Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပါဖော့်မင်းလဲဆန်း အင်စတော်လေးလဲရှင်းကောင်းတဲ့ ထနောင်းပင်

မန်းလေးကျုံးဘေးမှာ ထနောင်းပင်တွေများပါတယ်။
အဝါရောင်ပင်စည် အစိမ်းရောင်အရွက်တွေနဲ့အေးမြတဲ့အရိပ်ကိုပေးပါတယ်။
ထူးခြားတာက အပင်ရဲ့ပုံသဏ္ဍန်ပါဘဲ။
အပင်တစ်ပင်နဲ့တပင် လုံးဝမတူတတ်ပါဘူး။
ပင်စည်ကနေအကိုင်းအခက်တွေဖြာထွက်နေပုံက ကဗျာဆန်လို့လှပါ ပါတယ်။
အခုခေတ်လိုပြောရင် ပါဖော့်မင်းကောင်းကောင်းပေးထားတယ်။
အင်စတော်လေးရှင်းလဲကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
ဒီထနောင်းပင်ကို အရင်တစ်ခါက တင်ဘူးပါတယ်။
နေရာတူပေမယ့် ပုံမတူပါဘူး။
ပထမတစ်ခါတင်တော့ ရွာထဲက မြင်သူများက တိမ်ပြာပြာနောက်ခံနဲ့ဆိုပိုလှမယ်လို့ အကြံပေးကြတာနဲ့ အခုထပ်တင်ပေးလိုက်ပါတယ်
နောက် ကျုံးရေပြင်ကို မေးတင်လို့စိတ်ကောက်ပြီး လှဲနေတဲ့ ထနောင်းပင်ကိုပါ မမြင်ဘူးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်။
စိတ်ကောက်နေတဲ့ ထနောင်းပင်ကို မြင်ဘူးရင်တော့ ခွင့်လွှတ်နော်လို့ဘဲပြောချင်ပါတယ်။
ဒီပုံလေးကတော့ လောလောဆယ်ရိုက်ခဲ့တဲ့ပုံလေးပါ။

ကျောက်တော်ကြီးဘုရားထဲက ထနောင်းပင် သူ့နောက်ခံက တိမ်ပြာပြာ

ဒါကတော့ အရင်တုံးက ရိုက်ထားတဲ့ပုံ။
ဒါကတော့ ပထမဆုံးအကြိမ်က ရိုက်ထားတဲ့ပုံလေးပါ။

အကိုင်းအခက်တွေဖြာထွက်နေတာက လှပ၊
တုပလို့ မမှီနိုင်သလိုပါဘဲ။
သဘာဝ အတိုင်း အကိုင်းအခက်တွေဖြာဝေနေပုံက ငေးမောအံ့ဩစရာ

အကိုင်းလေးတွေဖြာထွက်နေပုံကတော့…………….
အဖျားမှာအခက်တွေဖြာနေတာလေ

အပေါ်အဖျားပိုင်းလေးကပ်ရိုက်ထားတာပါ။
အထက်ပိုင်းလေးက ဖြာဝေနေပုံ

ထနောင်းပင်အင်စတော်လေးရှင်း……………
အပြာရောင်ကောင်းကင်အောက်က ထနောင်းအခက်တွေဖြာနေတဲ့ပုံ

ဒါကတော့အနောက်ဘက်ယိမ်းနေတဲ့အကိုင်းပေါ့။
အနောက်ဘက်ကိုယိမ်းနေတဲ့ကိုင်းလေးနောက်ခံက တိမ်ပြာပြာ

လှပစွာဖြာထွက်
ဖြာဝေခက်လက် စိမ်းမြရောယှက် အဝါရောင် ကစွက်

အပေါ်ပိုင်းဘဲမြင်ရတာလေ။
အပင်အဖျားမှာ ကောက်ကောက်ကွေ့ကွေ့

ဒါကတော့နောက်ဘက်ကတစ်ခြမ်း
အပေါ်ဖက်က အင်စတော်လေးရှင်း

တစ်ပင်လုံးကို မြင်ရတဲ့ပုံ အနောက်ဖက်ကကြည့်တာလေ။
ဒါက မြောက်ဘက်ကနေမြင်ရတာ အရင်တုးံကရိုက်ထားတာ

ဒါက အရင်တစ်ခါရို်က်ထားတာလေ
အပေါ်ပိုင်းလေး အရင်ကရိုက်ထားတာပါ

ဒါကတော့ ပထမဆုံးတင်တဲ့စိတ်ကောက်နေတဲ့ထနောင်းပင်
မန်းလေးလမ်း80 အနောက်ကျုံးလမ်း မှာရှိတာပါ

အဲဒီထနောင်းပင်က ကျနော့်ထက်အသက်ကြိးတယ် သူအစက ထိုင်နေသေးတယ်နောက်မှလှဲအိပ်ထည့်လိုက်တာပါ
ဒါကတော့ ဘေးတိုက်မြင်ရတာလေးပါ

လှဲချမှာစိုးတော့ ဒေါက်တွေနဲ့ထောက်ပေးထားတယ်
အပင်လုံးပြည့် အောက်မှာဒေါက်တွေနဲ့ပါ။

ဒိပုံလေးတွေတင်ပြီးသားထဲကို အသစ်ထပ်ဖြည့်ပေးလိုက်တာပါ။

19 comments

  • ကိုပေါက်(မန္တလေး)

    September 15, 2011 at 10:20 pm

    အခုရက် ဓါတ်ပုံတင်ရတာစိတ်တကယ်လေပါတယ်။
    ကော်နက်ရှင်က ပြတ်တောင်းပြတ်တောင်း။
    တင်ရင်းမမှတ်မိတော့ ပုံတွေထပ်သွားတာနဲ့ မှားတင်မိတာနဲ့။
    ခက်တယ်…………..

