Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၁ဝမှာ မဝယ်ရမယ့် ပစ္စည်း ၁ဝမျိုး

DaveJanuary 5, 20101min1960

လွန်ခဲ့တဲ့၁ဝနှစ်လောက်တုန်းက အိမ်အများစုဟာ အင်တာနက်သုံးဖို့အတွက် Dial-upစနစ်ကိုပဲ တပ်ဆင်ခွင့်ရခဲ့ တယ်။အဲဒီတုန်းက အိုင်ပေါ့တို့၊ဖလက်တီဗွီတို့၊Nintendo Wii တို့ ဘာမှ မရှိခဲ့သေးပါဘူး။၂၀၁ဝထဲရောက်လာ ခဲ့ပြီဆိုတော့ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အဟောင်းအနွမ်းတွေကို ခေါက်ထားခဲ့ပြီး ပိုမိုဆန်းပြားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို မျှော်မှန်းသင့်ပါတယ်။ဥပမာ အိမ်တွင်းရုပ်ရှင် ငှားရမ်းမှုမျိုး၊အမေဇုံကင်ဒဲလ်လိုမျိုးတွေပေါ့။ရွေးချယ်စရာတွေကတော့ အများကြီးဖြစ်မှာသေချာပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ မဝယ်သင့်တော့တဲ့ ပစ္စည်းတွေကျန်ရှိနေတဲ့အထဲက ၁ဝမျိုးကို ကောက်နုတ်ဖော်ပြ ချင်ပါတယ်။

ဒီဗီဒီခွေများ

ခွေငှားဆိုင်ကနေ ဗွီဒီယိုခွေငှားရမ်းကြည့်ရှုကြရတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပါပြီ။ဘလော့ဘတ်စတာက ၂၀၁ဝခုနှစ်ကုန်ရင် သူတို့ရဲ့အငှားဆိုင်တွေရဲ့ ၂၂ရာခိုင်နှုန်းကို ပိတ်ပစ်တော့မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ပြီးတော့ ဒီဗီဒီဇာတ်ကားတစ်ကားဆိုရင် ဒေါ်လာ ၂ဝ ရှိခဲ့ပါတယ်။တိုင်းမ်ဝါနာကေဘယ်က ဇာတ်ကားတစ်ကားကို ၄.၉၉ဒေါ်လာလောက်နဲ့ပဲ ထောင်သောင်းချီပြီး ဖြန့်ပေးတော့မယ်။ဗာရိုက်ဇုန်ဖီးယို့စ်ကေဘယ်ကလည်း တစ်လမှာ ၅.၉၉ဒေါ်လာပေးဆောင်ရုံနဲ့ ရုပ်ရှင်ဇာတ် ကားတွေကို ကိုယ်ကြည့်ချင်သလောက် အကန့်အသတ်မရှိ ဒေါင်းလုပ်ရယူစေနိုင်တော့မယ်လို့ ဆိုတဲ့အတွက် ဒီဗီဒီတွေကို ဝယ်စရာလိုတော့မှာမဟုတ်ပါဘူး။

အိမ်သုံးတယ်လီဖုန်းစနစ်

ကြိုးနဲ့ဆက်သွယ်ထားတဲ့ အိမ်သုံးတယ်လီဖုန်းစနစ်ဟာလည်း အမေရိကမှာ လူသုံးနည်းလာပါပြီ။၂၀၀၉ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ အမေရိကန်အိမ်ထောင်စု၅စုမှာ ဆဲလ်ဖုန်းတစ်လုံးစီပိုင်ဆိုင်ထားကြတယ်လို့ ရောဂါ တာဆီးကာကွယ်ရေးဌာနများရဲ့ လေ့လာချက်တစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။၂၀၀၆ခုနှစ်မှာ စစ်တမ်းကောက် လေ့လာတုန်းကထက် ၁၀.၅ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ချက်က အင်တာနက်ကွန် ရက်ထဲမှာပဲ Skypeကို သုံးရုံနဲ့ တစ်ယောက်ကိုတစ်ယောက် အသံရောရုပ်သာ မြင်တွေ့ပြောဆိုဆက်သွယ် နိုင်နေတဲ့အတွက် အိမ်သုံးတယ်လီဖုန်းစနစ်ကိုလည်း ဝယ်စရာမလိုတဲ့ ပစ္စည်းစာရင်းထဲမှာပဲ ထည့်ရမှာ ဖြစ်ပါ တယ်။

