ငွေမြင်လို ့၂
မနေ ့က ကျွန်မ ပြောတာ ဘယ်နားရောက်သွားပါလိမ့်….
ဪ..သိပြီ….
အင်းကျီ လည်ပင်းအဟိုက်
ဟုတ်တယ်နော်..
အဲဒီလို ပေါ့ရှင်…
ကိုကိုမောင့် ဆိုင် ကို သွားတိုင်း
စွတ်ကျယ် ဝတ်လိုက် ၊ ဂိုင်းပျောက် ဝတ်လိုက်နဲ ့
သွားရတာပေါ့…
ကိုယ့်ဆရာ က တော်တော် နဲ ့ဂရုမစိုက်ဘူး တော်ရေ…
ဘုရားဖြစ်မယ့် အုတ်နီခဲကြီး အတိုင်းပဲ…
တစ်ရက်ကြတော့..
ညနေပိုင်းကြီး ပဲ ၊ မှတ်မှတ်ရရ အဲဒီနေ ့က မိုးတွေ အရမ်းရွာတယ် ။
လိုင်းကားအပေါ်က ဆင်းပြီး ကိုကိုမောင် တို ့ဆိုင်ထဲ ကို ဝင်တော့..
မိုးမိသွားခဲ့တာပေါ့ ။
မိန်းမ တစ်ယောက် မိုးရေစိုရင် ဘယ်လို လဲ ဆိုတာ…ရှင်တို ့တွေ လဲ သိပြီးသားမို ့..အကျယ်မချဲ ့တော့ပါဘူးနော် ။
အဲဒီနေ ့ညနေ က
ဆိုင် မှာ လူလဲ ရှင်းတယ် ။ ချာတိတ်လေး ၃ ယောက် သုံးနေကြတယ် ။ ဆယ်ကျော်သက်လေးတွေ ပေါ့ ။
ပြီးတော့ ကိုကိုမောင် ရယ် ၊ ကျွန်မ ရယ်ပေါ့ ။
ဖြစ်ချင်တော့….
မိုးမိ လာတဲ့..ကျွန်မ လဲ ၊ ချမ်းတာနဲ ့… အဲကွန်း နဲနဲလွတ်တဲ့ နေရာ ကို ရွေးလိုက်တယ် ။
အဲဒီနေရာက…ချာတိတ်၃ယောက် ရဲ ့ဘေး မှာရှင့် ။
ချာတိတ်၃ယောက် က ကုန်းကုန်း…ကုန်းကုန်း နဲ ့၊ မော်နီတာထဲ ခေါင်းဝင်တော့မယ့်အလား ပဲ ။
ကျွန်မ သိလိုက်ပြီ..သူတို ့ဘာကြည့်နေသလဲ ဆိုတာ..။
ခက်တာက ချမ်းနေတော့…ကျွန်မ အတွက် အကောင်းဆုံးနေရာ က ၊ သူတို ့ဘေးမှာပဲ ရှိတော့တယ် ။
ဒါနဲ ့ကျွန်မ လဲ ဝင်ထိုင်လိုက်ရော..။
ဆရာသမား ၃ ယောက် ရဲ ့အကြည့်တွေ က ကျွန်မ ဆီ ရောက်လာကြတယ် ။
ညှင်းညှင်း….ကျွန်မ လဲ မသိချင်ဟန်ဆောင်ပြီး ၊ ထိုင်တဲ့ ပို ့စ်တောင် ပြောင်းလိုက်သေးတယ် ။
သူတို ့ဘက် ကို တင်ပါးပစ်ထိုင် လိုက်တယ် ။
ဟုတ်တယ်လေ..ဒါမှ ကိုကိုမောင့် ဘက် ကို ကျွန်မ လှမ်းမြင် ရမှာပေါ့ ။
အချစ်ငတ်သော ကျွန်မ ပေါ့ ရှင်..
ကျွန်မ မရှက်ပါဘူး ရှင်..
