“မင်းယောက္ခမ ဝဝ ကြီး”
တွေရကြုံရ တစ်ကယ့်ဟာသ..။။။
ကျုပ်တစ်ကယ်ကြုံခဲ့ရတာပဲဗျ ဒီလူကြီးတွေ ဒီလောက်နောက်တတ်ပြောင်တတ်မှန်းမသိခဲ့ဘူးလေ ကြုံခဲ့ရတာတော့
အမျိုးမျိုးပါပဲ အဲဒီထဲက အမှတ်ရစရာတွေကတော့ ……။။။။။
““မင်းယောက္ခမ က ဝဝကြီးကွ””
မနက် ထဲ့က ကိုယ်တာဝန်ရှိလို့သာ သွားရတာ တစ်ကယ်တော့မလွယ် သာရဝေါ ဇီးဖြူကုန်းရွာမ ကညင်တို ပျဉ်းကတိုး
ကုန်း ဆိုတဲ့ ရွာတွေဟာ ဧရာဝတီ မြစ်ကမ်းဘေးက ရေကြီးမှာစိုးလို့ ရေကာတာဘောင်အရှည်ကြီး ဖို့ပြီး ရေအန္တရာယ်ကာ
ကွယ် ပြီးနေကြရတဲ့ ရွာကြီးတွေပေါ့ မိုးတွင်းဆိုလို့များကတော့ ရေကတာဘောင် ကိုတိုက်နေပြီ ကမ်းပြိုမှာကြောက်ရ
တာဘောင်ပြိုမှာကြောက်ရနဲ့ ရင်တထိတ်ထိတ် နေရတဲ့ ဒေသပေါ့ အဲဒီဒေသကလူတွေအကုန်လုံးဒီတာဘောင်ကြီး အားကိုး
နေရတယ် ဆိုရင်မမှားဘူးဗျ ဘယ်ရွာသွားသွား ဒီတာဘောင်ပေါ်ကသွား ခြေကျင် ဆိုင်ကယ် စက်ဘီး အကုန်စီးလို့ရတယ်
လေ အဲ.ဒါပေမယ့် မိုးတွင်းဆိုရင်တော့မစဉ်းစားနဲ့တော့ဗျို့ အဲဒီတာဘောင်ကြီးဟာ ဗွက်လုံးကိုလယ်နေတော့တာပါပဲ
ခြေကျင်သွားတဲ့လူတောင် ခြေထောက်မှာ အနည်းဆုံး ရွှံတွေက ငါးပိဿာလောက် ကပ်ပါလာတဲ့ အပြင ်ခဏခဏ တဗိုင်းဗိုင်းလဲ တော့တာပဲလေ ဆိုင်ကယ် စက်ဘီး ကတော့ သွားမစီးလေနဲ့ ဗျို့ တာယာမှာရွှံလုံးကြီးက စက်ဘီးစီးသွား
လို့မရအောင် ကပ်နေတော့တာပဲ …။။
ကျုပ်နဲ့ ကျုပ်သူငယ်ချင်းပေါ့ တာဝန်နဲ့ (၁၂)မိုင်လောက်ဝေးတဲ့ရွာလေးကို သွားရမှာ မနက်ပိုင်းကတော့ နေကလဲသာနေပြန်
လမ်းကလဲခြောက်ခြောက်သွေ့သွေ့ဆိုတော့ နှစ်ယောက်သားတိုင်ပင်ပြီး စက်ဘီးစီးသွားကြမယ်ပေါ့ ဒီလိုနဲ့ တာဘောင်ကြီး
အတိုင်းပျဉ်းကတိုးကုန်းရွာဖက် စက်ဘီးကိုယ်စီနဲ့ ထွက်လာခဲ့ကြတယ်လေ ကိုယ့်တွက်ကိန်းနဲ့ကိုယ်ကတော့ဟုတ်နေတာပဲ
သွားရင်း သွားရင်း (၇)မိုင်လောက်ခရီးပေါက်တော့ မှ ဗြုံစားကြီး မိုးကရွာချပါလေရောဗျို့ နှစ်ယောက်သား ဝါးချမ်းပြား တစ်
ယောက်တစ်ချောင်စီ မိုးရေထဲ တာလမ်းဘေးဆင်းရှာရတာပေါ့ ဝါးချမ်းပြားဘာလုပ်ဖို့ရမှာလဲ စက်ဘီးရဲ့တာယာမှာ မိုးရွာလို့
