ခရီးမရောက်သောကြယ် ( အချစ် ၊ လုံးချင်း၊ ဝထ္ထုလတ် )
*
“ ဝူး….’’ ခနဲ ဖြတ် သွားသော အရှိန် ပြင်းပြင်း
မောင်းနှင်နေသော ဆိုင်ကယ် မှာ အသ ံမျှ သာကျန်ခဲ့၏။ လမ်းကွေ့ ၊ လမ်းချိုးများ
နှင့် ကားများကို ကျွမ်းကျင်စွာ တိမ်းရှောင်ရင်း ဟန်ချက်ညီမောင်း နှင်နေသည်။
Sonic ဆိုင်ကယ်ဦးထုတ် နှင့် ဂျာကင် အနက်ရောင် ၊ ဂျင်းပင်အနက် နှင့်
လူလတ်ပိုင်း အရွယ် သူငယ်တစ်ဦးမောင်း နေခြင်း ဖြစ်သည်။
ထိုစဉ် တဖက်ပလက်ဖောင်း မှ ဇီးရိုး (Zero) ကွာတား ခေါ် ပေါင်းရင်း ရောက်မတက်
ဘောင်းဘီဝတ်ဆင် ထားသော မိန်းကလေးငယ်တစ်ဦး သည် အိမ်မွေး နိုင်ခြံခွေးကလေး အား
ကြိုးလေးဖြင့် ချည်နှောင်ထားကာ လမ်းလျှောက် ထွက်နေသည်။ မိန်းကလေးငယ်
၏ချစ်စဖွယ်အမူအရာသည် ဖြတ်သွားသူ ကျား၊ မ မှန်သမျှ ရုတ်ချည်း
လှည့်ကြည့်နိုင်လောက်သော ရုပ်ရည်ပိုင်ဆိုင်ထားသူဖြစ်သည်။
ဆိုင်ကယ် အရှိန်ဖြင့်မောင်းနှင် သောသူငယ်သည်
အနှီသူငယ်မ အားမြင်သောအခါ မျက်တောင် တစ်ခပ်မျှ ကြည့်မိလိုက်၏။ မမျှော်လင့်ပဲ
ဝင်လာကံကြမမာဆိုးသည် တစ်ခါတစ်ရံ ၌ အထုတ်အပိုး မပါပဲ လက်ဝယ်အရောက် ဝင်လာတတ်သည်။
ရှေ့သို့ ပြန်အလှည့် ဆိုင်ကယ်ပြေးလမ်းသို့ ဝင်လာသော ကလေးငယ် တစ်ဦး အနောက်မှ
အုတ်ထိန်းသူမှ လိုက်ဆွဲနေသည့်ဟန်…….။ဆိုင်ကယ်အား မတိုက် မိအောင်
ဂိုက်အားခေါက်ချလိုက်သည်။ ထိုစဉ် ရှေ့မှာ လမ်းလျှောက်နေသော ပုံရိပ်တစ်ခု။
“ ဒုန်း…” ဆိုသော အသံ နှင့် အတူ လေဟနယ်ထဲရောက်သွား သည်ကိုတော့ သူ့ကိုယ် သူ
သိသည်။ ထို့နောက်ခြေ လွတ် လက်လွတ် ဖြင့် မြေကြီးပေါ်ပြန်အကျ ။
ညှင်သာအိစက်ခြင်းမရှိသော အောက်ခံဖြင့် ထိတွေ့ရသော အခါ ဘာကိုမှလည်း သတိမရတော့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဗန္ဓုလ လမ်းမကြီး ၏ဘေးတစ်ဖက်တွင် စိုးရိမ်တကြီးမျက်လုံးများ ဖြင့် ကလေးငယ်ကို
ဖက်ထားသောမိခင်နှင့် လူတချို့ ။ ထိုနှင့်မနီးမဝေးတွင်
ရှေ့တစ်ခြမ်းလုံးပျက်ဆီးနေသောဆိုင်ကယ်နှင့် အတူ မိန်းကလေးတစ်ယောက်
ယောကျင်္ားလေးတစ်ယောက် ။ ထိုယောကျင်္ားလေး ၏ နားထင်မှစီးကျလာသော သွေးများ နှင့်
မိန်းကလေးကိုယ် ရှိ သွေးများကြောင့် လူအများ ဝိုင်းအုံ ၍ သူသယ် ကိုယ်သယ် ဟူသော
အကြည့်ဖြင့် ကြည့်နေကြသည်။ ထိုလမ်း ၏ တဖက်တွင်တော့ ထိုအဖြစ်အပျက်ကို သူနှင့်
မဆိုင်သလို ကြည့်ပြီး ခြေလှမ်းများ ပြန်လည် အသက်သွင်းနေသော အမွှေးဖွား
ခွေးကလေးနှင့် မိန်းမငယ်တစ်ဦး….။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘ ဘာ မင်းတစ်ကယ်ပြောတာလား …’
‘ ငါပြောတာ ၁ဝ ခေါက်မကရှိနေပြီ……ငါမင်းကိုမလိမ်ပါဘူးကွာ…’ အာကာ
သူ့ကိုမလိမ်ဘူးဆိုတာကိုတော့သူ သိသည် ။ သို့သော် သူဖြေထားသော စာမေးပွဲကို
သူကိုယ်တိုုင် အောင်မည် မဟုတ်ဟု ယုံကြည် ထား ၍ အာကာက အောင်တယ် ဟု ပြောနေသည်ကို
ထပ်တလဲလဲ မေးနေခြင်းဖြစ်သည်။
‘အေးပါကွာ…ငါ က သေချာချင်လို့ပါ…. ဖြေပြီးကတည်းက မအောင်ဘူးဆိုပြီး…ဒီနေ့တောင်
အိပ်နေတာ..’ဟုတ်သည်။ မ နက်ကတည်းက အိပ်တာ အာကာတို့လာခေါ်မှ လဘက်ရည်ဆိုင်
လိုက်လာခြင်းဖြစ်သည်။ သူတို့က အောင်တာကို သိသည်ထင်ပြီး မပြောသေးပဲ
လဘက်ရည်ဆိုင်ရောက်မှ စကား က အဲ့ဒီကို ရောက်တော့မှ သူအောင်သည် ကို
သိခြင်းဖြစ်သည်။
‘အေး….မင်း အဲ့လိုဖြစ်တာလည်း ဒီနှစ်မှမဟုတ်တာ…..အရင်နှစ်တွေလည်းမအောင်ဘူး
ဆိုပြီးအောင်သွားတာပဲကို…’ ဉာဏ်လင်းထွန်း က
ဝင်ပြောသည်။သူပြောတာလည်းဟုတ်သည်။မအောင်ဘူး ထင်ပြီး တစ်နှစြ်ပီးတစ်နှစ်
တက်လာခဲ့တာ ၃ ယောက်စလုံး နောက်ဆုံးနှစ် (Final ) ပင်ရောက်နေပြီဖြစ်သည်။
‘အဲ့ဒါဆိုလည်း တူတူမွှေလို့ရပြန်ပြီပေါ့ကွာ….’ သူရိန် ၏စကားဆုံးသည် နှင့် ၃
ယောက်လုံးတိုက်မထားပဲ ပြုံးမိကြသည်။
အာကာ (မင်းအာကာ ) နှင့် ဉာဏ်လင်းထွန်း တို့သည် သူရိန် နှင့် တစ်နယ်တည်းသား
တွေဖြစ်သည်။ ထို့ကြောင်း တကသိုလ် တက်သောအခါ မြို့ပေါ်တွင်သွားတက်ရသည်။
တစ်နယ်တည်းသားလည်းဖြစ်၊ ငယ်ပေါင်းတွေလည်းဖြစ်တော့ ပြောမနာဆိုမနာနှင့် တတွဲတွဲ
ဖြစ်သည်။ ယူတော့လည်း မေဂျာက အတူတူ တိုက်ယူထားကြသည်။
တစ်ယောက်အကြောင်းတစ်ယောက်သိတွေမို့ တစ်ယောက်ပါးစပ်ဟသည် နှင့်တစ်ယောက် က
ဘာပြောမှန်းသိနေပြီ။
ဝါသနာလည်းတူသည်။ စတာနောက်တတ်တာ လည်းတူကြသည်။ ရည်းစားမရှိတာခြင်း လည်းတူကြသည်။
ရုပ်ရည်ကလည်း အဆိုးကြီးတွေထဲကတော့မဟုတ်။ ရည်းစားချောတစ်ယောက်လောက် ရနိုင်သေ
ရုပ်ရည်မျိုးထဲက ဖြစ်သည်။ ငွေရေးကြေးရေးလည်း ပြောစရာမလို။ ဒါဆို
အဘယ့်ကြောင့်နည်း ? ။ သူတို့ချစ်နေကြသော မိန်းကလေးများရှိသည်။
ထိုမိန်းကလေးများကတော့ သိမသိတော့ မသိ။ သူတို့ကတော့ သူတို့ အတွေးနှင့်
သူတို့ပျော်နေကြသည်။မေဂျာကမတူ သောကြောင့် တကူုးတက သူတို့ မလိုက်ကြခြင်းလည်း
ဖြစ်သည်။သို့သော် ချစ်တာတော့ ချစ်ကြသည်။ တစ်နှစ်ပြောဖြစ် ၊ နှစ်
နှစ်ပြောဖြစ်နှင့် တစ်နှစ်မှ မပြောဖြစ်ပဲ နောက်ဆုံး ဖိုင်နယ်ပင်ရောက်ခဲ့လေပြီ။
အပေါင်းအသင်းလည်း သိပ်များများစားစားတော့မရှိ ။ ပျော်ပျော်နေတတ်ခြင်းသည်
သူတို့၏ ဗီဇ လို့ပြောရင်မှားမည်ဟုမထင် ။သွားလေ ရာစတတ် နောက်တတ်ခြင်းကြောင့်
လူသိတော့ များသည်။ ဥပမာတစ်ခု ပြပါဆိုရင်………………….
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒုတိယနှစ်တွင်ဖြစ်သည်။ နေ့ခင်းဖက် ထမင်းစားပြီး ဘာသောက်ရင်ကောင်းမလဲဟု
စဉ်းစားနေရင်း ဉာဏ်လင်း ပေးသော idea ကြောင့် မိန်းလမ်းမကြီးက မာမူကြီး
အအေးဆိုင်ကို ခြေဦးလှည့်ခဲ့ကြသည်။ အကြောင်းရင်းမှာ ဒိန်ချဉ် သောက်ရန်ဖြစ်သည်။
ဆိုင်ကိုရောက်တော့ ဒိန်ချဉ်မှာသောက်ရင်း ပျင်းလာကြသည်။ လူတွေကနေပေမယ့်
ပညာတွေကတေ့ာ မနေနိုင်။ ဆိုင်ပိုင်ရှင် မာမူကြီးမှာ လူပျိုသိုးကြီးဖြစ်ပြီး
အရှက်အကြောက်ကြီးသည်ဟု ကြားထားကြသည်။ အာကာမှစ ၍ ‘
မာမူ….ဒိန်ချဉ်ကတော်တော်ကောင်းတယ်နော်…’
‘ဟရေး….ကောင်လေးတို့ ကောင်းတယ်ဆိုတယ်နော်…ကုလားကကောင်းကောင်းပဲ
လုပ်တယ်….မကောင်းတာမလုပ်ဘူး…နောက်လည်းအားပေးရမယ်….’
‘မာမူ…..ငွေပန်းတွေက မာမူစိုက်ထားတာလား…’ ဆိုင်ရှေ့ ရှိ ငွေပန်းပင်ကို
လက်ညှိုးထိုး ၍ ဉာဏ်လင်းက ပြောလိုက်သည်။
‘ဟရေး….ကုလားလေ….အပင်စိုက်တာသိပ် ဝါသနာပါတယ်….အပင်တွေကိုချစ်တယ်
…အပင်တွေကိုစိုက်တယ်…. ဒီအပင်လေ.. ကုလားစိုက်ထားတာ ကြာပြီ… လှလို့ ပ
လို့…ဟီ..ဟိ’ မာမူကတော့ သူ့စကားနှင့်သူ သဘောခွေ့နေသည်။ထိုစဉ် သူရိန်မှ ‘ မာမူ့
မှာ ရွှေပန်းကော မရှိဘူးလား…’
‘ဟမ်…ကုလားမှာလား… မရှိဘူး….ရွှေပန်းတော့..’မာမူဖြေတာတော့
ရှင်းရှင်းလေးပင်။သူမစိုက်လို့ သူ့မှ မရှိကြောင်းပြောခြင်းဖြစ်သည်။ သို့သော်
ရှင်းရှင်း မဟုတ်သည် က သူတို့အုပ်စု။ ရှင်းရှင်းပြောသည်ကို ရှင်းရှင်း မလုပ်ပဲ
မရှင်းတရှင်း လုပ် ၍ မရှုပ် ရှုပ်အောင်ဖန်နေကြသည်။
‘ဟာ…. ဒါဆို မာမူ က အင်ကြီးပေါ့….’ မာမူ တစ်ချက်တွန့်တက်သွားသည်။ ထို့နောက်
သူတို့ ဝိုင်းကို ကြည့်ပြီး ခေါင်းကုတ်သည်။ နောက်မှ စဉ်းစား ၍ ရသွားဟန်ဖြင့်
ဒိန်ချဉ် ခပ်သော ဇွန်းဂေါက်ကြီးဖြင့် လိုက်ရိုက်သည်။ သူတို့ အားရပါးရရယ်ကာ
ပြေးကြသည်။ မာမူ ၏ နှုတ်မှ ရေရွတ်သံများ တိုးသထက် တိုးသည် အထိ သူတို့ရောက်တော့မှ
ပြန်လည် ရယ်နေကြသည်။ မာမူ့ဒိန်ချဉ်ဆိုင်မှာ ကျန်ခဲ့သောမိန်းကလေးများ ထံမှ ခွိ
ခွိ နှင့် ရယ်သံတစ်ချို့ထွက်လာသည်။ မာမူ လှည့်မကြည့်ရဲ။ တအောင့်ကြာတော့..