“ မိန်းမ ကြိုက်တော့ ဆက်ဆက်လာ ” ဆိုလား စကားရှိပြီးသားပဲမလား…နော
နောက်
အခုခေတ် အားလုံးကြိုက်တဲ့ ကိုရီးယားဇါတ်ကားတွေ လောက် မှ
ကျွန်မ က မဆိုးသေးတာ.. ။
အဲဒီမှာ
ဆရာသမား လေး များ က တစ်ဆင့်တက်လာတယ် ။
ဖုန်းလား ၊ အမ်ပီ4 လားမသိဘူး ၊ ထုတ်ပြီး…ကျွန်မ ကို ဓါတ်ပုံ ရိုက်လာတယ် ။
ဖလက်ရှ် ဂန်းတော့ မဖွင့်ဘူးပေါ့…ဒါပေမယ့် ၊ ကျွန်မ သိတာပေါ့ ၊
သူတို ့ဟာ နဲ ့ကျွန်မ ကို ချိန်ထားတဲ့ ဟာ… ဟွန်း
( ကင်မရာ ကို ပြောတာနော်.. တစ်မျိုး မထင်လိုက်ပါနဲ ့ဦး )
“သင်းမေ” တို ့က ၊ ဒီလောက်နဲ ့တော့ တက်မလာနဲ ့ လေ..
သိတယ်မို ့လား…ကျောင်းတုန်းကတဲ က ဘောစိသူငယ်ချင်း ကောင်လေး တွေ ကို ၊ကိုယ်က စခဲ့တာပဲဟာ..။
ညှင်းညှင်း…
အဲ..စကားတွေ လဲ ဘေးချော်ကုန်လိုက်တာ
ကျွန်မ ရဲ ့ဟီးရိုး..ကိုကိုမောင်လေ ။
ချက်ချင်း ထလာပြီး….ချာတိတ်တွေ လက်ထဲ က ဖုန်းလား ၊ အမ်ပီဖိုးလား ကို…
ဆက်ခနဲ နဲ ့ဆွဲလု လိုက်ပြီး…ပုံတွေ ဖျက်လိုက်တယ် ထင်ပါရဲ ့။
ချာတိတ်တွေ က လဲ …သူတို ့မဟုတ်တာ လုပ်ထားတာဆိုတော့..
ဘာမှ ပြန်မပြောရဲဘူး…ငြိမ်နေကြတယ် ။
ပြီးတာနဲ ့…၊ ကိုကိုမောင် က ကျွန်မ လက်ကို ခပ်ကြမ်းကြမ်း ဆွဲပြီး ဆိုင်အပေါ်ထပ်ခိုးလေးပေါ် က ၊ သူ အိပ်တဲ့ အခန်းထဲ ကို ခေါ်သွားတယ်…
ကျွန်မ လဲ ရင်တွေ အရမ်းခုန်သွားတာပေါ့..
ဟင့်…ပြီးတော့မှ
ဘာမပြော ၊ ညာမပြောနဲ ့ ၊ သူ ့သဘက် နဲ ့ မီးပူတိုက်ထားတဲ့ ပုဆိုးတစ်ထည် ကို ကျွန်မ ကို ပစ်ပေးပြီး ၊
အခန်းတံခါး ပိတ်သွားတယ် ။
ဒါနဲ ့… ပေါ့ရှင် ။ သဘက်နဲ ့ရေသုတ် ။
ကျွန်မ ဝတ်လာတဲ့ ချည်သား ဘောင်းဘီ ရှည်လေး ကို ချွတ် ၊ သူ ့ပုဆိုးလေး ကို ခဏ ဝတ်ထားရတာပေါ့
ဒီလို နဲ ့ တစ်နာရီလောက်ကြာတယ် မှတ်တာပဲ ။
ကျွန်မ အခန်းတံခါး ကို ခပ်ကြမ်းကြမ်း လာခေါက်တယ်
ဒုတိယမ္ပိ ကျွန်မ ရင်တွေ ခုန်ရပြန်တယ်…
ဒါပေမယ့်…သူ က ကျွန်မ ကို အောက်ထပ် ဆင်းလာဖို ့ခေါ်တာပါ ။
အောက်ထပ် ရောက်တော့ ၊ ဆိုင်က ပိတ်ပြီးနေပြီ ။
ကိုကိုမောင် က ကောင်တာ ဘေး က စားပွဲမှာ ပလောင်ထင်း ၊ပုလင်းထောင်ထားတယ် ။
ကျွန်မ ကို ထိုင်ဖို ့ပြောတယ် ။
ကျွန်မ လဲ ၊ ၁၆ နှစ်မ အပျိုပေါက်လေး လိုမျိုး ၊ မခို ့တယို ့လေး
ခါးလေးစောင်းပြီး
တင်လေးပစ်ပြီး
ဝင်ထိုင်လိုက်တယ် ။
သူ ဘာတွေ များ ပြောလာမှာလိမ့်ပေါ့ ။
ဆရာသမား က ၊ သူ ့ခွက်ကို ဇက်ခနဲ တစ်ခါထဲ ကောက်မော့ လိုက်ပြီး..
