အကြွေးတွေဝိုင်း တွေးမိလေတိုင်း ငိုချင်တယ်
ကိုတရုတ်ကြီးရဲ ့(နာမည်ထည့်မရေးရဲဘူး … သဂျီးက နာမည်မတပ်ရဘူးတဲ့လေ ဟီးဟီး 😀 နာမည်တပ်ရေးတဲ့လူက ကန့်ကွက်လျှင် အလကားနေရင်း ခက်ခက်ခဲခဲစုထားရတဲ့ ..ပွိုင့် တစ်ထောင် ပြုတ်ဦးမယ် 😛 ) …အိမ်နားမှာနေပါတယ် ပို့စ်ဖတ်ရပြီး ငယ်ငယ်က ကြုံဖူးခဲ့တဲ့ …ရယ်စရာ အဖြစ်ပျက်လေးတွေပြန်သတိရပြီး ….. ရွာသူရွာသားများ ရယ်မောနိုင်စေဖို့ အရင်းတိုင်း ဖောက်သည်ချလိုက်ပါတယ် … ။ ကျွန်မကိုယ်တိုင်ဖြစ်ပျက်ခဲ့တာမဟုတ်ပေမဲ့ … မျက်စိရှေ့တင် ဖြစ်ပျက်ခဲ့တဲ့ ရယ်စရာ အမှတ်တရများမို့ … ယနေ့ထိတိုင်မှတ်မိနေစဲပါပဲ … ။
ကျွန်မအစ်ကိုနဲ့ ကျွန်မက လေးနှစ်ပဲ ကွာတာမို့ … ရိုသေလေးစားမှူသိပ်မရှိပဲ ကစားဖော် ကစားဖက် ဖြစ်ခဲ့တယ် … ။ ဝန်ထမ်းမိဘဘဝက အပြင်လိုက်ပို့ချိန်နည်းတာမို့ … အိမ်တွင်းအောင်း မြောက်ရှုံးအောင် ဆော့တတ်တဲ့ ကျွန်မတို့ မောင်နှစ်မကို အဒေါ် အပျိုကြီးသုံးယောက်က ထိန်းကျောင်းရတယ် … ။ အဒေါ်တွေက တက္ကသိုလ်တတ်တဲ့ အချိန်မို့ …. နေ့ခွဲပြီး ကျွန်မတို့ မောင်နှစ်မကို ထိန်းရပါတယ် … ကိုယ်ထိန်းရမယ့်နေ့ .. ချော်လဲတာကအစ သွေးထွက်သံယိုဖြစ်မှာ အဆုံး တွေးပူရင်း ဘုရားတပြီး ထိန်းကျောင်းခဲ့ကြရတယ် … ။ ပုံပြောပြီး စည်းရုံးတဲ့ အဒေါ်က တစ်မျိုး ၊ မုန့်လုပ်ကျွေးပြီး စည်းရုံးတဲ့ အဒေါ်က တမျိုး နဲ့ …. ချော့တခါ ၊ ခြောက်တလှည့် ထိန်းကျောင်းခဲ့ကြတယ် … ။ အဒေါ် သုံးယောက်ထဲက နည်းနည်းဉာဏ်ပြေးတဲ့ အဒေါ်က အိမ်တွင်းပုန်း ကျွန်မတို့ မောင်နှမကို သူထိန်းရမယ့်ရက်ရောက်လျှင် အနီးနား ဘုရားမှ စပြီး … ပန်းခြံတွေအထိ ခေါ်သွားပေးလေ့ရှိတာမို့ … ကျွန်မတို့ အချစ်ဆုံး အဒေါ် ဖြစ်ခဲ့ရတယ် …။
အိမ်မှာသာ မျက်နှာချင်းဆိုင်လိုက်လျှင် မတည့်တဲ့ ကျွန်မတို့မောင်နှမ အပြင်ထွက်ရင်း စည်းစည်းလုံးလုံး ဖြစ်တာမို့ … အဒေါ်ကလည်း အိမ်မှာ ဆိုမျောက်ရှုံးအောင် ဆော့တာနဲ့ သိမ်းဆည်းရတာ မကာမိတဲ့အတူတူ … အပြင်ခေါ်ပြီလျှောက်လည်စေပါတယ် … ။ ကျွန်မတို့ အများဆုံးသွားဖြစ်ခဲ့တဲ့နေရာတွေကတော့ … ရွှေတိဂုံဘုရားနဲ့ … ပြည့်သူ့ ရင်ပြင် ပန်းခြံပါပဲ ….. ။ အဲ့ဒီခေတ်က အားကစားကွင်းတွေလည်း မပေါ်သေးတော့သွားဖို့ လာဖို့နေရာ အတော်ရှားခဲ့တယ်လေ .. ။ တစ်ခါတစ်လေတော့ ရုပ်ရှင်လိုက်ပြတတ်ပေမဲ့ … ခဏခဏ အိပ်သာ သွားမယ် ပူစာတာကြောင့် … ရုပ်ရှင် သိပ်မပြဖြစ်တော့ဘူး … ။ တစ်နေ့တော့ … အဒေါ်က ဘုရားသွားရင်း ပေါင်ချိန်ကြည့်ရအောင်လို့ ပြောတာနဲ့ .. တစ်ယောက်တစ်လှည့်စီပေါင်ချိန်ကြပါတယ် …အဲ့ဒီတုန်းက ပေါင်ချိန်စက်ဆိုတာ ဘုရားတို့ ပွဲဈေးတို့မှာလောက်သာ အခပေးပြီး ချိန်ကြတာပါ …အိမ်မှာ ဝယ်ယူတဲ့ အလေ့ မတွင်ကျယ်သေးပါဘူး … ။ မှတ်မှတ်ရရ တစ်ယောက်ကို ငါးကျပ်နှုန်းနဲ့ ပေါင်ချိန်ကြပါတယ် … ဘုရားမုခ်ဦးအဝမှာ ပေါင်ချိန်တဲ့လူက လူကြီငါးကျပ် ကလေး သုံးကျပ်ပါတဲ့ …. လူကြီးကတစ်ယောက် ကလေးက နှစ်ယောက်ဆိုတော့ … ကလေးနှစ်ယောက်စာ ငါးကျပ်နဲ့စစ်ပြီး စုစုပေါင်း တူရီသုံးယောက် တစ်ဆယ်ဖိုး ပေါင်ချိန်ကြပါတယ်… အဲ့ဒီတုန်းက ပေါင်ချိန်ဖို့ အတွက် တန်းစီတဲ့ စနစ်သုံးပါတယ် … ။ ပေါင်ချိန်မယ့်အခြားလူတွေလည်း ရှိတာမို့ ကျွန်မတို့လည်း အများနည်းတူ တစ်ဆယ်ဖိုး တူရီးသုံးယောက် ပေါင်ချိန်ဖိုက တန်းစီခဲ့တယ် … ။ ကျွန်မအလှည့်ရောက်တော့ .. အဒေါ်က ကလေးပိန်းသွားတယ်လို့ ညည်းတွားပါတယ် … ပြီးတော့ သူ့အလှည့်ရောက်ရော … သူကျပြန်တော့ နည်းနည်း ပိုဝိတ်တက်လာတယ်လို့ မှတ်ချက်ချပြန်ရော … ကလေးပေမဲ့ … သူတစ်ယောက်တည်း ညည်းတွားသံကို ကျွန်မတို့မောင်နှမ ကြားနေခဲ့ပြီး မှတ်မိနေတော့တာပေါ့ … ။ အဒေါ်က သူဝတ်တက်တာ ဘီဘဲထမိန် (ယခင်ခေတ်က ပြောင်ထမိန်ရောင်စုံများခေတ်စားပြီး အဘုလေးများပါသော ထမိန်) ကြောင့် ဝိတ်တက်တာပါဆိုပြီး နောက်တစ်ခါ သေချာအောင် ပေါင်ပြန်ချိန်ပါတယ် .. ပေါင်ချိန်လို့လည်း ပြီးရော ..