စေ့စေ့ တွေး ၍ စေ့စေ့ ထင်စေချင် (၁)
မောင်ရေချမ်းတို့သဗျ အချစ်လည်းရေးလိုက်တာပဲ…အပျက်လည်း ရေးလိုက်တာပဲတဲ့…အဲ…စဉ်းစားစရာလေး များ မရေးဘူးလား ဆိုသတဲ့နော်…
မရှိပဲနေမလားနော့…ရှိတာ မှ ရှိသဗျ..ဗျာ… ‘ နို့ ဘာတုန်း ‘ လို့ မေးဖွယ်ရာရှိသဗျ…. ကိုယ်တိုင် စေ့စေ့ တွေး ၍ စေ့စေ့ ပေါ်သော အရာများ စာရှု သူတို့လည်း စေ့စေ့
တွေး တတ်အောင် တင်ပေးချင်သဗျ။ အဲ့သဟာလေးကတော့ တခြားတော့မဟုတ်ဗျ။ မြန်မာတိုင်း သိကြတဲ့ စကားပုံလေး ဖြစ်တယ်ဗျ…။ ‘ ကြောက်ရင် လွဲ ၊ ရဲရင် မင်းဖြစ် ‘
လို့ ဆိုသတဲ့… အားတက်စရာကြီးဗျာ… လုံးဝ စိတ်ဓာတ်ကျ၊ ကြောက်နေတဲ့ လူအဖို့ တော့ ချက်ချင်းလက် ငင်း အောင်မြင် အောင် လုပ်ချင်စိတ် ပေါက်စေသဗျ…
ပေါက်မကိုး… အောင်မြင်မှု ပန်းတိုင် ကို တွန်းပေးနေတဲ့ စကားပုံပဲ မဟုတ်တကား.. အဲ…ဘယ်လိုပြော ရမလဲ ဆို ဆီ ရှိပေမယ့် ရှေ့ဆက်မသွားချင် တဲ့ စက်၊ အင်ဂျင်
ဝိုင်လေး ထည့်ပေးလိုက်သတော့ ဖွတ်..ဖွတ် ဆို လှမ်းသလိုဖြစ်နေသပေါ့…ဆိုချင် တာက အင်ဂျင်ဝိုင်လို စိတ်ဓာတ် ချော ဆီ ထည့် ပေးသလို အင် မတန်မှ အဖိုးတန်း
သော စကားပုံလေး ဖြစ်သကိုး…။ ရေချမ်းဆို တဲ့ လူက ဒီတိုင်းမတွေးဘူးဗျ…ဂျပိုးဆိုရင် တော့ အစွယ်ရှိလား မရှိလား ကြံဖန်တွေးတဲ့ လူဗျ။ အခုမလည်းပေါ့…
စေ့စေ့တွေးကြည့်မပေါ့… ကြောက်ရင် လွဲ..ဟုတ်ပါပြီ… ဒါလေးကတေ့ာ…ကြောက်ရင်တော့ လွဲမှာပဲ တဲ့…ရဲ ရင် မင်းဖြစ်…ဒါလည်း ဟုတ်ပါတယ်…ရဲ တဲ့သူကတော့
မင်းဖြစ်မှာပဲလေ..ဒါပေမယ့် မြန်မာ စကားက ရှုပ်သဗျ… ရဲဆို တဲ့နေရာမှာ စာရေးသူက လှည့်သဗျ… လုပ်ရဲ တာလား ရဲရင့် တာ လား…အဲ…အဲ့မှာစတွေ့တာပဲ…လုပ်ရဲ
ကိုင်ရဲ နဲ့ ရဲရင့်တာက မတူးဘူးဗျ… လုပ်ရဲကို င်ရဲဆို ဒီလူက ဟုတ် ဟုတ်၊ မဟုတ် ဟုတ် လုပ်မှာပဲလေ…. ရဲရင့် တယ်ဆိုရင်တော့ သူက လုပ်သင့် လုပ် ထိုက်တဲ့ အရာမှာ ပဲ
ရဲရင့်မှာမပေါ့…ဒါနဲ့…ဒီစကားပုံ ဖြစ်ရာ ကာလ ကြည့်မပေါ့…ဖြစ်နိုင်တာကတော့ အ
တိအကျလည်း ရေချမ်းတို့ မသိသဗျ… ဒါနဲ့ မှန်းပလိုက်တော့ ရှင်ဘုရင် မင်းမြတ်
တို့ စိုးစံ ရာ ဘုရင်ဧကရာဇ် ခေတ် သာဖြစ်မဗျ…ဒီကားပုံ နဲ့ ဒီကာလ ရဲ့ အဖြစ်ကို တွေးကြည့်မပေါ့..(ဒီခေတ်တော့ မပါဘူးထင်ပါ့ ) .
