Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငပလီ….သို. အလည်တစ်ခေါက် အရောက်လာခဲ.ပါ………………..

ThantwetharSeptember 15, 20111min819

ကျွန်တော်တို.ငပလီကမ်းခြေဟာအရှေ.တောင်အာရှမှာအကောင်ဆုံးကမ်းခြေတစ်ခုပါ။ ပင်လယ်ကမ်းခြေအရှည်ဟာ(၁၂)မိုင်ရှည်ပါတယ်၊ပြည်တွင်းဧည်. သည်တည်းခိုနိုင်တဲ.Hotelကတော့(၃-၄)ခုလောက်ရှိပါတယ်။ အဲဒီHotelတွေကတော.Memento,Linthar  oo,Eden  Hotelတွေဘဲဖြစ်ပါတယ်။ဘာဖြစ်လို.ရွေးပြီးပြောရလဲဆိုရင် အဲဒီHotelဈေးနှုန်းကတစ်ရက်ကို(၃၀၀၀ဝိ)နဲ့(၄၀၀၀ဝိ)ဝန်းကျင်ဘဲရှိတယ်၊ ကျန်တဲ.ဈေး များပြီးနိုင်ငံခြားသားတည်းခိုနိုင်တဲ့Hotelကတော့ေ လာလောဆယ်(၉)ခုလောက်ရှိပါတယ်၊ အလယ်အလတ်နဲ.ကောင်းကောင်းနေချင်တယ်ဆိုရင်  Silver   Beach Hotelရှိပြီးဈေးနှုန်းကတော.(၆၅၀၀ဝိ)ကနေ(၁၅၀၀၀ဝိ)ထိရှိပါတယ်၊ ရန်ကုန်ကနေငပလီကိုလာမယ်ဆိုရင်လေကြောင်းရောကားလမ်းပါလာလို.ရပါတယ် ။လေကြောင်းလိုင်းတွေကတော့  Air Bagan,Air Mandalay,Asian Wingsတို့.ဖြစ်ပြီးဈေးနှုန်းကတော.(၆၅၀၀ဝိ)ဖြစ်ပါတယ်။Myanmar Airwayကတော.တစ်ပတ်မှာ(၂)ကြိမ်ဆွဲပါတယ်၊ဈေးနှုန်းကတော.(၂၂၀၀ဝိ)ဖြစ်ပါတယ်။ကာလိုင်းတွေကတော.အောင်သစာExpressနဲ.ရဲအောင်လံ    Expressတွေဖြစ်ပြီးဈေးနှုန်းကတော.(၁၂၀၀ဝိ)–Airc0n  Busကတော.(၁၆၀၀ဝိ)ဖြစ်ပါတယ်။ Aircon  Busကတော. ရန်ကုန်-တောင်ကုတ်-သံတွဲ-ငပလီလမ်းကြောင်းကလာပြီး ရိုးရိုးကားကတော.ရန်ကုန်-ငါးသိုင်းချောင်း-ဂွ-သံတွဲ-ငပလီလမ်းကလာပါတယ်။ ငပလီကမ်းခြေရဲ.ထူးခြားခြက်ကတော.ပင်လယ်သဲကဖြူတယ်၊ပြီးတော.ပင်လယ်စာတွေကိုလတ်လတ်ဆတ်ဆတ်  စားရတာပဲ၊ရခိုင်BEERလို.ခေါ်တဲ.ဓနိရည်ပင်ကျကလည်းကောင်းမှကောင်းဘဲ၊ ရခိုင်ငရုတ်သီးထောင်းနဲ.ကြက်သောက်ဆမ်းဆိုရင်သံတွဲမြို.        ပေါ်ကကောင်းမှကောင်းနဲ.နှုတ်ခမ်းမွှေး စားသောက်ဆိုင်ဆိုရင်ဈေးလည်းသက်သာအရသာလည်းရှိတယ်။တရုတ်စာဆိုရင်Excellence,Best Friendစားသောက်ဆိုင်တွေမှာဈေးလည်းသက်သာပြီး H0telအတိုင်းကောင်းတယ်။ဒါကြောင်.မို. ငပလီကိုမဖြစ်မနေတစ်ခေါက်လောက်လာလည်ကြည်.ပါလို. ဖိတ်ခေါ်ရေးသားလိုက်ရပါတယ်။

