စေတနာနဲ့ အအေးတိုက်ချင်လို ့
ဒီနေ့ ကျွန်မတို့ စက်ရုံကို ဌာနဆိုင်ရာက လူကြီးတွေ လာမယ်ဆိုလို့ မနက်ခင်းကတည်းက လုံခြုံရေးတွေချ ၊ ဝင်ထမ်းတွေကို ပါ အိတ်တွေ ခြင်းတွေ ဖွင့်စစ်ဆေးနဲ့ ပြာသလူးခါနေလေရဲ့လေ … ။ မနက်ကတည်းက ရှေ ့ပြေးတွေ ရောက်နေသော်လည်း … လူကြီးက နေ့ခင်းချိန်ထိအောင် မရောက်နိုင်သေးပါဘူး … ကြက်တူးရွှေးက တော်တော် မယ်တော်က ကဲကဲ တွေက ဧည့်ခံပြင်ဆင်ဖို့ ဆိုင်းပြင်ရတာလည်း အမောပါပဲ … ။ သူတို့ကိုကြည့်ပြီး ကျွန်မရဲ့ အူလည်လည်နိုင်တဲ့ အဖြစ်ပျက်လေးကို ပြန်သတိရမိတယ် …။ တွေးမိတိုင်း ရယ်ချင်တဲ့စိတ်ဖြစ်မိတာမို့ … ရွာသူရွာသားတွေလည်း စိတ်ရဲ့ ထွက်ပေါက်အနေနဲ့ ရယ်မောနိုင်စေဖို့ … ပြန်ပြောပြပါမယ်… ။
လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကအဖြစ်ပျက်လေးပါ … ။ အဲ့ဒီအချိန်က ဆံပင် ဖြောင့်တာတွေ ခေတ်စားပြီး ဆံပင်ကို အစွယ်တွေ အချိန်တတ်တွေတဲ့ ညှပ်တဲ့ခေတ်ဖြစ်ပြီး ဖျားလျားချထားတဲ့ပုံစံတွေ ခေတ်စားနေတဲ့ အချိန်ပါပဲ …။ ကျွန်မလည်း သူများနည်းတူ (လှမလားဆိုပြီး )နဂိုဖြောင့်နေတဲ့ ဆံပင်ကို ပိုက်ဆံအကုန်ခံပြီး မီးပူတိုက်ကာ အချွန်အတက်တွေနဲ့ ညှပ်ဖြစ်ခဲ့ပါတယ် … ။ အဲ့ဒီအချိန်တုန်းက ခေါင်းစည်းလျှင် ခေါင်းကိုက်တယ်ဆိုတဲ့ အကျင့်မျိုးရှိတာမို့ ဆံပင် ဖျားလျားပဲ ချထားခဲ့တယ် … ပူပူ ၊ အိုက်အိုက် ဆံပင်ကတော့ … လုံးဝ စည်းဖို့ အတွေးမျိုးမရှိခဲ့ပါဘူး … ။
မှတ်မှတ်ရရ … တစ်နေ့တော့ ဌာနဆိုင်ရာ လူကြီးတွေလာမယ်ဆိုလို့ … ပြူးတူးပြဲတဲနဲ့ ကြိုဆိုရေး ဧည့်ခံရေးတွေ လုပ်နေတာပေါ့ … လာတဲ့ လူဦးရေကလည်း တစ်ယောက်နှစ်ယောက်မဟုတ်ပဲ အုပ်စုလိုက်မို့ … လိုတဲ့ ခုံတွေထပ်ဖြည့် … ဧည့်ခံဖို့တွေ ထပ်လုပ်နဲ့ အလုပ်ရှုပ်နေကြတာပေါ့ … တကယ်လည်း ဧည့်သည်တွေလာရော … နေရာချထားရေးနဲ ့ ဧည့်ခံရေးအတွက် လူလိုရောဆိုတာနဲ့ …ကျွန်မအပါဝင် သူငယ်ချင်း သုံးယောက် ဝင်ပြီး လုပ်အားပေးကြရတယ် … ။ မီးဖိုချောင်ကနေ အအေးဖျော်ပေးလိုက်တာကို ဗန်းလေးတွေနဲ့ တင်လာပြီး … လူစုံအောင် လိုက်ချပေးရပါတယ် … ။ သူ့နေရာနဲ့သူ အပိုင်းခွဲပြီး လိုက်ချပေးသလို သုံးဆောင်ပါရှင်တို့ ဘာညာတို့ ဖောရပါသေးတယ် … ။ မျက်နှာကလည်း မချိုမချဉ် ငါးခူပြုံးလေးလိုလို လုပ်ရပါသေးတယ် … ။ ဧည့်ဝတ်ကျေပွန်မှူကိုပြသတာပေါ့ရှင့် … ။ အအေးတွေ လိုက်လည်း ချပေးရင်း နောက်ဆုံးတခွက်ပဲ ချပေးဖို့ကျန်တဲ့အခါ … အဲ့ဒီလူရှေ့ကို ကမ်းပေးရင်း ပြောနေကြအတိုင်း သုံးဆောင်ပါတို့ ဘာညာပြောရတာပေါ့ … သူကလည်း ဟင့်အင်းတဲ့ … ခေါင်းလေး လှုပ်ရုံ တုးိတိုးလေး ညင်းပါတယ် … လူတိုင်း အအေးမသောက်ချင်လည်း အားနာသမှုနဲ့ ယူထားပေမဲ့…. ဒီလူကတော့ ဘယ်လိုလူလဲလို့ မှတ်ချက်ချမိပါတယ် … အတော်လည်း လူမှူရေး နားမလည်တဲ့ အလိုက်ကန်းဆိုးမသိသူလို့ စိတ်ထဲက ကြိမ်ဆဲနေမိတာပေါ့ …. ။ သို့သော် မျက်နှာကတော့ အတော်လေး ပြုံးပြီး သုံးဆောင်ပါလို့ လက်ထဲကမ်းပေးတော့ … ဟန်မဆောင်နိုင်တဲ့ မျက်နှာ ပုပ်ကြီးနဲ့ … မကောင်းတတ်လို့ ..