‘မာမီရေ ဒီဝိုင်းရှင်းမယ်…..’ ဟူသော အသံ ခပ်နွဲ့ နွဲ့ ကို ကြားလိုက်ရသည်။
နောက်တနေ့တွင် သတင်းတစ်ခုကြားရသည်။ ဒိန်ချဉ်ရောင်းသော ကုလားကြီးတစ်ယောက်သည်
ဒိန်ချဉ် ခပ်သော ဇွန်းကြီးက တစ်ဖက် ၊ ရေခဲ ခွဲသော တုတ် က တစ်ဖက်နှင့်
ကောင်မလေးသုံးယောက် နောက် လိုက် ရိုက်နေသည် ဟူ ၍ ဖြစ်သည်။ ထို့နောက်
နှုတ်မှလည်း…
‘ ဟိုအကောာင်သုံးကောင် လည်း နောက်တစ်ခါ ပြန်လာထိုင်ရဲ ထိုင်ကြည့်…. ကုလား တုတ်
နဲ့ တအား ခုတ်ပစ်မယ် …..’ စသဖြင့် ရေ ရွတ်သံများဖြင့်………………..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နောက်နေ့ မှစ ၍ သူတို့ လည်းအဲ့ဒီဆိုင်မှာ မထိုင်ရဲတော့.။ ရှေ့က
ဖြတ်လျှောက်ရင်တောင် ခပ်သွက်သွက် လျှောက်ရသည်။ မာမူက လက်နက်ပုန်းတွေ
နဲ့တိုက်ခိုက်မှာစိုးသောကြောင့်ဖြစ်သည်။ အခုလည်း ဖိုင်နယ် ရောက်ပြီဆိုတော့
ကျောင်းအပ် စာအုပ်ထုတ် နှင့် ကာလ တစ်ခု လွန်မြောက်ပြီး ချိန်တွင် ကျောင်းတက်
ရက်သို့ ရောက်လေပြီ။ သို့တည်းမဟုတ်.. တဖက်သက် အချစ် တဖန် နိုးထ လေပြီဟု
လည်းဆိုနိုင်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*မတတ်သည်များကို
လေ့လာသင်ယူရသည်…
ထို အထဲတွင်…
အချစ်သည်လည်း
သင်ခန်းစာသစ် အဖြစ် ပါဝင်နေလိမ့်မည်။
အချို့က…….
မွေးရာပါချစ်တတ်ကြသည်…။*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အဆောင်ကထွက်လာကတည်းက ဘာမှမစားရ သေး ၍ ဗိုက်ထဲ က ညာသံ ပေးနေသည်။လမ်းကို
ခပ်သွက်သွက်လျှောက်ရင်း Violet ဆိုင်ကလေး သို့ ဦးတည်လိုက်သည်။
အချစ်တော်မျောက်လောင်း ၂ ကောင်က ရောက်နှင့် နေပြီ။ ကြည့်ရတာ အဆောင်က နေ သူနှင့်
ရှေ့ဆင့်နောက်ဆင့် မစောင့်ပဲ ထွက်လာပုံရသည်။ ဘာမှတော့မမှာရသေး ၊
မှာတုန်းပင်ရှိသေးသည်။ ဆိုင်ထဲသို့ဝင်ပြီး နီးရာခုံလှမ်းဆွဲထိုင်လိုက်သည်။
ထမင်းကြော်နဲ့ကြက်ဥဟက် ဟု မှာနေကျအတိုင်း မှာလိုက်သည်။
‘သူ ရိန်..မင်းမတွေ့သေးဘူးနော်မိုးမခနဲ့…၊ငါ့ကောင်မလေးကတော့ ရှုံးလို့
မတက်တော့ဘူးတဲ့….ဟင့်… ကွဲပါပြီကွာ… ရှိစုမဲ့စု အသည်လေးတော့..’ နံနက်စောစောကြီး
ဉာဏ်လင်းက လာညည်းနေသည်။
အာကာမှဆက် ၍ ‘ ငါလည်းဘာထူးလို့လည်း….မနေ့ က အဆောင်ကို လာတော့ စစကြားတဲ့သတင်းက
ဆောက်နဲ့ ထွင်းသလိုပဲ…’ ‘ဟေ…ဘာလို့လဲ…’ သူရိန် မမေးပဲ မနေနိုင်တော့။ တစ်ယောက်က
အသည်းကွဲရုံ ရှိသေးတယ်.. သူကပါ ဘာဖြစ်မှန်းမသိ။
‘ယောကျင်္ားရသွားပြီတဲ့… ဟင်း…တရားတောင်ထိုင်ရမယ့် ကိန်း ပေါက်နေပြီ….’
အာကာကြည့်တော့လည်း သနားစရာ။ ဉာဏ်လင်းကြည့်တော့လည်း ကြေကွဲနေသည်။ ခေါင်းကိုသာ
တွင်တွင် ရမ်းလိုက်သည်။ရေနွေးကြမ်း ငှဲ့နေတာကို ရပ် ပြီး ဝိတ်တာလေးလာချ ပေးသော
ထမင်းကြော်ကို သာ အာရုံထား စားနေသည်။
‘ သူရိန်…ဟိုမှာမင်းရဲ့ မာနရှင် မင်းသမီးလာပြီ….ကြည့်ရတာ
ရည်းစားမရသေးဘူးထင်တယ်… အရင်အတိုင်းပဲ…’ အာကာ မေးဆက် ၍ ညွှန်ပြရာသို့
လှမ်းကြည့်လိုက်သည်။ ဟုတ်ပါသည်။ ကျွန်ုပ် ၏ မာန ရှင်မင်းသမီးလေး မိုးမခ မှ
မိုးမခ အစစ်၊ ဘေးမှာလည်း မေဂျာတူသူငယ်ချင်းတွေဖြစ်တဲ့ ယွန်းအိနွေး နှင့်
ဖြူဖွေးတို့ နှစ်ယောက် ၊ သူတို့ နှစ်ယောက်ကတော့ အနည်းငယ်ခင်သည်။ ထို့ကြောင့်
ဆိုင်ထဲ ဝင်နေ ရင်းသူတို့ အဖွဲ့အား လှမ်း ၍ ပြုံးပြသည်။ သို့သော် သူရိန် ၏
မျက်လုံးများက တောက်တဲ့များ တိုင်ကပ်သလို ခွမရဖြစ်နေသည်။
‘အလို….လှရက်လိုက်တဲ့ချစ်ရသူ….ဝင်းနေတဲ့ပါးမှာ သနပ်ခါးပါးကွက်ကြားလေးနဲ့….
နှုတ်ခမ်း နီ ရဲရဲ မဆိုးထားပဲ ပင်ကိုယ် ရဲနေသော နှုတ်ခမ်းဖူးလေး..၊အဝါရောင်
ဝမ်းဆက် နှင့် အချိုးကျသော ခနာကိုယ် ကောက်ကြောင်း…၊မာနကလွဲလို့ အစစ အရာရာ
ပြောစရာမရှိအောင် လှနေခြင်း’ စိတ်ထဲက သ အတွေးနယ်ချဲ့နေသည်။
လှလိုက်တဲ့ချစ်သူ…မင်းအလှမှာ ထမင်းကြော်ဇွန်းတောင်ဆက်မလှမ်းနိုင်ပဲ
လေမှာတံ့နေပြီ။ အို…လှရက်လိုက်တာ… မင်းအကြည့်မှာ ဟ နေတဲ့ပါးစပ်တောင် စိဖို့
ခက်ခဲနေသလို..။
‘သူရိန်…ဘာငမ်းနေတာလဲ…’ အော်တပိုင်းနှင့် ပြောလိုက်သောအာကာ့စကားကြောင့်
အတွေးစပျက်ကာ ရှက် ရမ်းရမ်းဖြင့် ထမင်းကြော်တစ်ဇွန်း ကောက်ဝါးလိုက်သည်။
‘ အု’ ကိုယ်တိုင်မလုပ်ပဲ ထွက်လာသော အသံတစ်ခု။သူ့ဆီက တော့မှန်သည်။အာကာနှင့်
ဉာဏ်လင်းတို့ကတော့ ပြုံးစေ့စေ့လုပ်နေသည်။ သူတို့ ၂ ယောက်ကို လက်ညှိုးထိုးကာ သူ
ချွေးများ ပြန်လာသည်။ ထို့နောက် ပါးစပ်ရှိတာကို လည်ချောင်းထဲ ခက်ခဲစွာ
ဆင်းခွင့်ပြုလိုက်သည်။ ထို့နောက် သူ ဟန်မဆောင် နိုင်တော့… ‘
ေ၇…..ရေ….ပေးစမ်း…အား…ရှုး….ရှုး….ဟား…..စပ်လိုက်တာ….မင်းတို့..
အကျင့်….ရှုး…ရှုး…. ယုတ်တယ်..’ သကောင့်သား ၂ ကောင်
ခွပ်ထိုးခွက်လှန်ရယ်ကြတော့သည်။ အမှန်က သူ မိုးမခ ကိုကြည့်နေတုန်း သူခပ်ထားတဲ့
ဇွန်းထဲ ငြုတ်သီး တစ်တောင့်ထည့်လိုက်သည်ကို သူမသိ ၍ ကောက်ဝါးမိခြင်းဖြစ်သည်။
ဘယ်ကတည်းက စပ်ချင်းမှန်းမသိ စပ်နေသောသူ့ကို ကြည့်ကာ ဘေးဝိုင်းများမှ ပင်
ရယ်နေကြသည်။ ဟို ၂ ကောင်ကတော့ ဗိုက်ဖိ ရယ်သူကရယ် နှင့်..။ မိုးမခတို့ဝိုင်းကို
မသိမသာ ခိုးကြည့်မိလိုက်သည်။ သူမ ပြုံးနေသည်။ ချစ်သူရှေ့ ငြုတ်သီးစပ်ပြီး
ရှုးရှဲဖြစ်နေပြီး ရှက်နေသောသူ့ကို ကြည့်ကာ သူမ ပြုံးနေသည်။
ထို့နောက်မျက်နှာလွှဲလိုက်သည်။သူလှည့်ကြည့်လိုက်သော ကြောင့်ဖြစ်မည်။
သူ့ပါးစပ်ထဲတွင် ငြုပ်သီးက မိုးမျှော်လားတော့မသိ အစွမ်းပြလိုက်သောကြောင့် ဂုဏ်
ယူနေသလို အရှန်ကြောင့် အစပ်ကမပြေသေး၊ သူ့ရင်ထဲ မှာတော့ သူမ ၏ အပြုံးကြောင့်
ချိုမြိန်နေသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*အချစ်သည် တစ်ခါတစ်ရံ
လူသားတို့ကို ချိုမြိန်စေသည်….
သို့သော်…
တစ်ခါတစ်ရံ တွင်လည်း
ခါးသက်အောင်ပြုပြန်သည်။*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘အမှန်က ပဟေ ဠိ ဆို တာမျိုးက ဦးဏှောက်ကို သွက်လက်လာအောင် လုပ်ပေးတဲ့အရာကွ..’
ထုံးစံအတိုင်း သူရိန်ဦးဆောင် နောက်လိုက် ၂ ယောက် နှင့် အနောက်ကန်တင်းတွင်
အာပေါင် အာရင်းသန်သန် လေပေါနေခြင်းဖြစ်သည်။ အာကာ နှင့် ဉာဏ် လင်းက လည်း
ထောက်ခံသလို ခေါင်းတညှိတ်ညှိတ်နှင့်ပင်။အာကာမှစ ၍ ‘ ဒါဆို စကားထာ ဝှက်မယ်..ငါ
စဝှက်မယ်..’ ကျန်သူများက မေးဟူသော အဓိပ္ပာယ် ဖြင့် ခေါင်းဆတ်ပြလိုက်၏။
‘ မေးခွန်းကလွယ်ပါတယ်…ဒီလိုကွာ… ဝါဂွမ်းတစ်ပိသာ နဲ့ သံတစ်ပိသာ နဲ့ ဘယ်ဟာက
ပိုလေးမလဲ…’ တစ်ယောက်က သံ တစ်ယောက်က ဝါဂွမ်းနှင့် ၂ ယောက်ကျန်းတာကို
တစ်ယောက်တစ်မျိုးပြောကြသည်။ အဖြေက မှားသည်။ ‘စဉ်းစားကြည့်လေ ၂ ခုလုံး
၁ပိသာချိန်ထားပါတယ်ဆိုမှ ၂ ခုလုံးက အလေးချိန်တူတာပေါ့ကွ’
သတဲ့..။ဟုတ်သလိုလိုနှင့် ခေါင်းလိုက်ညှိတ်လိုက်သည်။ ဒီတစ်ခါသူ့အလှည့်.
‘ ရှုလည်း ရှု ၊ ပူလည်းပူ ၊ နှာရည်တွေလည်းပွက်ပွက်ဆူ တဲ့ အဲ့ဒါဘာလဲ’ ဟို ၂
ကောင်စဉ်းစားရ ကြပ်သွားသည်။ မေးခွန်းက choice မဟုတ်…တစ်ခု သာဖြစ်သည်။
စဉ်းစားမရသည့်အဆုံး ပန်းပေးတော့မှ သူက ‘ အဲ့ဒါ ရှုဘူးလေကွာ….
ရှုတေ့ာလည်းရှုတယ်…သူကပူတယ်လေ…နောက်ပြီး နှာခေါင်းပိတ်ရင် ရှုတေ့ နှရည် ကျတာပေါ့…’
ဟိုနှစ်ကောက်ကတော့ နှစ်ခမ်းကို လိမ်ကို လေးလံစွာခေါင်းညှိတ်နေကြသည်။
‘ဒါဆို ငါ့အလှည့်ပေါ့…ငါမေးမှာက ခေါ်တောတစ်ထောင် Girl တဲ့…အဲ့ဒါဘာလဲ…’ ဉာဏ်လင်း
မေးတဲ့မေးခွန်းက ဆန်းသည်.။ ဘာကြီးမှန်းမသိ။ ခေါ်တောတစ်ထောင်က ဘယ်လိုလုပ် ဂဲလ်
ဖြစ်ရတာလဲ ဟူ ၍ ပင်။ တော်တော်စဉ်းစားရ ကြပ်သည်။
သူ ထိုင်ရမှ ထရပ် ၍ တိုင်နားမှာ ရှိသော မီးခြစ်အနားကို ကပ် ၍
ဆေးလိပ်မီးညှိလိုက်သည်။ထို့နောက် မျက်နှာ ဝင်းလက်သွားပြီး တစ်ဖက်သို့လှည့်ကာ
အဖြေကို လှမ်းပေးလိုက်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူမ မနက်ကတည်းက ကော်ဖီပဲသောက်ထားသည် မို့ နေ့လယ် အတန်းဆင်းဆင်းချင်း
နောက်ကန်တင်းသို့ ချက်ချင်းလှမ်းခဲ့သည်။ ယွန်း နှင့် ဖြူဖွေးတို့ က Toilet
သွားနေ ၍ ထိုနေ့ သူမတစ်ကိုယ်တည်း
နောက်ကန်တင်းသို့ ရောက်လာခြင်းဖြစ်သည်။ထိုစဉ်
သူမဘက်ရုတ်တရတ်လှည့်ကာအော် သောလူငယ်တစ်ဦး….
