သဇင်
သတ္တနွေးနွေး
လှိုင်းဖွေးဖွေးနှင့်
လမင်းငိုသံ
ရှုံ့ရှုံ ညံ၍
မိုးအောက်မြေပြင်
ဂေါ်သဇင်သည်
ဖူးပွင့်ရွှင်လန်း
ထိုညချမ်း၌
ဘဝအသစ်စနေ၏။ ။
သတ္တနွေးနွေး
လှိုင်းဖွေးဖွေးနှင့်
လမင်းငိုသံ
ရှုံ့ရှုံ ညံ၍
မိုးအောက်မြေပြင်
ဂေါ်သဇင်သည်
ဖူးပွင့်ရွှင်လန်း
ထိုညချမ်း၌
ဘဝအသစ်စနေ၏။ ။
5 comments
“ဘီလူးကြီး”ogre
September 15, 2011 at 4:39 pm
ဒီကဗျာတွေဖတ်ဖတ်ပြီး ကျုပ်တောင် ကဗျာရေးချင်စိတ်
ပေါက်လာတယ် မရေးတတ်တာခက်ကပြီ
MaMa
September 15, 2011 at 6:05 pm
လမင်းငိုမှ သဇင်က ပွင့်တယ်ဆိုတော့ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတာကို သွားသတိရမိတယ်။ နောက် တူးတူး ဆိုထားတဲ့ ပုလဲမျက်ရည် ဆိုသလိုပေ့ါ………
မီးမီး သော်
September 15, 2011 at 7:22 pm
သဇင် ဆိုတာဆောင်းပွင့်တဲ့ ပန်းဆိုတော့?လမင်းကငိုတော့ ကျတဲ ့မျက်ရည်က နှင်းငွေ ့လို ့ရည်ရွယ်တာလားမောင်ရေချမ်းရေ။
မောင်ရေချမ်း
September 15, 2011 at 8:24 pm
ဟုတ်တော့ မဟုတ်ဘူးဗျ…အဲ့လိုယူဆ လည်းရပါတယ်…ကျွန်တော် ရေးတာက လောကကြီးတစ်ခုလုံးက နွေးနွေးထွေးထွေး နှင့် လှိုင်းများက လည်း ဖွေးဖွေး ဖွေးဖွေးပင်၊ ထိုစဉ် လမင်း ၏အထီးကျန်မှုကြောင့် ငိုရှိုက်သံ မှ ရှုံ့ရှုံ့ ဟုပင် ထွက်ချေ၏။ထိုအခိုက်တွင် မဟူရာမိုးကောင်ကင် ၏ အောက်ခြေရှိ မြေပြင်တစ်နေရာ ၌ ဖြူဖွေး ၍ ကျက်သရေ ရှိလှစွာသော သဇင် ပန်းသည် အဖူုးမှ အပွင့်အဖြစ်သို့ ကူးပြောင်းရှင်သန်စ ပြုနေလေသည်…။အဲ့လို အတွေး နဲ့တော့ ရေးထားတာပါ။
မီးမီး သော်
September 15, 2011 at 10:32 pm
အော် ကျေးဇူးပါ မောင်ရေချမ်းရေ။