Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆီးကျိတ်ရောဂါပျောက်ဆေးကြီး

megaforceSeptember 23, 20111min62317

ရွာသားများ အားလုံးမင်္ဂလာပါ။ ဆီကျိတ်ရောဂါနဲ့ကျောက်ကပ်ဝေဒနာရှင်များအတွက် အစွမ်းထက် ကိုုယ်တွေ့သက်ကယ်တိုင်းရင်း ဆေးစွမ်းကောင်း တလက်နဲ့မိတ်ဆက်ပေးချင်လို့ပါ။ ဒီဆေးဟာကိုယ်တိုင်သောက်ကြည့် စမ်းကြည့်ပြီးဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါကြောင့် ဆရာဝန် လက်လွှတ်ထားတဲ့လူနာ ကိုလည်း ကယ်ခဲ့ဘူးပါတယ်။ အခုဆို အဲဒီ လူနာဟာ ၁ဝ နှစ်ကျော်ပြီး သွားလေရာ အရေးပေါ်ဖြစ်ရင်သောက်နိုင်အောင်ဆောင်ထားရပါတယ်။ ဆေးသောက်ပြီ ဆီးကျိတ်ရောဂါကတော့ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ဆေးစစ်ပြီးပါပြီ။ ယူရစ်အက်ဆစ်များတဲ့ဝေဒနာရှင်တွေအတွက်ကျောက်ကပ် မပျက်အောင် သောက်သင့်ပါတယ်။

 

သို့သော်ဆေးမှာမယ်ဆိုရင် စည်းကမ်းချက်များကတော့ –

မိမိတို့ရဲ့ ID card မိတ္တူ

လိပ်စာ –

ဖုံးနံပါတ် –

email-

ဆေးစစ်မှတ်တမ်း-

တွေတော့ လိုပါလိမ့်မယ်။

ပို့ခကိုတော့ -မှာယူသူမှ ကျခံရပါမယ်။

ပရိုမိုးရှင်းကာလဖြစ်လို့ ဆေးဘိုးကို တလစာ S$ 30 သတ်မှတ်ထားပါတယ်။ ဈေးနှုန်းကတော့ အပြောင်းအလွဲရှိပါတယ်။ ရိုမိုးရှင်းကာလမှာ ဆေးဘိုးကို သောက်ပြီး စွမ်းမှ ပေးဖို့ ဖြစ်ပါတယ်။ မစွမ်းဘူးဆို ဆေးဘိုး ကို လုံးဝပေးစရာမလို ဆက်သောက်စရာမလိုပါဘူး။ စွမ်းသော်လည်း အခက်အခဲရှိသူများအတွက် အထူးအစီအစဉ်နဲ့ စဉ်းစားပေးမှာဖြစ်ပါတယ်။

မြန်မာ့တို်င်းရင်းဆေးစွမ်း ကမာ္ဘလွှမ်း စေသော်။

 

17 comments

  • blackchaw

    September 23, 2011 at 8:56 am

    သူကြီး ကြော်ငြာတွေ လက်ခံနေပြီထင်တယ်။

  • megaforce

    September 23, 2011 at 9:27 am

    comment ရေးရင်း ပျောက်သွားလို့ထပ်ရေးလိုက်တယ်။ ကြော်ငြာတယ်ဆိုတာ လူသိအောင်ပါ။ ကြော်ငြာလို့လူသိများသွားရင် ညာလို့မရဘူး ။ ဟုတ်ရင်ကျော်မယ် ။ပုပ်ရင်ပေါ်မယ်။ Mandalay Gazette ကတော့ ကြော်ငြာလို့ အကောင်းဆုံးနေရာပဲ။ ရွှေမှန်ရင် မီးမကြောက်ပါဘူး။ ကျောက်ကပ်ရောဂါနဲ့ လက်လွှတ်ထားတဲ့လူနာတွေအတွက် လည်း အထောက်အပံ့ဖြစ်စေနိုင် ပါတယ်။
    မော်ဒယ်ကြော်ငြာတွေတောင်မှ မှိုလိုပေါက်နေသေးတာပဲ။ နောင်ဆိုရင် ကြော်ငြာတာင် သူကြီးရောင်းစားချင်စားနေဦးမှာ။ သူကြီး ရောင်းမစားခင် လက်ဦးမှုရပြီး ကြော်ငြာထည့်လိုက်တာ။

  • ကြောင်ကြီး

    September 23, 2011 at 9:54 am

    မီဂါဖို့စ်နာမည်နဲ့ တနှစ်စာ ကြိုတင်ငွေ ချက်လက်မှတ်ကို စာတိုက်ကနေ ပို့လိုက်ပါပြီ။ လိုရမယ်ရ တောင်းထားတဲ့ အချက်အလက်တွေအပြင် ဆိုရှယ်ကတ်ပြားမိတ္တူ၊ ဘဏ်အေတီအမ်ကတ်၊ ခရက်ဒစ်ကတ်၊ မွေးစာရင်း၊ မိခင်နာမည်အပြည့်အစုံနဲ့ ကိုယ်ရေးမှတ်တမ်းပါ တွဲပို့ထားတယ်။ ဆေးပို့ပေးတဲ့အခါ မလိုအပ်သည်များကို တပါတည်း ပြန်ပို့ပေးပါရန်။ ရွာသားများလည်း ပရိုမိုးရှင်းကာလ မလွန်သွားခင် ရတုန်းလေး ဆွဲထားကြဖို့ နှိုးဆော်ပါတယ်။

