ရွာညနေ
နေညိုခြေဆင်း နွားရိုင်းသွင်းလို့
လုံမေပျိုချော မဒီကျော့တို့
ရေအိုးကိုယ်စီ ပြီတီတီနှင့်
ကမ်းစပ်နီးနား ဆင်းလေပြီ။
နေညိုချိန်ရောက် အပျိုကြောက်နှင့်
ဗျိုင်းသင်းဖော် ကွဲ ဒိုင်မှော်ထဲမှ
ရွတက်ခုံပျံ အိပ်တန်းပြန်လို့
သူရကန်စွန်း ယွန်းလေပြီ။
ကြာဖူးကြာစွယ် ကန်အလယ်မှ
ပွင့်ပြန်ဖူးငုံ ပျားအစုံနှင့်
စုပ်ယူစားသောက် ဝတ်ရည်ပေါက်တို့
ပိတ်လျက်ရော်ကာ အိပ်လေပြီ။
နေညိုချိန်ရောက် တိမ်ပြန်တောက်လည်း
လွမ်းမက်မောမိပေ ရွာညနေ။ ။
6 comments
koyinmaung
September 17, 2011 at 5:54 pm
ကောင်းလိုက်တဲ့ကဗျာလေးပါ…
အားပေးသွားပါတယ်….
mzm
September 17, 2011 at 8:16 pm
ကောင်းလိုက်တဲ့ကဗျာလေးပါ…
အားပေးသွားပါတယ်….ဆက်ရေးပါဦး
မီးမီး သော်
September 17, 2011 at 11:28 pm
မောင်ရေချမ်းရေ ဆရာပါမောက္ခဦးကျော်ရင် ကပြောဖူးတယ်နော် “တိမ်တောက်ရင် တိုင်းပြည်ပျက်တယ်၊ခုမြန်မာပြည်မှာ တိမ်တောက်နေလေရဲ့”ဆိုပါလား။
မောင်ရေချမ်းကဗျာနှင့်ဘာမှတော့ မဆိုင်ပါ။တိမ်တောက်တယ်ဆိုလို ့ပါ။ဝင်အားပေးသွားပါတယ်နော်။
musicalpunk
September 17, 2011 at 11:56 pm
သီချင်းထဲကလို (နေညိုချိန် တိမ်တောက်တဲ့အခါ ရွာလမ်းနဘေးမှာ) ဇာတ်ကောင် စာဥ မပါ ဘူးလားဗျာ…………
manawphyulay
September 18, 2011 at 1:35 pm
ကဗျာလေးက သေချာဖတ်ကြည့်တော့ သိပ်မပြည့်စုံဘူးလေ… ရွာလုံမပျို မဒီချောတွေကို ငမ်းတဲ့ ရွာကာလသားတွေဘယ်ရောက်နေလဲ မသိ…
မောင်ရေချမ်း
September 18, 2011 at 8:24 pm
(ကဗျာလေးက သေချာဖတ်ကြည့်တော့ သိပ်မပြည့်စုံဘူးလေ… ရွာလုံမပျို မဒီချောတွေကို ငမ်းတဲ့ ရွာကာလသားတွေဘယ်ရောက်နေလဲ မသိ…)
ကာလမောင်ငယ် အသွယ်သွယ်တို့
ရေအိုးဆောင်သယ် လုံမငယ် သို့
ခေါ်တော တစ်ထောင် မျက်လုံးဆောင် ၍
သွားရည်ချောင်းစီး ရှု့မငီ…။ ။
မောင်ရေချမ်း
(အဲ့ဒီလို ဆိုတော့ ပြည့်စုံမယ် ထင်ပါ့ 🙂 )