37 comments

  • yetazar

    September 15, 2011 at 7:25 pm

    မန်းဂေဇက်ထဲမှာ ကြော်ငြာကဏ္ဍလည်း ပါလာပြီလား ။ မြို့အလှမှမဟုတ်တော့တာဗျာ ။ စီးပွါးရေးဆန်တဲ့ကြော်ငြာကြီးပဲ ။ သံတွဲမြို့ရဲ့အလှကိုသိရင် စီးပွါးရေးမတွက်ပဲလာကြမှာပါဗျာ ။ ငပလီရဲ့ထူးခြားချက်က သဲဖြူတာတစ်ခုတည်းမဟုတ်ပါဘူး ။ ပင်လယ်ချိုင်ကလဲအရမ်းလှတယ် ။ ကမ်းခြေမှာ အန္တရာယ်ကင်းကင်းနဲ့ ရေကူးဆော့ကစားနိုင်တယ် ။ ရှုမငြီးတဲ့ ကျောက်ဆောင်တွေရှိတယ် ။ အုန်းတောအလှရှိတယ် ။ သစ္စာတရားရဲ့ ပြယုဒ် မောင်တော်ကျောက်ကြီးရှိတယ် ။ အထိမ်းအမှတ်ရေသူမရုပ်ရှိတယ် ။ ပြောမယ်ဆိုရင်ပြောမကုန်ဘူး ။ အဓိက ကတော့ သံတွဲသားစစ်စစ်တွေမှာ ငွေနဲ့ပေးဝယ်မရတဲ့ မေတ္တတရားရှိတယ် ။ ငွေနဲ့တိုင်းတာမရတဲ့ သစ္စာရှိတယ် ။

    • Thantwethar

      September 15, 2011 at 7:39 pm

      ကျွန်တော်ကကြော်ငြာရအောင် ကျွန်တော့စီးပွားရေးတစ်ခုမှမပါပါဘူးဗျာ။အခု သီတင်းကျွတ်ကျောင်းပိတ်ရက်နီးလာတော့ အပန်းဖြေလာချင်သူ မိသားစုတွေ မန်းလေးဂေဇက်ကို ဖတ်ရှုနေတဲ့သူတွေ ငပလီခရီးစဉ်လေးအကြောင်းနဲ့ တည်းခိုခန်းခလေးတွေကို ရွေးချယ်နိုင်အောင် အကြံပြုလမ်းညွှန်ပေးတဲ့ သဘောလေးပါ။ ကျွန်တော်လည်း စာမရိုက်တတ်လို့ ကြိုးစားပြီး အပေါ်ကပိုစ့်လေးကို (၃) နာရီကြာအောင် ရိုက်ပြီးအားလုံးသူသိစေချင်လို့ စေတနာနဲ့တင်ပေးထားတာပါ။အားလုံးသူနားလည် နိုင်ပါစေ။

      • minthar

        September 15, 2011 at 7:54 pm

        ခုတစ်မျိုးတော်ကြာတစ်မျိုးလုပ်တတ်တဲ့ thantwethar ….
        မုသာဝါဒ သုံးနေပြန်ပီဗျို့….
        ဟိုတစ်ခါရိုက်တာများ မြန်လိုက်တာ.. ခနလေးနဲ့ အရှည်ကြီးရေးသွားခဲ့တယ်…
        ကားဂိတ်ကြော်ငြာ နေသလား ထင်ရတယ်… အကြံပိုင်ပါပေ့…
        yetazar ပြောလိုက်တော့မှ သတိရမိတော့တယ်.. ကားဂိတ်ကြော်ငြာချင်ရင် ရန်ကုန်ကိုလာခဲ့..ဆက်သွယ်ပေးပါ့မယ်
        :mrgreen: :mrgreen: :mrgreen:

  • koyinmaung

    September 15, 2011 at 7:39 pm

    ဘုန်းကြီးကျောင်းမှာတည်းလို့ရယင်တော့
    လာလည်မယ် ……..

    • shwepyiaye

      September 16, 2011 at 1:45 am

      မြပြင်ရွာမှာလာတည်းလေ…

  • Thantwethar

    September 15, 2011 at 7:51 pm

    ဘုန်းကြီးကျောင်းတွေမှာလည်း တည်းလို့ရပါတယ်။ တစ်ချို့ အညာဒေသကလူအယောက်(၃၀-၄၀) လောက် ကားကြီးတစ်စင်းနဲ့လာရင် ဘုန်းကြီးကျောင်းမှာတည်း နေ့ခင်းဘက်တွေဆို ကမ်းခြေမှာသွားပြီးတော့ အပန်းဖြေရေကူးကြတာကို တွေ့ရပါတယ်။ဘုန်းကြီးကျောင်းနဲ့ ကမ်းခြေကတော့ နည်းနည်းလှမ်းပါတယ်။ ပြန်ရင်တော့ ဘုန်းကြီးကျောင်းကို အလှုငွေတော့ လှုရတာပေါ့ ဟဲ..ဟဲ 😛 😛

  • yetazar

    September 15, 2011 at 7:58 pm

    Thantwetharရယ် လုပ်ချလိုက်ပြန်ပြီ ။ “ ပြန်ရင်တော့ ဘုန်းကြီးကျောင်းကို အလှုငွေတော့ လှုရတာပေါ့ ဟဲ..ဟဲ 😛 :P´´ ဒီစကားကြီးက သံတွဲကဘုန်းတော်ကြီးကျောင်းတွေက အလှူငွေထည့်မှ တည်းလို့ရတာမဟုတ်ပါဘူး ။ တည်းတဲ့သူတွေက ဘုန်းတော်ကြီးတွေရဲ့ စေတနာကိုကြည်ညိုလို့ လှူခဲ့တာပါဗျာ ။ အလှူငွေမလှူရင်လဲတည်းလို့ရပါတယ် ။ Thantwethar က စီးပွါးရေးလုပ်ငန်းရှင် ကြီးလားမသိဘူးနော် ။ စကားအခွန်းတိုင်းမှာ ငွေရေးကြေးရေး ပါတယ် ။

