Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောချင်လို.ပါ…….

moethaenweSeptember 16, 20111min47410

ပြောရမယ်ဆု်ိရင်တော့ …မန္တလးမြို့ ၆၂ လမ်း ၃၁×၃၂ လမ်းကြား မှာရှိတဲ့ KTV တခု အကြောင်းပါပဲ….

အဲဒီ KTV ဆိုင်ရဲ့ နာမည်က space မြန်မာလိုတော. အာကာသ ကေတီဗွီ ပေါ့ဗျာ…

အဲဒီဆိုင်မှာ မြန်မာမိန်းကလေးများကိူ တရားမဝင်ထားရှိပြီးတော့ စပယ်ရှယ်ဆားဗစ်ပေးနေတဲ့ အကြောင်း ကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်း(အမှတ်(၃) ရဲစခန်း)ကို ဖုန်းဖြင့်တာဝန်သိပြည်သူတဦး အနေဖြင့် ၁၄/၀၉/၂၀၁၁ တွင်တိုင်ကြားခဲ့ပါတယ်။….

မြန်မာမိန်းကလေးများကို တရားမဝင် ktv ထိုင်ခိုင်းပြီး….စီးပွားရှာနေကြတဲ့ ဓါတ်ပုံတွေကိုလည်း..ထပ်မံတင်ပြဥင်္ိးမှာ ဖြစ်ပါတယ်….

အခုတော့ စာ အနေနဲ့ပဲ တင်ပြလိုက်ပါရစေ…

နောက်ထပ် တပတ်လောက်ကျရင်တော့ အဆိုပါ KTV မှာ လုပ်ကိုင်နေကြတဲ့ ဓါတ်ပုံ video ဖိုင်တွေကို နယ်မြေခံ ရဲတပ်ဖွဲ့ အနေနဲ့ အရေးယူနိင်ခြင်း မရှိသေးရင်တော့ သက်သေ အထောက်အထားခိုင်လုံစွာနဲ့ တင်ပြပါဦးမယ်…..

တိုင်တဲ့သူက တာဝန်သိပြည်သူတယောက်အနေနဲ့ တိုင်တာကို နယ်မြေခံရဲတပ်ဖွဲ့ရဲ့ အလေးထားမှုကို စောင့်ကြည့်ချင်ပါတယ်…..

စစ်မှုန်တဲ့ ဒီမိုကရေစိဆိုတာ ကျောသားရင်သားမခွဲခြားပဲ ခြေမ မကောင်းခြေမ လက်မ မကောင်းလက်မ တော့ ဖြစ်သင့်တယ်လို့ ထင်ပါတယ်ဗျာ…..

နောက်ထပ်တင်မယ့် ဓါတ်ပုံဖိုင် ဗွီဒီယိုဖိုင်တွေကို စောင့်ကြည့်ရင်း ဝေဖန်အကြံပေးကြပါဦးဗျာ…

admin များ၊menber များနှင့် လာရောက်လည်ပတ်သူများအား အထူးကျေးဇူးတင်လျက်……

 

10 comments

  • mr.lone

    September 17, 2011 at 9:56 am

    ktv မှာမိန်းကလေးတွေကို တရားမဝင်ထိုင်ခိုင်းတာဆိုပေမယ့် ktv ပိုင်ရှင်တွေက မတရား မဖြစ်မနေ ခြိမ်းခြောက်ပြီး သူတို့ကို ထိုင်ခိုင်းတာမဟုတ်ပါဘူး… မိန်းကလေးတွေကိုယ်တိုင်က သူတို့ဘဝအတွက်
    ရရာဖြတ်လမ်းနည်းနဲ့… အလွယ်လိုက်ပြီး… ထိုင်နေကြတာပါ။ … တစ်ချို့ကမလုပ်ချင်ဘဲဘဝအကြောင်းမလှလို့ငွေရဖို့အတွက်သာ
    လုပ်တာရှိသလို တစ်ချို့ကျတော့လည်း ဒီအလုပ်က အချောင်ရ အပျော်အပါးနှစ်သက်လို့လုပ်တဲ့သူတွေလည်း ရှိနေပါတယ်။…J-me ဆိုထားသလို အရည်ထုတ်တွေလည်း… ရှိပါတယ်…
    ဟိုတလောက တောင် ktv တွေမဖွင့်ရဘူးလို့ရန်ကုန်မှာ သတင်းထွက်လိုက်သေးတယ်…ဒါပေမယ့် …ညဘက်မဖွင့်ဘဲ နေ့လည်ဘက်တွေပြန်ဖွင့်တာ သိရတယ်… သူတို့ဘာသာသူတို့နေပါစေ… ကိုယ်က
    သွားတိုင်လို့သူများစီးပွားရေးတုတ်နဲ့သွားထိုးသလိုဖြစ်ပြီး… ktv ကကောင်မလေးတွေလည်း ရွာပြန်ပြီး ကောက်စိုက်နေရပါဦးမယ်… ktv ကကောင်မလေးတွေကို မကြည့်ရက်လို့ပြောပေမယ့်လည်း .သူတို့စိတ်ထဲမှာ က အဲဒီလို ဖြစ်ချင်မှဖြစ်မှာလေ… တော်ကြာငါတို့စီးပွားဖျက်တာဆိုပြီး … မေတ္တာအပို့
    ခံနေရဦးမယ်…….

