စပွန်ဆာ
ဆောင်းလေ က ခပ်အေးအေးလေးပင် သွေးနေသည်။ အနွေးထည် ဝတ်ရုံကိုယ်စီ နှင့် ဈေးသွားသူ သွား၊ ဈေးရောင်းသူရောင်း နှင့် မနက်ခင်း
၏ပြယုဂ်ကို ထင်ဟပ်နေစေသည်။ ထိုအချိန်ဆို ကျွန်တော်တို့ ဆင်ခြေဖုံး ရင်ကွက်ထိပ် ရှိ လက္ဘ်ရည်ဆိုင်လေး မှာ ဖျော်ဆရာကို ဘသောင်း၏ လက်စွမ်းကြောင့်
လူပြည့်နေရော့မည်။ စောဦးစွာရောက် နှင့်နေသော ဖိုးကျော် နှင့် အောင်အောင် တို့ သူငယ်ချင်း ၂ ယောက် ဝိုင်းကို ဝင်ထိုင်လိုက် သည်။ ဖိုးကျော်သည် နယ်မှ ဖြစ် ၍
ကျွန်တော်တို့ ရက်ကွက်ထဲ ရှိ ဘုန်းတော်ကြီးကျောင်း တွင် နေပြီး တက္ကသိုလ် တက်နေသော တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်သည်။ ၂ ယောက်လုံးက
ရည်ရည် မွန်မွန် နှင့် လူချစ်လူခင်လည်းပေါသည်။ ပိုက်ဆံအခြေအနေ မကောင်း သော် လည်း မှတ်ဉာဏ်အသအကြေ ကောင်းသော အနာဂါတ်လူတော်များဖြစ်သည်။
……………………………………………………………………..
‘ ကိုရေချမ်း ….ကျွန်တော် တစ်ခုမေးချင်တယ်….’ ဖိုးကျော် ၏ စကားကြောင့် သောက်လက် စ လ္ဘက်ရည် ခွက်ကို ချပြီး မေး ဆက်ပြီး ‘မေး…’ဟု သော သဘော
ပြုလိုက်သည်။
‘ အချစ်ဆိုတာ ကို ဘယ်လိုမြင်လဲ ဗျ’ ဒွတ်ခေါပဲ…ဘယ်လိုမေးခွန်းပါလိမ့်ပေါ့…
‘ ဘယ်လို မြင်လဲဆိုတော့… ရှင်းရှင်းကြီးလည်း မပြောတတ်ဘူးကွ…ဥပမာ ပေးရင်တော့ ခေါက်ဆွဲ ပြုတ်နဲ့တူတယ်ကွ…’
‘ဗျာ ….ရှင်းပါဦးဗျ..’ ကျွန်တော် ရေနွေးခွက် ကိုကိုင်၍ သုတ်ရင်း စကားဆက်လိုက်သည်။
‘ ဒီလိုကွ…..ခေါက်ဆွဲပြုတ်က ပြုတ်ခါစ လေးမှာလည်း ပူလွန်းလို့သောက် လို့မရဘူးလေ…အေး…အဲ့လိုပဲ ကြာသွားရင်လည်း စားလို့ သောက်လို့က
မကောင်းတော့ဘူး…အချစ်လည်း အဲ့လိုပဲ လို့ ငါထင်တယ်…ချက်ချင်းလက်ငင်းကြီး ဆိုရင်လည်း အဆင်မပြေနိုင်သလို… မပြောပဲ အချိန်ကြာ
သွားရင်လည်း ခံစားချက် မဲ့သွားတတ်တယ်ကွ….’