  • မီးမီး သော်

    September 15, 2011 at 8:49 pm

    တခုတော့ ဝင်ပြောမယ်။ရှင်အကောင်းရေးတာကို လက်ခံတယ်။ဒါပေမယ့် နေရင်းထိုင်ရင်းအဲဒီ တစ်ယောက်ဆီဘဲမြှားဦးလှည့်သွားတာတော့ ကျွန်မလဲကြည့်နေတာ။ဒါပေမယ့် တခုတော့ရှိတယ်. ပြောစရာရှိတာတော့ ပြောရတော့မယ်ထင်တယ်။ရှင် ကျွန်မကို စွပ်စွဲပြောချင်တာပြောသွားတာ
    ဆင်ခြင်ပါ နောက်နောင်ကို။မကျေနပ်လို ့ဖြေရှင်းချင်တယ် ဆိုရင် အကယ်၍ ယောကျာ်းပီသ ရင် အပြင်မှာရှင်းကြတာပေါ့။မိန်းကလေးက ဒီစကားစပြောရတာ နော့။

  • pyinlepyaw

    September 15, 2011 at 9:15 pm

    ဟုတ်ကဲ့ပါ တော်လောက်ပါပီ မြို့သားအပေါင်းတို့ လူမိုက်နဲ့ယှဉ်ပီးစကားမပြောကြပါနဲ့တော့ ။ သူကြီးလဲ မျက်စိ အရမ်း
    နောက်နေရော့မယ် ။ သူ့ဒဏ်သူခံနေရရှာပါပီ၊ အသက်မထွက်ရုံတတစ်မယ် လေးသာသာ လောက်ပဲရှှိပါတော့တယ် ။
    မေတ္တာရပ်ခံပါတယ် တော်ကြပါတော့ဗျာ ။ သူ့မလဲ ကံမကောင်းခြင်းတွေ တစ်ပြုံကြီး နဲ့ရင်ဆိုင်နေရပါပီ ။

  • lupol

    September 15, 2011 at 9:20 pm

    ဘာပဲပြောပြော အောင်သစ္စာ ကို စီးကြပါခင်ဗျ။ ငပလီကို အခက်အခဲမရှိ မြန်မြန်ဆန်ဆန် ရောက်ပါ့မယ်ခင်ဗျ။
    ( အဟဲ ကြော်ငြာခတော့ မရပါဘူးခင်ဗျ) 😀

  • ရင်နင့်

    September 15, 2011 at 11:05 pm

    ဒါကစီးပွားရေးဆန်တဲ့ ကြေငြာလို့ပြောလို့မရပါဘူး သူပြောတာယေဘူယျအနေနဲ့ပြောသွားတာပါ
    ဘယ်ဟာကတော့ကောင်းပါတယ်ဆိုပြီး ညွှန်းမသွားဘူး ဒါမှမဟုတ် သူကအဲ့ဒါတွေအကုန်လုံးပိုင်
    နေရင်တော့လဲ မပြောတတ်ဘူး 🙂

  • mr.lone

    September 16, 2011 at 8:49 am

    ဘာတွေများဖြစ်နေကြတာလဲမသိဘူးနော်..မီးမီးသော် နဲ့ thantwethar နဲ့ကရန်ညှိုးတွေရှိလို့လား။
    ရွာသူရွာသားတွေရန်မဖြစ်ကြပါနဲ့နော်…တစ်ယောက်ကမှားရင်လည်း တစ်ယောက်ကခွင့်လွှတ်ပေးလိုက်ကြ
    ပါ။ lone ကတော့ ငပလီ၊ချောင်းသာ၊ငွေဆောင် အကုန်သွားချင်တယ်… ငွေဆောင်ပဲရောက်ဖူးသေးတယ်။
    ချောင်းသာနဲ့ ငပလီတော့မရောက်ဖူးသေးဘူး။ ချောင်းသာ ရဲ့ အကြောင်းလည်းသိချင်ပါသေးတယ်။ Hotel
    တို့၊ ကားခတို့ ဘယ်လောက်ကုန်နိုင်မလဲ ချောင်းသာသွားရင်.။ အခုလိုပဲငပလီလိုမျိုးချောင်းသာအကြောင်းလေး ရေးပေးပါလား…
    ကျေးဇူးတင်ပါတယ်။

    • mr.lone

      September 16, 2011 at 10:26 am

      ငွေဆောင်သွားတုန်းက မိဘတွေနဲ့သွားတာဆိုတော့ ဘယ်လောက်ကုန်လို့ကုန်မှန်းမသိလို့ပါ။
      အခုသူငယ်ချင်းတွေနဲ့ တူတူသွားချင်တာဆိုတော့ ဘယ်လောက်ကုန်နိုင်မလဲပြောပြပေးပါလား…….