ယူထားပါတယ် … ဒီအတိုင်းမသောက်ပဲ အလဟသဖြစ်မှာ စိုးလို့ …သောက်ပါဦးလို့ တတိယအကြိမ် ပြောတော့ … မျက်လုံးကြီးစုံမှိတ်လို့ကြိတ်မှိတ်ကာ … ဂလုဂလုနဲ့သောက်လိုက်တာ …. ကုန်သွားပါရော ပြီးတော့မှ … ကျွန်မကို ဖန်ခွက်အလွတ်ကြီး ပြန်ပေးပါတယ် …. ။ သူကတော့ တခြား လူတွေနဲ့ မတူပဲ ထူးခြားနေလို့ပါတယ် … သူများတွေ အအေးတိုက်လျှင် မငြင်းဘူးလေ .. ဒါပြင့် … ဘယ်သူမှလည်း အငတ်လို ဝေါခနဲ မော့မသောက်ပါဘူး …ဟန်ပြလေး သောက်လိုက် ..ခွက်လေးပြန်ချထားလိုက်နဲ့ တအိအိသောက်တာ.. ဒီတယောက်ကတော့ … ထူးတော့ ထူးတယ်လို့သာ တွေးမိရင်း ဧည့်သည်ကို ဧည့်ဝတ်ကျေပွန်စွာနဲ့ ပြုစုလိုက်ရတာမို့ .. ကိုယ့်ဘာသာကိုယ်သဘောကျပြီး မီးဖိုခန်းဘက်ပြန်ထွက်မိတယ် … ။ လက်ဆေးပြီး … ရေစိုလက်စနဲ့ …မှန်ရှေ့ ဆံပင်တွေကို ဖွကြည့်တော့ … ဆံပင်တွေ စီးကပ်ကပ်နဲ့ …. ။ အလကားနေရင်း ဆံပင်အောက်ဖျားတွေ ဘာလို့ စေးကပ်ကပ်ဖြစ်နေသလဲ တွေးမရတော့… ဆံပင် ဖျားလေးတွေ ရေဆေးနေမိရင်း သူငယ်ချင်းတစ်ယောက် ကျွန်မနောက်ရောက်လာတယ် … ။ ပြောပြောဆိုဆိုနဲ့ သူမက ခွက်ထိုးခွက်လန်ရယ်ပါလေရော ….အတော်ရယ်လို့ အားရမှ …. ကျွန်မဆံပင်တွေ အအေးသောက်နေခဲ့တာဖြစ်ကြောင်း သိရတော့တယ်လေ ….။ ဆံပင်ဖျားလျားနဲ့ ကျွန်မ အအေးခွက်သွားချတဲ့လူ နောက်ဆုံးတစ်ယောက်ဆီ မရောက်ခင် … ဆံပင်ဖျားတွေ အအေးခွက်ထဲဝင်နေခဲ့တာတဲ့လေ …. သူမလည်း မြင်ပေမဲ့ … ဌာနဆိုင်ရာ လူကြီးကြား ဝင်မပြောချင်တာနဲ့ မသိချင်ယောင်ပဲ ဆောင်နေခဲ့တယ်တဲ့ ..ဒါကို ဟိုလူက မြင်ပြီး အဲ့ဒီခွက်သူ့လက်ထဲကမ်းပေးတော့ … မသောက်ချင်ဘူး ငြင်းတာကို ကျွန်မက အတင်းပဲ ဧည့်ဝတ်တွေကျေပွန်ပြနေတဲ့ မြင်ကွင်း အတော်ရယ်စရာကောင်းခဲ့ပါတယ်တဲ့ ……။ အလိုက်ကန်းဆိုးမသိတဲ့ ကျွန်မက အတင်းကာရော တိုက်နေတာမို့ … မသတီသလို အဖြစ်နဲ့ အခက်ကြုံပြီ းတကျိုက်ထဲ မော့သောက်ခဲ့တာ… မျက်စိထဲမြင်ယောင်ပြီး နှစ်ယောက်စလုံး …ဝါးလုံးကွဲရယ်မိပါတော့တယ် … ။ နောက်ပိုင်း ဧည့်သည်လာတိုင်း ကျွန်မကို ဘယ်တော့မှ ကူညီလုပ်ကိုင်မပေးခိုင်းတော့တာမို့ … ဆန္ဒမပါပဲ အတင်းစေခိုင်းခံရတအခါ နည်းမျိုးစုံသုံးပြီး ပညာပြတတ်တဲ့ ကျွန်မက ဒီတစ်ခါလည်း …အနုနည်းနဲ့ ပညာပြတယ်လို့ပဲ ပြောစမှတ်ပြုနေကြလေရဲ့ ….။ (တကယ်တော့ ပညာပြတာမဟုတ်ပါဘူး … အမှတ်မထင် တိုက်ဆိုင်သွားတာပါလေ … 😛 )
22 comments
zinpoe
September 19, 2011 at 7:49 pm
သိသိကြီးနဲ့ သောက်ရတဲ့ အဖြစ်က တကယ်မလွယ်ဘူး။ ဟူး……..
