုင်တွေကို မျက်ကွယ်ပြုပြီး ပတ္တမြား ဈေး တောင်ဥက္ကလာကိုပြေးရတာပေါ့ တောင်ဥက္ကလာက ပတ္တမြားဈေးဟာ ကားတွေ
ရဲ မှန်/ဝိုင်ဘာ /လိုင်နာ/ ဝါယာရိမ်း/ရှဲ/ ဘန်ဘာတွေ အထူပြုလုပ်ရောင်းချတဲ့ ဈေးကြီးပါပဲ အဲဒီမှာ ကားနဲသက်ဆိုင်တဲ့ ပစ္စည်း
တွေသာ ရောင်းချတယ် ထင်တာပါ ကျုပ်အထင်တော့လွဲခဲ့ပါတယ် အဲဒီဈေးက အေးဓမြ ခေါ်မလား လုပ်စားနေကြခေါ်မလား
ဘာမပြောညာမပြော အရမ်းကာရော လုပ်တဲ့သူတွေခေါ်မလား ဘယ်လိုခေါ်ရမှန်းမသိပေမယ့်  ……
ကားနဲ့ဘယ်လိုမှမသက်ဆိုင်တဲ့ အစာကြေးဆေးလုံးလေးတစ်ဘူးကို တစ်ထောင်နဲ့ဝယ်လိုက်ရတာပါပဲ…………။။။။။။
ဈေးထဲကားကွေ့ဝင်လိုက်တာနဲ့ ဈေးအဝင်က မိန်ခလေးတစ်ယောက်က ဝင်ကြေးဝင်ကြေးနဲ့ အော်နေတာနဲ့ နားမလည်ဖြစ်ပြီး
“ဘာဝင်ကြေးတုန်း”
ကောင်မလေးက ပြန်ပြောပါတယ်….
“ကားဝင်ကြေးလေ”
နည်းနည်းတော့ကျွဲမြီးတိုသွားတယ်ဗျာ ဈေးကဝင်ကြေးကောက်ရတယ်လို့ ဒါနဲ့….
“ ဟေ…ဒါဈေးမှတ်လားဟ”
“ဟုတ်တယ်လေ ….ဈေးလေ”
“ဈေး..ကဝင်ကြေးလိုလို့လားဟ ဈေးလာဝယ်တာဝင်ကြေးပေးရတယ်လို့ ဒီလိုသာဝင်ကြေးတောင်းမယ်ဆိုစူပါမားကက်
တွေတော့ချမ်းသာပြီဟ..ဈေးမရောင်းဘူး ဝင်ကြေးပဲ ကောက်စားတာတောင် တော်တော်ရမယ်”
“ကျွန်မအဲဒါမသိဘူး ကားနဲ့ဝင်ရင် ဝင်ကြေးပေး ဒါပဲသိတယ် ”
ကောင်းရော ဒါနဲ့ပဲ ဝင်ကြေးနှစ်ရာပေးလိုက်ရတယ် သူတို့ကဟုတ်သားဗျ အပေါက်ဝကွမ်းယာဆိုင်ကနေ ဝင်ကြေးကောက်
နေတာပဲဘာကြောင့် ဒီဈေးကဝင်ကြေးကောက်တယ်မသိဘူး စီပင်သာယာ နဲ့များမဆိုင်လို့လား ကိုယ်ပိုင်ဈေးများလား
စဉ်းစားမရကားဝင်ကြေးပေးပြီး ဘီလိမ့် ရုံရှိသေးတယ် ကောင်လေးချာတိတ် လေးယောက်ဝိုင်းလာပြီး ကားကိုပိတ်ရပ်
ထားတယ်..။။။။
“အကိုဘာပြင်မှာလဲ မှန်လားဝိုင်ဘာလား လိုင်နာလားမီးလား အကုန်ရတယ်ဆရာ”
“အေးနေပါအုံးကွာငါကားရပ်ရမယ့်နေရာလေး ရှာပရစေအုံး မင်းတို့ဟာ မင်းတို့ဆီမပြင်ရင် ရိုက်တောင်သတ်မလားမသိဘူး”
“ဒါဆိုအကို ဒီဆိုင်ရှေ့မှာပဲရပ်လိုက်ရတယ်”
