ဘာမပြောညာမပြော…အရမ်းကာရော။။။။။
ကားကတော်တော် ဒုက္ခပေးနေပြီး ကုမ္ပဏီကဝယ်လိုက်တာပဲ ကားဝယ်တယ်ဆိုပေမယ့်
အသစ်တော့ဘယ်ဟုတ်မလဲဗျ မြန်မာပြည်မှာ စက်ရုံထွက် ကားအသစ်စီးတဲ့ လူတန်းစားတွေကသပ်သပ်ရှိတာပဲ
ကျုပ်တို့ လိုလူတွေကတော့ အပေါ်ဝိုင်း အောက်ဝိုင်း ဝိုင်းတကာဝိုင်း ကုန်အောင်သွားရှာ ဒါမှမဟုတ် ပွဲစားနဲ့ရှာ
ဂျာနယ်ကြော်ငြာထားတာတွေလိုက်ကြည့် ဒီလောက်ပဲပေါ့ နောက်ဆုံး ပွဲစားအစပ်အဟပ်နဲ့ပဲကုမ္ပဏီအတွက်ဝယ်လိုက်ရတယ်
ကားကတော့ အကြောကိုတင်းနေတာပဲ ပွဲစားကလဲ မကောင်းရင် နှစ်ဆပြန်ပေးမယ်ဘာညာ အာမဘန္ဒေ ခံနေ မှတော့ ကျုပ်
လည်းသူဌေးကိုယ်စား မျက်စိဇွတ်မှိတ်ပြီးကောင်းတယ်လုပ်လိုက်ရတယ် ဟုတ်တယ်လေးကျုပ်မှအကုန်နားမလည်တာကို
မောင်းကြည့်တော့လဲကောင်းနေတာပဲ နောက်မှတစ်ဖြေးဖြေးသိလာတာက…………….
အရှေ့ကမီးကြီးသိပ်မလင်းတာရယ်
ယာဉ်မောင်းဘက်ကတံခါးပိတ်ရင်အံမကျတာရယ်
ရှေ့လေကာမှန်က မိုးယိုတာရယ်
ဝိုင်ဘာက တစ်ချက်တစ်ချက် ထစ်ထစ်နေတာရယ်
နောက်တံခါးက လိုင်နာအချို့ပြတ်ထွက်နေတာရယ်
အဲယာကွန်းဖွင့်မောင်းရင် Heat တက်တာရယ်
အင်ဂျင်အောက်ဖက်က ဆီတွေတစ်စက်တစ်စက် ယိုကျနေတာရယ်
ဂီယာထိုးရတာ ကြပ်နေတာရယ်
မောင်းနေရင်း စတီယာရင်က ညာဘက်ကိုဆွဲနေတာလေးရယ် အဲဒါတွေသာမရှိရင်တော်တော် ကောင်းတဲ့ကားပါ..။။။
အသံကတော့သိပ်မထွက်ပါဘူး ဟွန်းသံကသာတဂစ်ဂစ်နဲ့ အစ်နေတာ ကျန်တဲ့ အသံတွေကသူထက်ပိုမည်ပါတယ်
ကျုပ်လည်းဝယ်လာတဲ့နေ့ထဲက လုံးဝမနားရပါဘူး ရေတိုင်ကီဆိုင်သွားတိုင်ကီ အလုံးလိုက်လဲ
မီးသီးတွေ အစုံလိုက်ဝယ်ထည့် ပါဝါ ကွိုင်တွေဝယ်တပ် အပေါ်က မိုးယိုနေတာကို ဆီလီကွန်တွေထိုးထည့် အောက်က
ကရိုင်းကစ်ဖွင့် ပြန်ပိတ် လိုင်နာတွေပြန်ထည့် ဘယ်လိုလုပ်လုပ်မရတာပါ ဆီယိုနေတာကောင်းသွားပေမယ့် ကျန်တဲ့
ဝိုင်ဘာတွေ အဲယားကွန်ခလုပ်တွေ မီးကြီးတွေက ဝါယာရိမ်ဆိုင်မှာလုပ်ရမှာ ဒါနဲ့နောက်ဆုံး ရပ်ကွက်ထဲကလက်ပူတိုက်တဲ့
ဆိုင်တွေကို မျက်ကွယ်ပြုပြီး ပတ္တမြား ဈေး တောင်ဥက္ကလာကိုပြေးရတာပေါ့ တောင်ဥက္ကလာက ပတ္တမြားဈေးဟာ ကားတွေ