‘ဟုတ်ပါတယ်ဗျာ….ကိုရေချမ်းရဲ့ အချစ်ကတော့ ခေါက်ဆွဲ ပြုတ်ပေါ့..ဒါပေမယ့် ကျွန်တော်ကတော့ ခေါက်ဆွဲကြော် ဖြစ်နေပြီဗျ…’
‘ ဟေ…ဆိုပါဦးကွ…မိန်းကလေးက မင်းကို ကြော်သွားလို့လား…’
‘ ဟုတ်ပါ့ဗျာ…ကြော်သွားတာမှ တူးအောင်ကြော်သွားတာ….’ အောင်အောင် က ကြားက ဝင်ထောက် ပြီး သူမသိသလို ဟိုဘက်လှည့်နေသည်။ ဖိုးကျော် မျက်နှာ
ပျက်သွားပြီး စကားဆက်ပြောသည်။
‘ ကြော်တာက အကျော်ဇယားခင်းသွားတာဗျ….သူက လှေကားထစ်လို ကျွန်တော့ကို ခုတက်သွားတာ…’
‘ ဟုတ်လား…ဘယ်လိုများလဲကွ…’ (စာရေးမယ်ဆိုတော့လည်း စပ်စုမှဖြစ်မကိုး …)
‘ ပြီးခဲ့တဲ့ နှစ်က ကောင်မလေးတစ်ယောက် နဲ့ ချစ်ကြတယ်…သူက ဒီမြို့ပေါ်ကပဲ…. တွဲနေတာတော့ ၁ နှစ်လောက် ရှိပြီ… တနေ့ သူ့မွေးနေ့ လုပ်တယ်…. ကျွန်တော်
နဲ့ ကျွန်တော့သူငယ်ချင်း ဦးလေး ကို ခေါ် သွားလိုက်တယ်…အဲ့မှာ…ပြဿ နာက စတာပဲ….သူ့ဖအေ အရွယ်ကြီးဗျာ…….’ သူကြိတ်မခဲ နိုင်
ဖြစ်နေပုံရသည်။ ရေနွေးတစ်ခွက်ကို ဆတ်ခနဲ့ မော့သောက်လိုက်ပြီး စကားစကို ဆက်လိုက်သည်။
‘ ကျွန်တော် ဒီနှစ်ကျောင်းပြန်တက်တော့ သူငယ်ချင်းတွေက ပြောတယ် မင်းကောင်မလေး စပွန်စာ ရသွားပြီတဲ့….အဲ့ဒီ့နောက် ကျွန်တော် နဲ့ လည်း
သိပ်မတွေ့တော့ဘူး…. ရသွားတဲ့ စပွန်စာက ဘယ်သူများ မှတ်တယ်…. ကျွန်တော် မိတ်ဆက်ပေးလိုက် တဲ့ ဦးလေး ကြီး နဲ့…’
‘ နေပါဦး …ဖိုးကျော်ရ…. စပွန်စာဆို တာ ဘာလဲကွ…’
‘ ဪ…ကောင်မလေးတွေ ကောင်လေးတွေဆို ရေအသေ ခြွေ တဲ့ လူမျိုးကို ခေါ်တာဗျ…’
‘ ဒါဆိုသူက ဆည်မြောင်းက လူမို့လို့လားဟ…’
‘ဟာ….ကိုကြီးချမ်းကလည်းဗျာ…. ပိုက်ဆံ သုံးတာ တာကို ပြောတာဗျ…ပိုက်ဆံပေးကြိုက်တာ…ကဲ ရှင်းပလား…ဟိုကလည်း ရေ ကျ လို့ ကြိုက်တာ….’ စိတ်မရှည်
လက် မရှည် နှင့် ပြန်ဖြေတော့ မှ ဟေ့ာဒီ က တောသားကြီး မောင်ချမ်းတို့ လည်တော့တယ်…။ထို့နောက် အောင်အောင် နှင့်ဖိုး ကျော် တို့ ‘ မင်းကမှ အသုံးမကျ တာ…’