  • ပေါက်ဖော်

    September 15, 2011 at 10:51 pm

    ကျနော်တော့ ထနောင်းပင်ဆိုတာ ခုမှမြင်ဖူးတယ်ဗျာ
    ရှဲရှဲ

  • windtalker

    September 15, 2011 at 11:47 pm

    ကိုပေါက် ရဲ ့ထနောင်းပင်တွေ ကို
    ကြည့်ပြီး
    သတိထားမိတာလေး တစ်ခု ရှိတယ်
    အခေါက်တွေ မရှိသလို ပဲနော်
    ကျွန်တော် ကြားဖူးတဲ့ ဗမာ ဆေးနည်း လေး တစ်ခု ရှိတယ်
    မျက်နှာ မှာ ဝက်ခြံများသူ ၊ ဘုထစ်နေသူ တွေ အတွက်
    ထနောင်းခေါက်ကို သွေးလိမ်းရင်
    သိသိသာသာ ကို ယူပစ်သလို ပျောက်ကင်းတယ် တဲ ့
    အဲဒါကြောင့်များလား လို ့
    တွေးမိတယ် ဗျာ
    ကိုပေါက်ရဲ ့
    အတွေးလက်ဆောင်

  • မီးမီး သော်

    September 15, 2011 at 11:48 pm

    ကိုပေါက်ရေ ….ခုမှတကယ်မြင်ဖူးတာပါ။ကျေးဇူးဘဲနော်။တိမ်ပြာပြာကိုနောက်ခံထားတော့ ပိုလှသွားတာပေါ့။

  • မောင်ပေရေ
    ထနောင်းခေါက်က အရက်ချက်လို့ရတယ်ဗျာ အဲတော့ ……………………
    မီးမီးသော်ရေ
    အရင်က တစ်ခါ တင်ဘူးတယ်။
    အဲဒီတုံးက သူကြီးရယ် ရွာထဲက မမရယ်က တိမ်ပြာလေးနဲု့ဆို ပိုလှမှာလို့ မန်းကြတယ်လေ။
    အဲတော့ တိမ်ပြာပြာနောက်ခံနဲ့ပြန်တင်ပေးလိုက်တာပါ။

  • ဆူး

    September 16, 2011 at 1:10 pm

    ထနှောင်းပင် အိုကြီး ငုတ်တုတ်နဲ့ တုုံးလုံးလဲတော့မလား ထင်ရတယ်။
    ဒေါက်တွေ ကူထားတော့ နောင်နှစ်ပေါင်းများစွာတော့ ခံနိုင်ရည် ရှိအုန်းမှာပါ။

  • စုံ စုံ

    September 16, 2011 at 1:24 pm

    စိတ်ကောက်နေတဲ့ထနောင်းပင်ကိုအရင်ကတွေ့ဖူးတယ် လေးပေါက်ပြလို့
    တပင်လုံးပုံကတော့ခုမှဘဲမြင်ဖူးတော့တယ်
    ဓါတ်ပုံဆရာကတော်တာနဲ့ ကိုယ့်ဘာသာဆိုဘယ်လိုမှသတိမထားမိနိုင်တဲ့
    ထနောင်းပင်က အခုဆိုမျက်စိထဲမှာကြည့်ရတာတော်တော်ကိုကြည့်လို့ကောင်းတာဘဲနော်

  • chitsu

    September 16, 2011 at 2:09 pm

    ထနောင်းပင်ကိုတစ်ခါမှမမြင်ဖူးပါဘူး…………အခုတင်ထားတဲ.ပုံကတော.တော်တော်လှတယ်
    စိတ်ကောက်နေတဲ.တနောင်းပင်လည်းလှတယ်….တခြားအပင်တွေနဲ.မတူဘူးနော်

  • ကိုပေါက်(မန္တလေး)

    September 16, 2011 at 10:07 pm

    ဒီစိတ်ကောက်နေတဲ့ထနောင်းပင်ကို ဓါတ်ပုံရိုက်ချင်လို့ ပထမတစ်ခါသွားတုံးက
    အပင်ရဲ့အတွင်းထဲမှာ အတွဲတစ်တွဲရှိနေတယ်ဗျာ။
    ကင်မရာကိုင်ထားတာလဲမြင်ရောကောင်လေးက ဂျိုကြည့်တွေကြည့်တာနဲ့မရိုက်ခဲ့ရဘူး။
    နောက်တစ်ခါသွားတော့ စိတ်သိပ်မနှံ့တဲ့သူက အိပ်နေပြန်ပါတယ်။
    တတိယတစ်ခါမှာတော့ အောင်မြင်သွားတော့ အခုလိုတင်ဖြစ်သွားတာပေါ့။