ရွှံဖြစ်ပြီး ကပ်လာမယ့်ရွှံတွေခွာချ ခြစ်ချဘို့ပေါ့ဗျ မိုးကသဲကြီးမဲကြီးရွာ ကျုပ်တို့နှစ်ယောက်လဲဇွဲကောင်းကောင်းနဲ့ စက်ဘီး
နင်းလို့ရသမျှနင်း တာယာမှာရွှံလုံးကြီးဖြစ်လာပြီး နင်းမရတော့မှ စက်ဘီးထောက်ပြီးဆင်းခွာ ဗွက်ထဲ စက်ဘီးဒေါက်ကျွံပြီး
လူပေါ် လဲကျ ဗရုတ်သုတ်ခကိုဖြစ်ပြီး တစ်ကိုယ်လုံးလဲရွှံချည်ပဲ မိုးကလဲရွှဲ ကြွက်စုပ်ရွှံနစ်နေတဲ့
ရုပ်ပေါ့ဗျာဒီလိုနဲ့နှစ်ယောက်
သား စက်ဘီးစက်မနင်းနိုင်တော့ဘူးလေ ရွှံတွေကပ်နေတော့ နင်းရတာ ခြေသလုံးကြွက်သားတွေတောင် တင်းလို့ မထူးဘူး
နင်းမရမဲ့ အတူတူတော့ ထမ်းပြီးသွားမယ်ကွာဆိုပြီး နှစ်ယောက် ကိုယ်စီးတဲ့စက်ဘီး က ကိုယ်ကိုပြန်စီးဆိုသလို ထမ်းပြီးတော့သွားရမယ့်ရွာရောက်တဲ့ထိ လစ်ရတော့တာပဲဗျာ မောလဲမော စက်ဘီးထမ်းရတာ ပင်ပန်းလိုက်တာလဲမပြောပါနဲ့
တော့..ဒီကြားထဲခြေချော်လဲလိုက်ရင်စက်ဘီရောလူရော တာအောက်လိမ့်ဆင်းသွားတာများ ခံရချက်မသက်သာ အတင်ကုန်း
ထ တာပေါ်ပြန်တက် ဆက်ထမ်း ဒီလိုနဲ့……….။။
ရွာရောက်တော့ ခဏနားသွားတဲ့အိမ်ရှင်ကခေါ်တာတောင် အိမ်ပေါ်မတက်ရဘူးလေ အာနာလို့ပါ တစ်ကိုယ်လုံးမှာက ရွှံတွေ
ပေကျံ နေတာဆိုတော့ အိမ်ပေါ်တက် လို့မဖြစ် ရေတွေဘာတွေလဲဆေးမနေတော့ပါဘူး ပြန်ရင်လဲဒီတိုင်းပြန်ရမှာမှတ်လား
ကိစ္စဝတ်စပြီးတော့ ပြန်တော့ လဲ အဲဒီ(၁၂)မိုင်လောက်ခရီးကို စက်ဘီးကြီးတစ်ယောက်တစ်စီး ထမ်းပြီးပြန်လာရတာ လူများ
တစ်ကိုလုံးကိုကိုင်ရိုက်ထားသလိုပဲ ခဏနားမယ်ဆိုလဲ ဒီတိုင်းရွှံဗွက်ထဲ ထိုင်နားလိုက်တာပဲ အကြာကြီး နားလို့လဲမဖြစ်
ကိုယ့်နေရာရောက်အောင် အချိန်မှီ ပြန်ရမှာဗျ ဒီလိုနဲ့ နှစ်ယောက်သား တစ်ယောက်တစ်ယောက် အားတင်းရင်း ပြန်လာလိုက်
တာကိုယ်နေတဲ့နေရာ ရောက်လို့ ရွာထဲပြန်ဝင် အိမ်ပေါက်ဝကိုလှမ်းမြင်နေရပြီလေ ဒီအခါမှာတော့ ကျုပ်တို့နှစ်ယောက်
ပင်ပန်းလွန်းအားကြီးလို့ တာဘေးမှာပဲစက်ဘီးပစ်ချပြီး ခြေပစ်လက်ပစ်နားဘို့ ထိုင်ရုံရှိသေးတယ်ဗျာ…..