      • mr.lone

        September 16, 2011 at 11:01 am

        ပြောပြပေးပါဆို အခုထိလည်းမပြောသေးဘူး …သိချင်လို့ပါဆို … ဘာလည်း မပြောချင်တော့ဘူးလား….

        • Thantwethar

          September 16, 2011 at 10:25 pm

          ကျေးဇူးတင်ပါတယ်၊ကျွန်တော်ကခုမှဖွင်.ကြည်.လို့ပါ ၊ချောင်းသာတို့ငွေဆောင်တို့.ကို ကျွန်တော်မရောက်ဖူးလို.ပါခင်ဗျာ။

  • manawphyulay

    September 16, 2011 at 10:39 am

    သူ မရေးတတ်လို့ဖြစ်ပါလိမ့်မယ်။ ငပလီရဲ့ ကမ်းခြေအလှမ်းတွေ သွားလည်လို့ရမယ့်နေရာတွေကို မပြောပဲ တည်းခိုခန်းတွေအကြောင်းပဲ ပြောတာတော့ ကြေငြာလို့သတ်မှတ်ကြမှာပေါ့ရှင်။ ကျွန်မတို့ ရောက်တုန်းကတော့ ငပလီဟိုတယ်တစ်ခုပဲ ဆောက်ပြီးသေးတယ်။ တောင်ကုတ် – သံတွဲ – ဂွ ဘက်ကနေ တီအီးကားနဲ့သွားခဲ့တာ လမ်းခရီးလည်း အတော်ကိုကြမ်းပြီး တောင်မှန်သမျှ တက်နေရလို့ စိတ်တွေလည်း ညစ်ရော နောက်တစ်ခါ လေယာဉ်နဲ့ခေါ်တာတောင်မလိုက်တော့ဘူးလို့ ညီးခဲ့ဖူးတယ်။ အမှန်တကယ်လည်း အလုပ်က ငပလီလိုက်ပို့တော့ ငြင်းခဲ့ပါတယ်။ မိသားစုနဲ့သွားတုန်းကတော့ အတော်ကို ပျော်ခဲ့ဖူးသာ အပေါ်ယံကျွန်းလည်း ရောက်ခဲ့တယ်။ ပုလဲကျွန်းလို့လည်းခေါ်ဝေါ်ကြပါတယ်။ ပုလဲမြှုပ်ပြီး ရန်ကုန်တိုက်ရိုက်ပို့တော့ အပြင်လူအဝင်မခံတဲ့ကျွန်းကိုလည်း ရောက်ခဲ့ဖူးပါတယ်။ ရေဒုက္ခလည်း ခံခဲ့ရဖူးတယ်။