windtalker
September 19, 2011 at 7:50 pm
မအီးတုံး ၏ ပြန်လည်ရှင်းလင်း ချက်ကတော့
(တကယ်တော့ ပညာပြတာမဟုတ်ပါဘူး … အမှတ်မထင် တိုက်ဆိုင်သွားတာပါလေ) တဲ့
ပါးပါးလေး ပေးလိုက်တာပါနော
ဟီဟိ…
ပေါက်ဖော်
September 19, 2011 at 7:54 pm
သောက်ပါဝူးဆို အတင်းတိုက်နေတယ်..
ဂျွတ်….
ဂလု..ဂလု..ဂလု..အဟွန် ့
yetazar
September 19, 2011 at 8:17 pm
လူတွေကနော် ဆံပင်ဆိုရင်အရမ်းရွံတတ်တာ ။ ဘာလို့လဲမသိဘူး ။ ကျွန်တော်လဲရွံတာပဲ ။ အသုပ်စုံကို လက်ကြီးနဲ့ ပယ်ပယ်နယ်နယ်သုပ်နေတာကိုတော့ မရွံဘူး ။ အဲဒီ လူရဲ့အထက်ဆုံးမှာရှိတဲ့ဆံပင်ကိုတော့ ရွံတယ် ။ ဘာလို့လဲ သိရင်ပြောပြကြပါ ။
redbull
September 19, 2011 at 10:08 pm
ဆံပင်က ဆံပင်မို့လို့ပေါ့…
ဆံပင်က ခေါက်ဆွဲမဟုတ်လို့ပေါ့..
ခေါက်ဆွဲမဟုတ်တဲ့ ဆံပင်က အမျှင်ရှည်ရှည်လေး မြင်နေရတယ်..
လက်ကြီးနဲ့နယ်ပေမဲ့ လက်မှာပေနေတဲ့ ဂျီး ကို မှ မမြင်ရတာ….
ပီးတော့…. .. ဆံပင်က တိုတိုကွေးကွေးလေးဆိုရင် ပိုဆိုး…. 😛
( ဂျိုင့်မွေး / ခြေသလုံးမွေးကို ပြောတာ )…
မီးမီး သော်
September 19, 2011 at 10:19 pm
ဆံပင် လေးလှကြောင်းကြွားလိုက်တာ မမအိတုံတစ်ယောက် ဆံပင်တွေအချိုရေဆင်းကူးသွားလေရဲ ့။ဟိ ဟိ
kai
September 20, 2011 at 3:24 am
“မင်းဆံပင်တွေ အအေးခွက်ထဲဝင်သွားတယ်.. အအေးအသစ်သွားလဲလိုက်”လို့.. အဲဒီလူက.. ဘာလို့မပြောသလည်း..
အားနာလို့လား..။ ငမ်းနေတာလား.. သိချင်မိသား..။ 🙁
etone
September 20, 2011 at 8:26 am
အဲ့ဒါပေ့ါ သဂျီးရေ…. သူတို့လူကြီးတွေ ရှေ့မှာ စကားပြောဖို့ မပြောနဲ့ … အမြီးမြှောက်လိုက် အီးအီးပေါက်လိုက်တောင် မလုပ်ရဲကြဘူး ….အသံလည်း မထွက်ရဲကြဘူးလေ …
မှော်ဆရာ
September 20, 2011 at 9:33 am
သူက ဆံပင်တွေ ခွက်ထဲ ဝင်နေပါတယ်လို့ ပြောလိုက်ရင် တခြားသူတွေပါ မသောက်ရဲတော့မှာ စိုးလို့ထင်တယ်။
သူကလဲ ဒီတိုင်းယူထားပြီး မသိမသာ မသောက်ပဲနေလိုက်ရင်လဲ ကောင်းသား
အိတုန်က ကလောကွတ်ကောင်းလွန်းလို့ ကျိတ်မှိတ် သောက်လိုက်ရတာ ထင်တယ်
အိတုန်က အဆိပ် ဖျော်တိုက်ရင်တောင် သောက်မှာပဲထင်တယ်
ဒါကြောင့် အပေါ်ကရေးတဲ့ ညှို့အားပျင်းတယ်ဆိုတာ တကယ်လားမသိ….