ပြင်ပ ဟာ့ဒ်ဒရိုက်ဗ်

အထူးသဖြင့် အင်တာနက်သုံးသူတွေဟာ ဗွီဒီယိုဖိုင်တွေ၊သီချင်းတွေ၊ဓာတ်ပုံတွေ၊ရုပ်ရှင်တွေကို ဒေါင်းလုပ် လုပ်ပြီး သိမ်းထားကြတဲ့အခါမှာ သီခြားတပ်ဆင်အသုံးပြုရတဲ့ ပြင်ပဟာ့ဒ်ဒရိုက်တွေဟာ ကွန်ပျူတာ မှတ်ဉာဏ်လိုအပ်ချက်အရ ပေါ်ထွက်လာခဲ့တာ နှစ်တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ Carbonite.com နဲ့Mozy.com တို့လို ဝက်ဘ်ဆိုက်တွေကနေ မိမိသုံးပြီးသား၊ဖွင့်ကြည့်ပြီးသား ဝက်ဘ်ဆိုက်တွေကို နောက်ကြောင်းပြန်ဖွင့်ကြည့်လို့ရတဲ့အတွက် ပြင်ပဟာ့ဒ်ဒရိုက်တွေကို ဝယ်စရာမလိုတော့တာတွေ့လာကြရပါတယ်။ဒါပေမယ့် အဲဒီဝက်ဘ်ဆိုက်တွေရဲ့ ဝန်ဆောင်ခနှုန်းထားတွေက များနေဆဲ ဖြစ်နေပါသေးတယ်။ပြင်ပဟာ့ဒ်ဒရိုက်တစ်ခု ဝယ်ထားမယ်ဆိုရင် ဒေါ်လာ၇ဝလောက်ပဲကျပါတယ်။Carbonite.comမှာ တစ်နှစ်အတွက် ၅၄.၉၅ဒေါ်လာနဲ့ Mozy.com မှာ ၅၄.၄၅ဒေါ်လာအသီးသီးပေးဆောင် ကြရမှာဖြစ်ပါတယ်။ဒါပေမယ့် ဈေးနှုန်းချိုသာတဲ့အစီအစဉ်တွေပေါ်ကောင်းပေါ်လာနိုင်တဲ့အတွက် နှိုင်းချိန်ယှဉ်ထိုးပြီး စောင့်ဆိုင်းသင့်ပါတယ်။

စမတ်ဖုန်းတွေဝယ်ရေးမဝယ်ရေး

လွန်ခဲ့တဲ့နှစ်အနည်းငယ်က စမတ်ဖုန်းတွေဟာ အိုင်ဖုန်းနဲ့ဘလက်ဘယ်ရီဖုန်းတွေကို ဈေးကွက်ထဲမှာ ယှဉ်ပြိုင်လာခဲ့ပါတယ်။ဒါပေမယ့် တစ်မျိုးနဲ့တစ်မျိုး တူတော့မတူကြပါဘူး။စမတ်ဖုန်းတွေထဲမှာ လုပ်ဆောင်မှု အသစ်တွေထပ်ထည့်ပေးမယ့် အလားအလာမရှိသလောက်ဖြစ်နေခဲ့တာကြောင့် ထူးမခြားနားပါပဲ။ဘလက်ဘယ်ရီက စမတ်ဖုန်းဈေးကွက်ရဲ့ ၄ဝရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်။အိုင်ဖုန်းက ၂၅ရာခိုင်နှုန်းထိန်း ထားတယ်။လာမယ့် ၃လအတွင်းမှာ ဖုန်းအသုံးပြုသူအများစုဟာ ဘလက်ဘယ်ရီကို ၅၁ရာခိုင်နှုန်း၊အိုင်ဖုန်းကို ၂ဝရာခိုင်နှုန်း စသည်ဖြင့် ဝယ်ယူဖို့ရှိတယ်လို့ ComScoreက တွေ့ထားပါတယ်။တချို့ကလည်း တီမိုဘိုင်းလ်က မိုင်တပ်ချ်ကို ဝယ်ယူကြမယ်လို့ ဆိုပြန်ပါတယ်။ဂူဂဲလ်ရဲ့ အန်ဒရွိုက်ကလည်း ဈေးကွက်မှာ အသာစီးရလာဖို့ရှိတဲ့အတွက် စမတ်ဖုန်းတွေကို စိတ်လောပြီး အဝယ်မစောလိုက်ကြပါနဲ့ဦး။