    • Thantwethar

      September 16, 2011 at 10:16 pm

      manawphyulay ကောမန့်ဝင်ပေးတာကျေးဇူးတင်ပါတယ်။ ကျွန်တော်က ငပလီက အကြောင်းလေးတွေကို စုံအောင်ရေးပေးချင်ပေမဲ့ စာရိုက်တဲ့အခါ ဘေးဒေါင်လိုက်ကို ကြည့်လိုက်တော့ ဆုံးနေပြီဖြစ်လို့ ဆက်မရေးတော့တာပါ။အခု ငပလီ ကမ်းခြေမှာဆိုရင် ပင်လယ်ပြင်ကို အပျော်ငါးဖမ်းထွက်မယ်ဆိုရင် လှေတစ်စီးကို (၃)နာရီလောက် ငှားရမ်းခ (၁၅၀၀၀)ကျပ်လောက်ပေးရပါတယ်။ငါးမျှားတံကို ဟော်တယ်တွေက ငှားပေးပြီး သဲဖြူကျွန်းတို့ ပုလဲကျွန်းတို့တဝိုက်မှာ မျှားလို့ရပါတယ်။သံတွဲမြို့မှာဆိုရင် ရခိုင်လုံချည်၊ ဝါးစားပွဲခင်းရက်တဲ့ ရက်ကန်းစင်တွေကို လေ့လာလို့ရသလို သံတွဲဈေးထဲမှာ ရခိုင်ဒေသထွက်မျှင်ငပိ၊ပုဇွန်ခြောက်၊ငါးနီတူခြောက်၊ငါးခြောက်၊ပြည်ကြီးငါးခြောက် မျိုးစုံကို ဒေါ်ထွေးကြည် တစ်ဆိုင်ထဲမှာတင် အားလုံးဝယ်လို့ရပါတယ်။ပြီးတော့ မြတ်စွာဘုရားရှင် ဝါတော်(၂၀)မြောက်နေ့မှာ ကြွရောက်လာတဲ့ တောင်ကုန်းပေါ်မှာ တည်ထားကိုးကွယ်တဲ့ သမိုင်းဝင်တန်ခိုးကြီး ဗျာဒိတ်ပေး တန့်တော်မူစေတီ(လူအများကအောင်မြေဟုပြောသည်) ကို ဖူးမျှော်လို့ရသလို ၊ ရွှှေဆံတော်၊ရွှေနံတော်၊ရွှေအံတော် စေတီတို့ကို လည်း တပြိုင်နက်ဖူးမြှော်လို့ရပါတယ်။ပြီးတော့ ယခုအချိန်ထိ မပုတ်မသိုးဘဲ ရှိနေသေးတဲ့ ဇလွန်ဆရာတော်ကြီး(သံတွဲမြို့မှ ၁ဝ မိုင်ခန့်အကွာ)ကိုလည်း ဖူးမြှော်လို့လည်းရပါတယ်။နောက်ပြီးတော့ ငပလီကမ်းခြေနဲ့ နီးတဲ့ လုံးသာရွာမှာလည်း အလိုတော်ပြည့်ဆရာတော်ကြီး တည်ထားတဲ့ ရပ်တော်မူဘုရားကြီးကိုလည်းဖူးမြှော်နိုင်ပါတယ်။ဒါက ဘုရားတွေဖူးမြှော်ဖို့အတွက်ပါ။လူငယ်တွေအတွက်ကတော့ ငပလီကမ်းခြေမှာ KTV တစ်ခုရှိပြီး၊ ခေါင်းလျှော်၊ဆံပင်ညှပ်နဲ့ အညောင်းပြေနှိပ်ဆိုင်တစ်ခုလည်း ရှိပါတယ်။ငပလီကမ်းခြေကနေ စက်လှေနဲ့ တစ်နာရီလောက်သွားရင် နိုင်ငံခြားငါးဖမ်းသင်္ဘောတွေကပ်တဲ့ သဗြုချိုင်ဆိပ်ကမ်းကို သွားလည်လို့ရပါတယ်။ အဲဒီမှာ သင်္ဘောသားတွေအတွက် ရည်ရွယ်ပြီးဖွင့်ထားတဲ့ (အမျိုးသမီးလေးများ)စားပွဲထိုးတဲ့ စားသောက်ဆိုင်(၁၅)ဆိုင်လောက်ရှိပါတယ်။ဈေးတော့အရမ်းကြီးပါတယ်။ဥပမာ… ဘီယာတစ်ပုလင်းကို(3000) ကျပ်နဲ့ ခေါက်ဆွဲကြော်တစ်ပွဲကို (3000)ကျပ် လောက်ပေးရပါတယ်။လုံးသာရွာမှာဆိုရင် တံငါသည်တွေရဲ့ ဘဝကိုလေ့လာလို့ရသလို ကျောက်ပုဇွန်တွေမွေးတဲ့ နေရာတွေကိုလည်း လေ့လာလို့ရပါတယ်။ဒီလောက်ဆိုရင် ငပလီမှာလေ့လာပြီးသွားလို့ရတဲ့နေရာတွေ စုံလောက်ပြီလို့ထင်ပါတယ်။

      • maythakhin

        September 16, 2011 at 11:38 pm

        Thantwethar ပြောတာပြည့်စုံသလောက်ပါပဲ။ကောင်းပါတယ်။ကိုယ့်မြို့လေးကို လာလည်ရင် ဘယ်တွေကိုသွားလို့ရတယ်ဆိုတာ ရွာသွားတွေသိအောင် ပြောပြတာ အမှားမရှိပါဘူး။ လူဆိုတာ ချစ်တဲ့မျက်စိနဲ့ ကြည့်ရင်အရာရာတိုင်းဟာလှနေတယ်။မုန်းတဲ့မျက်စိနဲ့ ကြည့်ရင် ဘယ်လောက်လှလှ ရုပ်ဆိုးနေမှာဘဲ၊အလယ်အလတ်ကြည့်ခြင်းနဲ့ကြည့်တဲ့သူတွေကတော့ ဘာဟာမှားတယ်။ဘာဟာမှန်တယ်ဆိုတာကို သိနေကြမှာပဲ။ Thantwethar ရေ အမှန်တရားဆိုတာ တခါတရံမှာ အကြောင်းပြချက်ပေးခွင့်မရအောင်ကို ပျောက်ကွယ်နေတတ်ကြပါတယ်။ဆက်ကြိုးစားပါ။
        ကို်ယ့်မြို့လေးတွေရဲ့ သာယာပုံတွေ သွားလို့ရတဲ့နေရာလေးတွေကို သိအောင် အခက်အခဲတွေကြားက သည်းခံတင်ပေးနေတဲ့ Thantwethar ပိုစ့် ကို ရွာသူရွာသားတွေက ဝင်တော့ဖတ်ကြမှာပါ။ဘာပဲဖြစ်ဖြစ် ကိုယ်တင်တဲ့ပိုစ့်လေးတစ်ခုဟာ လူတွေအတွက်အကျိုးရှိသွားတယ်ဆိုရင် Thantwethar အတွက်ပိုစ့် တင်ရကျိုးနပ်ပါတယ်။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 16, 2011 at 11:34 am