  • etone

    September 17, 2011 at 10:21 am

    စာပိုဒ်ကို ဖတ်ပြီး အားမနာတမ်းဝေဖန်ပါရစေနော် ။
    ပထမဆုံးပို့စ်မှာ ရည်ရွယ်ချက်ရှိရှိဝင်ရေးတာမျိုးဆိုတော့ … မတူညီတဲ့ဘက်က စဉ်းစားကြည့်လျှင် စီးပွားပြိုင်ဘက်များလား ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှူများရှိနေသလား မပြောတတ်တော့ပါဘူး …။
    တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ သတင်းပေးဖို့အတွက် ဗွီဒီယိုဖိုင်တောင် ရယူထားတယ်ဆိုတော့ .. သာမန်ပတ်သတ်မှူမျိုးလို့ မထင်ပါဘူး … ။
    ကျွန်မလည်း မိန်းမတစ်ယောက်အနေနဲ့ KTV တို့ မာဆတ်တို့လို လုပ်ငန်းမျိုးကို မကြိုက်ပါဘူး … သို့သော်လည်း သူများဂွင် ၊ သူများစီးပွားရေးဆိုတော့ … မကြိုက်သိတိုင်အောင် ဝင်ရောက်စွပ်ဖက်ခြင်းလည်း မပြုခဲ့ဘူးလေ … ။ (ကိုယ့်မိသားစုနဲ့ တစ်ခုခု ပတ်သတ်နေမယ်ဆိုလျှင်တော့ တမျိုးပေါ့ … )

    မြန်မာမိန်းကလေးများကို တရားမဝင် ထားရှိတယ်ဆိုတော့ …ဧည့်စာရင်းမတိုင်ပဲ ထားတာမျိုးလား .. ဘယ်လို တရားမဝင်တာလဲ သိချင်ပါရဲ့ … မြန်မာပြည်မှာ မြန်မာမိန်းမကို ခိုင်းစေအလုပ်လုပ်ခိုင်းတာ အထူးဆန်းတော့ မဟုတ်ပမဲ့ … မြန်မာနိုင်ငံမှာ နိုင်ငံခြားသူတွေကို အလုပ်လုပ်ခိုင်းတာကမှ တရားမဝင်တဲ့လုပ်ရပ် 🙄

    အသေးစိတ်သတင်းလေး သိရလျှင်ဖြင့် တင်ပေးပါဦး စောင့်ဖတ်ဖို့ စောင့်နေပါတယ် …။ သူတို့ပိုင်လို့ သူ့အလုပ်သူလုပ်နေတာဆိုလျှင်တော့ … စိတ်ဝင်စားစရာ သိပ်မကောင်းပေမဲ့… သူတို့လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ကလူတွေ ၊ ဘယ်လို ထိခိုက်မှူမျိုး ဖြစ်နေသလဲဆိုတာတော့ စိတ်ဝင်တစား ဖြစ်မိပါရဲ့ 😀

  • eveningstar

    September 17, 2011 at 10:50 am

    ဟိဟိ….တိုင်မယ်ဆိုရင်တော့ အဲ့ဒါမြိုးတွေက အများကြိံးပဲ။ ကယ်တင်ရှင်ကြိံးလုပ်မယ်ဆို တော်တော်ပင်ပန်းမှာနော်။

  • ကြောင်ကြီး

    September 17, 2011 at 10:55 am

    အာကာသထဲအထိ ဒို့မြန်မာတွေ အနှိပ်ခန်းဖွင့် ခြေဆန့်စီးပွားရှာနိုင်တာ ဂုဏ်ယူစရာပါ။ တခုပြောချင်တာ အာကာသဆိုတာ ဘယ်သူမှ မပိုင်သေးလို့ တိုင်းပြည်အစိုးရအသီးသီးရဲ့ အချုပ်အခြာအာဏာ သက်ရောက်မှုမှ ကင်းလွတ်ခွင့်ရှိပါတယ်။ သဟာကြောင့် မည်သည့်ဥပဒေဖြင့် စွဲချက်တင်လိုသည်ကို သိချင်လှပါကြောင်း…