nigimi77
September 20, 2011 at 4:17 am
ယုတ္တိ ၃% 🙂
ဒီလိုပါ သဂျီး။ ကျုပ်လဲ အဲဒီ အကြောင်းကို မေးဘူးတယ်။
အီးဒုံးပြောတာတော့ သူက အရမ်း ညို ့အားပြင်းတယ် ဆိုပဲ။
ဘုန်းကြီးရူးနဲ ့ လှေလူးနဲ ့တွေ ့ကြတာပေါ့လေ။
🙂
===================================
ကျုပ် လှည်းတန်းက ဆိုင်တဆိုင်မှာ ထမင်းသွားစားတယ်။
ထမင်းထဲမှာ တော်တော်ကို ရှည်တဲ့ မိန်းမ ဆံပင် တစ်ချောင်း ပါလာတယ်။ ဆိုင်ရှင် မိန်းမကို
“အမ ဒီမှာ ဆံပင်မွှေးက ထမင်းထဲပါလာတယ်” လို ့ ပြောတော့ အဲဒီ မိန်းမက လှမ်းကြည့်တယ်။
ပြီးတော့ ” အော် ….အေး” တဲ့…….။ ကျုပ်က ပြန်လဲပေးပါပြောတော့ လဲပေးပါတယ်။
သို ့သော်လည်း သူ ့ လက်တိုလက်တောင်း မိန်းမ တစ်ယောက်ကို မကြားတကြား လှမ်းပြောပါတယ်။
” လူတွေများ ခက်ပါတယ်။ စားတော့ လမ်းဘေး ထမင်းဆိုင် ၊ ဆံပင် ဝင်တာများ ဖင်မွှေးဝင်တာကျနေတာပဲ”
တကယ်ပြောတာပါ။ ကျုပ် အဲဒီမိန်းမကို စိတ်ထဲမှာ ရိုက်သတ်လိုက်တာ အကြိမ်ကြိမ် အခါခါ သေသွားတယ်။
မြန်မာပြည်မှာ တာဝန်ယူမှု မရှိတဲ့ စိတ်ဓါတ်တွေကြားမှာ ရပ်တည်နေရတာ အရမ်းကို ကြောက်ဖို ့ကောင်းပါတယ်။
==================================================================
နောက်တခုက ကြုံလို ့ပြောတာပါ။ ဆိုင်ထဲဝင်ရင် အပြင်မှာ ဖိနပ်ချွတ်ရတဲ့ ဆိုင်တွေ။
ပိုက်ဆံကို ယူပြီး ဝန်ဆောင်မှုကို ပေးတဲ့ ဆိုင်တွေဟာ ဖောက်သည်ကို ဖိနပ်ချွတ်ခိုင်းစေတာဟာ အလွန် စော်ကားတဲ့ လုပ်ရပ်ပါ။
အထူးသဖြင့် လှည်းတန်းဖက်မှာ ဖိနပ်ချွတ်ခိုင်းတဲ့ ဆိုင် တော်တော်ပေါပါတယ်။ အင်တာနက်ဆိုင်၊ ဖိနပ်ဆိုင်၊ အဝတ်အစားဆိုင်
စုံလို ့ပါပဲ။ အဲဒီလို ဆိုင်မျိုးကို ကြုံရတာနဲ ့ ကျုပ် ချက်ချင်း လှည့်ထွက်ပါတယ်။ ပြောဖြစ်အောင်လည်း ပြောပါတယ်။
” ဖောက်သည်ဆီက ပိုက်ဆံကို အမိန် ့ပေးပြီး ယူတဲ့ ဆိုင်မှတော့ ဈေး မဝယ်နိုင်ဘူး” လို ့။
ဘုရင့်နောင် လမ်းဆုံမှာ Citra ကတ္တား အရောင်းခန်းမ ရှိပါတယ်။ ရောင်းတဲ့ ပစ္စည်းတွေဟာ သိန်းဂဏန်း အထက်တွေကြီးပါ။
ကျုပ်နဲ ့ပါလာတဲ့ နိုင်ငံခြားသားက ဖိနပ်ချွတ်ရမယ်ဆိုတော့ သူက ချွတ်ပါတယ်။ သူ ့အနေနဲ ့ကတော့ ရောမရောက် ရောမလို
ကျင့်ရမယ်လို ့တွေးတယ် ထင်ပါတယ်။ ကျုပ် အထဲကို မဝင်ပဲ ဝင်ပေါက်မှာ ရပ်နေပါတယ်။ အရောင်းဝန်ထမ်း အမျိုးသမီးက