    အေးဗျာ–ကိုယ့်ဒေသမိ ု့လာ လည်စေချင်ပါတယ်။နို့ပေမယ့်. လေယဉ်ခဆိုလဲ နည်းနည်းများနေတယ်။တည်းခိုဆောင်ကြပြန်တော့လဲ ချောင်းသာလောက်ဈေးမပေါပြန်ဘူး။ခရီးဝေး တာကတစ်ကြောင်းပေါ့။ဒါပေမယ့် မြန်မာပြည်မှာ ဘယ်ကမ်းခြေမှလိုက်မမှီတဲ့ အလှက ငပလီကပိုင်ထားလို့တော်သေးတယ်ပြောရမယ်ဗျို့။
    အသေးစိတ်သိချင်ရင်တော့ ပို့စ်တင်သူကိုတာမေးကြည့်ပါတော့။ကျုပ်က စီးပွားရေးနဲ့သိပ်မပတ်သက်တော့ ကုန်ကျငွေမပြောတတ်ဘူး။

  • cobra

    September 16, 2011 at 7:11 pm

    ငါတို့ရွာထဲမှာလည်းလူပေါင်းကိုစုံနေတာပဲ။
    ဘာတွေမှန်းကိုမသိတော့ဘူး။

  • icecube

    September 16, 2011 at 9:23 pm

    ရသ စုံ တော့ ဖတ်ရတာ တခါတစ်ရံ အပျင်းပြေသွားရပါတယ်၊ တစ်ခုသေချာတာကတော့ ဒီ မန်ဘာတွေ
    က တစ်ခြား မန်ဘာတွေ တင်ထားတဲ့ ပို့စ်တွေမှာ တော့ သွားမရှုပ်တာတော့ တွေ့ရပါတယ်။
    သူ့အရပ်နဲ့ သူ့ဇတ် သဘောမျိုး ဖြစ်နေရတာပါရှင်။ 😛

  • etone

    September 17, 2011 at 10:34 am

    ပို့စ်လေးကို ပုံလေးတွေနဲ့ပါ တွဲပြလျှင် ပိုပြီးတော့ လူစိတ်ဝင်စားမယ်ထင်ပါရဲ့ … ။ စီကာပတ်ကုံးသေချာမရေးပြတဲ့အခါ ကြော်ငြာလိုလိုဖြစ်သွားတာပါ … သို့သော် ဖလိုက် schl လေးတွေရယ် ၊ ဈေးနှုန်းလေးတွေရယ် ပါလို့ … စိတ်ဝင်စားဖို့ကောင်းပါတယ် …။ ငွေဆောင်တို့ ချောင်းသာတို့ ဘယ်လောက်ကောင်းကောင်း ….ကျွန်မတို့ဧည့်သည် တွေကတော့ ငပလီမှ ငပလီပဲ … ။ ကျွန်မကတော့ ငပလီကို မရောက်ဖူးသေးဘူး …. အချိန်ရလျှင် သွားလည်ပါဦးမယ် … ။

    Air Bagan,Air Mandalay,Asian Wingsတို့က တစ်ပတ်ကို ဘယ်နှစ်ရက်စွဲသလဲဆိုတာမျိုး ဒီတေးထည့်ပေးလျှင်ပိုကောင်းပါတယ် …ဒါပြင့် … ခြောက်သောင်းခွဲက အသွားပြန်ခလား … တကြောင်းတည်းလား သိချင်ပါရဲ့ … တချို့လေကြောင်းလိုင်းတွေ package နဲ့ အသွားပြန်ရောင်းတာ ကြားမိလို့လေ … ။Myanmar Airwayကတော.တစ်ပတ်မှာ(၂)ကြိမ်ဆွဲပါတယ် ဆိုတော့ .. ဘယ်ရက်တွေများလဲ …။

    နိုဝင်ဘာ 7 ရက်ကနေ 14 ရက်ထိ ငပလီသွားဖို့ အစီစဉ်တစ်ခု ဆွဲနေလို့ပါ …။ ဧည့်သည်တွေအတွက် စီစဉ်ပေးတာပါ … ကျွန်မလိုက်ဖြစ်ဖို့တော့ မသေချာဘူး … ကြာချိန်7ရက်ဆိုတော့ ဒီဘကက် အလုပ်တွေ လစ်ဟင်းကုန်မှာစိုးလို့ လေ … ။ :mrgreen:

    • Thantwethar

      September 17, 2011 at 8:24 pm

      etone ကောမန့်ဝင်ပေးတာကျေးဇူးတင်ပါတယ်။ ကျွန်တော်လေးစားတဲ့ လူတစ်ယောက်တည်းမှာလည်း etone ပါပါတယ်။ လေကြောင်းလိုင်းတွေကတော့ အခုလောလောဆယ်မှာ Airmandalay လေကြောင်းလိုင်း တစ်ခုတည်းပြေးှဆွဲပြီး တနင်္လာနဲ့ သောကြာ တပတ်(၂)ရက်ပြေးဆွဲပေးနေပါတယ်။ ကျန်တဲ့လေကြောင်းလိုင်းတွေက နိုဝင်ဘာ ဒုတိယပတ်လောက်မှာမှ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။အဲဒီလေကြောင်းလိုင်းတွေနဲ့ ပါတ်သက်ပြီး အသေးစိတ်သိချင်ရင်တော့ Caravan Tour (ph;043-42404,098516479) ကို မေးမြန်းစုံစမ်းလို့ရပါတယ်။ package tour တွေအနေနဲ့ မနှစ်က Bayview Hotel က လုပ်တဲ့ အစီအစဉ်က ဈေးနှုန်းလည်းသက်သာပြီး တန်ဖိုးကြီးတဲ့ဟိုတယ်မှာ တည်းခိုရတဲ့ အစီအစဉ်မို့လို့ fair ဖြစ်တယ်လို့ထင်ပါတယ်။မနှစ်ကတော့ ပုဂလိက လေကြောင်းလိုင်းတွေကပွင့်လင်းရာသီမှာ နေ့စဉ်ပြေးဆွဲပေးပါတယ်။ ယခုလောလောဆယ် မြန်မာလေကြောင်းကတော့ ဗုဒဟူးနဲ့ စနေနေ့တွေမှာ ပြေးဆွဲပေးနေပါတယ်။ဓါတ်ပုံကတော့ ကျွန်တော်မတင်တတ်သေးလို့ ကြိုးစားပါဦးမယ်။ ကျေးဇူးတင်ပါတယ်။

      • redbull

        September 19, 2011 at 9:50 pm

        သူပြုံးနေသည်…… ပိုက်ပိုက်ချေးတော့မည်….. မမ etone ရေ. :mrgreen:

  • နွယ်ပင်

    September 17, 2011 at 11:34 am

    ကဲ ဈေးနှုန်းလဲ သိရပြီဆိုတော့ လာခဲ့မယ်
    တစ်နှစ်ပြည့် ဟန်နီးမွန်းကျရင် 😛

  • မောင်တုတ် ကြီး

    September 17, 2011 at 11:51 am

    မမအိတုံရေ အဲမန်းတို ့၊အဲပုဂံတို ့က ၆၅၀၀ဝ ဆိုတာတစ်ကြောင်းစာဘဲ။အသွားအပြန် ဆိုမှတော့ ၁၃၀၀၀ဝ ပေါ့။
    မြန်မာ့လေကြောင်းက တစ်ပတ်နှစ်ရက်ဆို တာခုချိန်တော့ ဗုဒ္ဓဟူးရယ် စနေနေ ့ရယ်ပါ။

    အားရင်လာလည်ကြပါ။ဖိတ်ခေါ်ပါတယ်။သံတွဲက ဇာတ်ပျက်တွေကြောင့် စိတ်တော့ မကုန်ပါနဲ ့။သူရဲဘောကြောင်လွန်းလို ့အွန်လိုင်းတက်ရန်ဖြစ်နေတယ်။ကြည့်နေတာကြာပီ။

    • မောင်တုတ် ကြီး

      September 18, 2011 at 8:21 pm

      လာမယ့် ပွင့်လင်းရာသီမှာ ခရီးသွားဧည့်သည်တွေ အများကြီးဝင် လာပါစေ
      ဆုတောင်းနေရတယ်။လမ်းပန်းဆက်သွယ်ရေးက ခုထက်အများကြီး တိုးတက်လာဖို ့ရှိနေတယ်။
      ဧည့်သည်တွေ တခါတခေါက် အရောက်လာဖို ့ဖိတ်ခေါ်ပါရစေ။

  • thuyaungmel

    September 17, 2011 at 9:11 pm

    ှုငပလီသွားချင်နေတာ ခုလို information နည်းနည်းသိရတော့ကျေးဇူးတင်ပါတယ်…။ ဘယ်သူတွေ ဘယ်လို ရန်စတွေရှိနေလဲ ဘယ်သူတွေလွန်နေလဲ မသိပေမဲ့ ဒီပို့စ်ကတော့ သူ့ဟာသူ ငပလီအကြောင်းရေးထားတာ အောက်ကနေ မလိုသလိုမျိုး comment တွေရေးကြတာ မကောင်းဘူးထင်ပါတယ်…။ မကြိုက်ရင်သူတင်တာမဖတ်နဲ့ပေါ့ စိန်ခေါ်ချင်တယ်ဆိုလဲ သို့ … လို့ တသီးတခြားခေါင်းစဉ်တပ်ပြီး သီးခြားရေးကြပါလား…ဖတ်ရတာ ရုပ်ဆိုးတယ်…..

