မဆုံးတဲ့ ….သီချင်း –၃၁

naywoon niSeptember 21, 20111min1212

မဆုံးတဲ့ ….သီချင်း –၃၁

ဒီလိုနဲ့ပဲ ပျော်ပျော်ပါးပါး မီးရထားကြီးစီးပြီး အိမ်ကိုပြန်ခဲ့ကြတာပေါ့…။
ကျောင်းအပိတ် ဟိုဟိုဒီဒီ လျှောက်သွားပြီး အိမ်ပြန်တဲ့ အဖွဲ့နဲ့ ရောယောင်ပြီး
ခပ်တည်တည် ဘယ်သွားသလိုလိုလုပ်ပြီး အိမ်ပြန်လာခဲ့တာပေါ့…။ ရထားပေါ်မှာလား…။
မူးပြီး ဆိုကြ ကကြ ဆဲကြနဲ့ပေါ့….။ အိမ်ပြန်ရောက်တော့ နေဝန်းနီတို့
ဘယ်နေတတ်မှာလဲ..။ အရက်မှသောက်မရတော့တာ…။ လ္ဘက်ရည်ဆိုင်မှာပဲ. …. တစ်နေကုန်..။
အဲဒိတော့ နေဝန်းနီတို့မှာ အတတ်တစ်မျိုးတိုးခဲ့ရတာပေါ့…။ နေဝန်းနီတိုဆီမှာ
သုံးလုံးက နဲနဲပါးပါး လှုပ်ရှားနေကြပြီ…။ အဲဒိထဲမှာ
အထက်တန်းကျောင်းတုန်းကဆရာတွေ လည်းပါရဲ့…။ သူတို့က တွက်တာလေ…။ ထိုးသားပေါ့…။
ဒိုင်မလုပ်ရဲကြပါဘူး..။ ကျောင်းဆရာတွေကိုးးး…။ အဲဒိတော့ နေဝန်းနီတို့ခင်မြာမှာ
ဆယ်တန်းမအောင်ခင်က ကျောင်းပညာဆည်းပူးခဲ့ရတဲ့ ဆရာများထံပါးမှာ
ဆယ်တန်းအောင်ပြီးနောက်ပိုင်း ပထမနှစ်အပြီး ပြန်ရောက်ကာမှ သုံးလုံးတွက်တဲ့ပညာကို
ဆက်လက် ဆည်းပူးခဲ့ရပြန်ပါရော့လား…။ နောက်မှ နေဝန်းနီတို့ ပြန်တွေးမိတာက ‘
အော်…။ သူတို့မှာ လစာနဲလေတော့ ထွက်ပေါက်ရှာကြတာပေါ့…..။ ခုလို ကျူရှင်ဆိုတာ
ဘယ်ရှိဦးမလဲ…။ ခုလို ဘာသာစုံ ကျူရှင်ယူနေတဲ့ အချိန်ဆိုရင်တော့ သူတို့တွေလည်း
သုံးလုံး မတွက်ပဲ ကျူရှင်ပဲ ပြနေကြမလားပေါ့လေ……’ အဲဒိအချိန်က နယ်မှာ ကျူရှင်
သင်လို့ရတာက အင်္ဂလိပ်စာနဲ့ သချာင်္ ရယ်ပါ…။ ဒီထက်ပိုရင် ဓါတုဗေဒ နဲ့ရူပဗေဒပေါ့လေ…။
နှစ်ဘာသာပေါင်းမှ မေးခွန်းတစ်ခုဖြစ်လေတော့…။ သင်တဲ့သူနဲပါတယ်….။
အပြင်ဆရာတွေပဲသင်ကြတာများတယ်…။ အဲဒိတော့ တစ်ချို့ ဆရာလေးတွေ ခမျာမှာ ကျောင်းက
သတ္တဗေဒလို ရုက္ခဗေဒလို ဘာသာတွဲမိုးနဲ့ ကျောင်းပြီးလာတာဆိုတော့
ကျူရှင်ပြလို့ကလည်းမရဘူးလေ…။ အဲဒိတုန်းက ကျူရှင်ပြတယ်ဆိုတာက အဓိကယူတဲ့ဘာသာနဲ့
ပြကြတာများတယ်..။ ခုလို ဘောက်သောက်မဟုတ်ဘူး…။ ခုတော့
မြန်မာစာနဲ့ကျောင်းပြီးလာတဲ့ဆရာကလည်း သချင်္ာသင်ချင်သင်နေတာ မျိုးမဟုတ်ဘူး…။
အရက်ဆိုင်အစား လ္ဘက်ရည်ဆိုင်ပဲ ထိုင်နေရတော့ ပျင်းလာတယ်..။ ကျန်ခဲ့တဲ့
သူငယ်ချင်းတစ်ယောက် ကွမ်းယာ စားကြည့်ပါလားတဲ့..။ နှပ်ဆေးဆိုတာ အရက်နဲ့
နှပ်တာပဲဟ တဲ့…။ ပိုတောင်မူးသေးတယ်တဲ့…။ အဲဒိနောက်ပိုင်းတော့ နေဝန်းနီတို့
ကွမ်းသွေးတစ်ရဲရဲနဲ့ …ဖြစ်လာတော့တာပဲ…။