‘ငန်းမ….’ သူမ ရင်းရင်း နှီးနှီးမြင်ဖူးသည့် ရုပ်ပင်။နောက်မှသတိရသည်။ သူရိန်
…သူရိန်မှသူရိန်…မမှားနိုင်.။ ဆေးလိပ်လက်ကြားညှပ် ၍ သူမဘက်လှည့်ပြီး ငန်းမ ဟု
အော်လိုက်သည်ကို သူမ အနည်းငယ် ကြောင်သွားသည်။
ထို့နောက် မျက်စောင်းခပ်စူးစူးထိုး ၍ ထိုဆိုင်မှ ထွက်ကာ ဘေး ဆိုင်တွင်
ဝင်ထိုင်လိုက်သည်။ ထပ်မံမမြင်ချင်လို ၍ သူတို့ ထိုင်သော ဆိုင် နှင့်
နောက်ခိုင်း ထိုင်လိုက်သည်။ ထမင်းသုတ် တစ်ပွဲ မှာ ပြီး အကြောင်းမဲ့
တစ်ရှုးများအား ဘူး အတွင်းမှ ဆွဲထုတ်နေသည်။ ဆုတ်ဖြဲနေသည်။ စိတ်ထဲမှလည်း
ရေရွတ်နေသည်။ သူ သူမကို ချစ်နေသည်ကို တစ်ကျောင်းလုံးသိသည်။ သူမလည်းသိသည်။
သို့သော် သူမ တစ်ယောက်တည်း လာသော အချိန်မှ သူမ အား ငန်းမ လို့ ခေါ်လိုက်သည်ကို
သူမ တော်တော် စိတ်ဆိုးနေသည်။ ကြိတ်မခဲနိုင်ဖြစ်နေပြီး သူမ မာန အား ချိုးခံရသလို
ခံစားလိုက်ရသည်။ သူမ ကို မရရင်လည်း ထိုကဲ့သို့ မပြောသင့်ဘူးဟု သူမ ထင်နေသည်။
သို့သေ် သူ ပြောခဲ့သည်။ သူမ အံကြိတ်ထားသည်။ မျက်လုံးများက လည်း မျက်နှာနှင့်
မလိုက်အောင် မီးတောက်နေသည်။စားပွဲထိုးလေးလည်း ထမင်းသုတ် ချပေး ပြီး သူမအား
တစ်ချက်ကြည့်ကာ ခပ်မြန်မြန် ထွက်သွားသည်။ သူမ ဘာကို မှ ဂရုမစိုက်နိုင်ပါ။ သူမ
နားထဲတွင် ကြးနေရသည် မှာစကားတစ်ခွန်းပင်ဖြစ်သည်။ ‘ငန်းမ’
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘ငန်းမ….’သူ့အသံအနည်းငယ် ကျယ်သွားမှန်းတော့သိသည်။သို့သော် သူစဉ်းစား ၍ ရသည်ဟူ ၍
ပန်းမပေးလိုသောကြောင့် ခပ်မြန်မြန်ဖြေ လိုက်ရသောကြောင့်ဖြစ်သည်။အခြေအနေက
အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ ဆေးလိပ် မီးညှိပြီး ဒီဘက်ပြန်အလှည့် သူ၏
အော်သံနှင့် အတူ မထင်မှတ်ပဲ တွေ့လိုက်ရ သော မိန်းကလေးတစ်ယောက်..။
မိုးမခ…ဟုတ်သည်….မိုးမခမှ မိုးမခပင်။ နည်းနည်းမှမမှား။ သူ၏ မာနရှင် မင်းသမီးလေး
၊ physics ကွင်း လေး မိုးမခ ပင်။ ရုတ်တရတ် တွေ့လိုက်ရသော်လည်း သူမ မျက် နှာ မှာ
အနည်းငယ်ခက်ထန်သွားဟန်ရှိသည်။ သူတို့ထိုင်သော ဆိုင်သို့ မဝင်ပဲ ဘေးဆိုင်သို့
ဝင်ပြီး သူတို့ နှင့် နောက်ခိုင်းထိုင်နေသည်။ သူမဘာဖြစ်သွားတာလဲ သူ
မစဉ်းစားတတ်။ နောက်မှ သေချာတွေးကြည့်သည်သူ သူမဘက်လှည့်ပြီး ငန်းမဟု
အော်လိုက်သောကြောင့်ဖြစ်မည်။ သူမ စိတ်ထဲ သူ သူမ အား ငန်းမ ဟု ပြောလိုက်သည် ဟု
ထင်သွားပုံရသည်။ ‘ ဟာ….မှားပြီ….’ နှုတ်မှ ထွက်သွားသည်။
‘မမှားဘူး…မှန်တယ်….ခေါ်တော်တစ်ထောင်က ငမ်းတာ…ဂဲလ် က အမ လေ…ငမ်းအမ ဆိုတော့ ငမ်းမ
(ငန်းမ) ပေါ့…’ ဟု ပြောကာ ဉာဏ်လင်းက သူ့မေးခွန်းအဖြေကို
သူရိန်မှန်ကြောင်းပြောနေသည်။ ထို့နောက် အာကာနှင့် ငြင်းခုံသလိုလို ပြောနေကြသည်။
နားထဲတွင် မကြားရတော့ သူ ၏မျက်လုံးများက ဘေးဆိုင်က မိုးမခံ ၏ ကျောပြင်ထံ။ သူမ
စိတ်ဆိုးနေပြီဟု သူထင်နေသည်။ သူမ ၏ သူငယ်ချင်း၂ ယောက် ဖြတ်သွားသည်။ ဆိုင်ထဲကို
လှမ်း နှုတ်ကဆက်သွားသည်ထင်သည်။ သူ ဂရုမစိုက်အား…။သူတွေးနေတာ ဘယ်လိုတောင်းပန်ရမလဲ
ဟူ ၍ ပင်။ ညှိပြီးသား ဆေးလိပ်ကတော မသောက်ဖြစ်ပဲ တိုသထက်သာ တို သွားသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*အချစ်သည်
စားသုံးသူကို
အမှန်တကယ် ခံရခက်သော
ဝေဒနာများပေးတတ်သော
စားသောက်ကုန်တစ်ခုလား ?*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူမကို ဘယ်လိုချော့ရမလဲမသိ။သူမက မြို့ထဲ ကနေကျောင်းတက်ခြင်းဖြစ်သည်။သူက
အဆောင်ကဖြစ်သည်။ သူမ နေရာလည်းမသိ။ ဘယ်လို ပြန်ချော့ရမလဲ လဲ မသိ။အပူတကာ့အပူထဲ
တွင် ထိုအပူသည် ပူလောင်နေလွန်းသည်။ သူမ နှင့် ဘာမှတော့
မဆိုင်သေး..။သို့သော်ပြီးခဲ့သောနေ့ က သူမ စိတ်ဆိုးသွားသည့်ပုံကို မခံ
နိုင်ဖြစ်နေသည်။ သူမ အထင်လွဲသွားသည်ကို သူ ရှင်းပြဖို့ ကြိုးစားသေးသည်။
သို့သော် အခြေ အနေက မပေးချေ။ သူမ ကျောင်းမတက်တာ ၂ ရက်ရှိပြီဖြစ်သည်။
ယွန်းအိတို့ကို မေးတော့လည်း နေမကောင်း ဘူးဟူ ၍ သာဖြေသည်။ စိတ်ဆိုးကြောင်း
ဘာကြောင်း ဘာတစ်ခုမှ ထွက်မလာ။ သူမဘာသာ သူမ နေမကောင်း ဟု သာဆိုသော်လည်း
အကြောင်းမဲ့ သူ ့ ကိုယ်သူ အပြစ်တင်နေသည်။ သူမ စိတ်ဆိုးသည့်နေ့ က လဘက်ရည်ဆိုင်က
သူမ ပြန်တော့ သူ့ဘက်လှည့်ထိုးသွားသော မျက်စောင်း ခပ်စိမ်းစိမ်းကြီး။ မမစိမ်း
သီချင်းလိုဖြစ်နေသည်။ သို့သော် အစိမ်းမကြိုက်ပဲ သူ့ကို အစိမ်းလိုက် ဝါးမည့်
မျက်စောင်းလိုဖြစ်နေသည်။ ထိုမျက်စောင်းကို သူလုံးဝ မေ့မရပါ။ သူလည်း အိပ်မရတ ၃ ည
ရှိပြီ။ ထိုနေ့ မှစ ၍ သူ အိပ် မရဖြစ်သောကြောင့်ဖြစ်သည်။
‘ဟူး…………………………’သက်ပျင်းတစ်ခု လေးလံစွာချမိသည်။ ဒီနေ့လည်း ကျောင်းမသွားဘူးဟု သူ
ဆုံးဖြတ်လိုက်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျောင်းတက်မည် ဟု ဆုံးဖြတ်တော့မှ ပဲ အတန်းချိန် နီးတော့မှ ထွက်လာခဲ့သည်။
လမ်းတစ်ဝက် ရောက်တော့မှ သတိရသည်။ထို အချိန်သည် သချင်္ာ ဆရာ ဦးဝင်းမောင် ၏ အချိန်
ဖြစ်သည်။ ဆရာသည်
အသင်အပြ ကောင်းလည်းကောင်းသည်။ သို့သော်သူ့အချိန်တွင် နောက် ကျခြင်းကို လွန်စွာ
စိတ်ဆိုးသည်။ ကျောင်းနောက်ကျသော ကျောင်းသားတစ်ဦး သူ့အချိန်မှ ဝင်လာလျှင် သူ
စိတ်ဆိုးသည်။ထို့နောက် စာအုပ် စစ်ခြင်း၊ စာထွက်တွက်ခိုင်းခြင်းများ
ပြုလုပ်ခိုင်းတော့သည်။ ထို့ ကြောင့်သူ့အချိန်ဆိုလျှင် အများအားဖြင့် စောနှင့်စာ
ရောက်နှင့်နေကြပြီဖြစ်သည်။ ဟို နှစ်ယောက် (အာကာနှင့် ဉာဏ်လင်းတို့ )
စောစောစီးစီး သူ လွမ်းနာကျတာကို မစောင့်ပဲ ထွက်သွားတာ ထို့ကြောင့်ပင်ဖြစ်မည်။
သူ အပြေးတစ်ပိုင်းနှင့် ခြေလှမ်းတို့ကို သွက်ရပေသည်။
လမ်းကွေ့တစ်ခု ဒေါင့်ချိုးသို့ရောက်သောအခါ နူး အိသော ထိတိုက်မှု နှင့်
ဆုံတွေ့သည်။ သူအနောက်သို့ အနည်းငယ် ယိုင်သွားပြီး သူ ကဲ့သို့ ရှေ့ မှ
ဝင်တိုက်သောသူကို ကြည့်မိလိုက်သည်။ ဟာ….မိုးမခ….လွမ်းနာကျရှင်၏သခင်မလေး မိုးမခ။
သူရှောင်သွားမည့် အစား ရှေ့မှ ပိတ်ရပ်လိုက်သည်။ သူမ ပုံက စိတ်မဆိုး ပဲ
စိုးရိမ်ဟန်ဖြစ်နေသည်။ သူ့အားကျော်တက်ရန် သူမ ကြိုးစားနေသည်။ ပုံစံက ကျောင်း
ကော်ရစ်တာ လေးမှာ ထုတ်စီးတိုးနေသလိုပင်။ အခါကာလက လည်းလွန်စွာကောင်းသည်။
ဇတ်တိုက်ထား သည့် အတိုင်း မည် သူမှ မရှိ။ လူရှင်းနေပြီ။ သူ ၏ တောင်းပန်ခြင်း
ကို အကောင်အထည် ဖော်ပေတော့မည်။ မဟုတ်ရင် သူ ဘယ်လိုမှ နေလို့ ရမည်မဟုတ်တော့။
လွန်ခဲ့သော ၂ နှစ်က အဝေးကသာ တမ်းတခဲ့ခြင်းပင်။ ယခုကဲ့သို့ အမှားမျိုး နှင့် ယခု
လို ထိပ်တိုက်လည်း မဆုံဖူးသေး။ သူ လက်နှစ်ဖက်ကို ပါ ကားလိုက်သည်။ ထို့နောက်.. ‘
မိုးမခ….ငါ…ငါ…တောင်းပန်ပါတယ်ဟာ…အမှန်က နင့်ကို ငါ
ပြောတာမဟုတ်ပါဘူး….ဟိုလေ….xxxxxxxxxxxxxxxxxxx’ စသဖြင့် လုံးစေ့ပတ်စေ့
ခရေစေ့တွင်းကျ အောင် စကားထာဝှက်ကြောင်းပြောပြလိုက်သည်။ သူမ မျက်နှာ
ရှုံ့မဲ့နေသည်။ သူအလိုက်ကန်းစိုးမသိ စွာ မေးလိုက်သည်။ ‘ ငါ့ကို
စိတ်မဆိုးပါနဲ့တော့နော်…..နော်…’ ကလေးတစ်ယောက်လို ဂျီတိုက်နေသည်။ သူမ ခေါင်းကို
ခပ် ဆက်ဆက် ခပ်မြန်မြန်ညှိတ် လိုက်သည်။ ပုံစံက ဘာမှ မစဉ်းစားတော့ သလိုပင်။
မျက်နှာက တွန့်ကြေနေပြီ။ဗိုက်လည်းကိုင်ထားသည်။ ‘ဘာ….ဘာဖြစ်နေတာလဲ….ဟင်..’