ဒီဂျစ်တယ်ကင်မရာ အသေးများ

ဒီဂျစ်တယ်ကင်မရာအသေးစားလေးတွေဟာ အသုံးအဆောင်ပစ္စည်းဝယ်ယူကြသူတွေအကြားမှာ မရှိမဖြစ်လိုအပ်ခဲ့တာ ၁ဝနှစ်နီးပါးလောက်ရှိခဲ့ပါပြီ။SLRလို့ခေါ်တဲ့ မှန်ဘီလူးချိန်ညှိမှုတစ်ခုတည်းသာပါရှိတဲ့ ဒီဂျစ်တယ်ကင်မရာလေးတွေဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ တော်တော်လေးအရောင်းထိုင်းသွားခဲ့ပါတယ်။အဲဒီကင်မရာတွေဟာ တစ်လုံးကို ဒေါ်လာ ၅၇ဝကနေအထက်မှာရှိခဲ့တယ်။ကင်နွန်ကင်မရာကတော့ ဒေါ်လာ ၁၁ဝလောက်ကစပြီး အစားစားရှိပါတယ်။နီကွန်၊ကင်နွန်၊အိုလံပတ်စ် အစရှိတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဒီဂျစ်တယ်ကင်မရာတွေကို လွယ်လွယ်ဆုံးဖြတ်ပြီး မဝယ်ယူကြဖို့အကြံပေးချင်ပါတယ်။

သတင်းစာကြိုတင်မှာယူဖတ်ရှုခြင်း

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သတင်းစာထုတ်ဝေတဲ့လုပ်ငန်းအနေနဲ့ အခက်ကြုံခဲ့ရတယ်။သတင်းစာကြော်ငြာတွေကနေ ရရှိတဲ့အခွန်အခက အမေရိကန်သတင်းစာအစည်းအရုံးရဲ့ အလိုအရ ၂၀၀၈ခုနှစ် ထဲမှာ ၁၇.ရရာခိုင်နှုန်းအထိထိုးကျသွားခဲ့တယ်။၂၀၀၉ခုနှစ်ထဲမှာ ဧပြီကနေ စက်တင်ဘာလအတွင်း နေ့စဉ်သတင်းစာပေါင်း၃၇၉မျိုးဟာ ပျမ်းမျှစောင်ရေကျဆင်းခဲ့ပါတယ်။ယခင်နှစ်က အဲဒီလိုကာလနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ၁၀.၆ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဖြန့်ချိရေးစာရင်းစစ်ဗျူရိုက အတည်ပြုခဲ့ပါတယ်။၂၀၀၉ခုနှစ်ထဲမှာပဲ မဂ္ဂဇင်းပေါင်း ၃၆ဝ ရပ်နားခဲ့တယ်။အဲဒီနှစ်ရဲ့ နှစ်ဝက်မှာ အရင်နှစ်ကနဲ့စာရင် ကြော်ငြာစာမျက်နှာတွေဟာလည်း ၂၇.၉ရာခိုင်နှုန်းအထိကျဆင်းခဲ့တယ်လို့ ထုတ်လုပ်သူများပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။နံနက်ခင်းသတင်းစာဟာ အွန်လိုင်းပေါ်ကို ပြောင်းရွှေ့ သွားပြီး တော်တော်များများကို အခမဲ့ဖတ်နိုင်အောင်လုပ်ထားပေးတာတွေ့ရပါတယ်။အမေဇုန်ကင်းဒဲကို ဒေါ်လာ၂၅ဝအကုန်ခံပြီးရယူထားမယ်ဆိုရင် အီးဘွတ်ခ်တွေ၊မဂ္ဂဇင်းတွေ၊သတင်းစာတွေ ဖတ်နိုင်မှာ ဖြစ်တဲ့အတွက် သတင်းစာတွေကို ကြိုတင်မှာယူပြီးဖတ်ဖို့ လိုမှာမဟုတ်တော့ပါဘူး။