တကယ်ဝိတ်တတ်ကြောင်း လက်ခံလိုက်ရကာ တပြုံးပြုံးနဲ့ပေ့ါ .. ယခင်ခေတ်က ဝမှ လှတယ် ထင်တဲ့ခေတ်ကိုး … ။ ကျွန်မအစ်ကို ချိန်ရမယ့်အလှည့်လည်းရောက်ရော… တန်းစီနေတဲ့ လူတွေကို ဘေးဖယ်ခိုင်းပါတယ်… လူတွေကလည်း ဖယ်ပေးတာနဲ့ တပြိုင်နက် … ကျွန်မအစ်ကိုက နောက်ဘက် သို့ ငါးမီတာလောက် နောက်ပြန် သွားပြီး … ပေါင်ချိန်စက်ဆီသို့ အားယူကာ ပြန်ပြေ းလာပါတော့တယ် … ထို့နောက် ပေါင်ချိန်စက် အပေါ်သို့ …အားကုန်ခုန်တက်လိုက်ကာ ပေါင်ချိန်လိုက်ပါတယ် … ပေါင်ချိန်စက်က မြှားလေး ခမျာလည်း .. သုံးပတ်လေးပတ်လောက်လည်သွားပြီး … မဖြစ်နိုင်တဲ့ပေါင်ချိန်အမှတ်(သေချာမမှတ်မိပါ)တစ်ခုမှာ ရပ်လို့ နေပါတယ် … ။ ကျွန်မအစ်ကိုရဲ့အပြုမူကို အံ့အားသင့်နေတုန်း ပေါင်ချိန်စက် မလည်တော့တာကြောင့် … ပိုင်ရှင်လူကြီး အကြပ်ရိုက်နေပါတော့တယ် … ။ အတူပါတဲ့ ကျွန်မနဲ့ အဒေါ်ဖြစ်သူလည်း ရင်တွေပူလို့ပေါ့ … ပေါင်ချိန်ဖို့စောင့်နေတဲ့ တခြားလူတွေကလည်း … စိတ်ဝင်တစား အာ ရုံစိုက်နေကြတယ် … ။ အားလုံး တိတ်ဆိတ်သွားပြီး အပ်ကျသံတောင် မကြားတော့ပဲ ..ပေါင်ချိန်စက်ပိုင်ရှင်ကို စိတ်ဝင်တစား ငေးမောနေကြတယ် … ။ မျက်နှာပျက်ပျက် ဖြစ်ချင်နေတဲ့ ပေါင်ချိန်စက်ပိုင်ရှင်က အလျှော်ရမလားဆိုတဲ့ အကြည့်နဲ့ ကျွန်မအဒေါ်ကို လှမ်းကြည့်တော့ .. အဒေါ်ကလည်း … အနေရထိုင်ရခက်နေတော့တာပေါ့ … ။ မယုံသင်္ကာ မျက်လုံးတွေနဲ့ အဒေါ်က ပေါင်ချိန်စက်ကို ထောင်ပြီး လက်ဖဝါးနဲ့ တဗျန်းဗျန်း ရိုက်ကြည့်တော့မှ .. ခုဏက ရပ်နေတဲ့ မြှားလေး လှုပ်ရှားလာတော့တယ် … ဆိုင်ရှင်က ပုံမှန်မဟုတ်သေးဘူး အတင်းငြင်းတာနဲ့ … အဒေါ် တတိယအကြိမ်ပေါင်ပြန်ချိန်ပြပြီး … အကောင်းပကတိပြန်ဖြစ်ပြီဆိုတဲ့အကြောင်း သက်သေပြရင်း အားနာစကားပြောကာ အဲ့ဒီနေရာက ကျောခိုင်းခဲ့ပါတယ် … လမ်းမှာလည်း ကျွန်မအစ်ကိုကို တဗျစ်တောက်တောက်ပြောရင်း ခေါင်း ခေါက်သွားလိုက်တာ … ကြက်ဟင်းခါးသီးလို ဘုတွေထွက်ပါပြီလို့… အော်ယူရတဲ့ အဆင့်ထိပါပဲ … ။