‘ငါ က မှပိုက်ဆံ မရှိတာ’ စသဖြင့် စကားရည်လုနေတော့သည်။ သေချာရှင်းလင်းစွာတော့ မကြားရတော့ ။အမှန်က ထို စပွန်ဆာ ဆိုသော အရာကို ဆက်လက် ၍
တွေးတော နေသောကြောင့်ဖြစ်သည်။ ဒီခေတ် ဒီခါ မှာ ပိုက်ဆံရှိ ရင် အချစ်တောင်ဝယ်နေပါလား ပေါ့နော်…အဖြေတစ်ခုတော့ ရလိုက်သည်.။ဝယ်ယူ ၍ ရလိုက်သည်
က အချစ်တော့ မဟုတ်ချေ။ ဧကန်စစ်စစ် စည်းသုံးတန်ခြားထား သော အချစ် ၏ တမာန်တော် နှလုံးသား ကို ပဲ ဝယ်လို့ရမည်။ သို့သော် ဖိုးကျော်ကို တော့
မပြောဖြစ်တော့။ မည် မျှထိ စဉ်းစား သည် ဆိုလျှင် စားပွဲထိုးလေးမှ ‘ စမူဆာ’ ဟု အော်သံမှာ ကျွန်တော့၏ နားထဲတွင် ‘ စပွန်ဆာ’ ဟူ ၍ ပင် တည်း….။ ။
16 comments
တယ်လီဖုန်း
September 14, 2011 at 5:30 pm
ဟို စပွန်ဆာ နောက်တစ်ခုက အင်ကြီးလား။
မောင်ရေချမ်း
September 14, 2011 at 5:32 pm
ဟုတ်ဘူး ဗျ…အဲ့ဒါ တင်နေတုန်း ကွန် နက်ရှင် ကျ သွားတော့ ပြန်ပြီး reload လည်းလုပ်ကော တုးိလိုး တန်းလန်းနဲ့ ၂ ခုဖြစ်သွားလို့ဗျ…တောင်းပန်ပါတယ်..
မောင်ရေချမ်း
September 14, 2011 at 5:31 pm
ကို Kai ရေ….ကယ်ပါဦးဂျာ…ပုသိမ်၏ ထူးခြားဆန်းကြယ်လှသော ကွန်နက်ရှင်ကြောင့် ဒီပို့စ် က ၂ ခုဖြစ်တွားရပြီ။။။ဟိုတခုက ကွန်မန့်လည်းမရ ဘာမရနဲ့ တိုးလိုးတန်းလန်းဖြစ် နေပြီ။ ဟိုပို့စ်လေးကို ဖျက်ပေးပါနော်…
windtalker
September 14, 2011 at 9:22 pm
ဒီလို ရိုးရိုးတောင်းဆိုလို ့တော့ မရဘူ း
ကိုရေချမ်း ရေ
ပုသိမ်ဟာလဝါ ညှက်ညှက်ကလေး နဲ ့မှတဲ့ ဗျ
ဟားဟား
ကြောင်ကြီး
September 15, 2011 at 8:46 am
၁။ ကောင်လေးက ကောင်မလေးအပေါ် ထားတဲ့ မေတ္တာ မစစ်ဘူး။
၂။ ဒီတော့ ကောင်းစားချင်တဲ့ စေတနာ မဲ့တာပေါ့။
၃။ ကြီးပွားသွားတဲ့အခါ မုဒိတာ မပွားနိုင်တော့ဘူးလေ။
၄။ နောက်ဆုံးမှာ ဥပက္ခာ မပြုနိုင်တော့ပဲ ဒေါကန်နေရပြီ မဟုတ်လား။
ရွှေအိမ်စည်
September 15, 2011 at 9:51 am
မှတ်ထားအုံးမှ..အချစ်=ခေါက်ဆွဲပြုတ်
ခေါက်ဆွဲ မကြိုက်လို ့နေမှာ…….