ဆိုတော့ မှ သူမ မကျေချမ်းစွာ စကားတစ်ခွန်းထွက်လာသည်။
‘ဗိုက်…ဗိုက်….နာလို့…..အိမ်…သာ…တက်မလို့…အဲ့ဒါ….’ သူမ
လက်ညှိုးထိုးပြီးပြောတော့မှ သူဘေးသို့ ငဲ့ကြည့်လိုက်၏။ ဟိုက်…သူရပ်ထားသည်က
မိန်းကလေး TOILET ဖြစ်နေသည်။ ထို့ကြောင့်လူရှင်းသည်ကိုး…။အတန်းချိန်နောက်ကျမည်
စိုးသောကြောင့် လျှောက်လာရင်း တဖက် မှ လူတွေ ပိတ်နေသောကြောင့် အခန်းတစ်ဖက်သို့
လျှောက်လာရာ မိန်းကလေး Toilet ရှေ့ တွင် သုူမ နှင့် တိုက်မိခြင်းဖြစ်သည်။
ထို့ကြောင့် စတွေ့ကတည်းက သူမ မျက်နှာ ရှုံ့ မဲ့နေတာဖြစ်မည်။ စိတ်ထဲ မှ
အားနာသလိုနှင့် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ ချက်ချင်းဆိုသလို ကိုယ်လုံးကို သူမ
သွားရန် လမ်းဖွင့်ပေးလိုက်သည်။ ထို့နောက် အကြောင်းမဲ့ ခေတ်တ
ရပ်ကြည့်မိနေသည်။ဪ…တွေ့ချင်တော့လည်း တိုက်တိုက် ဆိုင်ဆိုင်…….။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ထိုကနေ့ အဖြစ်ကို သူငယ်ချင်းများ အားပြောပြလိုက်သည်။အာကာ နှင့်
ဉာဏ်လင်းတို့
ရယ်ကြသည်။ခွက်ထိုးခွက်လှန်ရယ်ကြသည်။အူလှိမ့်ပြီးရယ်ကြသည်။ပါးမရိုက်လွှတ်တာကံကောင်းသည်ဟုလည်းပြောသေး
သည်။ဟုတ်သည်။သူမ အလေးသွားမည်ကို ပိတ်နေသလိုဖြစ်သွားသေကြောင့်ပါးရိုက်မလွှတ်တာ
ကံကောင်းသည်ဟု သာဆိုရမည်။
တဖက်တွင်လည်း ‘ အမလေး…ဖြစ်မှဖြစ်ရလေဟယ်..’ ‘ အေးလေ ကြုံတတ်ပ’ စသဖြင့် မ’ တတ်ပ
တို့က ဘေးမှနေ ရင်မနေသည်။ ‘နင် ဘာလုပ်လိုက်သေးလဲ’ ဟု ယွန်းအိနွေး မှ
မျက်ခုံးလေးပင့်ကာ မေးလိုက်သည်။သူမ ခေါင်းကို ရမ်းလိုက်သည်။ထို့နောက် လက်ထဲ
တွင်ဖျစ်ထားသော အချိုရည်ပိုက်ကို ပါးစပ်တွင်တပ် ၍ အဝေးသို့သာငေးနေသည်။ သူရိန်
နှင့် သူမ တွေ့ပုံတွေက တိုက်ဆိုင်လွန်းလှသည်။ ပထမ တစ်ခေါက်က ငန်းမဟု
သူအော်လိုက်တာကို သူမကို ပြောတယ်ထင်ပြီးစိတ်ဆိုးမိသည်။ သည်တစ်ခါလည်း
စိတ်ဆိုးရမှာလား ဘာလားလည်းမသိ။ အမှားကို သိလို့လုပ်နေတာလည်းမဟုတ်။ လုပ်မိလုပ်ရာ
အမှားပါနေခြင်းဖြစ်သည်။ သူမ နှုတ်ခမ်းလေး လိမ်ကာ သက်ပျင်းတစ်ချက်ခိုး ချမိသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘ရှုး………..ရှုး…………..’ ရေမွှေးကို ဆံပင်ညှပ်ဆိုင်က ဖြန်းသောရေဘူးလို အသားကုန်
စွတ်ဖြန်းနေသော သူ့ကို ‘ဟေ့ကောင်… ကုလားဘုရားပွဲသွားမှာမဟုတ်ဘူးနော်….ဟင်း..’
ဟူ ၍ လည်းကောင်း..၊ ‘အပုပ်ကောင်ကြီးကို အရုပ်ဆောင်နေသည်ဟူ ၍ လည်းကောင်း
ထောပနာပြုသံများကို ကြားနေရသည်။ သို့သော်လည်း ထို၂ ကောင်ကို အပြစ်ဟူ ၍
တစ်စုံတစ်ရာမှမပြောလို။ အဘယ့်ကြောင့် ဆိုသော် ၎င်းတို့ ကောင်းမှုကြောင့် မိုးမခ
နှင့် နီးစပ်ရတော့မည်။ ယွန်းအိနွေး နှင့် အာကာတို့ ဆိုင်တစ်ဆိုင်မှာ ဆုံမိရင်း
သူ့အကြောင်း နှင့်စကားစပ်ဆက် ကာ အချင်းချင်းခင်မင် ရန်
လမ်းကြောင်းလာခြင်းကြောင့်ဖြစ်သည်။ သူတို့ ၂ ယောက်(အာကာနှင့် ဉာဏ်လင်းတို့ )
ကတော့ထူးထူးခြားခြား ဘာမှမပြင်ဆင်။ သူကတော့ မတူ။ ကိုယ်ချစ်တဲ့ မိန်းကလေး နှင့်
ဒီကနေ့ ခင်မင်ခွင့်ရတော့မည်။ ထို့ကြောင့်ဆန်းဆန်းပြားပြား တစ်သက်မှတစ်ခါ
မစွတ်ဖူးသော ရေမွှေး ၊ခေါင်းလိမ်းဆီများ အဆောင်ပိုင်ရှင် ထံမှ
ငှားရမ်းသုံးစွဲရတော့သည်။ “ တော်ပါတော့ကွာ…ငါတို့လည်း မူးလဲတော့မယ်” ဆိုတော့မှ
ပြင်ဆင်တာရပ်ပြီး လမ်းမထွက်ခဲ့သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*အချစ်သည် ပုစ္ဆာဆန်သည်
အချစ်သည် ပူလောင်သည်
အချစ်သည် ပဟေ ဠိ ဆန်သည်
အချစ်သည် လှို့ဝှက်နက် နဲသည်
ဒါဆိုအချစ်ကိုမည်သို့ နာမည်တပ် မည်နည်း….???*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ထိုနေ့သည်အခြားသောနေ့တွေထက် ပိုမိုတောက်ပနေသည်။ အသားအရည်ဝင်းဝါသော မိန်းမပျို
အပြာရောင် ပဝါစလေး လွှမ်းခြုံထားသလို ကောင်းကင် နှင့်မြေကြီးသည် ပနံတင့်နေသည်။
သမက် ရွှေထုတ်ထမ်းလာတာ မြင်သော ယောက်ခမ နှယ် နေမင်းကြီးသည်လည်း
ဝင်းပသောမျက်နှာထား နှင့်အိန္ဒြေ ရနေသည်။
ထိုစဉ် မိန်း (main ) လမ်းမကြီးတစ်လျှောက် လမ်းလျှောက်လာသော လူငယ်သုံးဦး။
ထိုသူတို့ ၏ မျက်နှာထားသည် မုဆိုးမ လင်ရသောမျက်နှာထားကဲ့သို့ ပျော်ရုံမက
ပြဲမတက်ဖြစ်နေသည်။ ထိုမိန်း လမ်းမကြီးတွင် ထိုလူငယ်များသာ ရှိသည်မဟုတ်။သို့သော်
လူအများကြားတွင် စပ်ဖြဲဖြဲဖြစ်နေသော သုံးဦး သည်ပို ၍ ထင်ပေါ်နေသည်။
ထိုသုံးဦး သည် ဆိုင်တစ်ဆိုင်ရှေ့ရောက်သောအခါ တုံ့ခနဲ ရပ်သွားသည်။ တစ်ယောက်ကို
တစ်ယောက် ကြည့်ရင်း ဆိုင်ထဲသို့ပြိုင်တူဝင်သွားကြသည်။ဆိုင်နာမည် သည် အလွန်တရာ
ဆန်းကြယ်လှသည်။ သစ္စာတည် တဲ့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆိုင်ထဲသို့ဝင်လာသော သူူရိန်တို့သုံးယောက်ကို ဆိုင်ထဲ မဝင်ကတည်းက မိုးမခ
တွေ့နှင့်နေပြီ။ မသိသလို နှင့် အအေးပိုက်ကိုသာစုပ်နေသည်။ ကျန် ယွန်းအိနွေးကတော့
လက်ညှိုးလေးထောင်ကာ ဒီမှာဟူ ၍ လုပ်ပြသည်။ သူတို့ ခုံဆွဲပြီးထိုင်လိုက်သည်။သူမ
သူ့ကို ခိုးကြည့်မိသည်။ အရင်နေ့တွေကနှင့်မတူ။ အနည်းငယ်တော့ထူးခြားနေသည်။ သူမ
ဆက်မကြည့်တေ့ာပါ။အာရုံ ကို တခြားသို့လွှဲလိုက်သည်။
‘ဘာစားမလဲ.. မှာကြလေ’ ယွန်းအိနွေ ၏စကားဆုံးသည်နှင့် စားပွဲထိုးလေးကို ခေါ် ၍
သူတို့ ၃ ယောက် မှာလိုက်ကြသည်။
‘ကျွန်တော်တို့ ကပဲ စ မိက်ဆက်မယ်နော်…အဟဲ..ကျွန်တော်က မင်းအာကာပါ… တချို့က
အာကာပဲခေါ်တယ်.. သူက သူရိန်စိုးပါ သူရိန်လို့ပဲခေါ်တယ်သူ့ကို… သူကတော့
ဉာဏ်လင်းထွန်းပါ… ကျွန်တော်တို့ သုံးယောက်စလုံးက ဘူမီက ချည်းပဲ..ဖိုင်နယ်..
ရည်စားမရှိ.. လူလွတ်…အဟဲ..’ အာကာက အရွှန်း ဖောက်ကာ လိုရာဆွဲသွင်းသွားသည်။
မိရွှေချောတို့ကလည်း ပြုံးတုံ့တုံ့ နှင့်သာ ။မပြုံးသူကတော့…….
‘ ဒါဆို ကျွန်မ တို့ အလှည့်ပေါ့။ ကျွန်မက တော့
ယွန်းအိနွေးပါ။ယွန်းလို့ခေါ်လည်းရယ်.. သူက ဖြူဖွေး.. သူက မိုးမခ တဲ့ ကျွန်မ
တို့အကုန်လုံးက Physics ကချည်းပဲ…ဖိုင်နယ်… ရည်စားမရှိ.. လူလွတ်..အဟင်း….’
မှတ်ကရော…အကာ ၏စကားကို ပြန်နှပ်လိုက်သည်။ အာကာ ဇက်ပုသွားသည်။ သူရိန်မရှက်
မကြောက် ပြောရတော့မည်။မဟုတ်ရင် သူမ ရုပ်တည်ကြီးပဲ နေရော့မည်။
‘ ဟို….ဟို.လေ…မ.မိုးမခ.. ကျွန်တော်… ဟိုနေ့က ကိစစကိုတောင်းပန်ပါတယ်နော်…’
‘အင်းပါ…ရပါတယ်..’ သူမ အလိုမကျသလိုဖြေပီး သောက်လက်စ အအေးကို ဆက်သောက်နေသည်။
‘ဟိုလေ….အဲ့နေ့က….ကျွန်တော်လည်း…..တောင်းပန်ချင်လွန်းလို့…ဟန်မဆောင်နိုင်တော့လို့ပါ….’
သူငယ်ချင်းများကတော့ ပြုံးစေ့စေ့ကြည့်နေသည်။ သူမ မျက်နှာ မှာ
တောင်းပန်ခံရလို့လားမသိ ရှက်သွေးဖြန်းသလို နီနေသည်။
‘ ရတယ်….တော်ပြီ…မပြောနဲ့တော့…’ သူမ အလိုမကျတာလား ဒေါသဖြစ်သွားတာလား သူ
မဝေခွဲတတ်တော့.။မဖြစ်ဘူး…ကြာရင်ဝေးမယ်၊(ကွဲ)ကွာရင်ဆွေးမယ် ဆိုတဲ့စကားအတိုင်း
အခုအချိန် မှာပြီးပြတ်အောင် တောင်းပန်မှဖြစ်မည်။
သူအားမလျှော့ပါ။စားပွဲထိုးလာချပေးသော ထမင်းသုတ်ကို မစားသေး။
သူ့အလုပ်ပြီးပြတ်အောင်သူလုပ်မည်။ ဟို၂ ယောက်ကတော့ လွေးနေကြပြီ။ သူမ သူငယ်ချင်း
၂ ယောက်ကလည်း သူပြောသည်ကို မကြားချင်ယောင်ဆောင်သလိုလို ၊ ဘာလိုလို လုပ်နေသည်။
‘ဟို…တကယ်လို့ အရမ်းစိတ်ဆိုးစေခဲ့တယ်ဆိုရင်တောင်းပန်ပါတယ်…. ကျွန်တော် အဲ့နေ့က
မမိုးမခ ဗိုက်တအားနာနေပြီး အလေးသွားချင်နေမှန်းမသိလို့..’
‘တော်တော့….တော်တော့…’သူမ၏ ခပ်ပြတ်ပြတ်..ခပ်ကျယ်ကျယ်စကားကြောင့် ပြောလက်စ
စကားတန့်သွားသည်။ အာကာတို့လည်း ထမင်းသီး သူက သီး ရေတောင်းသူက ရေတောင်းနေသည်။
သူမ သူ့အားမျက်ထောက်နီကြီးဖြင့်ကြည့်လိုက်သည်။ ထို့နောက် ပြုံးစေ့စေ့ မှ
စိုးရိမ်ဟန်ပြောင်းလဲသွားသော သူမ သူငယ်ချင်းများဘက်လှည့်ကာ ‘
တော်ပြီကွာ…ငါသွားတော့မယ်… ကြာရင် ငါ အရှက်ကွဲလိမ့်မယ်’ ဟူ ၍ ပြောကာ ထ
ထွက်သွားသည်။တစ်ဆိုင်လုံးသူမ အားကြည့်နေသလိုခံစားရသည်။
သူမသူငယ်ချင်းနှစ်ယောက်က ရှင်ဘာလို့အဲ့လိုလုပ်နေလဲ ပြောဟန်ဖြင့် ကြည့်ကာ
ထွက်သွားကြ သည်။ ဆိုင်ရှေ့ရောက်သောအခါ သနားဟန်ဖြင့် လှမ်းကြည့်သော
မိန်းမချောလေးတစ်ယောက်…..