အပျိုကြီးဖြစ်တဲ့ ကျွန်မအဒေါ်က ကလေးတွေကို အလိုလိုက်ပြီးပျော်ပျော်နေတတ်ပေမဲ့ … ဘာသာ တရားကိုင်းရှိုင်းတယ် … ။ ဘုရားရောက်တုန်း ဘုရားရှိခိုး အမျှဝေ ပြီး ဂြိုလ်တိုင်တွေမှာ အမွေးတိုင်ထွန်း ၊ ဖယောင်းတိုင်ထွန်းပူဇော်နေတုန်း … ကျွန်မအစ်ကို မွေးနံဂြိုလ်တိုင်ရောက်လို့ … ရေသပါ္ပယ်ခိုင်းတာ … ပြန်ထူးသံမကြားမှ ကျွန်မအစ်ကိုပျောက်နေမှန်းသိရတယ် … နေ့လည်းခင်းဖြစ်သော်လည်း … ဘုရားဖူးသူများကြားထဲ ကျွန်မအစ်ကိုကို ဘယ်လိုမှ ရှာမရခဲ့ပါဘူး … ။ ဘုရား နှစ်ပတ်လောက်ပတ်ပြီးချိန်အထိ ကျွန်မအစ်ကိုကို ရှာမရခဲ့တာမို့ … အဒေါ်လည်းစိတ်တွေညစ်လာပါတယ် … အနီးနားက လူတွေကို မေးသိတိုင် ဘာမှ မထူးခြားတာမို့ …. လည်လည်ဝယ်ဝယ်ရှိတဲ့ ဘုရားဖူးတစ်ယောက်ရဲ့ တိုက်တွန်းချက်အရ ဂေါပက အဖွဲ့ကနေ မိုက်ဖြင့်ကြော်ငြာဖို့ အကြံရပါတယ် … ။ မေးစမ်းပြီး ဂေါပက အဖွဲ့ရုံးခန်းသွားရာ …လမ်းခုလတ်တွင်ပင် … မိုက်သံဖြင့် သီချင်းဆိုသံကြားနေရပါတယ် … ” မောင့် …အကြွေးတွေဝိုင်း…. တွေးမိလေတိုင်း ငိုချင်တယ် …. ” ဒီအသံကြားရတာနဲ့ ကျွန်မတို့ နှစ်ယောက်ခေါင်းကြီးသွားပြီး ရုံးခန်းအတွင်းသို့ ဒရောသောပါး ပြေးသွားခဲ့ပါတယ်…. ဒီသီချင်းဆိုတတ်သူ ကျွန်မအစ်ကိုပဲဆိုတာ အတတ်သိလို့ပါ … ။ ထင်ထားတဲ့အတိုင်း ကျွန်မအစ်ကိုကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ခဲ့ပါတယ် …မျက်ရည်တွေရွှဲ နှပ်ချေးတွဲလဲနဲ့ပေါ့ … 😛 ဂေါပကလူကြီးတွေက ကလေးတစ်ယောက်ယောင်လည်လည်ဖြစ်နေလို့ ရုံးခန်းခေါ်လာပြီး မိုက်ကနေ ကြော်ငြာမယ်လုပ်တုန်း ….အစ်ကိုက ကြားဖူးနားဝ ပါးစပ်ရာဇဝင်တွေထဲကလို ကလေးဖမ်းတဲ့ ဂိုဏ်းကလူတွေမှတ်လို့ .. TV တွေထဲက တတ်သလောက် မှတ်သလောက်လေးနဲ့ တံတောင်ဆစ်စာ …ခြေဖနောင့်စာ ၊ခေါင်းတိုက်စာတွေကျွေးလိုက်တာကြောင့် … ကျွန်မအဒေါ်ကပဲ လူကြီးတွေကို ရှိခိုးမတတ်တောင်းပန်ခဲ့ရတယ် … ။ ဂေါပကလူကြီးတွေ ဖမ်းပြီး မိုက်ကနေ ကြော်ငြာပေးသော်လည်း …ဘယ်သူမှ လာမခေါ်တာကြောင့် ဉာဏ်နီဉာဏ်နက်များတဲ့ ကျွန်မအစ်ကိုက …. သူသီချင်းဆိုပေးလျှင် သူ့အသံကြားကာ မှတ်မိပြီး လာခေါ်မယ်လို့ ပူစာသဖြင့် သီချင်းပေးဆိုလိုက်ရပါတယ်တဲ့ … ။ ဆိုတဲ့ သီချင်းကလည်း … အိမ်မှာ ဆိုလျှင် အဖွားဖြစ်သူ ကျက်သရေမရှိဘူး