အကို လာရှင်းပြပေးပါဦး ကျွန်မပြောတာကို သူဘာမှ နားမလည်ဘူးလို ့ပြောတယ်။ ကျုပ်လဲ ” ခင်ဗျားတို ့ဆိုင်က ဖောက်သည်
ကို ဖိနပ်ချွတ်ခိုင်းတဲ့ အတွက် အထဲမဝင်နိုင်ဘူး။ ပြောချင်ရင် အဲဒီကနေလှမ်းပြော ကျုပ်ကြားရတယ်” လို ့ပြောတော့
စိတ်မရှိပါနဲ ့ရှင် သူဋ္ဌေးက ဒီလို လုပ်ခိုင်းထားလို ့ပါလို ့ပြောတယ်။ မြန်မာပြည်မှာ ပိုက်ဆံသာရှိပြီး ဦးဏှောက် မရှိတဲ့
လူတန်းစားတွေ အမှန်တကယ်ကို ခိုင်ခိုင်မာမာ ရှိနေပါပြီ။
pan pan
September 20, 2011 at 8:42 am
ဟုတ်တယ်နော်
တချို့ဆိုင်တွေဆို စားသုံးသူတွေကို အပြင်မှာဖိနပ်ချွတ်ခိုင်းပြီး သူတို့ကျတော့ ဖိနပ်စီးကြတယ်
ဖိနပ်ဆိုင်၊ အလှပြင်ဆိုင်အစုံပါပဲ
တချို့ဆိုင်တွေကျတော့ ဖိနပ်စီးပါ စီးလို့ရပါတယ်လို့တောင် ပြောကြတယ်
—————————————————
မetoneကို ညို့အားပြင်းတယ်ပြောနေပါတယ်
အစ်မက အသားညိုတယ်လို့ သိရပါတယ် (ဖိနပ်အရေခွံလဲတဲ့ပိုစ့်မှာ)
အဲဒါ (ဟယ်လီဘယ်ရီလို) ညိုချောပေ့ါ 😀
etone
September 20, 2011 at 8:52 am
တချို့ဆိုင်တွေ ဖိနပ်ချွတ်ခိုင်းတာက … အဝတ်စားရောင်းတဲ့ ဆိုင်တွေ အထည်လိပ်ရောင်းတဲ့ ဆိုင်တွေဆို ပေကျံကုန်မှာ စိုးလို့ပါ … မိုးတွင်းဆို သိတဲ့ အတိုင်းဗွက်တွေ ရွံ့တွေနဲ့ ဆိုတော့လေ … ရောင်းကုန်ကို ထိခိုက်လို့ … အင်တာနက်ဆိုင်တွေ ဖိနပ်ချွတ်ခိုင်းတာတော့ မကြုံဖူးသေးဘူး .. ဖိနပ်ချွတ်ခိုင်းတာတော့ ဟုတ်ပါပြီ … ချွတ်ထားတဲ့ ဖိနပ်ကိုရော ဘယ်သူက တာဝန်ယူကြည့်ပေးမှာလဲဆိုတာတွေ ထပ်တွေးရတော့မယ် … မတော်လို့ ဖိနပ်ပျောက်လျှင် ခြေဗလာနဲ့ ပြန်လာရကိန်းကိုး 😀 😀
အလကား ကဏန်းကြီး77လျှောက်ပြောနေတာ … သူဖြင့် တခါမှလည်း မတွေ့ဖူးပဲနဲ့ ….(အိပ်မက်ထဲမှာ တွေ့ဖူးလျှင်တော့ မပြောတတ်ဘူး 😛 ) ညို့အားပြင်းလား မပြင်းလားတော့ မသိဘူး … ပထမဘဲတုန်းက သူများနောက်ကိုပါသွားတာ… လမ်းတွေ့တောင် လှည့်မကြည့်ဘူး 😛 😛
nigimi77
September 20, 2011 at 8:43 pm
ဒေါ်အီးဒုံးရေ။
ဖိနပ် ချွတ်ခိုင်းတဲ့ အင်တာနက် ဆိုင်က လှည်းတန်း ၁ လမ်းထဲ တဝက်ကျော်လိုက် ဝင်သွားရင်
ဘယ်ဖက် အခြမ်းမှာရှိပါတယ်။ ဖိနပ်တွေက ဆိုင် အပြင်မှာ ကိုအောင်ဘု စကားအရ ပြောရင်
အောလဘုံ ပါပဲ။ အင်တာနက် ဆိုင်နဲ ့ မတူပဲ အလှုအိမ်နဲ ့တူနေပါတယ်။
အဲဒီလို ဆိုင်မျိုးမှာ သုံးနေတဲ့ လူတွေရဲ ့ အသိစိတ်ကို အားမရဖြစ်မိတယ်။
Customer Right ဆိုတာကို လုံးလုံး မသိကြတဲ့ လူတွေပါပဲ။