‘ငါ ဘာမှား လို့လဲဟေ….’ သူနားမလည်စွာမေးလိုက်သည်။ အာကာက ဘေးဘီသို့မေးဆက်ပြသည်။
ဟုတ်ပါသည်။အမှားကြီးကိုမှားနေသည်။ , သူတို့ထိုင်နေသော ဝိုင်း ပတ်လည်တွင်
ယောကျင်္ားလေးများ ဝိုင်းချည်းသာဖြစ်သည်။ သူမတို့သည် သူတို့ နှင့်တွေ့ ရန်သာ
ထိုဝိုင်းတွင် လာစောင့်နေခြင်းဖြစ်သည်။ ဘေးဘီ ဝိုင်းများက ကျန်ခဲ့သောသူတို့ ၃
ယောက်ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။ သူတောင်းပန် နေသော
စကားကြောင့်ဖြစ်မည်။ ထိုအကြည့်များကို မိုးမခ မခံနိုင် ၍
ထထွက်သွားခြင်းဖြစ်မည်ကို ကောင်းကောင်းသဘော ပေါက်သွားသည်။
ထိုနေ့သည် အမှတ်ရစရာများစွာရခဲ့သည်။ထိုနေ့အားသူ
လုံးဝမေ့လို့မရပေ။အဘယ့်ကြောင့်ဆိုသော် မိုးမခတို့ စားသွားသော စားစ ရာများကိုပါ
သူတို့ ရှင်းလိုက်ရသောကြောင့်ဖြစ်သည်။ အားလုံးပေါင်း ၁ သောင်းနီးပါးပင်။ ဪ…
စားနိုင်လှပါဘိ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ထိုနေ့ပြီးနောက်တစ်နေ့မှ စ ၍ သူတို့ နှင့် မိုးမခတို့ ရင်းနှီးသွားကြသည်။ သူ
သူမနှင့် တွေ့တိုင်း အတတ်နိုင်ဆုံး မမှားအောင်
အတတ်နိုင်ဆုံးရှောင်သည်။မျက်လုံးချင်းဆုံသည်။ နောက် မဆုံအောင် နေရသည်။
ဆုံလေတိုင်း အရက်ဖြတ်ထားသော လူကဲ့သို့ ဂနာမငြိမ်ဖြစ်ကာ ခြေတုန် လက်တုန်
ဖြစ်နေသောကြောင် ့ ဖြစ်သည်။ အတတ်နိုင်ဆုံးသူ့အကြည့်တွေကို လွှဲထားသည်။ ကြာရင်
ရင် တစ်ခုလုံးပေါက်ထွက်သွားနိုင်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*အချစ်သည်….
အမှားများကို
လွယ်လင့်တကူ ကျူးလွန်နိုင်သည်။
အချစ်သည်….
အမှားများကို
လွယ်လင့်တကူ တားဆီးနိုင်သေးသည်။
အမှန်က
အချစ်ကို ချစ်တတ်သူတိုင်း ချစ်သင့်ကြသည်။*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကောင်းကင်တစ်ခုလုံးသည် သားကောင်ရသော မုဆိုးကဲ့သို့ ရွှင်ပြမှုမျိုးဖြင့်
လန်းဆန်း တက်ကြွနေသည်။ လေပွေလေရူးအဟုန်သည် မြင်စောင်းမှ လွှတ်သော မြင်းကဲ့သို့
အထိန်းအကွတ်မဲ့ တိုက်ခတ်နေသည်။ နံဘေးရှိ မြက်ရိုင်းပင်များသည် သခင်လာရာ
ဦးခိုက်နေရသည် နှယ် ခေါင်းပင် မဖော်နိုင်တော့။ မျက်နှာမူရာ ကန်ရေပြင်သည်
အကြည်လင်ကြီးမဟုတ်သော်လည်း ဗေဒါ ၊ ဒိုက်မှော် များဖြင့် ပေါင်းသင်းကာ
ပနံတင့်နေသည်။
ခရမ်းရောင် ထမီး နှင့် ရင်ဖုံးအကျီ အဖြူ ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး။ သူမ
၏မျက်နှာမှာ ကြည်လင်လွန်းလှသည်။ နံ့သာခြယ်ထားခြင်း မရှိသော်လည်း အတိုင်းမသိ
လှပနေသည်။ သို့သော် သူမ ၏ မျက်လုံးထဲမှာကား ခန့်မှန်းမရအောင် ရှုပ်ထွေးနေသည်။
ဂျင်းပင်အပြာကို အဖြူလွင့်မတက်ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက် ။ဆံပင်အနည်းငယ်
ရှည် ၍ ဘေးစောင်းရပ်နေသောကြောင့် ရုပ်ရည်
ပြေပြစ်မှုရှိကြောင်းခန့်မှန်းနိုင်သည်။ သူ့တွင်တခြား ကြည့်စရာ မရှိ ၍ ရှေ့တွင်
ရှိသော မိန်းကလေးအား တွင်တွင်ကြီးငေးနေသည်။
နှစ်ဦးလုံးမှာ တိတ်ဆိတ်နေသည်။ ဘာစကားမှမပြောကြ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူရိန်ပြောသင့်မပြောသင့် စဉ်းစားနေသည်။အမှန်က သင့်၊ မသင့်တော့မဟုတ်။
မပြောရဲတာဆို ပို ၍ မှန်မည်။ ရင်ထဲမှာ အစိုင်အခဲလို တနေ့ထက် တနေ့
ကြီးထွးနေသည်။ထိုကကြောင့် မပြော ၍ လည်းမဖြစ်တေ့ာ။ မိုးမခ ကို အရေးကြီးတာပြောစရာ
ရှိတယ်ဟု ဆိုကာ ကျောင်းဘေးနား ရှိ ကန်သုံဆင့် တွင်ချိန်းထားပြီးပြီဖြစ်သည်။
မိုးမခပင် လျှင် သူ့ရှေ့ သို့ရောက်နေပြီ။ ပြောစရာစကားများက ထွက်မလာချေ။
ဘယ်ကစပြောရမှန်းလည်း မသိ.။ ဒီတိုင်းပြောလိုက်ရင်လည်း သူ့ကို ခင်မင်မှုအား
အလွဲသုံးစားပြုလုပ်သည်ဟု ထင်နိုင်သည်။ ဝေခွဲမရဖြစ်နေစဉ်
‘သူ ရိန်….ငါ့ကို ဘာပြောမလို့ ခေါ်လိုက်တာလဲ..’ ကြည်လင်ပြတ်သားလှသည်။
ကန်သုံးဆင့် ၏ နံနက်ခင်း အေးချမ်းမှုကြားတွင်
ကြည်လင်ပြတ်သားစွာကြားလိုက်ရသည်။သူပြောတော့မည်။ဆုံးဖြတ်ချက်ကို ခိုင်မာစွာချ
လိုက်သည်။မျက်စိကိုမှိတ် ၍ ခေါင်းကို ဆတ်ခနဲ့ညှိတ်လိုက်ပြီး ခေါင်းမော့ကာ
‘ဟို…..ငါ…’
‘နင် ငါ့ကို ချစ်တယ်ပြောမလို့မလား’
‘ဟင်’ ထို တစ်လုံးမှ အပ ပြောစရာမရှိတော့.။ရင်ထဲမှာ ရှိသောအစိုင်အခဲကြီးက ကျ
မလို တက်မလိုနှင့် တန်းလန်းဖြစ်နေသည်။
‘နင်….နင်…သိနေတယ်..’
‘အင်းလေ..ဘာလို့လဲ’ သူမဖြေပုံက ရှင်းလွန်းလှသည်။
‘ငါ လည်း နင့်ကို စိတ်ဝင်စားပါတယ်…ဒါပေမယ့် နင် ငါ့ကို ဒီနေ့ခေါ်တာ ဒါပြောမယ်
ဆိုတာ ငါ သိနေတယ်.. ငါ့ဆီက အဖြေလိုချင်တယ်မလား’ ပုပ်သင်ညိုကို
ခေါင်းညှိတ်ခိုင်းရင်တောင် နှေးနေဦးမည်။ ခပ်မြန်မြန်၊ ခပ်ဆတ်ဆတ်
ညှိတ်လိုက်သည်။
‘ဒါဆို ငါ ပဟေ ဠိ ဖွက်မယ်…အဲ့ဒါကို ဖြေနိုင်ရင် ငါ အဖြေပေးမယ်’
‘ဘယ်နှခုဖွက်မလဲ’
‘၃ ခု’
‘ဘယ်တော့ဖြေရမှာလဲ’
‘ငါ မေးပြီးတာနဲ့စပြီး နင်ဖြေနိုင်တဲ့အချိန်ထိ’
‘အင်း စပြောတော့’
သူမ အိတ်ထဲက တစ်ခုခုကို
ရှာနေသည်။ထို့နောက်ဆွဲထုတ်လိုက်သည်။စာအိတ်ရှည်လေးတစ်ခုပင်။ သူ့ဆီ လှမ်းပေးသည်။
သူစာအိတ်လေးကို လှမ်းယူလိုက်သည်။
‘ငါသွားတော့မယ်…’
‘ဒါပေမယ့် အဖြေတစ်ခုရရင် တစ်ခါပြောရမယ်….နောက်ပြီး အကုန် မဖြေနိုင်သေးသရွေ့
ငါနဲ့တွေ့ခွင့်မရှိဘူး..ဘယ်သူ့ကိုမဆို
အကူအညီတောင်းနိုင်တယ်….ကဲဘယ်လိုလဲ…သဘောတူလား.?’
‘အင်းကောင်းပြီ’သူပြန်ပြောပြီးပြီးချင်းသူမလှည့်ထွက်သွားသည်။
သူမ ထွက်သွားတာကြည့်ပြီး သူ့ရင်ထဲတွင်ဟာသွားသည်။စောနက တန်းလန်းဖြစ်နေသော
အစိုင်အခဲကြီး ကျသွားတာလား…သို့မဟုတ်..သူမ
နဲ့မတွေ့ရတော့မှမို့လို့လား….သူကိုယ်တိုင်လည်းမသိ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*သူမသည် ဖရဲသီးနှင့်တူသည်
အပေါ်ယံကသာစိမ်းတာ
ရင်ထဲမှာတော့ နီနေသားပဲ၊ နှလုံးသားရှိသားပဲလေ..။*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အာကာတို့ ပြောပြရသလောက် သူမ ထုတ်လိုက်သော ပဟေ ဠိ အား မဖြေနိုင် ၍ အသည်းကွဲသော
သူများ တောင်လိုပုံကြောင်းသိရသည်။ လှို့ဝှက်ချက်လားတော့မသိ။ သူမ
နှင့်သဘောတူညီချက်ရပြီးမှ သိရသောကြောင့်ဖြစ်သည်။ အာကာဘယ်လိုသိလာလဲတော့မသိ။
မေးလည်းမမေးဖြစ်။ ထိုနေ့မှစ ၍
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*1st Step
ကဲ့ရဲ့ပြီးတော့ရယ်(ရီ)
ငါတို့နေတဲ့… အထဲက
အဖိုးအိုဘေးက အကောင် က
သဇင်ပန်းလိုပါပဲတဲ့။ ။*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကဗျာလို လို ဘာလိုလို စာသားကြား ဝိုင်းစက်နေသောလက်ရေးများကိုသာ ကြည့်နေသည်.။
‘ဟေ့ကောင်…ကြည့်တုန်းပဲလား….အတန်းဆင်းပြီ။’ ဆိုတော့မှ အိပ်ထဲကောက်ထည့်ကာ
ထွက်လာခဲ့သည်။ စာအိတ်ထဲ ရှိ ပဟေ ဠိ စာရွက် ၃ ခုအနက် ပထမဆုံးစာရွက်ဖြစ်သည်။ပထမ
ခြေလှမ်းဟုရေးပြီး ကဗျာလိုလို စာလိုလိုရေးထားသည်။အာကာက ဉာဏ်လင်း အခန်းထဲမှာ
အိပ်ပျော် ပြီးသွားရည်တွေကျနေတာကို ပြောပြီးရယ်နေသည်။ဉာဏ်လင်းက
‘ရယ်(ရီ)…ရီ…ရီ…မင်းက သူများဆို ကဲ့ရဲ့ပြီးလှောင်ဖို့ပဲသိတယ်’ သူစဉ်းစားမိသည်။
ကဲ့ရဲ့ ကိုဘယ်ထဲမှာတွေ့ဖူးပါလိမ့်။ဉာဏ်လင်းပြောလိုက်သောစကားထဲတွင်
စာတစ်ကြောင်းကို အဖြေကောက်နိုင်သည်။ သူနီးစပ်ရာဆိုင်ထဲပြေးဝင်လိုက်သည်။
ရန်ဖြစ်နေတာရပ်ပြီး သူ့နောက်မှ အာကာနှင့် ဉာဏ်လင်းတို့ ယောင်အအ နှင့်ပါ လာသည်။
ဘာလို့လဲ ဟူ ၍ တစ်ယောက် နှင့်တစ်ယောက် မေးဆတ်ကာ ပြောနေသည်။ သူ ခုံပေါ်မှာ
စာရွက်ကို ဖြန့်ခင်းလိုက်သည်။
ကဲ့ရဲ့ပြီးတော့ရယ် စာကြောင်းကို ခြစ်ပြီး ဘေးတွင်စာတစ်လုံးရေးလိုက်သည်။
လှောင်ပြောင်တာ ဟူ ၍ ပင်။
ကဲ့ရဲ့ပြီးတော့ရယ်(ရီ) လှောင်ပြောင်တာ
အာက ကနားမလည်သလိုနှင့် ‘ဘာလဲကွ’ ဟုမေးသည်။ ‘ငါ လည်းမသိဘူးကွ..အရင်က ငါ တို့
ဝှက်သလိုစကားထာ ပဲဖြစ်မယ်ထင်တယ်…ငါ လည်းစမ်းကြည့်တာပဲ …ဟုတ်မဟုတ်ပေါ့…’
‘ဒါဆို တခြားစာကြောင်းတွေလည်း လုပ်ကြည့်ပါလား…ငါတို့လည်း ကူညီမယ်..’
ဉာဏ်လင်းစကားကို ထောက်ခံလိုက်သည်။ဆက် ၍ အဓပာယ် ဖော်ကြသည်။
‘ငါတို့နေတဲ့… ဆိုတော့..အဲ့ဒါဘာကြီးလဲကွ’…. အာကာခေါင်းကုတ်နေသည်။ ‘အဆောင’်..