ကားရပ်ပြီး တဲ့အထိ သူတို့ကဝိုင်းထားတုန်းပဲ ဒါနဲ့ကျုပ်လည်း သူတိုထဲက ခေါင်းဆောင်ထင်တဲ့တစ်ယောက်ကိုပဲ …
“ငါ မီးကြီးလဲမယ် ပြင်မယ် ဝိုင်ဘာလုပ်မယ် ကျန်တာတွေ မပြောနဲ့ အဲဒါပဲလုပ်မယ် မင်းဘာသာ ဝါယာရိမ်ဆရာရှာ မီးကြီး
ကတော့ မင်းပြင်မှာမှတ်လား ”
ဒါနဲ့ပဲအဲဒီကောင်းလေးပဲ ဝါယာရိမ်းပြင်မယ်သူ လိုက်ရှာဈေးပြော  သူပြင်မယ့်မီးကြီး လက်ခဈေးပြောနဲ့ အဲဒီနှစ်ခုနဲ့တင်
ပစ္စည်းဘိုးမပါ လက်ခချည်ပဲ သုံးသောင်းကျတယ်လေ သူတို့ဖြုတ်ကြပြင်ကြတာတွေကို သစ်ပင်ရိပ်အောက်မှာ ခုံတစ်လုံး
ချပြီးကျုပ်လဲအကျအနထိုင် ပြီးလမ်းကဝယ်လာတဲ့ ဂျာနယ်တစ်စောင် ထုတ်ပြီးဖတ်နေလိုက်တော့တယ် သူတို့ပြင်မှာကြာအုံး
မှာလေ …ဂျာနယ်ထဲစိတ်ရောက်နေလို့လားမသိဘူး ဒီလူကြီးအနားရောက်လာတာကျုပ်မသိလိုက်ဘူးဗျ …..။
“ ဘောစိ လက်ဝါးဖြန့်”
“ဘာတုန်းဗျ”
“ဟာဖြန့် မှာဖြန့်စမ်းပါ”
ဟာဒီလူတော့ဒုက္ခပဲ သူကြည့်တော့ လွယ်အိတ်ကြီးတစ်လုံးလွယ်လို့ ဆံပင်ကရှည်ရှည် နောက်ကသားရေးကွင်းနဲ့ စုချည်
ထားသေးတယ်နှုတ်ခမ်းမွေးနဲ့ အသားမဲမဲ ဝတ်စားထားတာတော့သန့်သန့် ပြန့်ပြန့်ပါပဲ..လက်ဖြန့်ပေးလိုက်တော့ အစာကြေ
ဆေးလေးသုံးလုံးလက်ဝါးထဲ ထည်ပေးတာနဲ့..
“ဟာမစားဘူး နေပါစေတော့ ကျုပ်က အစာကြေဆေးမစားတတ်ဘူးဗျ အဲဒါဟိုငယ်ငယ်လေးထဲက”
ဒီလောက်ဆိုကျုပ်သဘောပေါက်ပြီလေ..သူဆေးရောင်းတော့မှာ..ဒါပေမယ့်..ဒီလူကြီးလက်မလျှောဘူး ဗျ …
“ဟာ…ဘောစီကလဲ မစားခိုင်းသေးပါဘူး အရင်ရှုကြည်လိုက် ရှုပါဗျ”
ဒါနဲ့ပဲရှုကြည့်ဘို အသာခေါင်းလေးငုံပြီးရှု လဲရှုလိုက်ရော ဒီလူကြီး ဘာမပြောညာမပြော ဇက်ကျောတွေနှိပ်တော့ တာပဲဗျို
ကုပ်ပိုးတွေနှိပ် အကြောတွေလျှော့ တစ်ဗျိုးဗျိုးတစ်ဖျောက်ဖျောက် အဆစ်တွေချိုး နားကြောတွေလျှော့ နားတွေလဲပူထူလို့
နောက်ပြီ ပုခုံးကိုကိုင်အပူတွေထုတ် နားထင်းတွေပွတ်ချေ..တော်ပါပြီးအော်လဲမရ လက်ဆစ်တွေချိုး လက်မောင်းကြောတွေ