ဦးထွန်းလင်း ခြံလမ်းထဲက ဘယ်ဖက် အခြမ်းမှာလဲ Fashion ဆိုင်ရှိပါတယ်။ ဆိုင်ရှင်က
အစ ဝန်ထမ်းတွေ အဆုံး ဖိနပ်ချွတ်နဲ ့ပါ။ ကျုပ်လဲ ဝယ်စရာရှိလို ့ဝင်မယ်လုပ်တော့
ဝန်ထမ်း ကောင်မလေးက “အကို ဖိနပ်စီးလို ့မရပါဘူး” တဲ့ ။ ကျုပ်က “ဟာ ..ဈေးဝယ်
သူကို ဖိနပ်ချွတ်ခိုင်းရအောင် ဘုန်းကြီးကျောင်းမှ မဟုတ်တာ။ ဒါမျိုး ဘယ်နိုင်ငံမှာ ရှိလို ့လဲ။
ဖိနပ်ချွတ်ရမယ် ဆိုရင် မဝယ်တော့ဘူး” လို ့ပြောလိုက်တော့ ဆိုင်ရှင် ဖြစ်တဲ့ ဦးသားရေကွင်း
က ဒီကောင်တော့ တကယ် မဝယ်မဲ့ပုံပဲဆိုတာ သဘောပေါက်လိုက်တော့ ရပါတယ် ဒီတိုင်း
ဝင်ပါလို ့ ဖြစ်သွားရော။ ဖောက်သည်ကို အိမ်သာ ပေးမတက်တဲ့ ဆိုင်တွေရော သိချင်သေး
လား ။ ဆိုတော့ကာ…. မြန်မာပြည်မှာ Responsibility လုံးဝ မရှိဘူး ဆိုတဲ ့သဘောဖြစ်နေ
တာ။ ကုန်ပစ္စည်း ပျက်စီးမှာ စိုးရိမ်တာထက် မိုးတွင်းကာလမှာ ဝင်တိုင်းထွက်တိုင်း ထင်ကျန်
ခဲ့တဲ့ ခြေရာတွေ ကို သန် ့ရှင်းရေးလုပ်ရမှာ ကို ဝန်လေးတာကြောင့်က အဓိက ပါတယ်။
အဲဒီလို ဈေးဝယ်သူကို ဖိနပ်ချွတ်ခိုင်းမဲ့ အစား ဆိုင်တွင်း မှာ ညစ်ပေမှုကို ကာကွယ်နိုင်မဲ့ နည်း
လမ်းကို တွေးတော ကြံဆသင့်တယ်။ အရင် ခေတ်တုန်းက ကျုပ်တို ့တွေ Store တို ့Mart တို ့
ဆိုတာတွေကိုပဲ အားကိုးခဲ့ရတယ်။ ကြုံဖူးတဲ့ ဆိုင်တချို ့ (လှည်းတန်းက ရှော်ဖီ တိုက်တန်းမှာ)
ဝင်လိုက်တာနဲ ့ ဘာယူမလဲ ဘာလိုချင်လို ့လဲဆိုတဲ့ အညာသူမ အောက်ဂလိအာ အသံနဲ ့
မာရေကျောရေ ဆက်ဆံတာ ခံရတယ်။ အဲဒီလို အချိုးမျိုးတွေက အခုခေတ်အထိကို ရှိနေတုန်း
ပဲ။ ဆိုင်ရှင်တွေဟာ မိမိ စီးပွားကို ဖျက်ဆီးနိုင်တဲ့ အဆိုပါ ဝန်ထမ်းမျိုး ခန် ့ထားမိသလား ဆို
တာကို လေ့လာသင့်တယ်။ ဒီပုံ စံမျိုးနဲ ့ဆိုရင် မြန်မာနိုင်ငံမှာ ဖောက်သည်ကို ဝယ်သည်ဖြစ်
စေ မဝယ်သည် ဖြစ်စေ နွေးထွေးစွာ ဆက်ဆံတဲ့ Customer Care Services က ဘယ်တော့မှ
ပေါ်ပေါက်လာမှာ မဟုတ်ဘူး။ ပြောတော့ မြန်မာတွေဟာ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံးပါတဲ့။
ကျုပ်သိသလောက်တော့ ရိုင်းတဲ့နေရာမှာ ၂ ယောက်မရှိဘူး။ ဆဲမှ ရိုင်းတာ မဟုတ်ပါ။
လူမှုဆက်ဆံရေး သိမ်ဖျင်းမှုဟာ ရိုင်းတာပါပဲ။
နဲနဲ ရှည်သွားပြီ။ ဒါပဲ အီးဒုံး 🙂
Shwe Tike Soe
September 20, 2011 at 9:29 am