““ထွန်းအောင်”” “““ထွန်းအောင်ရေ””“““လာပါအုံးဟ….ဒီမှာ အရေးကြီးပြောစရာရှိလို့””
ခပ်လှမ်းလှမ်း ရွာလူကြီး သုံးလေးဦး ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ခေါ်ရမှာပေါ့ ရွာဆိုတော့ဝါးထရံကာထားတဲ့ ကုလာဖျင်း
တဲကုတ်လေးထဲက ခေါ်နေကြတာ သိပ်တော့မဝေးပါဘူး ဝါးငါးပြန်စာလောက်အဝေးမှာ ကျုပ်တို့ ထိုင်နားမလို့လုပ်နေတဲ့ တာ
ဘေး နဲ့ဆိုရင်ပေါ့… ကျုပ်နဲ့ အတူသွားတဲ့ ကျုပ်သူငယ်ချင်းကို ခေါ်တာပဲဗျ ဒီလူကြီးတွေဘာကိစ္စအကြောင်းကြီးငယ်ရှိတယ်မသိ့..။
ကျုပ်ကပဲ….
““ဟေ့ကောင် မင်းကိုခေါ်နေတယ်လေ””
““ဟာ….ညောင်းနေပြီးကွာ မထချင်တော့ဘူး””
သူကပဲ အဲဒီလူတွေဘက်လှမ်းအော်လိုက်တယ်လေ….
““ဘာလဲဗျာ နောက်မှပြော ဒီမှာပင်ပန်းလွန်းလို့သေတော့မယ်””
ဒီအခါမှာတော့ …““ဟကောင်ရ တို့မှာထီးမပါဘူး မိုးကလဲရွာနေတာ မင်းပဲလာခဲ့ပါကွ အရေးကြီးလို့ပါ””
ကျုပ်ကပဲ …““သွားလိုက်ပါကွာ တစ်ခုခုအရေးကြီးလို့နေမှာပေါ့””
““ဟာကွာဒီအဖိုးကြီးတွေ တော်တော် ဒုက္ခပေးတယ် ပင်ပန်းရတဲ့အထဲ””
ထွန်းအောင်လဲ မိုးရေထဲ မထချင်ထချင်နဲ့ ကုန်ရုံးပြီးထ ပါးစပ်ကလဲပွစိပွစိတွေပြောပြီး ထသွားရှာတယ်လေ
ဟုတ်တယ်ဗျ လူတွေကလှုပ်တောင်မလှုပ်ချင်တော့တာ ထိုင်ပြီးကာမှ ထသွားရတယ်ဆို့တော့ ဒေါသဖြစ်မှာပေါ့လေ….။။။
ကျုပ်လဲ ပင်ပန်းလွန်းလို့ မြေကြီးပေါ်ပဲ လှဲအိပ်နေလိုက်တော့တယ် ဆက်မကြည့်မိလိုက်ဘူး….ခဏလေးပဲကြာတယ်
ဒီကောင်ထွန်းအောင် ရှုးရှုးရှားရှားနဲ့ ပြန်လာပြီး လဲနေတဲ့သူ့စက်ဘီး ကိုဆွဲမတဲ့ပြီး တာအောက်က သူအိမ်ဘက် ကိုင်ပေါက်
လိုက်တော့မှ ကျုပ်လဲလန့်သွားပြီး ထကြည့်မိတော့….