သုံးလုံး သင်တန်းမပြီးခင်မှာပဲ…။ ကျောင်းဖွင့်ချိန်ပြန်ရောက်လို့
ကျောင်းကို ဒုန်းစိုင်းပြီး ပြန်ရောက်လာတာပေါ့…။ ဒီနှစ် ကျောင်းသားတွေ အဆ
မတန်များလာတယ်…။ ပြီးခဲ့တဲ့နှစ်က ဆယ်တန်း စနစ်ဟောင်းနောက်ဆုံးနှစ်လေ…။
ခုတက်နေတဲ့ ဆယ်တန်းကျောင်းသားတွေက လေထန်ကုန်းစနေပြီ..။ မောင်ရစ်နဲ့
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အောင်ခဲ့တဲ့ကောင်တွေက
ဒီနှစ်တက္ကသိုလ်ကိုလှိမ့်တက်လိုက်ကြတာ…။ ကျောင်းတောင်မဆန့်တော့ဘူးလေ….။
အရင်နှစ်က နေဝန်းနီတို့ လူနှစ်ထောင်ကျော် ဖြေခဲ့တဲ့ဆယ်တန်းအောင်စာရင်းမှာ
လျှောက်လွှာစာရွက် သုံးရွက်မပြည့်ခဲ့ပေဘူး…။ ခုတော့ တစ်ချို့နေရာတွေ 80%
တောင်အောင်သတဲ့…။ နောက်ဆုံးနှစ်ဆိုတော့ ခိုးချလိုက်တာပလူပျံနေတာပဲတဲ့…။
ကောင်းရော………။

ကျောင်းရောက်တော့ အဆောင်ငှား …။ မိမာနဲ့နီးအောင်ဆိုပြီး 36 လမ်းက
မိမာတို့နေခဲ့တဲ့ အဆောင်နဲ့ မျက်စောင်းထိုးလောက်ကို ရအောင်ရွေးလိုက်တယ်…။မနှစ်က
ပူးတွဲအောင်ခဲ့ရတာဆိုတော့ သတိရတာပေါ့လေ…..။ဒါပါပဲ..။ဒီထက်မပိုပါဘူး…။
သူလည်းနေဝန်းနီကို စိတ်ဝင်စားမဲ့ပုံမပေါ်ပါဘူး…။ ဘာလို့လဲဆို သူ့ဆီရောက်တိုင်း
မူးချည့်နေခဲ့တာကိုးးး…..။ သူကလည်း နေဝန်းနီကို မူးနေလို့
လက်ခံမတွေ့ဘူးဆိုတာမရှိပါဘူး…။ အဲ အရက်မသောက်ဖို့လည်း မပြောဖူးပါဘူး..။ ဒီနှစ်ကျောင်းသားတွေများလို့
မိမာတို့မှာ အဆောင်ရှာမရလို့ 33 လမ်းကအဆောင်ရောက်သွားတယ်တဲ့…။
အဆင်ပြေချင်တာကိုး…။ အဆောင်မှာနေရာချထားပြီးတော့
ကျောင်းဘက်ထွက်လာခဲ့တယ်..။ ပန်းသခင် လ္ဘက်ရည်ဆိုင်ရှေ့ ရောက်တော့
ကိုအောင်ဂျမ်းကိုတွေ့တယ်…။ ကျောင်းသားတွေ အများကြီးပဲတဲ့…။ သူ့အိမ်ကတော့
ပျော်နေတယ်..။ ထမင်းတွေ ရောင်းရမှာကိုးးး…။ သူနဲ့ လ္ဘက်ရည်သောက်ပြီး ကျောင်းဘက်
အတူထွက်ခဲ့တယ်..။ ကျောင်းသားရေးရာ ဌာနရှေ့မှာ ကျောင်းသားတွေ အုံခဲလို့……..။
နောက်မှာတော့ ကျောင်းသူတွေ…။ ကျောင်းသူကောင်မလေးတွေကို နောက်မှာချန်ထားပြီး
ကျောင်းအပ်ဖို့ ကျောင်းသားတွေက တိုးဝှေ့ပေးနေကြတာလေ…။ အဲဒိလို ကျောင်းသားတွေက
စည်းလုံးတာ….။ တိုးဝှေ့ပြီး ကျောင်းအပ်ပုံစံ တင်ပေးမဲ့ သူမရှိတဲ့
ကျောင်းသူတွေကတော့ လူအုပ်ထဲ မွန်းကြပ်နေတာပေါ့…။ ကိုအောင်ဂျမ်းက လူရှင်းမှ
အပ်ရအောင်လို့ ပြောပြီး နေဝန်းနီကို ဆွဲခေါ်သွားတယ်…။ ကျောင်းပေါက်ဝရောက်တော့
မိမာတို့အဖွဲ့နဲ့ သွားတိုးတယ်လေ…။