အမလေး သွားမြှောက်နေပြန်ပါပြီး မအီးတုံးတော့ အောက်ခြေလွတ်နေလောက်ပြီ.. ဟဟ
ကြောင်ကြီး
September 20, 2011 at 9:31 am
အီးတုံမ်း အသားညိုလား မညိုလားတော့ မသိဘူး။ တလောက ကျနော် မြန်မာပြည်ကို အလည်ရောက်တော့ သူနဲ့ကော်ဖီဆိုင်မှာ ချိန်းလိုက်တယ်။ ကျနော်တို့က ရိုးရိုးသားသားပါ။ စုံတွဲလာဖို့ပြောတော့ သူ့ဘဲကြီးအားမှာ မဟုတ်ဘူးတဲ့၊ ရိပ်သာသွားရမယ်ဆိုလား။ ကျနော်လည်း တရားစခန်းဝင်ဖို့ရှိတာနဲ့ ဘယ်ရိပ်သာလဲလို့ စပ်စုမိတော့ အင်း အဲ..ခဏ စကားရပ်သွားပြီး နောက်ဆုံးမှပြောတာ နှင်းဆီကုန်းရိပ်သာဆိုပဲ။ သိရင် အဲဒီရိပ်သာရဲ့ ကမ္မဌာန်းအားထုတ်ပုံ အကြောင်းသိရင် ပြောကြပါအုံး။ အီးတုံမ်းလေးက ကံကောင်းပါတယ်၊ တရားဝါသနာပါတဲ့ သူတော်ကောင်းနဲ့ ရည်းစားဖြစ်တာ။
အဲဒီနေ့က မှတ်မှတ်ရရ ဟိန္ဒူ ဒေပါလီနေ့။ ကျနော်လည်း ကိစ္စတခုပေါ်လာတာနဲ့ ဆိုင်ကို ချိန်းထားတဲ့ အချိန်အတိမှ ရောက်သွားတယ်။ ဆိုင်ဝကနေ ထိုင်နေတဲ့လူတွေကို ရှာလိုက်တာ မဲမဲသဲသဲ ကုလားမတွေပဲ တွေ့တာနဲ့ ပြန်လာခဲ့ရတယ်။ နောက်တော့ ဖုံးဆက်မေးကြည့်တော့ သူ ဆိုင်မှာရှိတယ်တဲ့။ ထင်တော့ထင်လိုက်သား ဆာရီဝတ် ကုလားမတွေပြည့်နေတဲ့ဆိုင်ထဲ လိမော်ရောင်ဝတ်စုံဝတ်ထားတဲ့ ကုလားမလေးတယောက် အဖော်မပါ ရေခဲရေသောက်နေတာ။
etone
September 20, 2011 at 8:45 am
ယုတ္တိ ၃% 🙂 ပဲဖြစ်ရသေးတယ် သောက်ကျိုးနည်း …. မှောက်ထိုးလဲ သူကပဲ ပိုသိနေရသေးတယ် 😡 … ဆံပင်ဝင်သွားတဲ့ အအေးသောက်မိတာ သူ့ယောက်ဖများလား မသိဘူး 🙄
တချို့ ဆိုင်တွေ ဖိနပ်ချွတ်ခိုင်းတာ မိုးတွင်းမို့လို့ပါ … မကြိုက်လျှင် သွားမဝယ်နဲ့ ဝေးဝေးရှောင်ပေါ့ … ဆင့်-င်အနာလုပ်ပြီ ပြောနေသေးတယ် … 🙂
(((မြန်မာပြည်မှာ ပိုက်ဆံသာရှိပြီး ဦးဏှောက် မရှိတဲ့ လူတန်းစားတွေ အမှန်တကယ်ကို ခိုင်ခိုင်မာမာ ရှိနေပါပြီ ))) ဆိုတာနဲ့ ဆန့်ကျင်ဘက် … မြန်မာပြည်မှာ ဦးဏှောက်ရှိပြီး … ပိုက်ဆံမရ ှိတဲ့လူတွေ များနေပါပြီဆိုတာလည်း ထည့်တွေးဦး 😀 😀
Moe Z
September 20, 2011 at 9:29 am
ဆံပင်နဲ့ပတ်သက်လို့ မိုးစက်လည်းပြောဦးမယ်..
မိုးစက်ရဲ့ဆံပင်က ခါးလောက်မရောက်တစ်ရောက်ကို အကောက်..ဟီး..ကိုယ့်ဟာကိုယ်တော့ လှတယ်လို့ထင်တာပဲ 🙂 တစ်ရက်က ဘတ်စ်ကားပေါ်ကအဆင်း အပေါက်ဝနားမှာရပ်နေတဲ့ လူတစ်ယောက်ရဲ့ အင်္ကျီကြယ်သီးနဲ့ အဲဒီဆံပင်နဲ့ ငြိတာ..တော်သေးတယ်ကားသမားစိတ်ရှည်လို့..