ဂီတစီဒီချပ်များ

လွန်ခဲ့တဲ့၁ဝနှစ်အတွင်းမှာ ဂီတစီဒီချပ်တွေရောင်းချတဲ့လုပ်ငန်းတွေ ဒေဝါလီခံရတဲ့အဆင့်အထိ အခြေအနေဆိုးခဲ့ပါတယ်။သီချင်းနဲ့ဂီတ စီဒီချပ်တွေကို ဘယ်သူမှ မဝယ်ကြတော့ပါဘူး။နက်ပ်စတာကစပြီးခံလိုက် ရတယ်။ပြီးတော့ အိုင်ကျူးန်က ၂၀၀၁ခုနှစ်ထဲမှာ ဈေးနှုန်းကိုသင့်တင့်အောင်လုပ်ပြီး ကြိုးစားကြည့်သေးတယ်။ဒါပေမယ့် စိတ်မကောင်းစရာပါပဲ။ဂီတစီဒီတွေ မျိုးတုန်းကွယ်ပျောက်သွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ယောင်လို့တောင် မဝယ်ကြဖို့ အကြံပေးလိုက်ပါရစေ။

ကောလိပ်ကျောင်းပြဌာန်းစာအုပ်အသစ်များ

ကျောင်းသားတစ်ယောက်ဟာ ပြဌာန်းစာအုပ်အသစ်တွေ တကယ်လိုတာမဟုတ်ဘူးဆိုရင် ဝယ်ဖို့မလိုတော့ပါဘူး။အရင်ကျောင်းသားတွေသုံးပြီးသားစာအုပ်တွေကိုဝယ်မယ်ဆိုရင် ၇ဝရာခိုင်နှုန်းကနေ ၉ဝရာခိုင် နှုန်းအထိ ဈေးသက်သာမှာဖြစ်ပါတယ်။ CheapestTextbook.com,Booksprice.com,Amazon.comအစရှိတဲ့ ဝက်ဘ်ဆိုက်တွေထဲမှာ တစ်ချက်ဝင်ပြီးကြည့်ကြဖို့ သတင်းကောင်းပါးလိုက်ချင်ပါတယ်။

ဓာတ်ဆီသုံးကားများ

ဒီနှစ်ထဲမှာ ရေနံစိမ်းဈေးနှုန်းဟာ လွန်ခဲ့တဲ့၂နှစ်လောက်ကထက်စာရင် ခေါင်ခိုက်သွားလောက်အောင်မြင့်မားတော့မှာဖြစ်တယ်လို့ စွမ်းအင်ပြန်ကြားရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။ဓာတ်ဆီတစ်ဂါလံမှာ မိုင် အကွာအဝေးများနိုင်သလောက်များအောင် ကားထုတ်လုပ်ရေးကုမ္ပဏီကြီးတွေက ဘယ်လောက်ပဲကြိုးစားကြိုးစား ဓာတ်ဆီဈေးကြီးလာမှာဖြစ်တဲ့အတွက် အသုံးမတဲ့လှပါဘူး။ဒါကြောင့် ဓာတ်ဆီနဲ့မောင်းတဲ့ ကားတွေကို မဝယ်ကြဖို့ အကြံပြုလိုက်ပါတယ်။

အိမ်နှင့် အိမ်သုံးဆက်စပ်ပစ္စည်းများ

အိမ်ဝယ်မယ်ဆိုရင်လည်း သိထားရမှာက အခုနောက်ပိုင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အိမ်ဆောက်လုပ်တဲ့စနစ်၊ဆက်စပ်ပစ္စည်းတွေတပ်ဆင်တဲ့စနစ်တွေပြောင်းလဲလာနေတဲ့အတွက် အရမ်းကာရော ဝယ်လို့မဖြစ်ပါဘူး။အမေရိကန်အစိုးရက စွမ်းအင်မလုံလောက်တဲ့အိမ်တွေကို အဆင့်မြှင့်ပြုပြင်ဖို့ရာ ဒေါ်လာ၁၅၀ဝအထိ အခွန်အခကို လျှော့ပေးနေပါတယ်။၂၀၁၆ဒီဇင်ဘာအထိ အကျုံးဝင်ပါတယ်။ဒါပေမယ့် တချို့ အိမ်တွေကတော့ ၂၀၁ဝဒီဇင်ဘာ ၃၁မှာ ခွင့်ပြုမိန့်ကုန်ဆုံးသွားမှာဖြစ်တဲ့အတွက် အိမ်ဝယ်ဖို့ စဉ်းစားရင် အသေးစိတ်ဂရုစိုက်ဖို့လိုပါလိမ့်မယ်။မဝယ်တာ ပိုကောင်းမယ်လို့လည်း ပြောနေကြပါသတဲ့ဗျာ။