မဆိုရန် တားမြစ်ထားသော “မောင့် … အကြွေးတွေဝိုင်း… တွေးမိလေတိုင် း ငိုချင်တယ်”စာသားပါ သီချင်းဖြစ်တာကြောင့် … ကျွန်မတို့တွေ လွယ်လွယ်ကူကူမှတ်မိခဲ့ကြာတာလေ …။ ကိုယ်ဇော့နဲ့ကိုယ်မို့ … ဂေါပကလူကြီးတွေ ကလေးပျောက် ကြော်ငြာတုန်းက မကြားလိုက်မိပေမဲ့… မိသားစုဝင်ခြင်း တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်တဲ့သင်္ကေတနည်းလေးနဲ့ ဆက်သွယ်တဲ့အခါ .. အတော်လေးထိရောက်တာ တွေ့ရပါတယ် …. ။ အဖွားအပါဝင် အိမ်ကလူအားလုံး နမိတ်မရှိဘူး မဆိုရန် တားမြစ်ထားသည့်ကြားမှ ပါးစပ်အားလျှင် အားသလို ရွတ်တတ်သော ကျွန်မအစ်ကိုရဲ့ ဗေးဗရိတ် သီချင်းစာသားလေးက ကွဲကွာသွားတဲ့ လူအချင်းချင်းအတွက် တစ်ထောင့်တစ်နေရာက အကူညီပေးခဲ့တယ် … ။ အဲ့ဒီနေ့က ပွစိပွစိ အဒေါ်ရဲ့ တလမ်းလုံး … ဆူသံနဲအတူ အိမ်ပြန်လာခဲ့ကြသော်လည်း .. .. ခြေလှမ်းတွေက ယခင်နေ့ကထက် လန်းဆန်းတက်ကြွနေကြတာ … တစ်နေ့လုံးကြုံတွေ့ခဲ့ရတဲ့ … ရယ်စရာ ၊ ငိုစရာ အဖြစ်ပျက်များကြောင့်ပါပဲဆိုတာ ကျွန်မတို့ သုံးယောက်စလုံး သိနေခဲ့ကြတယ်လေ ….. ။ ။
17 comments
nozomi
September 21, 2011 at 2:27 pm
မိဘမဲ့ကောင်မလေးကို စောင့်ရှောက်နေရတဲ့ သူငယ်ချင်းအကြောင်းက ဘာဖြစ်လို့ ၁ မှာပဲ ရပ်ထားရတာလဲ
etone
September 21, 2011 at 2:31 pm
တယ်လည်းမျက်စိလျှင်တဲ့ ဝှိုက်ပါလား … ။ ကျွန်မမျက်လှည့်ပြလိုက်ပြီ အဲဒီပို့စ်ဖျက်လိုက်တယ် … ။
သူ့ကောင်မလေးတွေကအများကြီး ကျွန်မကို ပါးလာရိုက်နေမှာစိုးလို့ မရေးတော့ဘူး ဟီးဟီး ရေးပြီးသားလေးတောင် ဖျက်လိုက်ပြီ 😛 😛
ဆူး
September 21, 2011 at 2:53 pm
သီချင်းဖျက်ဆိုတာကလည်း ရီရတယ်။ တုံး အကိုတွေက ငယ်ငယ်က တော်တော် ဆိုးမဲ့ပုံပဲ
AKKO
September 21, 2011 at 3:15 pm
အစ်ကိုရော … ညီမရော အတော်မျောက်ရှုံးအောင် ဆော့ခဲ့ပုံပဲ 😛
hmee
September 21, 2011 at 2:53 pm