““ဟေ့ကောင် ဘာဖြစ်တာတုန်းကွ””
ဒေါသဖြစ်နေဟန်တူပါတယ် တာအောက်က သူအိမ်ဘက်ဆင်းသွာတာနဲ့ ကျုပ်လဲ လိုက်ဆင်းသွားပြီး….
““ဟေ့ကောင် ဘာဖြစ်လို့လဲ အဖိုးကြီးတွေမင့်ဘာပြောလိုက်လို့လဲကွ””
ဒီကောင်လဲသူအိမ်ပေါက်ဝရောက်တော့မှ ကျုပ်ဘက်လှည့်ပြီး
““ဘာမှ မဟုတ်ဘူးဟေ့ ဘာများလဲလို့ သွားမေးတာ အနားရောက်တော့ မှ ““““မင်းယောက္ခမက ဝဝ ကြီးကွ”” တဲ့……
ဒီလူကြီးတွေသက်သက် ညစ်ပတ်တာကွ ပင်ပန်းလာမှန်းသိလို့သက်သက်နောက်တာကွ““တောက်”” ကွာ””….။။။။။။။။။။။။
ကျုပ်လဲသူ့ပြောစကားဆုံးမှ အားရပါးရရီမိပါတော့တယ် ဟုတ်တယ်လေ ဒီကောင့်ယောက္ခမကြီး ဝ တာ တစ်ရွာလုံးသိတာပဲဗျ
ဒီကောင် ဒေါကန်လဲ ဒေါကန်ချင်စရာပါပဲဗျာတို့ …..။။။။
ပင်းပန် လာမှန်းသိရက်နဲ့ လူတစ်ယောက်မခံနိုင်အောင် စနောက်တတ်တဲ့ တောရွာဒေသက အဖိုးကြီးတွေကိုယ်တော့စိတ်ဆိုး
ရ အခက် ပြန်ထိုးရအခက်ပါပဲ ..တစ်ကယ်လူနောက်ကြီးတွေနဲ့ကြုံခဲ့ရတာပါပဲ….။။။။။။
************* ““သတင်ခေါင်းစဉ်”” လို့ပြောတဲ့အဖိုးကြီးတစ်ယောက်အကြောင်းဆက်လက်ရေးသားပါမည်။***********
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
10 comments
yetazar
September 19, 2011 at 8:44 pm
ဘီလူးကြီးရဲ့ ကိုယ်တွေ့ခံစားချက်လားမသိဘူးနော် ။ ဟီဟိ ။
windtalker
September 19, 2011 at 9:18 pm
“ မင်းယောက္ခမကြီး ရှောသွားပြီ ” လို ့ဆိုရင်
ဘယ်လိုနေမလဲ မသိဘူးနော်
ဟီဟိ
🙂
pan pan
September 20, 2011 at 8:59 am
အယ်…ကိုပေ့စိတ်ထဲ တွေးနေတာလားမသိ 🙄 😀
“ မင်းယောက္ခမကြီး ရှောသွားပြီ ” လို ့ဆိုရင်စိတ်ဆိုးပါ့မလားမသိ
————————————————–
ဘာပဲပြောပြော သူပြောတာ ယောက္ခကြီး ဝတယ်ဆိုတာ အမှန်ပဲဟာပဲဟာပဲဟာကို
မခံချင်အောင်ပြောတာလဲ ဟုတ်ဘဲနဲ့
မှန်တာလေးပြောတာ ဒေါထရတယ်လို့ ဟီးဟီး…. 😛
“ဘီလူးကြီး”ogre
September 20, 2011 at 12:26 pm
ပန်ပန်ရယ်