ကျွန်မ ကို သေချာကြည့်နေတယ် ။
နောက်ထပ် တစ်ခွက် ထပ်မော့တယ် ။
နောက်ထပ် တစ်ခွက်..
ပြီးမှ….
ကျွန်မ ကို ဆုံးမ စကားတွေ တရစပ် ဆိုလာတယ် ။
ဟွန်း…နားပူလိုက်တာ ပျင်းလိုက်တာကိုး …မပြောပါနဲ ့တော့ရှင်ရယ်
ကျွန်မ ကို ၊ အဖော်အပြ ဝတ်ပုံမျိုး ဝတ်တာ အန္တရာယ် ရှိကြောင်း ၊
စောန က ချာတိတ်၃ယောက် ဖုန်းထဲ က ကျွန်မ ဓါတ်ပုံ တွေ ကို ၊ သူ ဖျက်လိုက်ကြောင်း..
နို ့…အင်တာနက် ထဲ မှာ ၊ ကျွန်မ ဟိုးလေးတကျော် ဖြစ်သွားနိုင်ကြောင်း..
ပြောလာတယ် ။
ဟင်း…ကျွန်မ ကဖြင့် ၊သူ ့အတွက် ဝတ်နေရတာ ကို ၊ သူ က အဲဒီလို ပြောလာတော့ ၊ ဘယ်ရမလဲ ..
ကျွန်မ လဲ မျက်ရည်လေး စမ်းတမ်း..စမ်းတမ်း လုပ်ပြပြီး ၊ သူ ့ကို ရင်ဖွင့် ပြလိုက်ရတာပေါ့ ။
( ရင်ဖွင့်တယ် ဆိုတာ ၊စကားတွေ ပြောတာ ကို ဆိုတာနော် ၊ ဟိုတိုင်းကြီးလဲ မထင်လိုက်ကြပါနဲ ့ဦး )
သိတယ်မို ့လား…
“ ဒီမယ်….တို ့..ဒီဆိုင် ကို ဘာလို ့နေ ့တိုင်း လာသလဲ ဆိုတာ မင်းမသိသေးဘူးလား ကွယ် ” လို ့
ကျွန်မ တစ်ချက်ပဲ ငြု လိုက်ရုံ ရှိသေး ။
ဆရာသမား လဲ ဘယ်နေနိုင်တော့မလဲ ။
အဲဒီည က မိုး ကောင်းကင်ကြီး မှာ ကြယ်တွေ စုံနေတယ် ထင်တာပဲ ။
————————ဆက်ပါဦးမည်————————
11 comments
musicalpunk
September 16, 2011 at 10:07 pm
ဆက်ရေးတော့ကာင်းတာပေါ့။အသည်းယားဖို့။အရင်တစ်ခု မဖက်ရသေးပဲ ကျော်ဖတ်လိုက်မိတယ်။ဒါပေမဲ့ အဆင်ပြေပါတယ် ကြိုးစားထားနော် အားပေးနေမယ်။
windtalker
September 17, 2011 at 12:11 am
ဟုတ်ကဲ့
အားရင် အားသလို
ကြိုးစားနေပါတယ်
အားပေးမှုကို ကျေးဇူးတင်ပါတယ်
ကျွန်တော့် ပို ့စ်ကို မန်းသူတိုင်း အတွက်
သူကြီး ပွိုင် ့နှင့် မဆိုင် ၊ သီးသန် ့အစီအစဉ်ရှိပါတယ်
လောလောဆယ် ပေါက်ဖော် က ပထမ ချိတ်နေပါတယ်
ကွန်မင့် အများဆုံးပေးသူ ၊ ကွန်မင့် ဦးဦးဖျားဖျားပေးသူ များကို
ဘီယာ တစ်ဂျား ဘဲကင်တစ်စိတ် ပေးဖို ့
အစီအစဉ် ရှိပါကြောင်း
ပေါက်ဖော်
September 17, 2011 at 6:34 pm
အလို..ကြည့်စမ်း..
ဘဲကင်တစ်ခြမ်း.ဆိုပါရား..
တရတောင်ကျ..လာဘီ..ညှင်းညှင်း..ညှင်းညှင်း.. 😀
ကိုပေ့ဇာတ်လိုက်မင်းသမီးကလဲဗျာ..