ကလေးဆိုတော့ ကလေးအတွေးနဲ့ လုပ်သွားပေမဲ့ ထိရောက်သားပဲ။ 🙂 ငယ်ငယ်က အဖွားနဲ့ မြို့လိုက်သွားတာ လူကွဲသွားပါရော ဈေးထဲမှာ ကိုယ်ကလိုက်ရှာ အဖွားကလိုက်ရှာနဲ့ လွဲတာ။ နောက်ဆုံး စက်လှေဆီ ပြန်သွားပြီထင်လို့ အဖွားက ထွက်သွား ကိုယ်က ငိုကောင်းတုန်း ဈေး အဝင်ဝက အလှုခံက နာမည်မေး ဘယ်သူနဲ့လာတာလည်း ဘယ်ရွာကလည်းပေါ့။ ခဏနေတော့ မဏ္ဍပ်က လော်စပီကာ အသံကြားလို့ အဖွားရောက်လာပြီး ပြန်ခေါ်ကာ တလမ်းလုံး ပြောလိုက်ခေါက်လိုက်နဲ့ အာလူးကို ထရော။ နောက်ဆို မြို့သွားရင် မခေါ်တော့ဘူး။ 🙂
နွယ်ပင်
September 21, 2011 at 3:36 pm
ငယ်ငယ်က မောင်နှမ နှစ်ယောက်ပေါင်းပြီး တော်တော်ဆော့ ခဲ့တဲ့ပုံပဲ
ဒီပိုစ့်မှာတော့ etone အစ်ကိုဆော့တာတွေပဲပါတယ် etone ဆော့ခဲ့တာတွေလဲ
ဖတ်ချင်ပါတယ်ဗျို့ ……..
Shwe Ei
September 21, 2011 at 3:57 pm
ကျွန်မလဲ ငယ်ငယ်က ပုဂံဘုရားဖူးသွားရင်း အငေးလွန်ပီး မိသားစုနဲ့လူကွဲသွားဘူးတယ်။ ကိုယ့်တယောက်ထဲကျန်ခဲ့မှန်းလဲသိရော ကြောက်ကြောက်နဲ့ စွတ်လျှောက်သွားတာ အမေတို့နဲ့ပြန်တွေ့တယ်။ သူတို့က ကျွန်မပျောက်ကျန်ခဲ့မှန်းတောင် သတိမထားမိဘူး။ ကျန်စစ်သားရဲ့လှံထောက်ရာအကြောင်း၊ ကျောက်မြင်းဟီရင် ကဘာပျက်မဲ့အကြောင်း အကြီးအကျယ်ဆွေးနွေးနေတာ။
pooch
September 21, 2011 at 3:59 pm
ငိုအားထက် ရယ်အားသန်ဆိုတာလို ဖြစ်နေပြီ….. တော်သေးတာပေါ့… ပြန်ရှာတွေ့လို့ အမတော့ မပျောက်ဖူးဘူး အမညီမလေး ငယ်ငယ် ကတော့ ရပ်ကွက်ထဲမှာ ဆိုက်ကားနဲ့ လာပြီး သီချင်းတွေ ဆိုအလှူခံတဲ့ နောက်ကို ကောက်ကောက်ပါအောင်လိုက်ပြီး ကြည့်တာ တော်တော်ဝေးဝေးရောက်မှ သိတဲ့လူပြောလို့ လိုက်ခေါ်ရတယ် အမေတို့ က ပျောက်လို့ဆိုပြီး ငိုကြီးချက်မနဲ့ ခေါင်းမီးတောက်အောင်လိုက်ရှာနေကြတာ ကံကြီးလို့ ညီမလေးကို ပြန်တွေ့ရတာ တုန်တုန်အဒေါ်လည်း သနားပါတယ်…. အတော်ဆော့ကြတာပါလားနော်
တုန်မမ ဆော့တာလည်းသိချင်တယ် ရေးအုန်းတော်… ဒိုင်မလျှိုရဘူးနော်…
etone
September 21, 2011 at 4:35 pm
ငယ်ငယ်က အရမ်းဆော့ခဲ့တာ .. မှတ်မှတ်ရရလေးတွေ ရှိလျှင် ရေးပါဦးမယ် 😛
ပေါက်ဖော်
September 21, 2011 at 4:08 pm
တော်တော်ဆိုးမဲ့ မောင်နှမပဲ..