ဒီလောက်ပင်ပန်းလာမှန်း သိရက်နဲ့ သက်သက်စခြင်နောက်ခြင်တဲ့စိတ်နဲ့
ထတောင်မထခြင်တော့တဲ့လူကို သူတို့အနားအရောက်ခေါ် အရေးကြီးသလိုလိုဘာလိုလိုပေါ့
အနားရောက်တော့ မှ ဘာမှမဟုတ်တဲ့ တစ်ရွာလုံးသိပြီးသားစကားကြီးပြောလိုက်တော့
ဒေါကန်သွားနိုင်တယ်ဆိုတာသိရက်နဲ့ တမင်လုပ်ကြတဲ့ အဖိုးကြီးတွေကြောင့်
ဟိုတစ်ယောက်ဒေါကန်သွားတာကြည့်ပြီး အဖိုးကြီးတွေ ပွဲကျလောက်အောင်ရီနေကြတာပါပဲ ..။။
pan pan
September 20, 2011 at 1:13 pm
အင်းပေါ့နော်
လူတစ်ယောက်အတွက် ရယ်စရာဟာသတစ်ခုက
တခြားလူအတွက်တော့ မရယ်နိုင်စရာတွေရှိတာပါပဲ
တကယ်တော့ တွေးကြည့်ရင် ဖြစ်ရပ်လေးတွေက တူတူပါပဲ
ရင်ထဲကခံစားချက်ကြောင့် ကွဲပြားသွားတာနေမှာ…. 🙄
(မetoneရဲ့အစ်ကို အအေးဘူးမှတ်လို့ ရေဘူးကြီးထဲကရေကို အားရပါးရသောက်တုန်းကလိုပေ့ါ၊
သူ့အတွက်တော့ ရှက်လည်းရှက် ဒေါလည်းပွ၊ သူများတွေအတွက်ကတော့ ရယ်စရာဖြစ်သွားတယ်ပေ့ါ)
unclegyi1974
September 19, 2011 at 10:14 pm
ဝလို့ဝတယ်ပြောတာဘာလို့စိတ်ဆိုးရပါလိ်မ့်နော်
မီးမီး သော်
September 19, 2011 at 10:23 pm
အင်းပေါ့. လေ ဝနေတော့လဲ. ဘယ်လိုစိတ်ဆိုးဆိုးပေါ့။သတင်းခေါင်းစဉ် လို ့ပြောတတ်သူအကြောင်း
ဆက်ပါမယ်တဲ့။စောင့်ဦးပေါ့နော့။
manawphyulay
September 20, 2011 at 1:49 pm
အေးလေ… နည်းနည်းပါးပါးတော့ ပင်ပန်းလာတာ သိရဲ့သားနဲ့ လျှော့ပြောသင့်တာပေါ့နော်။ မပိန်မဝပဲကွဆို တော်သေး…
နွယ်ပင်
September 20, 2011 at 2:06 pm
အဲ့ အချိန်တုန်းကတော့ ဒီလောက်ပင်ပန်းလာတဲ့ကြားထဲ
အရေးကြီးထယ်ထင်လို့ သွားပြီးမှတစ်ရွာလုံးသိပြီးသားစကားကြီးပြောလိုက်တော့
ဒေါကန်သွားတာပေါ့ ဒါပေမယ့် ဒီလိုအဖြစ်မျိုးလေးတွေက ကြာလာတော့ အမှတ်တရလေး
တွေဖြစ်သွားတက်ပါတယ်
Kay Kay
September 22, 2011 at 2:24 pm
ပင်ပန်းလာပေမယ့်လည်း ဟုတ်တာပြောတာဆိုတော့ စိတ်ဆိုးရအခက် ရယ်ဖို့လည်းမလွယ်ပါလား……………