အဲ့ကာလ အဲ့ခေတ် တုန်းက
တရားစီရင် ရေးတော့ ရှိသဗျ…ဒါပေမယ့်…ရဲ တဲ့သူက တော့ ဘုရင် ဖြစ်တတ်ကြတယ်…ဥပမာ အကိုဘုရင် အဖေဘုရင်ကို သတ်ပြီး ဘုရင်
လုပ်တာတို့၊ သူများဘုရင်
သတ်ပြီးဘုရင် လုပ်တာတို့ ပြောရရင် ဇတ်တူသားစားသည်ပေါ့… ရာဇဝင်ပြောရကြေးဆို ကနောင်မင်းသားလုပ်ကြံမှုလိုပေါ့.. ( မြင်ကွန်းမြင်း
ခုန်တိုင် အရေးအခင်း
တွင် ကနောင်မင်းသား လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။ကနောင်မင်းသားနှင့်အတူ
မလွန်မင်းသား ၊ စကုမင်းသား၊ ပြင်စည်မင်းသား သုံးပါးလည်း အသက်ဆုံးပါးရသည် လို့ ဆိုသဗျ…)မင်းတုန်းမင်း က လွတ်ခဲ့ပေမယ့်
မလွတ် ရင်
မြင်ကွန်းမင်းသားကဘုရင်ဖြစ်မပေါ့နော်… အခြားသော ဥပမာတွေ လည်း ရှိသဗျ…ရာဇဝင်အစုံရေးပြ ရရင်တော့ စာရှု သူလည်း မျက်မှောင်ကျုံ့
လေရော့မယ်…အဲ့
ခေတ်က လိုပြောရရင်ကြောက်တတ်တဲ့ လူကတော့ ဘာမှမဖြစ် ကိုယ့်လက်ရှိနေရာမှာပဲ နေရမယ့်သဘောဗျ…လုပ်ရဲကိုင်ရဲတတ်တဲ့ လူကတော့
ရှင် ဘုရင်တောင်
ဖြစ်နိုင်တယ် တဲ့ဗျ..အဲ…အဲ့လိုတွေးတော့လည်း အင်မတန်ကြောက်စရာကောင်းလှ တဲ့ စကားပုံဖြစ်လေရောဗျ….မြန်မာ့သမိုင်း မြန်မာ့ ရာဇဝင်ထဲ
က စရိုက်ကို
ဖော်ကြူးထားသလိုဗျ…တွေးရင်တောင် မျက်စိကျိန်းသဗျ… စေ့စေ့ တွေးတော့လည်း စေ့စေ့မြင်သကိုး… အဲ..ကျွန်တော်လည်း အကောင်းဘက်
က လှည့်တွေး
ရမပေါ့နော်…နို့မို့ ရင်ရာဇဝင်လည်း ငါ သေအောင် သူသတ် ဘုရင် ဖြစ်၊ သူသေ အောင် ငါသတ် ဘုရင် ဖြစ် ဖြစ်နေရော့မယ်လေ… ရဲရင့် တဲ့
လူတွေ လည်း ဘုရင်
ဖြစ်သွားသည်ပေါ့နော်… ဗန္ဓု လ လို ဘုရင့်နောင် လိုမပေါ့နော်….အဲ့ဒီ လိုနဲ့ ပဲ စိတ်ဖြေ ကာ ကြိတ် နေရသည်ပေါ့….စာရေးဆရာကြီးတွေ
ပြောသလို ရသ စာပေဆို တာ
ဘယ်နေရာဘယ် ပုံစံ ပဲဖြစ်ဖြစ် တွေးတတ်ရင် အသုံးဝင် သည်ဆိုမပေါ့… စာလည်း ရှည် သည် ထင် သဗျ….စာရှုသူလည်း စေ့စေ့တွေး
ပြီးစေ့စေ့ ထင်စေချင် လေတော့ ရေချမ်းတော့ အရင်တွေး အရင် ကြောက်..အဲ..အားတက်မိတယ်ဗျ…
မည်သူ မည်ဝါ ကိုမှ တိုက်ခိုက်တာလည်းမဟုတ်…စာရှုသူတို့လည်း စာရေးသူတို့အတိုင်း ဘက်စုံမြင်တတ်အောင် တင်ပြခြင်းဖြစ်သဖြင့်
စာအရသာပျက် စေခဲ့လျှင်လည်း… ရေချမ်း သာ အပြစ်ဖို့ကြပါလို့………………
3 comments
kai
September 17, 2011 at 1:19 pm
ကိုရင်ေ၇..
ကိုယ်တိုင်ပြင်လို့..ဖြည့်လို့ရပါတယ်.။
edit ကိုသုံးပြီး ထပ်ဖြည့်လိုက်ပါနော..။
မီးမီး သော်
September 17, 2011 at 2:02 pm
ဖြစ်နိုင်တာက အ ဆိုပါလား ကိုရေချမ်းရေ။မြန်မြန် edit လုပ်ပါနော့။စောင့်ဖတ်နေပါတယ်။
မောင်ရေချမ်း
September 18, 2011 at 9:02 pm
ကို kai ရေ အတိုင်းမသိ ကျေးဇူးပါဗျာ…Edit ပြီးပြီ ဆိုတော့ စေ့စေ့တိုက်လိုက်ကြပါနော်…