မစောင့်ဘဲမောင်းထွက်ရင် မတွေးရဲဘူး 🙁
etone
September 20, 2011 at 9:33 am
အဟီး မိုးစက်အဖြစ်ကလည်း အတော် ရယ်စရာကောင်းမယ်ထင်တယ်နော် … တိုက်တိုက်ဆိုင်ဆို်င် etone လည်းပြ ီးခဲ့တဲ့ တနင်္ဂနွေက ဆံပင်ညှပ်ဆိုင်သွားတုန်း 97 ကားသေးစီးမိပါတယ် … ပြန်ဆင်းတော့ ဘောင်းဘီ အောက်နားကဇာနဲ့ … လူကြီးတစ်ယောက်ရဲ့ ထီးလက်ကိုင်ဘုက သံခွေလေးနဲ့ ညိနေတာ အတော်ဒုက္ခရောက်သွားတယ် …. ။ ကားသမားက မောင်းထွက်နေလို့ … တဖက်လှည့်ပြီး ရန်တွေ့ခဲ့ရသေးတယ် 😛 😛 ဘောင်းဘီအောက်နားကဇာလည်း ပြဲသွားလေရဲ့ 😥
နွယ်ပင်
September 20, 2011 at 10:09 am
အဟားရီရတယ် etone ရေ နွယ်ပင်လဲ အဲလိုမျိုး ဖြစ်ဖူးတယ်
နွယ်ပင်တုန်းကတော့ ကော်ဖီတိုက်တဲ့ သူက ကြိတ်မှိတ်ပြီးမသောက်သွားဘဲ
မိန်းကလေးဖြစ်ပြီး နမော်နမဲ့နိုင်လိုက်တာဆိုပြီး ဗိုက်ခေါ်က်ကိုဆွဲလိမ်သွားတယ်လေ
နွယ်ပင် ကော်ဖိတိုက်လိုက်တာက အဖွားဖြစ်နေတာကိုး ဟီးး 😀
manawphyulay
September 20, 2011 at 11:51 am
ဒါမှမဟုတ်လည်း သူက ငြင်းလို့ရပါတယ်လေ။ ကျွန်တော် အအေးသောက်တာ မကြိုက်လို့ပါလို့ ပြောလည်းရမယ်ထင်ပါတယ်။ မနောဆို ကို်ယ်မကြိုက်တာဆို လာတိုက်ရင်လည်းချထားပြီး ယူထားလေ့ရှိပါတယ်။ တစ်ခုတောင် သတိရမိသေးတယ်။ တစ်ရက် ဆရာ ချစ်ဦးညိုတို့အိမ် သွားလည်မိတော့ ဆရာ ချစ်ဦးညိုအမျိုးသမီးက ဧည့်သည်တွေကို ထုံးစံအတိုင်း အအေးချပေးဖို့ သူ့ရဲ့ချွေးမကို ပြောပါတယ်။ သူ့ချွေးမကလည်း အကုန်လုံးကို အအေးခွက်တွေချပေးတယ်ပေါ့။ မနောရှေ့ကိုတော့ လာမချဘူးလေ။ ဆရာ ချစ်ဦးညိုအမျိုးသမီးက လာမချလို့ အအေးယူခဲ့ပါဦးလို့ လှမ်းပြောတော့ သူ့ချွေးမက ဘာပြောလဲဆိုတော့ မမ မနောက အအေးမကြိုက်ဘူးလေ ဒါကြောင့် ကော်ဖီဖျော်နေတာလို့ မီးဖိုခန်းထဲကနေ လှမ်းပြောရှာပါတော့တယ်။ မနောတို့က ဒီလို ဒီလို…
etone
September 20, 2011 at 1:42 pm
Arrrrrrrrr မနောကလည်း သူတို့တွေက လူကြီးနောက်လိုက်ရတဲ့ လူတွေ အသံတောင်မထွက်ရဲဘူး စကားပြောဖို့ ဆိုတာ ဝေလာဝေးးးးးးးး ပဲ ။
ဒါနဲ့ စကားမစပ် မနောက ဧည့်သည်လည်း သွားလုပ်သေးတယ် .. ဟိုဟာ မကြိုက်ဘူး ဒီဟာ မကြိုက်ဘူး မငြင်းသင့်ဘူးလေ … အိမ်ရှင်က စိတ်ဆန္ဒရှိတဲ့ဟာ တိုက်မှာပါပဲ … ဧည့်သည်က ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး တောင်းဆိုခွင့်မရှိဘူးလေ … ဧည့်သည်က ဧည့်သည် ပီသဖို့ လိုပါတယ် (အလိုက်သိမှ အိမ်ရှင်ကြည်ဖြူမှာပါ ) … အခကြေးငွေ ပေးပြီးမှ သောက်ရတဲ့ကော်ဖီဆိုင်မှာ ထိုင်လျှင်တော့ တမျိုးပေါ့ … ။ 😛
chitsu
September 20, 2011 at 2:05 pm
သောက်လိုက်ရတဲ.သူကလည်းအတင်းသောက်ခိုင်းနေတော.ပြောရမှာလည်းအားနာနာနဲ.မျက်စိစုံမှိတ်ပြီးသောက်လိုက်ရတယ်ထင်တယ်……….အအေးတိုက်တဲ.သူကလည်းစေတနာနဲ.ပါ