အရက်က ၅ ပေလောက်..ပြီးတော့..ဝါးခြမ်းပြား ဘော်ဒီဆိုတော့..
ဖတ်ရတာ တိပ်မမိုက်ဘူးဂျာ..
ကီယား အာရီး ချိတ်ညစ်ဒယ်..
ဟာရေး.ဟာရေး..
မီးမီး သော်
September 16, 2011 at 11:19 pm
အမလေးနော် ကိုပေ့ရယ်။တတ်လဲတတ်နိုင်လွန်းတယ်။ကိုယ်တွေ ့လား။စိတ်ကူးယဉ်တာလား။ဟင်းး
mr.lone
September 17, 2011 at 9:35 am
ဟိုတစ်ခါဖတ်တဲ့ ပို့စ်လိုနောက်ဆုံးမှာ အခြောက်ကြီးများဖြစ်နေမလားမသိဘူး…
နောက်ဆက်တွဲ မြန်မြန်တင်ပါတော့ …ဖတ်ရတာ…ရယ်လည်းရယ်ရ…ကောင်းလည်းကောင်း
စုံ စုံ
September 17, 2011 at 10:31 am
ဇာတ်လမ်းကကြယ်တွေစုံတဲ့ညနဲ့တခန်းရပ်သွားတယ်
ိသို့လော သို့လော အတွေးပွါးရအောင်များ အခန်းဖြတ်ထားသလားလို့
မြန်မြန်ဆက်ပါဗျို့…
Shwe Tike Soe
September 17, 2011 at 12:02 pm
ဟာဗျာ ထားခဲပြန်ပြီး တန်လမ်းကြီး ….
မိုက်တယ် ဇာတ်ရှိန်ကတော့တက်နေပြီး ဆက်ဖတ်မယ်နော်.. ဆက်ဆက်ရေးပါ.
မအားလဲ ရေး အားလဲရေး…
ဇာတ်ဆောင် အမျိုးသမီး ကို မျက်စိထဲ ကွင်းကွင်းကွက်ကွက ်မြင်နေရတယ် ညှင်းညှင်းညှင်း…
မောင်တုတ် ကြီး
September 17, 2011 at 12:17 pm
ယောကျာ်းကလဲ စာရေးတာ ကျွန်မ ကျွန်မနဲ ့။
ရေစိုနေတဲ့ မင်းရဲ ့အလှအပ မင်းကိုယ်လုံး၊ခုတော့ ဘယ်နှယ်တုန်း(Sai Sai)
kai
September 17, 2011 at 12:28 pm
ရှေးစကားကတော့.. အဲဒါပဲ..။
မိန်းမကကြိုက်ရင်..သူကြိုက်တဲ့သူလာမလား.. တမျှော်မျှော်နဲ့..တဲ့.။
ယောကျင်္ားက.. ကြိုက်ရင်.. သူကြိုက်တဲ့သူဆီ.. တစိုက်စိုက်နဲ့.. သွားတယ်.။
ဘေးဘီ..သိပ်မကြည့်တော့ဘူး..။
captainamerica
September 17, 2011 at 9:03 pm
အင်း ဇာတ်ရှိန်လေးကတော့တဖြည်းဖြည်းမြင့်လာဘီ
etone
September 19, 2011 at 1:26 pm
ဟီးဟီး ရယ်ရတယ်နော် …
အပြင်မှာဆို … ရုပ်ကလည်း ကြမ်း … လူကလည်း အရိုးဆိုတော့ .. နဂိုကလတည်းက ရုပ်ဆိုးနေတာ… အခုဝါးခြမ်းပြားမက ရေစိုတော့ .. အတော်ကြည့်ရဆိုးမယ်နော် .. 😀
ချည်သားတွေကပ်သွားသည့်တိုင်အောင် ဒီလောက်ရုပ်ဆိုးတဲ့ လူက စိတ်ဝင်စားတဲ့ လူရှိပါ့မလားဟင် !
ဒီမိန်းကလေး အတော်ရွတယ်လို့ေ ပြာချင်တယ် …. လင်လိုချင်တာလည်း လိုချင်တာပေါ့ .. သို့သော် ကိုယ့်အဆွေမျိုး သားချင်းထဲကလည်း မဟုတ်တဲ့ ကောင်လေး အခန်းထဲဝင်ပြီးနေသေးတယ် … အံ့ဩတယ် 🙄