ရဲ မှန်/ဝိုင်ဘာ /လိုင်နာ/ ဝါယာရိမ်း/ရှဲ/ ဘန်ဘာတွေ အထူပြုလုပ်ရောင်းချတဲ့ ဈေးကြီးပါပဲ အဲဒီမှာ ကားနဲသက်ဆိုင်တဲ့ ပစ္စည်း
တွေသာ ရောင်းချတယ် ထင်တာပါ ကျုပ်အထင်တော့လွဲခဲ့ပါတယ် အဲဒီဈေးက အေးဓမြ ခေါ်မလား လုပ်စားနေကြခေါ်မလား
ဘာမပြောညာမပြော အရမ်းကာရော လုပ်တဲ့သူတွေခေါ်မလား ဘယ်လိုခေါ်ရမှန်းမသိပေမယ့် ……
ကားနဲ့ဘယ်လိုမှမသက်ဆိုင်တဲ့ အစာကြေးဆေးလုံးလေးတစ်ဘူးကို တစ်ထောင်နဲ့ဝယ်လိုက်ရတာပါပဲ…………။။။။။။
ဈေးထဲကားကွေ့ဝင်လိုက်တာနဲ့ ဈေးအဝင်က မိန်ခလေးတစ်ယောက်က ဝင်ကြေးဝင်ကြေးနဲ့ အော်နေတာနဲ့ နားမလည်ဖြစ်ပြီး
“ဘာဝင်ကြေးတုန်း”
ကောင်မလေးက ပြန်ပြောပါတယ်….
“ကားဝင်ကြေးလေ”
နည်းနည်းတော့ကျွဲမြီးတိုသွားတယ်ဗျာ ဈေးကဝင်ကြေးကောက်ရတယ်လို့ ဒါနဲ့….
“ ဟေ…ဒါဈေးမှတ်လားဟ”
“ဟုတ်တယ်လေ ….ဈေးလေ”
“ဈေး..ကဝင်ကြေးလိုလို့လားဟ ဈေးလာဝယ်တာဝင်ကြေးပေးရတယ်လို့ ဒီလိုသာဝင်ကြေးတောင်းမယ်ဆိုစူပါမားကက်
တွေတော့ချမ်းသာပြီဟ..ဈေးမရောင်းဘူး ဝင်ကြေးပဲ ကောက်စားတာတောင် တော်တော်ရမယ်”
“ကျွန်မအဲဒါမသိဘူး ကားနဲ့ဝင်ရင် ဝင်ကြေးပေး ဒါပဲသိတယ် ”
ကောင်းရော ဒါနဲ့ပဲ ဝင်ကြေးနှစ်ရာပေးလိုက်ရတယ် သူတို့ကဟုတ်သားဗျ အပေါက်ဝကွမ်းယာဆိုင်ကနေ ဝင်ကြေးကောက်
နေတာပဲဘာကြောင့် ဒီဈေးကဝင်ကြေးကောက်တယ်မသိဘူး စီပင်သာယာ နဲ့များမဆိုင်လို့လား ကိုယ်ပိုင်ဈေးများလား
စဉ်းစားမရကားဝင်ကြေးပေးပြီး ဘီလိမ့် ရုံရှိသေးတယ် ကောင်လေးချာတိတ် လေးယောက်ဝိုင်းလာပြီး ကားကိုပိတ်ရပ်
ထားတယ်..။။။။
“အကိုဘာပြင်မှာလဲ မှန်လားဝိုင်ဘာလား လိုင်နာလားမီးလား အကုန်ရတယ်ဆရာ”
“အေးနေပါအုံးကွာငါကားရပ်ရမယ့်နေရာလေး ရှာပရစေအုံး မင်းတို့ဟာ မင်းတို့ဆီမပြင်ရင် ရိုက်တောင်သတ်မလားမသိဘူး”
“ဒါဆိုအကို ဒီဆိုင်ရှေ့မှာပဲရပ်လိုက်ရတယ်”
ကားရပ်ပြီး တဲ့အထိ သူတို့ကဝိုင်းထားတုန်းပဲ ဒါနဲ့ကျုပ်လည်း သူတိုထဲက ခေါင်းဆောင်ထင်တဲ့တစ်ယောက်ကိုပဲ …
“ငါ မီးကြီးလဲမယ် ပြင်မယ် ဝိုင်ဘာလုပ်မယ် ကျန်တာတွေ မပြောနဲ့ အဲဒါပဲလုပ်မယ် မင်းဘာသာ ဝါယာရိမ်ဆရာရှာ မီးကြီး