ဉာဏ်လင်း ထအော်သည်။သူစဉ်းစားသည်။
‘အဆောင်တော့မဟုတ်ဘူး….အိမ်ပဲဖြစ်မယ်ကွ…..ဘာလို့လဲဆိုတော့ သူတို့ က သူတို့
အိမ်မှာ နေနေတာလေ…ငါ တို့က သာ အဆောင်နေတာ…’ သူ့စကားကို ထောက်ခံလိုက်ကြသည်။
တစ်ကြောင်းထပ်ခြစ် ၍ တစ်ခုထပ်ရေးသည်။ အိမ် ဟူ ၍။
နောက်တစ်ကြောင်းက ကြောင်သည်။ အဖိုးအိုဘေးက အကောင်ဆိုတော့…
ဘယ်ကအဖိုးအိုမှန်းမသိ။ ဘာကောင်မှန်းမသိ။ မသိတာ က ခက်လေပြီ။
‘မင်းအကြောင်းငါ သိပါတယ်ကွာ…ဒီယုန်မြင်လို့..ဒီခြုံထွင်တာမလား…’
အနားတွင်ဖုန်းလာပြောသော ကောင်လေးတစ်ယောက် ၏ အသံကို ပြတ်သားစွာကြားရသည်။
ဖြစ်လေ့ဖြစ်ထ ရှိသည်။ ဆိုင်ထဲတွင် ဖုန်းလိုင်းမ မိ ၍ ဖုန်းလာပါက တစ်ခါတစ်ခါ
အပြင်သို့ထွက်ပြောရသည်။ သူ တစ်ခု စဥ်းစား ၍ ရသွားဟန်ပြုသည်။ သူစဥ်းစားနေသည်မှာ
စောနက ကောင်လေးပြောသောစကား ပင်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တာ…နောက်ပြီး
အဖိုးအိုဘေးက အကောင်…..အဖိုးအို….ငယ်ငယ်က ပုံပြင်ကြားယောင်မိသည်။ ဆန်ဖွတ်သည့်
အဖိုးအို နှင့် ယုန်ကလေးအကြောင်းပင်…..သူ့လက်ထဲမှာရှိသော ခဲတံလေးကို
လှုပ်ရှားလိုက်သည်။ အာကာတို့ မျက်လုံး စာရွက်လေးပေါ်ကျနေသည်။ သူရေးလိုက်သည်က ယုန်
။
ပဟေဋ္ဌိ က အဖြေ နီးစပ်နေပြီ။ ‘လှောင်ပြောင်တာ အိမ်ထဲက ယုန်က’ ရေရွတ်မိသည်။
အာကာတို့ ခေါင်းခါကြသည်။ ‘ လှောင်ပြောင်တာ ကိုတစ်လုံးစီယူကြည့်ပါလား’ ဉာဏ်လင်း
၏ အကြံကြောင့် တစ်လုံးစီ ပေါင်းကြည့်သည်။
လှောင်အိမ်ထဲက ယုန်က
ပြောင်အိမ်ထဲက ယုန်က
တာအိမ်ထဲက ယုန်
အဖြစ်သင့်ဆုံးကိုယူလိုက်သည်။ လှောင်အိမ်ထဲက ယုန်က….။နောက်မှာကျန်သေးသည်။
သဇင်ပန်းလိုပဲတဲ့…. အဲ့ဒါမှခက်ပြီ။ မိန်းကလေးတစ်ယောက်ကို
အကူအညီတောင်းမှဖြစ်တော့မည်။ပန်းအကြောင်း ကို ဘယ်သူမှမသိကြ။ ထိုစဉ်အာကာမှ
ထအော်သည်။ ‘မိုးမခ’ ‘ဟမ်…ဘယ်မှာလဲ…ဘယ်မှာလဲ..’
ချက်ချင်းလက်ငင်းမေးလိုက်သောစကားကြောင့် ‘ဟာ….ဘယ်မှာမှ မဟုတ်ဘူး…စာထဲမှာ..’
သူစာထဲ ကြည့်သည်။ နားမလည်။ ‘ဘယ်မှာလဲမိုးမခ?’ ‘ဒီမှာ….သဇင်ပန်းလိုပဲတဲ့ဆိုတော့
အနီးစပ်ဆုံးယူမယ်လေ…. ကဗျာတစ်ပုဒ်ထဲမှာ သဇင်ဆိုတာ
ဟိုးအပင်မြင့်မှာပေါက်တယ်တဲ့…မိုးစက်မထိ အောင် အုပ်နေတယ်တဲ့ .အဲ့ဒါနဲ့သူ့ကို
မိုးမခ၊ မြေမခ ပင်လို့ခေါ်တယ်တဲ့…အဲဒီတော့ မိုးမခဖြစ်ရမယ်…သူ့နာမည်ကိုပြောတာ…’
စာရွက်ကို ဟိုခြစ်ဒီခြစ်လုပ်လိုက်သည်။ ပဟေဋ္ဌိ မှာ
ထိုသို့ထွက်လာသည်။ချရေးလိုက်သည်။ ဟုတ်သလိုလိုတော့ရှိသည်။ ထိုစဉ် ခပ်လှမ်းလှမ်း
တွင် သူတို့အားကြည့်နေသော မိန်းကလေးတစ်ဦး…. သူူမ ၏ အကြည့်များသည်
ရွှန်းလဲ့နေသည်။ သူမ ၏ မျက်လုံးအစုံသည် စာရွက်ပေါ်တွင် ဟိုခြစ်ဒီခြစ်လုပ်နေသ ူ
တစ်ဦးထံ တွင်ဖြစ်သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*1st Step
ကဲ့ရဲ့ပြီးတော့ရယ်(ရီ) လှောင်
ငါတို့နေတဲ့… အထဲက အိမ် အထဲက
အဖိုးအိုဘေးက အကောင် က ယုန် က
သဇင်ပန်းလိုပါပ ဲ။ ။ မိုးမခလိုပါပဲ။ ။*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘ဟယ်လို’
‘……….’
‘မိုးမခ လားမသိဘူး….’
‘………………………….’
‘ပဟေဋ္ဌိ အဖြေက လှောင်အိမ်အထဲက ယုန်က မိုးမခ လိုပါပဲ တဲ့…ဟုတ်လားမသိဘူး…’
‘ဟုတ်ပါတယ်….’
‘ ဘာကို ဆိုလိုတာလဲမသိဘူး…’
‘ ရှင်းရှင်းလေးပါ အဓိပာယ်က…မိုးမခ ပြောဖို့တောင်မလိုဘူးထင်တယ်..’ ဟုဆိုကာ
ခပ်သဲ့သဲ့ ရယ်သံ တချို့ကြားရသည်။
‘ဒါဆို မိုးမခက….’
‘ဟုတ်တယ်…စိတ်တအားကျဉ်းကြပ်တယ်…အဲ့ဒါက မိုးမခ အကြောင်းကို ပြောပြတာပါ…နောက်ထပ်
၂ ခုကျန်သေးတယ်… ကြိုးစားလိုက်ဦးနော်…’
‘အင်း…ဒါနဲ့..’ ဆက်သွယ်မှုပြတ်တောက်သွားသည်။ ဒါနဲ့ သာဆိုရတယ်…ဘာပြောဖို့လဲတော့
သူသေချာမသိ။ သို့သော် အခုချိန်တွင် ရင်ထဲမှာ သင်္ကြန်ကျနေပြီ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပုစ္ဆာများကို မှန်ကန်အောင်ဖြေဆိုပါ။
၁။ပက်ကျိ တစ်ကောင်သည် ပေ ၂ဝ မြင့်သောတိုင်တစ်တိုင် ကို တနေ့လျှင် ၅ ပေ တက်ပြီး
၃ ပေ လျှောကျ၏။ ထိုတိုင်ကို ဘယ် နှရက်တက် ရမည် နည်း။
၂။စာအုပ်များကို ၆ အုပ်စီ စီသော အခါ ၅ အုပ် ပို၏။ ၅ အုပ်စီ စီသောအခါ ၁ အုပ်ပို
၏။ စာအုပ်ပေါင်းမည်မျှနည်း။
၃။၅ ပေ အကွာ သစ်ပင်တစ်ပင် ကျ စိုက်လျှင် ပေ ၃ဝ ရှိ လမ်း တစ်လမ်းကို တစ်ဖက်
တစ်ချက်တွင် စုစုပေါင်းမည် မျှစိုက်ရမည် နည်း။
၄။လုံချည် ၈ ထည် လွယ် အိတ် ၂ လုံး ဝယ်ရာ ၁၀၄ ကျပ် ကျ၏။လုံချည် ၁ ထည် ၁၀
ဆိုလျှင် လွယ်အိတ် တစ်လုံး မည် မျှနည်း။
တိကျသော အဖြေများရှိသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စာရွက်ကိုသာ တွေတွေကြီး ကြည့်နေသည်။ ထိုမေးခွန်းမျိုးတစ်ခါကြုံဖူးသည်။
သူငယ်ချင်းတွေ ဉာဏ်စမ်းမေးရင်း ဖြစ်သည်။ ယခုအခါ ဘာမှမမှတ် မိတော့….။၂ ရက် ခန့်
အဆောင်အောင်းလိုက်သည်။ ၃ ည မအိပ်ရသောကြောင့် မျက်တွင်းများချိုင့်သွားသည်။
နံနက်စာစားရန် Violet ကဖေးသို့ ထွက်လာသည်။ ဒီအချိန်ဆို
ဟိုကောင်တွေလည်းမရှိတော့။ ထမင်းကြော်မှာပြီးရေနွေးငှဲ့နေစဉ် ‘ခဏထိုင်မယ်နော်..’
ချိုသာသော သံစဉ်တစ်ခု ။သီချင်းတော့မဟုတ်။ သို့သော် တေးဆိုနေသော ငှက်တစ်ကောင်လို
အချိုးကျလှသည်။ ခေါင်းမော့ကြည့်လိုက်တော့.. ယွန်းအိနွေး… ဟုတ်သည်
..လူမမှား.။ခေါင်းညှိတ်ပြလိုက်သည်နှင့် ခုံတစ်လုံးဆွဲကာ သူ၏
မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ အဖြေမရသေးဘူးလား ? ထိုအမေးကြောင့်
မျက်လုံးများကျယ်သွားသည်။ ‘ ယွန်းအိ အဖြေကို သိနေတာလား…’ သူမ ခေါင်းလေးကို
ညှင်သာစွာခါသည်။ နောက် သူ့ကိုကြည့်ကာ ‘ ယွန်းမသိပါဘူး… ဒါပေမယ့် ယွန်း
ကူညီနိုင်မလားလို့ပါ’ သူလက်ခံသည့်သဘောဖြင့် စာရွက်အားထုတ်ပြလိုက်သည်။ မိုးမခ
ပြောလိုက်သောစကားတွင် ဘယ်သူ့ကိုမဆို အကူအညီတောင်းနိုင်တယ်
ဆိုတဲ့စကားပါသည်မို့ပင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ယွန်းအိနွေး အတန်ကြာအောင် လမ်းမ ကိုငေးနေသည်။ ဆိုင်ကယ်များ၊ ကားများ၊
စက်ဘီးများ တိုးဝှေ့နေကြသော မိန်းလမ်းမကြီးတွင် ကျောင်းသား ကျောင်းသူများလည်း
လမ်းပြည့်နေကြသည်။ သူမ မျက်လုံးများ ဝင်းလက်သွားသည်ကို သူ သတိထားမိသည်။
ထို့နောက် ဘောပင်နှင့် စာအုပ်နှိုက်ကာ ရေးခြစ်နေသည်။ ရေးပြီးသော စာအုပ်ကိုသူ့ ထံ
ထိုးပေးလိုက်သည်။ သူတွေ့လိုက်ရတာ တွတ်ထုတ်ချက်နှင့် အဖြေတစ်ခု ။
‘ပက်ကျိက ၅ ပေတက်ပြီးရင် ၃ ပေလျှေတယ်….အဲ့လိုဆိုတော့ ချရေးကြည့်လိုက်တေ့ာ ၁
ပေစီ ကျော်တက်သလိုဖြစ်နေတယ်… ၈ ရက်မြောက်လည်းကျရော သူတက်ဖို့ က ၄
ပေပဲကျန်တော့တာလေ.. မေးခွန်းက ၅ ပေတက်မှ ၃ ပေလျှော မှာဆိုတော့ ၄ ပေဆို လျှော
စရာမလိုဘူးပေါ့…အဲ့ဒါကိုအပြည့်တက် လိုက်တေ့ာ ၉ ရက် တက်ရမှပေါ့…နောက်ပြီး စာအုပ်
စီတာကတော့ မေးခွန်းကို ပေါင်းကြည့်လိုက်တော့ရတာ ၆ နဲ့ ၅ ပေါင်းတော့ ၁၁
အဲ့လိုဆိုတော့ ၆ အုပ်စီရင် ၅ အုပ်ပိုမယ်… ၅အုပ်စီ စီရင် ၁ အုပ်ပိုမယ်လေ… အဲ့ဒါ
နဲ့ အဖြေက ၁၁ အုပ်ရတာ..နောက်ပြီး သစ်ပင်က တော့ ချ တွတ်ရင်ရတယ်….. အဲ့မေးခွန်း
ကတော့ လွယ်ပါတယ်…. တစ်ဖက်မှာ ခြစ်ကြည့်တော့ ရ ပင်စိုက်လို့ရတယ်လေ… ၂ ဖက်ဆိုတော့
၁၄ ပင်ပေါ့… နောက်ပြီး လုံချည် က ၁ ထည် ၁ဝ ဆိုတော့ ၈ ထည် ဆို ၈ဝ အဲ့ဒီတော့ ၁၀၄
ထဲက ၈ဝ ကို နှုတ်တော့ ၂၄ ရယ်…. လွယ်အိတ် က ၂ လုံးဆိုတော့ ကျန်တဲ့လွယ်အိတ်ဖိုး ၂၄
ကျပ်ကို ၂ နဲ့စားလိုက်တော့ တစ်ထည် ဖိုး ၁၂ ကျပ်ထွက်လာတယ်…. ကဲ ရှုင်းပလား…’
ဟူ ၍ စုတ် တစ်ချက်သပ်က သူ့ကို လှမ်းကြည့်သည်။ သူ လေးစားသောအကြည့်နှင့်
ယွန်းအိနွေးကို ကြည့်မိသည်။ ဟုတ်သည်လေ.. သူ ၂ ရက်လောက် ပင်ပန်းထားတာတောင်
အရာမထင်ပဲ သူများက တစ်ထိုင်တည်း လုပ်နိုင်တော့ သူအထင်ကြီးသွား သည်။ သူမ
မက်တပ်ထရပ်ပြီး အတန်းတက်စရာရှိသေးတယ်ဟု ဆိုကာ ထွက်သွားသည်။ သူရိန်၏
လက်ချောင်းများသည်လည်း ဟမ်းဖုန်း ၏ ခလုတ်ကလေးများ ရှိရာသို့…..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘Hello’
‘…………..’