  • မီးမီး သော်

    September 17, 2011 at 1:19 pm

    အမလေးနော်။ဒီလောက်ပြောချင်နေလဲ ပြောပါရှင်။သူများစီပွားရေးမို ့မဖျက်ဝံ့ပေါင်။

  • moethaenwe

    September 17, 2011 at 2:13 pm

    အခုလို ကွန်မန်.တွေရေးသားကြတဲ. အတွက် ဝမ်းမြောက်ဝမ်းသာလက်ခံပါကြောင်း ဦးစွာပထမ ပြောလိုပါတယ်….
    စီးပွားပြိုင်ဘက်တယောက်အနေနဲ. ဒီပို.ကို ရေးသားတာ မဟုတ်ပါဘူး…
    ကျွန်တော်အလုပ်ကလည်း သမာအာဇီဝ နဲ. ဥပဒေနဲ. လွတ်ကင်းတဲ. အလုပ်ကို လုက်ကိုင်နေတဲ. သူတယောက်ဖြစ်ပါတယ်….
    ကယ်တင်ရှင်တယောက်အနေနဲ. ရေးသားတာလည်း မဟုတ်ပါဘူး….
    ကေတီဗွီတွေက အများကြီးပါ …အာကာသကေတီဗွီတခုတည်းရှိတာမဟုတ်ပါဘူး….
    ဒါဆို ဘာလို. ဒီ အာကာသကေတီဗွီ ကိုပဲ ရည်ညွန်းရေးသားရပါသလဲဆိုလျှင်…
    ဒီကေတီဗွီ ရဲ. ပတ်ဝန်းကျင်ကို ဘယ်လို အနှောင့်အယှက်ပေးတယ်….
    ဘယ်လိုမျိုး မြန်မာ.ယဉ်ကျေးမှုနှင်. လွန်လွန်ကျွံ့ကျွံ့ ဖြစ်နေတယ်…
    ဘယ်လိုမျိုး ရိုင်းပြစော်ကားတယ်…ဆိုတာတွေကို ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ တင်ပြနိင်ဖို.အတွက် ကျွန်တော် ပြင်ဆင်နေပါတယ်….

    ဝိုင်းဝန်းပြီး ကွန်မန်.ပေးကြတဲ. ညီအကို မောင်နှမ များအားလုံးအား လေးစားချစ်ခင်လျှက်

  • cobra

    September 17, 2011 at 2:57 pm

    ဓာတ်ပုံဆိုလား..
    video ဆိုလား….
    ဒါတော့ကြည့်ချင်သား။
    မြန်မြန်လေးတင်ပေးပါ။

  • good

    September 17, 2011 at 5:15 pm

    တင်ပြတဲ့ ရည် ရွယ် ချက် က ဖမ်းစေချင်တာပေါ့။
    မန္တလေးမှာ ဖမ်းချင်တဲ့ ဆိုင်တော့ ဖမ်း ။ မဖမ်းချင်တဲ့ ဆိုင် ကျတော့ မဖမ်ဘူး ဖြစ်နေလို့ လား။
    ဒီဆိုင် က ဘယ်လို လူ မျိုး တွေ ပိုင် တဲ့ ဆိုင် မို့ လို့ လဲ။
    ပြောရ မယ် ဆိုရင် ဆိုင်ရှင် ရယ် ၊ KTV workers male/female တွေ ရယ်၊ လိုင်းကြေးယူနေတဲ့ ရဲ တွေ ဝင်ငွေလျော့ Budget ထိ နေပါအုံး မယ်။

  • ပေါက်ဖော်

    September 17, 2011 at 7:21 pm

    အဲလို စဖွင့်ကတည်းက..အကောင်သေးသေး အမြီးတိုတိုတွေ မဟုတ်တာများတယ်ဗျ
    ရာထူးရှိရင် ရှိ..မရှိရင်…………ငွေရှိပြီးသား တွေ များတယ်

    တော်ရုံ ရိုင်းတာ၊ညံတာလောက်နဲ ့တော့..ပြောနေရင် အလကားပဲ ဖြစ်မယ်
    အဲ..
    အကိုပြောသလို ပုံတွေ..ဗွီဒီယိုတွေနဲ ့တင်ထည့်လိုက်ရင်တော့..ဟွန်း..ဟွန်း..ပြောတတ်ဘူး

    ရွာသွားတွေ..
    တစ်ပတ်လောက်. Space ကို စတေးရှောင်ထားကြပေရော့..
    တော်ကြာ..ကေတီဗွီမင်းသားတွေအဖြစ်.နာမည်ကြီနေဦးမယ်..
    ညှင်း..ညှင်း..ညှင်း..

  • divinity

    September 21, 2011 at 7:31 pm

    ကောင်းရောင်းကောင်းဝယ် စိတ်ပေါ့သွားအောင် သီချင်းဆိုတာ လောက်ဆိုရင် ကောင်းပါတယ်
    ဒါမျိုးကလည်း လူ့စိတ်နဲ့လည်း ဆိုင်မယ် ထင်တယ်။
    ပိုက်ဆံရှိတဲ့လူတွေက အလှူအတမ်းလေး ဘာလေးလုပ်ကြမယ်တော့ မရှိဘူး။
    ဒီလိုနေရာတွေမှာပဲ လူမုန်းခံပြီး သွားပျော်နေကျတယ်
    အဲလိုတွေလုပ်နေပြီး ပိုက်ဆံတွေဖြုန်းနေမဲ့အစား လိုအဎ်နေတဲ့လူတွေကို လိုက်ကူညီစေချင်တယ်။
    ဒါပေမဲ့ လူတွေက အသိခေါက်ခတ် အဝင်နက် နေတော့လည်း မဟန်ပါဘူးဗျာ။

Leave a Reply