😀
weiwei
September 21, 2011 at 6:50 pm
မဝေ ငယ်ငယ်တုန်းက ၅ နှစ်သမီးအရွယ်လောက်ကို ကြီးဒေါ်အပျိုကြီးက ရွှေတိဂုံဘုရားကိုခေါ်သွားတယ် … ဟိုရောက်တော့ ကြီးကြီးက ဂြိုလ်တိုင်မှာပုတီးစိတ်ချင်တော့ အမကို နေမပူအောင်လို့ စောင်တန်းတစ်ခုထဲမှာ ခြင်းထောင်းပါအပ်ပြီး ဘယ်မှမသွားဖို့နဲ့ ငြိမ်ငြိမ်လေးထိုင်စောင့်နေဖို့ မှာထားတယ် … ခဏလောက်နေတော့ လူတစ်ယောက်ရောက်လာပြီး အမကိုပြောတယ် … သမီးအဒေါ်က ပိုက်ဆံလိုလို့ ပိုက်ဆံအိပ်ပေးလိုက်ပါတဲ့ဆိုပြီး ကျွန်မကိုလာတောင်းတာ …. ပေးလိုက်တယ်လေ … 😛
ပြန်စရာလမ်းစရိတ်ပါကုန်ရော … 😛
nature
September 21, 2011 at 7:01 pm
ကျွန်တော် ကြားဖူးတာကတော့ bright ဖြစ်တဲ့ခလေးတွေက ငယ်ငယ်တုန်းက ဆို တော်တော်ဆော့တယ်ပြောတယ်။ ဆော့တယ်ဆိုကတည်းက သူတို့မှာ idea ရှိလို့ဖြစ်မှာပေါ့။ ဟုတ်တယ်နော် အီတုန်း ။ 🙂
windtalker
September 21, 2011 at 7:08 pm
ဆိုးတာမှ မိဘများကတောင် မနိုင်လို ့
အဒေါ်အပျိုကြီး က ဒုက္ခခံ ခဲ့ရတယ် ဆိုကလား
ဟီဟိ
🙂
thihayarzar
September 21, 2011 at 8:10 pm
ရယ်ရတယ်ဗျာ … ငယ်ငယ်တုန်းက ကလေးဘဝကိုတောင် သတိရလာပြီ .. နောက်ကြုံရင်ကျွန်တော်လည်း ရေးဦးမယ် .. အားလုံးလည်း ငယ်ဘဝကို သတိရစေချင်တယ် … အပူအပင်ကင်းတဲ့ ကလေးလေးဘဝကိုပဲလိုချင်တယ်ဗျာ ……….
ကိုပေါက်(မန္တလေး)
September 21, 2011 at 10:01 pm
AKKO
နောက်မှ ဘွာတေးမလုပ်နဲ့နော်။
ပျော်စရာကောင်းတဲ့ကလေးဘဝဆိုတာ ဆင်းရဲချမ်းသာမရွေးလူတိုင်းမှာ ရှိကြပါတယ်။
ပြန်တွေးရင် လွှတ်ပျော်စရာကောင်းပါတယ်။
ကျနော်တောင် ဆယ်တန်းမအောင်ခင်က ကျောင်းသားဘဝကို ပြန်ရေးမလို့ စဉ်းစားနေတယ်။
ကြောင်ကြီး
September 22, 2011 at 11:13 am
အီးတုံမ်း အကိုလူပျိုဆိုရင် ကိုကြောင်ညီမလေးနဲ့ ပေးစားမယ်။ နာမည်က ရွှေဝါတဲ့၊ မြင်သူတိုင်းငေးရတယ်။ စွာတော့စွာတယ်၊ ပြီးတော့ နဲနဲလည်း အခြစ်လည်းကြမ်းတယ်။ သဘောတူရင် အိမ်ပို့လိုက်မယ်။ ညီမလေးနောင်ရေး စိတ်အေးချင်လို့ပါ။
etone
September 22, 2011 at 11:16 am
ကန်တော့ဆွမ်းပါ … ဟီးဟီး 😀 etone အစ်ကိုက မိန်းမရသွားလို့ … သားလေးတောင် အခု သူငယ်တန်းတက်နေပြီ ဟဲဟဲ … :Pအလကာကောင်းပေမဲ့ အခါ နှောင်းသွားပါပြီ ကိုကြောင်ကြီးရေ … ။