“ နေဝန်း နင်ကျောင်းအပ်ပြီးပြီလား…။ ကိုအောင်ဂျမ်း ကော
အပ်ပြီးပြီပေါ့လေ…။”

မိမာက တွေ့ တွေ့ချင်းနှုတ်ဆက်တယ်…။ ကိုအောင်ဂျမ်းက နေဝန်းနီကို
လှမ်းကြည့်တယ်..။ ကြည့်ပြောလိုက်ပေါ့…။

“ မအပ်သေးဘူး မိမာ…။ လူရှင်းမှအပ်မယ်ဟာ…။ လူတွေ ဒီလောက် ကြပ်ညှပ်နေတာ
အရေးကြီးတဲ့သူတွေ အပ်ပါစေဦး …။ ခုဘယ်အဆောင်မှာ ငှားထားလဲ…။ ငါက နင် မနှစ်က
နေခဲ့တဲ့ အဆောင်နဲ့ မျက်စောင်းထိုးမှာ ငှားထားတယ်..။”

“ ဟုတ်လား မိမာနဲ့ နီးအောင်ငှားထားတာမဟုတ်လား …။ ဟိုက အဲဒိအဆောင်မှာ မရလို့
33 လမ်းရောက်သွားပြီ..။”

မိမာသူငယ်ချင်းက ဝင်ပြောလိုက်တာပါ..။ ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်က မိမာကို
ဘူတာလိုက်ပို့ ပြီး အပြန် နေဝန်းနီ နဲ့ စက်ဘီးအတူ စီးခဲ့တဲ့ ကောင်မလေးလေ…။
မှတ်မိတယ်မဟုတ်လား..။ အဲဒိလိုဝင်ပြောလို့ မိမာက အဲဒိကောင်မလေးလက်ကို
ဆွဲဆိတ်တယ်..။

နေဝန်းနီ

2 comments

  • maung hninkharr

    September 22, 2011 at 3:07 pm

    ၃၁ ရောက်မှပဲ သေချာဖတ်ဖြစ်တော့တယ်။ မိုက်တယ်။

  • windtalker

    October 17, 2011 at 8:48 pm

    ဘိုနီ ကတော့
    သူ ့အတိတ်ကို
    တစ်ပို ့စ်ချင်းနဲ ့
    ဖော်ပါတယ်ခင်ဗျ
    မိမာ တို ့ကောင်မလေး တို ့များ
    ဒီပို ့စ်တွေကို ဖတ်မိရင်
    “ဟယ်..ကြည့်စမ်း..နေဝန်း အစုတ်ပလုတ် ၊ ငါတို ့ဟာတွေကို ဖွတယ် ” ဆိုပြီး
    ဘယ်လောက်ပြူးကုန်ကြမယ် ဆိုတာ(မျက်လုံး)
    စဉ်းစားသာကြည့်ကြပါကုန်
    (စတာနော် ဘိုနီ ဟီဟိ)

Leave a Reply