တွေရကြုံရ တစ်ကယ့်ဟာသ..။။။ ကျုပ်တစ်ကယ်ကြုံခဲ့ရတာပဲဗျ  ဒီလူကြီးတွေ ဒီလောက်နောက်တတ်ပြောင်တတ်မှန်းမသိခဲ့ဘူးလေ ကြုံခဲ့ရတာတော့ အမျိုးမျိုးပါပဲ အဲဒီထဲက အမှတ်ရစရာတွေကတော့ ……။။။။။ ““မင်းယောက္ခမ က ဝဝကြီးကွ”” မနက် ထဲ့က ကိုယ်တာဝန်ရှိလို့သာ  သွားရတာ တစ်ကယ်တော့မလွယ် သာရဝေါ ဇီးဖြူကုန်းရွာမ ကညင်တို ပျဉ်းကတိုး ကုန်း ဆိုတဲ့ ရွာတွေဟာ ဧရာဝတီ မြစ်ကမ်းဘေးက ရေကြီးမှာစိုးလို့ ရေကာတာဘောင်အရှည်ကြီး ဖို့ပြီး ရေအန္တရာယ်ကာ ကွယ် ပြီးနေကြရတဲ့ ရွာကြီးတွေပေါ့ မိုးတွင်းဆိုလို့များကတော့ ရေကတာဘောင် ကိုတိုက်နေပြီ ကမ်းပြိုမှာကြောက်ရ တာဘောင်ပြိုမှာကြောက်ရနဲ့ ရင်တထိတ်ထိတ် နေရတဲ့ ဒေသပေါ့ အဲဒီဒေသကလူတွေအကုန်လုံးဒီတာဘောင်ကြီး အားကိုး နေရတယ် ဆိုရင်မမှားဘူးဗျ ဘယ်ရွာသွားသွား  ဒီတာဘောင်ပေါ်ကသွား ခြေကျင် ဆိုင်ကယ် စက်ဘီး အကုန်စီးလို့ရတယ် လေ အဲ.ဒါပေမယ့် မိုးတွင်းဆိုရင်တော့မစဉ်းစားနဲ့တော့ဗျို့ […]