  • Thantwethar

    September 17, 2011 at 10:24 pm

    သုူကြီးခင်ဗျား………. ကျွန်တော်အောက်က ပြန်ဖြေထားတဲ့ကောမန့်တွေကို အပေါ်ကပိုစ့်နဲ့ တပေါင်းတည်းဖြစ်အောင် လုပ်လို့ရရင်လုပ်ပေးပါခင်ဗျာ။ကျွန်တော်ကောမန့်နဲ့ ပိုစ့်ပေါင်းလိုက်ရင် ငပလီကိုလာချင်သူတွေအတွက် တခါတည်းသိသွားရအောင်ပါ။လုပ်လို့ရရင် လုပ်ပေးဖို့တောင်းဆိုပါရစေ။

  • ုhtoosan

    September 18, 2011 at 2:38 pm

    ငပလီမှာ ဒီဟိုတယ်တွေရှိပါတယ်။
    ဈေးအကြီးဆုံးက ၁. Aureum Palace Spa and Resort . ပြီးရင် ဈေးသိပ်မကွာကြတဲ့

    ၂. Amazing Ngapali Resort , 3. Amata Resort ans Spa , 4.Sandoway Resort ,

    5. Bay View Beach Resort , 6. Thande Beach Hotel ,
    ဈေး နဲနဲ သက်သာတာ က
    7.Royal Beach ၈.Silver Beach , 9. Pleasant View , 10. Linthar Oo

    Amazing က လေဆိပ်နဲ့ အနီးဆုံး ငပလီ ရွာနားမှဖြစ်ပြီး ကျန်တာတွေက မြပြင်ကျေးရွာမှာပါ။
    ဟိုတလောက သတင်းစာမှာ Amazing က ယခင် အခန်းခ ၉၉၀၀ဝ ကျပ်ကနေ နိုဝင်ဘာလ တစ်လ ထဲ ကို ၇၀၀၀ဝ ကျပ်နဲ့ ဈေးချမယ်လို့ဖတ်လိုက်ရပါတယ်။

  • AKKO

    September 19, 2011 at 2:49 pm

    သတင်းပေးတဲ့ ပ ို့စ်မှာ ဘယ်လိုဖြစ်လို့ … ရဲပလောင်းခတ်နေပါသလဲဗျို့ … ။ နေတတ်လျှင် ကျေနပ်စရာကြီးပါ … ။ 😀

  • aungnng87

    September 19, 2011 at 3:38 pm

    ဝှား…… ။သံတွဲသားတွေများလှချီလား။ ဒါနဲ့စကားမစပ် htoosan ပြောတာAmazing က ယခင်အခန်းခ ၉၉၀၀ဝကျပ်ဆိုတာ တညအိပ်ကိုပြောတာလား။ နားမလည်လို့။ ၉၉၀၀ဝကျပ်ဆိုရင်တော့ တော်တော်ဈေးကြီးတာဘဲ။

  • Shwe Ei

    September 19, 2011 at 4:09 pm

    ငပလီနဲ့ အလှမ်းဝေးလွန်းတဲ့လူတွေအဖို့ ဒီလောက်သိရတာလည်းမဆိုးပါဘူး။ ဖတ်ရတာအကျိုးရှိပါတယ်။ လမ်းခရီးအကြောင်းလေး စုံစုံလင်လင် ထည့်ရေးပေးရင်ပိုကောင်းမယ်။

  • ုhtoosan

    September 19, 2011 at 4:16 pm

    ဟုတ်ပါတယ်။ တစ်ည Deluxe / အနိမ့်ဆုံး အခန်းပါ။

  • မောင်တုတ် ကြီး

    September 19, 2011 at 6:41 pm

    ခုလာမယ့်ပွင့်လင်းရာသီမှာ ရဲအောင်လံကားဂိတ်က လေအိတ်ကားသစ်ကြီးများစတင်ပြေးဆွဲပေးတော့မှာပါ။ယခင်က လေအိတ်ကား

    ပြေးဆွဲပေးတာ အောင်သစ္စာတစ်ဂိတ်သာရှိခဲ့ရာမှ ခုတော့ ခရီးသွားပြည်သူများသွက်လက်မြန်ဆန်သက်တောင့်သက်သာသွားနိုင်ကြတော့မှာပါ။

    ဒီနွေရာသီမှာ အလည်တခေါက်ရောက်အောင်လာလှည့်ပါ ဖိတ်ပါရစေဗျာ။

  • windtalker

    September 19, 2011 at 9:08 pm

    လာမယ် ၊ လာဦးမှာ
    ငပလီ ကို တစ်ခါ မှ မရောက်ဖူးဘူး
    သံတွဲသား ပြောတဲ့ ဓနိရည် ဆိုတာကို လည်း
    မြည်းစမ်းကြည့်ချင်တယ်
    ငပလီ မှာ
    တစ်ခါလောက်
    လာအပန်းဖြေ မယ်

Comments are closed.