nayminn
September 15, 2011 at 10:25 am
ပိုက်ဆံကြောင့် ၁၀ဝ %့လဲ ဟုတ်ချင်မှဟုတ်မှာပါ။
ရေချမ်း မမြင်နိုင်တဲ့ အားသာချက် ဦးလေးကြီးမှာရှိနေရင်ရော။
နီလေး
September 15, 2011 at 11:16 am
စည်းသုံးတန်ခြားထားတယ်ဆိုတာက ဘာစည်းတွေလဲဟင်
မောင်ရေချမ်း
September 15, 2011 at 1:31 pm
အသွေး အသား အရိုးဆို သည်များ အောက် က နှလုံးသား ဆိုတာကို စည်းသုံးတန်ခြား နှလုံးသာလို့ ဆိုထားတာပါဗျ…
Kay Kay
September 15, 2011 at 11:18 am
အချစ်ကတော့ ခေါက်ဆွဲ ပြုတ်ပေါ့..အဲစကားလေးကို မှတ်ထားအုံးမှ
မီးမီး သော်
September 15, 2011 at 12:21 pm
မောင်ရေချမ်းရေ စပွန်ဆာကတော့ ဖတ်ကောင်းပါတယ်။မိန်းကလေးတိုင်းတော့ မဟုတ်ရပါဘူးနော်။
ဒါနဲ ့မောင်ရေချမ်းက ပုသိမ်ကဆိုတော့ ပုသိမ်မှာ ရေကြီး၊မီးလောင်ကြားမိသလားလို ့။စိတ်ပူလို ့ပါ။ဖွ. လွဲပါစေနော့်
မောင်ရေချမ်း
September 15, 2011 at 1:41 pm
လောင်သဗျာ…လောင်သဗျ…အဲ့အကြောင်းလည်း သရော်စာလေးရေးချင်သဗျ… နိုင်ငံခြားမှာ ဆို မီးသတ်တွေကြား သက်စွန့် စံဖျား ဝင်သတ်တဲ့ ပြည်သူကို ဆုလေးဘာ လေး ပေးတတ်ကြ သဗျ…. မြန်မာတွေ အကြောင်း ဂုဏ်ယူလို့ပါ…. မီးသတ် ၂ဝ ဆို ပြည်သူ နဲ့ ဘုန်းကြီးက ၄ဝ လောက် ဝင် ကူရသဗျ…ကဲ ဘယ်သူ့ကို ဂုဏ်ပြုလွှာပေးမလဲ..။ စေ့စပ်သေချာ စနစ်ကျမှု ၊ တတ်ကျွမ်းမှု ၊ ရေလုံလောက် မှုမရှိတဲ့မီးသတ် မျိုးတွေ ချည်းပဲ တွေ့နေရပေတော့…ဟူး…ဤ သည်လည်း မောင်ရေချမ်းတို့ မြန်မာတွေ ရဲ့ ဝဋ် ပေကိုးဟုသာ ကြိတ်ဖြေရကြောင်း…………။ ။
မီးမီး သော်
September 15, 2011 at 10:56 pm
အဲ မောင်ရေချမ်းရေ မြန်မြန်ရေးပေးပါဦး။ဘယ်နားမှာလဲ ပြောပါနော့။စိတ်ပူလို ့ပါ။သေချာမသိလိုက်လို ့ပါ။တော်တော် လောင်သွားရောလားဟင်။
မောင်ရေချမ်း
September 17, 2011 at 12:38 pm
ကုန်သည်လမ်း နှင့် မြေနုလမ်း ထိပ်မှ ကုန်သည်လမ်းတလျှောက် ရွှေဆိုင်တန်း လမ်းထိပါ။
မီးမီး သော်
September 17, 2011 at 2:34 pm
အော် ဟုတ်ကျေးဇူးပါနော့။ရေကြီးနေတယ်ဆို။
မောင်ရေချမ်း
September 19, 2011 at 3:55 pm
ရေကြီးမကြီးတော့လည်း မသိဘူးဗျ…ဒါပေမယ့် အခုချိန်က ဧရာဝတီမြစ်ရေ ကျချိန်လို့ ဆိုသဗျ… သဟာကြောင့်လည်း ဖြစ်မယ်ထင်တယ်..