ကတော့ မင်းပြင်မှာမှတ်လား ”
ဒါနဲ့ပဲအဲဒီကောင်းလေးပဲ ဝါယာရိမ်းပြင်မယ်သူ လိုက်ရှာဈေးပြော သူပြင်မယ့်မီးကြီး လက်ခဈေးပြောနဲ့ အဲဒီနှစ်ခုနဲ့တင်
ပစ္စည်းဘိုးမပါ လက်ခချည်ပဲ သုံးသောင်းကျတယ်လေ သူတို့ဖြုတ်ကြပြင်ကြတာတွေကို သစ်ပင်ရိပ်အောက်မှာ ခုံတစ်လုံး
ချပြီးကျုပ်လဲအကျအနထိုင် ပြီးလမ်းကဝယ်လာတဲ့ ဂျာနယ်တစ်စောင် ထုတ်ပြီးဖတ်နေလိုက်တော့တယ် သူတို့ပြင်မှာကြာအုံး
မှာလေ …ဂျာနယ်ထဲစိတ်ရောက်နေလို့လားမသိဘူး ဒီလူကြီးအနားရောက်လာတာကျုပ်မသိလိုက်ဘူးဗျ …..။
“ ဘောစိ လက်ဝါးဖြန့်”
“ဘာတုန်းဗျ”
“ဟာဖြန့် မှာဖြန့်စမ်းပါ”
ဟာဒီလူတော့ဒုက္ခပဲ သူကြည့်တော့ လွယ်အိတ်ကြီးတစ်လုံးလွယ်လို့ ဆံပင်ကရှည်ရှည် နောက်ကသားရေးကွင်းနဲ့ စုချည်
ထားသေးတယ်နှုတ်ခမ်းမွေးနဲ့ အသားမဲမဲ ဝတ်စားထားတာတော့သန့်သန့် ပြန့်ပြန့်ပါပဲ..လက်ဖြန့်ပေးလိုက်တော့ အစာကြေ
ဆေးလေးသုံးလုံးလက်ဝါးထဲ ထည်ပေးတာနဲ့..
“ဟာမစားဘူး နေပါစေတော့ ကျုပ်က အစာကြေဆေးမစားတတ်ဘူးဗျ အဲဒါဟိုငယ်ငယ်လေးထဲက”
ဒီလောက်ဆိုကျုပ်သဘောပေါက်ပြီလေ..သူဆေးရောင်းတော့မှာ..ဒါပေမယ့်..ဒီလူကြီးလက်မလျှောဘူး ဗျ …
“ဟာ…ဘောစီကလဲ မစားခိုင်းသေးပါဘူး အရင်ရှုကြည်လိုက် ရှုပါဗျ”
ဒါနဲ့ပဲရှုကြည့်ဘို အသာခေါင်းလေးငုံပြီးရှု လဲရှုလိုက်ရော ဒီလူကြီး ဘာမပြောညာမပြော ဇက်ကျောတွေနှိပ်တော့ တာပဲဗျို
ကုပ်ပိုးတွေနှိပ် အကြောတွေလျှော့ တစ်ဗျိုးဗျိုးတစ်ဖျောက်ဖျောက် အဆစ်တွေချိုး နားကြောတွေလျှော့ နားတွေလဲပူထူလို့
နောက်ပြီ ပုခုံးကိုကိုင်အပူတွေထုတ် နားထင်းတွေပွတ်ချေ..တော်ပါပြီးအော်လဲမရ လက်ဆစ်တွေချိုး လက်မောင်းကြောတွေ
နှိပ်ပေး …တစ်ခါ ဘာမပြောညာမပြောနဲ့ ကျုပ်စီးထားတဲ့ဖိနပ် ဆွဲချွတ်လွင့်ပစ်ပြီး ခြေဖဝါးအဆစ်တွေချိုး ဖဝါးအလယ်
ခေါင်တွေနှိပ် ပေါင်ကြောတွေလျှော့ ..ကိုယ်ထက်အသက်ကြီးတဲ့သူမို့လို့ ငရဲ ငအုံတွေကြီးမှာစိုးလို့ အတင်းရုန်းလဲမရ …။။
အားရအောင်ထုထောင်းနှိပ်စက်ပြီးမှပဲ..