‘ဒုတိယအဖြေက ၉ရက်၊ ၂၁ အုပ် ၊ ၁၄ပင် ၊ ၁၂ ကျပ်။’ ‘
‘အင်း…..တော်တယ်… ၉ လပိုင်း ၁၄ ရက်နေ့ ၂၀၁၁ နေ့လယ် ၁၂ နာရီမှ အဖြေပေးမယ်လို့
ရေးထားတာ….တတိယ မေးခွန်းလည်း ရှိသေးတယ်နော်…’
‘အင်း..ကိုယ်ဖြေနိုင်အောင် ကြိုးစားပါ့မယ်…..’ အမှတ်မဲ့ ခေါင်း ညှိတ်ရင်း
ပြောမိသည်။
‘အင်း….သဘောပဲ….’သူမစကားက
တမျိုးချည်းဖြစ်နေသည်။သူဆက်မတွေးတော့။သူမဖုန်းခွက်ချလိုက်သည်။ သူရိန်၏
ခြေလှမ်းများသည် အဆောင်ရှိတာ စာအိတ်ရှည်လေးသို့………………….။
မလှမ်းမကမ်းတွင် မိန်းမပျိုလေးတစ်ဦး။ သူမ၏ အလှ နှင့်မလိုက်အောင်
သစ်ပင်တစ်ပင်မှ ကွယ် ၍ ဆိုင်တစ်ဆိုင်တွင်းသို့ မသိမသာ ကြည့်နေသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ညွှန်ကြားချက်အတိုင်းလိုက်နာဆော**င်ရွက်ပါ။
၁။လူအများကြီး စကားတစ်လှေကြီး လာလာပြောပြီး ပိုက်ဆံပေးကာပြန်သွား
သောနေရာသို့သွားပါ။
၂။ခေါက်ဆွဲကြော်တစ်ပွဲမှာပါ။
၃။တိတ်ဆိတ်ငြိမ် သက်တဲ့ ကော်ဖီကို သောက်ပါ။
ထို ၃ ချက်အား မှန်မှန်ကန်ကန်ဆောင်ရွက်ပါက အောင်မြင်မည်။*
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆားပုလင်းတော့မဟုတ်၊ ရှားလော့ဟုမ်းလည်း မဖြစ်နိုင်။ သူရိန်စိုး၏ ဝင်္ကပါကတေ့ာ
စပြီးလည်ပတ်နေပြီ။ သူစိတ်ထဲက မတိုင်ပင်ပဲ အာကာတို့ ဉာဏ်လင်းတို့ကို ကျော်ပြီး
ယွန်းအိနွေးကို ထိုစာ သွားပြမိသည်။ ‘ယွန်းအိလည်း စဉ်းစားမယ်လေ….’ ဟု
ဆိုသောကြောင့် နှစ်ယောက်လုံး Violet မှာထိုင်ဖြစ် ကြသည်။
‘ယွန်းအိ…’
‘အင်းပြော…’သူမ ခေါင်းငုံ့ထားသည်။ စာရွက်ကို ကြည့်နေခြင်းသာ။ သူမ၏
မျက်လုံးအစုံသည် ဘယ်ညာ ပြေးနေသည်။
‘ရည်းစားတွေဘာတွေမထားဘူးလား….’ သူမ မော်မကြည့်ပဲ ခေါင်းကို သာ ခါလိုက်သည်။ သူမ
စာရွက်ကိုသာ ကြည့်နေသည်။ ခေါင်းငုံ့ထားရင်း စာရွက်ပေါ် အစက်တစ်စက် ကျလာသည်။ သူမ
ကပြာကယာ သုတ်လိုက်သည်။ သူရိန်တော့ မတွေ့လိုက်ပါ။
လူအများကြီးလာပြောတယ်ဆိုတော့…နောက်ပြီးပိုက်ဆံပေးတယ်…ခေါက်ဆွဲကြော်ဆိုင်လည်းမဟုတ်
ဘူး….စကားကတစ်လှေကြီးပြောတာ….သူ ရိန်တွေးနေရင်း လက်ဖျောက်တစ်ချက်တီးသည်။
ထို့နောက် ထရပ်ကာ ခြေလှမ်းများဦးတည်လိုက်သည်က PCO အများသုံး တကယ်လီဖုန်း ရှိတာ
မိန်းလမ်းမ ထိပ်သို့… ။သူ့နောက်မှ ယက်ကန်ယက်ကန် နှင့် ယွန်းအိနွေးက
လည်းထပ်ခြပ်မခွာ။
‘ခေါက်ဆွဲကြော်တစ်ပွဲပေးပါ..’ နပါတ် ၂ အတိုင်းပြောလိုက်တာဖြစ်သည်။ ထိုအခါ PCO
ရုံထဲ မှ ကောင်လေးက ‘ခေါက်ဆွဲကြော် လား’ ဟု မေးသည်ကို ခေါင်းညှိတ်ပြလိုက်သည်။
ကောင်လေး ၏လက်ထဲတွင် စာရွက်တစ်ရွက်ပါလာသည်။ သူဖွင့်ဖတ်လိုက်သည်။
*\\cafe11\data(D)\Thurainsoe\**no.3\answer3.doc *
ဟူ ၍ ရေးထားသည်။ ကွန်ပျူတာတစ်ခုခုထဲတွင်ဖြစ်သည်။ ရေးထားပုံကတော့
အင်တာနက်ဆိုင်ထဲက ကွန်ပျူတာ တွင်ဖြစ်မည်။ ဘယ်ဆိုင်မှန်းတော့မသိ။ ဪ…. နပါတ်
၃ ကျန်သေးသည်။ သူတို့ ၂ ယောက် ခေါင်းကုတ်နေရပြီ။
*၃။တိတ်ဆိတ်ငြိမ် သက်တဲ့ ကော်ဖီကို သောက်ပါ။*
တဲ့….ဘယ်ကော်ဖီက ထကနေလို့လဲဟု စိတ်ထဲကတွေးမိသည်။ ယွန်းအိကတော့
တည်တည်ငြိမ်ငြိမ်ပင်။ ဪ… သူကဘာမှ မဆိုင်တာ ဟု သာတွေးလိုက်သည်။ ထို့နောက်
ယွန်းအိ ဆိုင်းပုဒ်တစ်ခုကို ထပြီးဖတ်သည်။ ပြီးတော့ သူရိန့် ကို
လက်ညှိုးထိုးပြသည်။ ထိုဆိုင်းပုဒ်ကား……*.စံရိပ်ငြိမ် Cafe’ သို့…*..
ဟူသောဆိုင်းပုဒ် ဖြစ်သည်။ ဤ သို့ဖြင့် ခြေလှမ်းများသည်လည်း……………….။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*Start ထဲမှ RUN ကို ခေါ်ကာ
//cafe11/data(D)/Thurainsoe/**no.3/answer3.doc*ကို ရေးပြီး
*Enter *ခေါက်လိုက်သည်။ သူထိုင်သည့်နေရာက နပါတ် ၂ တွင်ဖြစ်နေတာကိုး။ ယွန်းအိ
နွေးကတော့ ဘေးနားမှာမျက် လုံးလေး အဝိုင်းသားနှင့်…။ ဖိုင်လေးကို
ဖွင့်လိုက်သောအခါ စာအချို့ကို ထပ်မံတွေ့ရပြန်သည်။
‘မောင်မင်းကြီးသား…မယ်မင်းကို ကတိပေးလိုက်တဲ့ နေရာ၊ မိုးကောင်းကင်မှာ စာရွက်တွေ
ကပ်လို့… သင်္ကေတထိုးပြီးသာ ယူလာခဲ့ ကဲ ပြီးကရော’
စာလေး ၂ ကြောင်းသာတွေ့ရသည်။ ဘာရယ်ကြောင့်မှန်းမသိ ယွန်းအိနွေး အပြင်ကို
ထွက်သွားသည်။ သူ ပိုက်ဆံရှင်းပြီး ထွက်လာခဲ့သည်။ ဆိုင်အပြင်မှာ ယွန်းအိနွေးကို
တွေ့ ရသည်။ လက်ထဲတွင် ပဝါ တစ်စ နှင့်။ သူထွက် လာသော အခါ သူမြင်မှစိုး ၍ ဘေး
အိတ်ထဲသို့ ထိုးထည့်လိုက်သည်။ မျက်လုံးတွင် မျက်ရည်စအနည်းငယ်ကို တွေ့လိုက်ရသည်။
သူမအား ‘ အဆင်ပြေရဲ့လား’ ဟု မေးလိုက်သည်။ အမှန်က သူမ ဘာဖြစ်တယ်ဆိုတာ သူမသိချေ။
သို့သော် ဝတ်ကျေ တန်းကျေ မေးလိုက်ခြင်းပင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
‘သူရိန်..’
‘အင်းပြော…’ပါးစပ်ထဲ ကော်ပြန့်စိမ်း ကောက်ဝါးရင်းပြန်ထူးလိုက်သည်။
‘နင် သူနဲ့ ဘယ်မှာနောက်ဆုံးတွေ့တာလဲ…မှတ်မိလား..’
‘အင်း….ကန်ထဲမှာပဲ..’
‘အေး… အဲ့မှာအဖြေ ရှိတယ်…’
‘တကယ်…?.’သူမ အတန်ကြာအောင်မဖြေသေးပါ။ထို့နောက် မက်တပ် ရပ် ၍ တစ်လုံးတည်းသော
စကားကိုပြောပြီးထွက်သွားသည်။
‘အေး…’ ဟူ ၍ တည်း…..။
ထို့နောက် သူ၏ ခြေလှမ်းများသည်လည်း……..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူမ ပြောသင့်မပြောသင့် စဉ်းစားနေသည်။ ပြောလိုက်ရင်လည်း ကိုယ့်ရင်ကို
ကိုကိုယ်တိုင်ခွဲသော သူဖြစ်ပေမည်။ သို့သော် သူမ ရွေးချယ်မနေတော့…။တဖက်က
သူငယ်ချင်း.။တစ်ဖက်က ကိုယ်ချစ်သောသူ။ သူမ ဆုံးဖြတ်ချက်ကို ချက်ချင်းချလိုက်သည်။
‘……’
‘……’ပလုတ်ပလောင်းဖြင့်ပြန်ဖြေသည်။
‘……………………………’
‘အင်း….ကန်ထဲမှာပဲ..’
‘………………….’
‘…………….?.’သူမ စဉ်းစားနေသည်။မျက်ရည်ပေါက်များက တားစီး ၍ မရတော့။သူမ ပြေရန်
တစ်ခွန်းသာ ရှိသည်။ သူမ မက်တပ်ရပ်လိုက်သည်။ သူမ ၏မျက်ရည်များကို သူမ ချစ်သောသူ
မမြင်စေလိုသောကြောင့်ဖြစ် သည်။ သူမ နောက်ဆုံးစကားကို ပြောလိုက်သည်။
‘အေး…’ ထိုစကားအပြီးနောက် သူမ ရင်ထဲ တွင် တွင်းကြီးကြီးတူးခံရသလို
ဟာတာတာကြီးဖြစ်နေသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဟုတ်ကိုဟုတ်သည်။ဒီနေရာမှာပဲ တွေ့ခဲ့ကြတာ..။ဘာတဲ့…ကောင်းကင်မှာစာရွက် တွေ
ကပ်လို့.. အပေါ်မော့ကြည့်လိုက်သည်။ အောက်ဆုံးသစ်ကိုင်းမှာ ချိတ်ထားတဲ့
စာအိတ်ကလေး..။ အောက်က လှမ်း ဆွဲ ၍ ပင်ရသည်။ သူ ဆွဲယူလိုက်သည်။ ထို့နောက်
ပိတ်မထားသော စာအိတ်ကလေးကို ဟ လျှက် စာရွက်ကလေးကို ဖြန့်လိုက်သည်။ ‘ဟာ..’ နှုတ်မှ
အာမေ ဋိတ် သံ ထွက်သွားသည်။ ထို့နောက် နားမလည်သလို အနီးကပ်ကြည့်သည်။ အဝေးက
ကြည့်ကြည့် အနီးက ကြည့်ကြည့် ထိုစာက ထိုစာပင်။ စာထဲတွင်…
*သဘောတူညီကြောင်းစာချူပ်
အဖ အမည် ဦး ကောင်းထက် ၏ သား / သမီး ဖြစ်သူ မှတ်ပုံတင် အမှတ် ၁…/….(နိုင်)
၂၂xxxx ကိုင်ဆောင်သူ မောင်/မ သူရိန်စိုး သည် အဖ အမည် ဦး ကျော်ဆန်း ၏ သား
/သမီးဖြစ်သူ မှတ်ပုံတင် အမှတ် ၁၄/ပသန(နိုင်) ၂၃xxxx ကိုင်ဆောင်သူ မောင် /
မမိုးမခ အား ယနေ့ ၊ ဒီအချိန်မှ စ ၍ ချစ်ရေးဆိုခြင်း ၊ နှောင့်ယှက်ခြင်းများ
မပြုလုပ်တော့ပါ။ မ မိုးမခ နှင့် သက်ဆိုင်သည်များကိုလည်း မေ့ပစ်ပါမည် ။ မည်သည့်
အကြောင်း ကိစ နှင့် မျှ ပက်သက် ၍ ဆက်သွယ်ခြင်းမပြုတော့ပါ။ ကျွန်တော် သည်
မမိုးမခ အား ထာဝရ စွန့်လွှတ်ပါမည်။
မောင်သူရိန်စိုး
(အသိသက်သေများ) မမိုးမခ
၁။ xxxxxxxxxx
၂။ xxxxxxxxxx
၃။xxxxxxxxxxx
*
““““““““““““““““““““““““““““““““““`
စာ ချူပ်ကို ကြည့်ပြီး ဘာလုပ်သင့်မှန်းမသိဖြစ်နေသည်။ အာကာ နှင့် ဉာဏ်လင်း တို့
အပြင်မှ ပြန်လာပြီး စာချုပ်ကို မြင်တော့ အံ့ဩသွားကြသည်။ သုံးယောက်လုံး
ဘယ်သူမှမသိ။ လက်မှတ် ထိုး ရမလား မထိုး ရမလား ကို ပင်ဖြစ်သည်။ ထိုနေ့ မှ စ ပြီး
ယွန်းအိ နွေးကို မတွေ့ရတော့။ သူ မ ကျောင်းထွက် လိုက်သည် ဟု ကြားသည်။နောက် ၂
ရက်လောက်ကြာတော့ မိုးမခ ထံမှ ဖုန်းဝင်လာသည်။ သူမ အပြင်မှာတွေ့ရန်
ချိန်းဆိုခြင်းဖြစ်သည်။ ထိုနေ့သည် ၉လိုင်း ပိုင်း ၁၄ ရက် ၂၀၁၁ ဖြစ်သည်။ သူ
နာရီကို အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်သည်။ ၁၂ နာရီထိုးဖို့ ၁၅ မိနစ်…။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လေနုလေအေး များ ဟန်ချက်ညီ တိုက်ခတ်နေသည်။ ဘယ်ကလာမှန်းမသိသော ရေဘေးလေးများက
ငုပ်ချည် ပေါ်ချည် နှင့် အစာ ရှာနေသလိုပင်…မျက်နှာမူရာ ကန်ရေပြင်မှာလည်း ငါးများ
ပွက်သည်ထင့်။ လှိုင်းဂယက် ကလေးများ ထနေသည်။ ထို နေရာ ထို အချိန်တွင် ထို သူ ၂
ယောက်ဆုံဖူးသည်။ ထိုနေ့သည် ပဟေဋ္ဌိစ ပေးသောနေ့ဖြစ်သည်။ သူမ
စောဦးစွာရောက်နှင့်နေပြီဖြစ်သည်။ သူ စာချုပ်အကြောင်းမေးမယ် ကြံတုန်း….