နှိပ်ပေး …တစ်ခါ ဘာမပြောညာမပြောနဲ့ ကျုပ်စီးထားတဲ့ဖိနပ် ဆွဲချွတ်လွင့်ပစ်ပြီး ခြေဖဝါးအဆစ်တွေချိုး ဖဝါးအလယ်
ခေါင်တွေနှိပ် ပေါင်ကြောတွေလျှော့ ..ကိုယ်ထက်အသက်ကြီးတဲ့သူမို့လို့ ငရဲ ငအုံတွေကြီးမှာစိုးလို့ အတင်းရုန်းလဲမရ …။။
အားရအောင်ထုထောင်းနှိပ်စက်ပြီးမှပဲ..
““ရောဘောစိ ဒါလေးအားပေးပါနော် ”
““ဟာဒါကြီးကျုပ်မစားပါဘူးဆို”
““မစားလဲ ဘောစိရယ် အိမ်ကလူကြီးတွေကြွေးလိုက်ပေါ့””
မဝယ်မချင်းသွားမယ်ပုံမပေါ် တော်ကြာမဝယ်မချင်း ထပ်နှိပ်နေမှအခက် ဒါနဲ့ပဲ
“ဘယ်လောက်လဲဗျ ”
“တစ်ဘူးတစ်ထောင်ထဲပါဘောစိရယ်..အဲဒါအောင်နေဝန်းလေ အစာကြေဆေး တော်ရုံ နဲ့ မရဘူးနော် ဆယ်ဘူးပါတာ
အခုဘောစိဝယ်မယ့်ဘူးကနောက်ဆုံးဘူး လိုချင်လဲထပ်မရောင်းတော့ဘူးပြန်မှာ”
“ဗျာ ..ဈေးကြီးလှချည်လားဗျ အပြင်မှာ သုံးရာဆိုတာအများဆုံးနေမှာ”
“လုပ်ပါဘောစီရယ် ..တစ်ထောင်ကဘာမှမဟုတ်ပါဘူး ဈေးများတယ်ပြောမှာစိုးလို့ စောစောကမာဆပ်လုပ်ပေးပြီး
ဖားထားတာပေါ့..ဟဲဟဲ   ဒီလိုလေးဖားပြီးရောင်းမှ အိမ်စရိတ်လေးရတာမို့ပါ ဆရာသမားရယ် ”..။။။။။
အဲဒါနဲ့ပဲ ဒီလူကြီးကို တစ်ထောင်ပေးပြီး ဦးချိန်တီ အစာကြေဆေးဘူး လောက်ရှိတဲ့ ဘူးကလေးကိုတစ်ထောင်းပေးပြီးဝယ်
လိုက် ရတော့တာပဲဗျို့ဘာပဲပြောပြောပေါ့လေ..ဒီလူကြီးရဲ့စိတ်ဓါတ်ကိုတော့ကြိုက်တယ် သူတတ်တဲ့အကြောနှိပ်ပညာလေးနဲ့
တစ်ဝမ်းတစ်ခါး ရှာစားနေတာပဲလေ ပေးလိုက်ရတဲ့ ငွေးကြေးကများတယ်ဆိုပေမယ့် ခင်ဗျားတို့ကျုပ်တို ဇိမ်ခံပြီးသွားသွား
နေတဲ့ မာဆပ်ဆိုတဲ့ နေရာက ယောက်ျားလေးပေါင်းနှလုံကြား အကျအနထိုင်ပြီး ဟိုနေရာကလိ ဒီနေရာကလိနဲ့ မထိတထိ
လေးလုပ်ပြီး ဘာမှမသိတဲ့ အကြောတွေ ရမ်းနှိပ်တဲ့ အဝှာမလေးတွေအတွက် ပေးလိုက်ရတဲ RK နဲ့နှိုင်းစာရင် ဒီလူကြီး
ခဏလေးနှိပ်လို့ ပေးလိုက်ရတဲ့ ငွေကြေးက တန်ဘိုးရှိမယ်ထင်ပါကြောင်း….ဘာမပြောညာမပြောအရမ်းကာရော လိုက်နှိပ်တဲ့
လူကြီး တစ်အကြောင်းပါပဲ…ဗျာတို့..။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