““ရောဘောစိ ဒါလေးအားပေးပါနော် ”
““ဟာဒါကြီးကျုပ်မစားပါဘူးဆို”
““မစားလဲ ဘောစိရယ် အိမ်ကလူကြီးတွေကြွေးလိုက်ပေါ့””
မဝယ်မချင်းသွားမယ်ပုံမပေါ် တော်ကြာမဝယ်မချင်း ထပ်နှိပ်နေမှအခက် ဒါနဲ့ပဲ
“ဘယ်လောက်လဲဗျ ”
“တစ်ဘူးတစ်ထောင်ထဲပါဘောစိရယ်..အဲဒါအောင်နေဝန်းလေ အစာကြေဆေး တော်ရုံ နဲ့ မရဘူးနော် ဆယ်ဘူးပါတာ
အခုဘောစိဝယ်မယ့်ဘူးကနောက်ဆုံးဘူး လိုချင်လဲထပ်မရောင်းတော့ဘူးပြန်မှာ”
“ဗျာ ..ဈေးကြီးလှချည်လားဗျ အပြင်မှာ သုံးရာဆိုတာအများဆုံးနေမှာ”
“လုပ်ပါဘောစီရယ် ..တစ်ထောင်ကဘာမှမဟုတ်ပါဘူး ဈေးများတယ်ပြောမှာစိုးလို့ စောစောကမာဆပ်လုပ်ပေးပြီး
ဖားထားတာပေါ့..ဟဲဟဲ ဒီလိုလေးဖားပြီးရောင်းမှ အိမ်စရိတ်လေးရတာမို့ပါ ဆရာသမားရယ် ”..။။။။။
အဲဒါနဲ့ပဲ ဒီလူကြီးကို တစ်ထောင်ပေးပြီး ဦးချိန်တီ အစာကြေဆေးဘူး လောက်ရှိတဲ့ ဘူးကလေးကိုတစ်ထောင်းပေးပြီးဝယ်
လိုက် ရတော့တာပဲဗျို့ဘာပဲပြောပြောပေါ့လေ..ဒီလူကြီးရဲ့စိတ်ဓါတ်ကိုတော့ကြိုက်တယ် သူတတ်တဲ့အကြောနှိပ်ပညာလေးနဲ့
တစ်ဝမ်းတစ်ခါး ရှာစားနေတာပဲလေ ပေးလိုက်ရတဲ့ ငွေးကြေးကများတယ်ဆိုပေမယ့် ခင်ဗျားတို့ကျုပ်တို ဇိမ်ခံပြီးသွားသွား
နေတဲ့ မာဆပ်ဆိုတဲ့ နေရာက ယောက်ျားလေးပေါင်းနှလုံကြား အကျအနထိုင်ပြီး ဟိုနေရာကလိ ဒီနေရာကလိနဲ့ မထိတထိ
လေးလုပ်ပြီး ဘာမှမသိတဲ့ အကြောတွေ ရမ်းနှိပ်တဲ့ အဝှာမလေးတွေအတွက် ပေးလိုက်ရတဲ RK နဲ့နှိုင်းစာရင် ဒီလူကြီး
ခဏလေးနှိပ်လို့ ပေးလိုက်ရတဲ့ ငွေကြေးက တန်ဘိုးရှိမယ်ထင်ပါကြောင်း….ဘာမပြောညာမပြောအရမ်းကာရော လိုက်နှိပ်တဲ့
လူကြီး တစ်အကြောင်းပါပဲ…ဗျာတို့..။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။