  • maythakhin

    September 17, 2011 at 12:15 am

    ထနောင်းပင်တွေမြင်တော့ ပိုးအိစံရဲ့ ညီလေးတို့ရွာ သီချင်းလေးကိုသတိရမိတယ်။
    ဒါပေမဲ့ အဖျားမှာအခက်တွေဖျာနေတဲ့ ဖျာနေတဲ့ ပုံကိုကြည့်ရတာတော့ အသည်းယားစရာကောင်းတယ်။

  • အပင်တွေထဲမှာ ထနောင်းပင်ရယ် တရုတ်စံကားပင်ရယ်
    ပင်စည်ကနေအခက်အလက်ဖြာထွက်တာ လိုက်မမှီတဲ့
    သဘာဝကပေးအပ်တဲ့ ပါဖော့်မင့်လို့ထင်ပါတယ်။

    • htoosan

      October 5, 2011 at 10:23 pm

      ကိုပေါက်ရေ… စိန်ပန်းရဲ့ အလှတွေလည်း တစ်ချက်လောက် ကြည့် ကြည့်ပါဦး။

  • etone

    September 17, 2011 at 11:38 am

    အပင်အောက်မှာ ဒေါက်ထောက်ပေးထားတဲ့ပုံလေးကို ကြည့်ရတာ သစ်ပင်တွေကို မြတ်နိုးတဲ့ အငွေ့သက်လေးတွေ သမ်းနေသလိုပါပဲနော် … ရန်ကုန်က စက်မှူဇုံတွေမှာ သစ်ပင်တွေ လိုက်ခုတ်တာ အတော်အကျဉ်းတန်နေတယ် … ဘာလို့ လိုက်ခုတ်တာလဲ မေးကြည့်တော့ .. ဓါတ်ကြိုးတွေနဲ့ မလွတ်လို့ပါတဲ့ … ခုတ်ထားတာလည်း အပင်တော်တော်များများပဲ … တစ်ချို့အပင်တွေဆို ငုတ်တိုပဲ ကျန်တော့တယ် … ။
    တစ်ဖက်က ပျိုးပင်တွေစိုက်နေသော်လည်း အရိပ်ရသစ်ပင် သက်တမ်းရှည်တွေကျတာ့ ဖျက်လိုဖျက်ဆီးနဲ့နော် … 🙄

  • MoonLay

    October 5, 2011 at 2:08 pm

    ထနောင်းပင်ကိုတစ်ခါမှမမြင်ဖူးပေမဲ့ .တော်တော်လှတယ်နော်
    ကိုပေါက် ကိုကျေးဇူးတင်ရမှာပဲ

  • နွယ်ပင်

    October 5, 2011 at 2:40 pm

    လေးပေါက် ပုံလေးကတော်တော် အသက်ဝင်တယ်
    အပင်အောက်က ဒေါက်တွေက အပင်ကို ပိုပြီး လှစေတယ်ထင်တယ်နော်

  • nayminn

    October 5, 2011 at 5:30 pm

    လာမယ့်နွေကျရင် ရောက်အောင်သွားပြီး…ထနောင်းပင်အောက်ကခုံမှာထိုင်ပြီး…နွေနေကို အံတုလိုက်ချင်တယ်။

  • စိန်ပန်းပင် ကတော့ မိုးမှာပွင့်တဲ့စိန်ပန်းနီတွေရှိတယ်။
    တင်ပေးဘူးပါတယ်။
    ဒါပေမယ့် မေမြို့ က စိန်ပန်းပြာကို ရိုက်ပြီးရင် ထပ်တင်ပေးမယ်။
    စိန်ပန်းပြာက နွေမှာမှလှတာလေ။
    ပတ္တမြားနဲ့နီလာ ဆိုတဲ့နာမယ်နဲ့တင်ဘို့စိတ်ကူးရှိပါတယ်

  • TTNU

    October 5, 2011 at 11:38 pm

    ဦးပေါက်ရေ
    ကျမ မနက်တိုင် လမ်းလျှောက်ရင်ဒီ လဲလျောင်းထနောင်းကြီးကို
    အမြဲဖြတ်သွားလေ့ရှိတယ်။
    ဖြတ်တိုင်း အတွဲ ရှိနေမြဲမို့ အပင်ဘက်ကို
    မလှည့်ကြည့်ရဲဘူး။
    ဟုတ်ပါ့ တစ်ခါတစ်လေ အရူးရှိတယ်။
    သေချာမကြည့်တော့ လဲလျောင်းထနောင်းကြီး အလှကို
    တယ်မမြင်မိဘူးပါ့။
    ဦးပေါက်ကျေးဇူးကြောင့် အခုတော့ ကျမသိပြီ။

Leave a Reply