14 comments

  • etone

    September 13, 2011 at 4:52 pm

    မနက်ဖြန်မှ သေချာလာဖတ်ဦးမယ် ဒီနေ့တော့ အကြမ်းပဲ ဖတ်လိုက်ရလို့ .. ဝင်မပွားနိုင်သေးဘူး .. 😀

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 13, 2011 at 5:08 pm

    ခုလိုနှိပ်ပေးတာတော့ မဆိုးဘူး။ဒီမှာဇက်ကြောတက်နေတယ်။လာပါဦးကွာ၊ရောင်းချင်တာရောင်း ဝယ်ချင်ဝယ်မယ်။ဟား

  • pan pan

    September 13, 2011 at 5:13 pm

    RKဆိုတာ ဘာတုန်းကိုဘီလူး
    ဒါနဲ့ အဲဒီလူကြီးက တကယ်နှိပ်တတ်တယ်ပေ့ါ
    တကယ်အကြောပြောသွားရင် တစ်ထောင်တော့ တကယ်တန်ပါတယ်
    သူလည်း ဒီလိုလုပ်မှ ဆေးရောင်းရမှာကိုး… 🙄

    • “ဘီလူးကြီး”ogre

      September 13, 2011 at 5:28 pm

      ပန်ပန်ရေ..
      RK ဆိုတာ လှလှလေးပြောရရင်တော့
      “ဝန်ဆောင်ခပါကွယ်”
      ဝန်ဆောင်မှုကောင်းရင် ကောင်းသလိုပေးရတတ်ပါတယ်ကွယ်
      သူတိုလေးတွေကတော့ “မုန့်ဘိုး”လို့လဲ ခေါ်ကြပါတယ်ကွယ်
      သူတို့ကိုဗိုက်ဆာအောင်လုပ်မိရင်လဲ စောစောကလို ပိုပေးရတတ်ပါတယ်ကွယ်..။။။

      • pan pan

        September 14, 2011 at 8:35 am

        အယ်!
        RKတော့ သိပါပြီ
        ဗိုက်ဆာအောင်လုပ်တယ်ဆိုတာ ဘာလဲဟင်
        မုန့်ဖိုးပိုပေးလိုက်ရတာပဲမလား
        (မေးသာမေးရ၊ မေးလို့ကောင်းပါ့မလားမသိ 🙄 )

        • “ဘီလူးကြီး”ogre

          September 14, 2011 at 8:58 am

          ဒီကလေးမ ပေါက်တီးပေါက်ရှာတွေ ရှောက်မမေးနဲ့
          ဗိုက်ဆာအောင်လုပ်တယ်ဆိုတာ….အင်း ဘယ်လိုပြောရမလဲ
          ဒယ်အိုးဆရာတော်စကားနဲ့ပြောရရင်တော့…
          “သဘောပါလား” ပေါ့နော်…
          ကျန်တာတွေ မသိတော့ဝူးဟာ ..ကိုယ်ဖာသာတွေးကြည့်တော့…။။။။

        • pan pan

          September 14, 2011 at 9:37 am

          ဟုတ်ကဲ့
          စိတ်မဆိုးပါနဲ့နော်
          တကယ်မသိလို့မေးတာပါ
          “သဘောပါလား”ဆိုတော့ ကိုယ်ထင်ရာကိုယ် ဆွဲတွေးပြီး သဘောပါလိုက်ပါတယ် 😀

  • hmee

    September 13, 2011 at 6:17 pm

    ဒီလူကြီးကို ပေးရတာ RK ထက်တော့ အဆပေါင်းများစွာ အကုန်အကျ သက်သာတဲ့အပြင် ဆေးတဗူးတောင်ရသေး။

  • windtalker

    September 13, 2011 at 8:10 pm

    ကိုဘီလူး ပို ့စ် ကို ဖတ်ပြီး
    ရဲလေး သီချင်း ကို သွားသတိရမိတယ် ဗျာ
    “ ဘာစားမလဲ အကို..
    လိုအပ်တာရှိရင် ကျွန်တော့် ကို ပြောပါ ”

  • nature

    September 13, 2011 at 9:08 pm

    ဘောစိလည်းအခေါ်ခံရတယ်။ ဆးတဘူး ၃၀ဝကျပ်၊ နှိပ်တာက ၇၀ဝကျပ် ဆိုတော့ တန်ပါတယ်။

  • နီလေး

    September 14, 2011 at 9:23 am

    1000ပဲပေးရပြီး ဆေးတစ်ဗူးလဲရသေးတယ်အနှိပ်လဲခံရသေးဆိုတော့ အညောင်းတောင်ပြေသေးတယ် အနှိပ်သည်လဲ လူကဲခပ်တော့ကောင်းသားပဲ(အမြောက်ကြိုက်မယ့်လူ) ဒီလူတော့ ငါနှိပ်ပေးပြီးမြောက်ပြောလိုက်ရင် ဝယ်မဲ့သူပဲဆိုတာသိလို့ လာရောင်းတာပဲဖြစ်မယ် ဟိဟိ စိတ်မဆိုးနဲ့နော်

  • စုံ စုံ

    September 14, 2011 at 10:33 am

    ဘီလူကြီး ဒီအတိုင်းသာ စာဆက်ရေးသွားမယ်ဆိုရင်
    အကြည်တော်လောက်ကတော့ သနားတယ်ဖြစ်သွားမယ်
    စာအရေးအသားဖတ်ရတာ ကိုယ်ကိုတိုင်အနှိပ်ခံလိုက်ရသလိုဘဲ ဟီး 😛

  • zaymdy

    September 14, 2011 at 3:40 pm

    ဒါနဲ. ကားပြင်လို. ပြီးသွားလား ဟင်..
    ကားအကြောင်းပြောနေရင်းနဲ. မာဆက်ရောက်သွားတယ်…ဟီး
    ကားအကြောင်းဆက်ပါဦးဗျို..

Leave a Reply