‘ နင် ရက်စက်တယ် သူရိန်….’
‘ ဘာ..ငါ…ဟုတ်လား…ငါ ဘာရက်စက်လို့လဲ….ငါ တချိန်လုံး နင့် ပဟေဋ္ဌိကို
သိအောင်ကြိုးစား နေတာ နင့်ကို ချစ်လို့လေ…အဲ့ဒါ ရက်စက်တာလား..’မိုးမခ
ခေါင်းတချက်ယမ်း လိုက်သည်။
‘အဲ့ဒါ နင် ရက်စက်တာပေါ့….’
‘ဘယ်လို …’သူ နားမလည်စွာ ပြန်ကြည့်မိသည်။ သူ သူမကိုနားမလည်နိုင်တေ့ာ။ သူချစ်သော
အချစ်က သူမ အတွက် ရက်စက်မှုတစ်ခု ဖြစ်သွားစေလားကိုပင်။
‘အခု…အခု…ယွန်းခံစားနေရတယ်….သူ့ရောဂါကတော်တော် ဆိုးနေတယ်…ဒါပေမယ့်….သူ့
နှလုံးသား ဒဏ်ရာက ပိုဆိုးတယ်….’
‘ဘာ…ယွန်း…ဘာဖြစ်တာလဲ….’ သူ စေလျင်စွာမေးလိုက်ပုံရသည်။ မိုးမခ
ပါးပြင်ပေါ်ခိုစီးလာသော မျက်ရည်စ တို့ကို ပွတ်သပ်ရင်း…
‘ယွန်း အခု ဆေးရုံပေါ်မှာ….နောက်ဆုံးအခြေ အနေ ဆိုလည်းဟုတ်တယ်….အဲ့ အချိန်မှာ..
သူတောင့်တနေတဲ့ သူအချစ်ရဆုံး လူတစ်ယောက် ကို ငါ လာပြောတာ….’ သူမ
တစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် ဆက် ပြီး…
‘ အဲ့ဒီ့လူက နင်ပဲ…’
‘ဘာ….’ ထိုတစ်လုံးမှ တစ်ပါး သူ့တွင်စကားမရှိတော့…။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခုလို ချိန်တွင် သူဘာလုပ်ရမလဲ ဆိုတာကို ကောင်းကောင်းသိသည်။ အဆောင်သို့ပြန်ပြီး
နီးစပ်ရာ Taxi ငှားပြီး ဆေးရုံကြီးသို့ သူ သွားရတော့မည်။
သူ ဆေးရုံရှိ ယွန်းအိအခန်း သို့ ရောက်ချိန်တွင် ကုတင်ပေါ်တင် လူနာဝတ်ဆုံ နှင့်
ဖြူရော်ရော် မိန်းကလေးတစ်ယောက် ၊ မိဘ အသိုင်းအဝိုင်းများက အနားတွင်
စိတ်မကောင်းကြီးစွာသော အကြည့်နှင့် ငိုသူက ငို အားပေးသူက အားပေး နှင့်။ သူ
အခန်းထဲသို့ ဝင်လိုက်ချိန်တွင် အားလုံး ၏ မျက်လုံးများသည်သူ့ ပေါ်စုပုံကျလာသည်။
‘ မောင်ရင်က ….’အသက်ခပ်ကြီးကြီး အဘိုးတစ်ယောက်မှ မေးလိုက်ခြင်းပင်။
‘ကျွန်တော်က သူရိန်ပါ..ယွန်းအိသူငယ်ချင်းပါ…’စကားသံတွေကို ယွန်းအိ
ကြားသိထင်သည်။ သူမအသက် ရှိသေးသည်။ သူ အနည်းငယ်စိတ်အေးသွားသည်။ ထို့နောက် သူမ
သူ့ဘက်သို့လှည့် ၍ လက်တစ်အား မြှောက်လျှက် ကမ်းလိုက်သည်။
သူရိန့် လက် တစ်ဖက်ပါ လေပေါ်တက်လာသည်။ အားလုံး၏ မျက်လုံးအစုံသည် မှင်သက် မှု
နှင့် အတူ ငြိမ်သက်နေသည်။
ယွန်းအိ၏လက် တစ်ဖက်….သူရိန်၏လက် တစ်ဖက် ထိစပ်လိုက်သောအခါ……..
ပျော့ခွေကာကျသွားသောလက်ကလေးအား သူရိန်ထိန်းဖမ်းလိုက်သည်………
အမလေး….သမီးလေးရဲ့…အဖြစ်ဆိုးလှချည်လား……ဟီး…ဟီး….(အမေဖြစ်သူမှ ငိုကြွေးသံ)
ဒီကင်ဆာက ကွာ…..ငါ့သမီးလေးကိုမှဖြစ်ရတယ်လို့….ဟင်း…( အဖေဖြစ်သူ မှ အံခဲသံ )
သူမ ပြုံးနေသည်။
သူရိန်ကိုလည်းကြည့်နေသည်။
သူရိန်စိတ်ထဲတွင်တော့….
‘ငါတောင်းပန်ပါတယ်ကွာ…’ ဟူသောစကား တစ်ခွန်းသာ….။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူမ ဆိုင်ကယ်လည်း မမောင်းချင်တော့…..ငိုချင်စိတ်ကို ဖြေလျှော့ပြီး ကန်သုံးဆင့်
အပြင်ဘက် သို့ လမ်းလျှောက်ထွက်လာသည်။ လက်ထဲတွင် လည်း စာချူပ်တစ်ခု ကို ကျစ်ကျစ်
ပါအောင် ဆုပ်ကိုင်ထားသည်။ သူမ ၏ လက်မောင်း အင်္ကျ ီ မှာလည်း မျက်ရည်တွေ နှင့်
စိုထိုင်းနေသည်။ သူမ အံကိုခဲထားသည်။ သူမ ဖြေဖျောက်ရမည်။ သူမ အရာရာ ကို
ဖြေဖျောက်ရမည်။ .သို့သော်…. မျက်ရည်များက တော့ ကျနေတုန်းပင်…။ သူမ ဆက် ၍
မလှမ်းချင်တော့…။
သူမ မျက်ရည်များကို သုတ်လိုက်သည်။သို့သော် ကကြမာ ကတော့ မျက်ရည် တိတ်အောင်
မလုပ်တတ်ခဲ့ပေ….။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ ဝူး….’’ ခနဲ ဖြတ် သွားသော အရှိန် ပြင်းပြင်း မောင်းနှင်နေသော ဆိုင်ကယ် မှာ အသ
ံမျှ သာကျန်ခဲ့၏။ လမ်းကွေ့ ၊ လမ်းချိုးများ နှင့် ကားများကို ကျွမ်းကျင်စွာ
တိမ်းရှောင်ရင်း ဟန်ချက်ညီမောင်း နှင်နေသည်။ Sonic ဆိုင်ကယ်ဦးထုတ် နှင့်
ဂျာကင် အနက်ရောင် ၊ ဂျင်းပင်အနက် နှင့် လူလတ်ပိုင်း အရွယ် သူငယ်တစ်ဦးမောင်း
နေခြင်း ဖြစ်သည်။
ထိုစဉ် တဖက်ပလက်ဖောင်း မှ ဇီးရိုး (Zero) ကွာတား ခေါ် ပေါင်းရင်း ရောက်မတက်
ဘောင်းဘီဝတ်ဆင် ထားသော မိန်းကလေးငယ်တစ်ဦး သည် အိမ်မွေး နိုင်ခြံခွေးကလေး အား
ကြိုးလေးဖြင့် ချည်နှောင်ထားကာ လမ်းလျှောက် ထွက်နေသည်။ မိန်းကလေးငယ်
၏ချစ်စဖွယ်အမူအရာသည် ဖြတ်သွားသူ ကျား၊ မ မှန်သမျှ ရုတ်ချည်း
လှည့်ကြည့်နိုင်လောက်သော ရုပ်ရည်ပိုင်ဆိုင်ထားသူဖြစ်သည်။
ဆိုင်ကယ် အရှိန်ဖြင့်မောင်းနှင် သောသူငယ်သည် အနှီသူငယ်မ အားမြင်သောအခါ
မျက်တောင် တစ်ခပ်မျှ ကြည့်မိလိုက်၏။ မမျှော်လင့်ပဲ ဝင်လာကံကြမမာဆိုးသည်
တစ်ခါတစ်ရံ ၌ အထုတ်အပိုး မပါပဲ လက်ဝယ်အရောက် ဝင်လာတတ်သည်။ ရှေ့သို့ ပြန်အလှည့်
ဆိုင်ကယ်ပြေးလမ်းသို့ ဝင်လာသော ကလေးငယ် တစ်ဦး အနောက်မှ အုတ်ထိန်းသူမှ
လိုက်ဆွဲနေသည့်ဟန်…….။ဆိုင်ကယ်အား မတိုက် မိအောင် ဂိုက်အားခေါက်ချလိုက်သည်။
ထိုစဉ် ရှေ့မှာ လမ်းလျှောက်နေသော ပုံရိပ်တစ်ခု။
“ ဒုန်း…” ဆိုသော အသံ နှင့် အတူ လေဟနယ်ထဲရောက်သွား သည်ကိုတော့ သူ့ကိုယ် သူ
သိသည်။ ထို့နောက်ခြေ လွတ် လက်လွတ် ဖြင့် မြေကြီးပေါ်ပြန်အကျ ။
ညှင်သာအိစက်ခြင်းမရှိသော အောက်ခံဖြင့် ထိတွေ့ရသော အခါ ဘာကိုမှလည်း သတိမရတော့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဗန<ုလ လမ်းမကြီး ၏ဘေးတစ်ဖက်တွင် စိုးရိမ်တကြီးမျက်လုံးများ ဖြင့် ကလေးငယ်ကို
ဖက်ထားသောမိခင်နှင့် လူတချို့ ။ ထိုလမ်း ၏ တဖက်တွင်တော့ ထိုအဖြစ်အပျက်ကို
သူနှင့် မဆိုင်သလို ကြည့်ပြီး ခြေလှမ်းများ ပြန်လည် အသက်သွင်းနေသော အမွှေးဖွား
ခွေးကလေးနှင့် မိန်းမငယ်တစ်ဦး….။
ထိုနှင့်မနီးမဝေးတွင် ရှေ့တစ်ခြမ်းလုံးပျက်ဆီးနေသောဆိုင်ကယ်နှင့် အတူ
မိန်းကလေးတစ်ယောက် ယောကျင်္ားလေးတစ်ယောက် ။ ထို မိန်းကလေး ၏လက်ထဲတွင် ကျစ်ကျစ်
ပါအောင် ဆုပ်ကိုင်ထားသော စာရွက် လိပ်ကလေးတစ်ခု။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*သဘောတူညီကြောင်းစာချူပ်
အဖ အမည် ဦး ကောင်းထက် ၏ သား / သမီး ဖြစ်သူ မှတ်ပုံတင် အမှတ် ၁…/….(နိုင်)
၂၂xxxx ကိုင်ဆောင်သူ မောင်/မ သူရိန်စိုး သည် အဖ အမည် ဦး ကျော်ဆန်း ၏ သား
/သမီးဖြစ်သူ မှတ်ပုံတင် အမှတ် ၁၄/ပသန(နိုင်) ၂၃xxxx ကိုင်ဆောင်သူ မောင် /
မမိုးမခ အား ယနေ့ ၊ ဒီအချိန်မှ စ ၍ ချစ် သူ ဟူသော တာဝန်အား ကျေပွန်စွာ ထမ်း
ရွက်ပါ့မည်။ တစ်ယောက်နှင့် တစ်ယောက်သည် သစစာ ရှိပြီး နားလည် မှု ဖြင့်သာ
တည်ဆောက်ထားသော ချစ်ခြင်းများဖြင့်သာ လက်တွဲသွားမည်။ မည်သည့် အကြောင်း
ကြောင့်ဖြင့် ဖြစ်စေ မမိုးမခ အား ထာဝရ ချစ်မြတ်နိုးကာ လက်တွဲသွားပါမည်ဟု ဝန်ခံ
ကတိ လက်မှက် ရေးထိုးပါသည်။
မောင်သူရိန်စိုး
(အသိသက်သေများ)
မမိုးမခ
၁။ xxxxxxxxxx
၂။ xxxxxxxxxx
၃။xxxxxxxxxxx
။။။။။။။။။။။။။။။။။။။။။။။။။။။။။။ **။။။။။။။။။။။။။။။။။။။။။။။။။။။။။။**
အကယ် ၍ စာချုပ် အမှန်အား သူငယ်ချင်း ယွန်းအိနွေ အတွက် သူမ လဲလိုက်သည် ကို
သူရိန်စိုး သိခဲ့မည် ဆိုလျှင်………………..
အကယ် ၍ မိုးမခဆိုသော မာနရှင်မိန်းကလေး လောကထဲမှာသာ မရှိတော့ဘူး ဆိုတာကို
သူရိန်စိုးတစ်ယောက် ထပ်မံ သိခဲ့မယ်ဆိုလျှင်…………………………။ ။
*
မောင်ရေချမ်း
၈.၁၀.၁၁ (၆း၃၁ )မိနစ် တွင် ပြီးပါသည်။*
(Keyboard အခက်အခဲကြောင့် စာလုံးပက်ဆင့်များ မှာ အချို့ နေရာတွင် ချို့ယွင်းနေပါသည်။ ထို့ကြောင့် ကျွန်တော့်၏ ပထမဆုံး သော ဝထ္ထု လုံးချင်း (စာမူ) အား ပြင်ဆင်ဖတ် ရှုပေးကြပါခင်ဗျာ)
2 comments
alinsett
October 9, 2011 at 6:53 pm
တချို ့က မွေးရာပါ ချစ်တတ်ကြတယ်…။
သိပ်ကောင်းပါတယ် ။
ကြိုက်တယ် ။ ဒီ ဝတ္ထုလေးကို ။
နောက်လည်း ဒီလို စာမူလေးတွေ ရေးပါဦး။
windtalker
October 9, 2011 at 7:23 pm
အခုခေတ်ပေါ်နေတဲ့
ပေါတောတော မော်ဒန်လိုလို အချစ်လိုလို
စာအုပ်တွေ ထက်
ရေချမ်းရဲ ့ဝတ္ထု က အများကြီး ပိုကောင်းတယ် ဗျို ့
နောက်ထပ်လည်း
ဒီလိုမျိုးတွေ
ဆက်လက်ဖတ်ရှူ ရန် စောင့်မျှော်နေပါမည်