  • Endless

    September 23, 2011 at 10:10 am

    မဟုတ်သေးပါဘူး… ဆေးနာမည်လည်း မသိရ၊ ဘာတွေ Ingredient ပါမှန်းလဲ မသိရ… ၊ ကိုယ် တွေ့ ဆိုတာ နဲ့ တင် ဝယ်သောက်ရမှာလား၊ လူဘယ်နှစ်ယောက်ကို စမ်းပြီးပြီလဲ…၊ ဘာ အထောက်အထားတွေ ရှိလဲ၊ ခိုင်မာမှူ့ ရှိလား… ၊ အဲဒီ ဆေးနဲ့ မတည့်တာတွေက ဘာတွေလဲ၊ ဘာမှ မသိရသေးပဲ … ကိုယ်တွေ့ ဆိုတာနဲ့တင် ပိုက်ဆံပေးထားရမှာလား…. မပျောက်ရင် ဆေးဖိုးပေးစရာ မလိုဘူးဆိုတော့ …. အဲ့ဆေးသောက်ပြီး တစ်ခြားရောဂါတွေ ဖြစ်လာရင် ကော ဘယ်လိုလုပ်ရမှာလဲ… ၊ အိုင်ဒီကတ်ကော… ဆေးမှတ်တမ်းကော… မဟုတ်သေးဘူးနော်…. ကြေညာက ကိုယ်ပေးချင်တဲ့ မက်ဆေစ့်၊ ပျောက်နေသလိုပဲ… နောက်ပြီး… ရွာထဲမှာ ဆရာဝန်တွေ အများကြီးနော်…. အခုခေတ်က သာမန်လူတွေတောင် ကိုယ်ဘာဆေးသောက်တယ်…. ဘာကြောင့်သောက်တယ် ဆိုတာတွေကို လက်လှမ်းမှီသလောက် …. ဖတ်နေကြ သိနေကြတာ… အခု လို ကြေညာတာက … ဖြစ်ကတတ်ဆန်း ဆန်နေတယ်လို့ ထင်ပါတယ်…. ဆီးကျိတ်ရောဂါမှာ သုံးလို့ ရတဲ့ ဆေးဖက်ဝင် အပင်တွေ အများကြီးရှိတယ်.. Saw Palmato Extracts ဆိုတာ ဆေးထန်းပင်လို့ ပရဆေးမှာ ပြောတယ်…. Fame ကနေ တရားဝင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ထုတ်နေတယ်…. တလစာကို ၃၀၀ဝ ၊ ၄၀၀ဝ လောက်ပဲ ကျမယ်၊ အဲဒါမှ မကျေနပ်သေးရင် …. Zifam က ထုတ်တဲ့ Prostez ဆိုတဲ့ ဆေး သဘာဝ အပင် က ရတဲ့ Extracts ငါးမျိုးပေါင်းထားတယ်… Zinc Mineral ပါ ပါတယ်…. ဆိုလိုတာက အနည်းဆုံးတော့ ကိုယ့် ဆေးမှာ ဘာပါလဲ ပရိတ်သတ်ကို အသိပေးသင့်တယ်လို့ ထင်ပါတယ်… ဆေးဆိုတာက ဆပ်ပြာမှုန့်၊ လျက်ဆား၊ ကော်ဖီမှုန့်လောက် ကြောညာလို့ မရဘူးလို့ ထင်ပါတယ်…. ဒီပိုစ့်ဖတ်ပြီး… ခံစားမိတာလေးကို ပြောပြတာပါ… အားလုံးကို ကျေးဇူးတင်ပါတယ်

  • nature

    September 23, 2011 at 5:13 pm

    Endless ရဲ့အမြင်နဲ့ ဝင်ဖတ်တဲ့ရွာသားတွေရဲ့ အမြင် တူပါလိမ့်မယ်။ စမ်းခဲ့ဘူးတဲ့ အတွေ့အကြုံတွေကတော့ ဆေးကို သောက်ဖူးတဲ့သူတိုင်း သက်သာကြတာများပါတယ်။ မယုံလို့ မသောက်တဲ့သူတွေလည်းရှိပါတယ်။ ကျောက်ခြေမဲ့သူကိုတိုက်ကြည့်ပြီး ပြန်စစ်ကြည့်တော့ ကျောက်တွေသေးသွားတာ တွေ့ရပါတယ်။ ကျောက်ရွေ့ပြီး တစစ်စစ်နာသူတွေလည်း သက်သာဖူးပါတယ်။ ကျနော်စမ်းဖူးသလောက်တော့ သွေးချို ဆီးချို ဆီးထဲသွေးပါတဲ့ သူတွေ ဆီးအနည်ပါတာတွေ သက်သာဖူးပါတယ်။ ရောဂါဖြစ်တဲ့သူတိုင်း ပြနေတဲ့ဆရာဝန်ရှိပါလိမ့်မယ်။ မယုံတဲ့သူတွေအတွက်အထူး မပြောလိုပါ။ သို့သော်ကျောက်ကပ်ရောဂါ အတွက်အခက်တွေ့နေသူများအတွက်ရည်ရွယ်ပါတယ်။ ဆေးရဲ့ဈေးနှုန်းဟာ ထက်မြက်တဲ့ အာနိသင်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။
    မစမ်းသပ်ပဲနဲ့လာတင်တာဆိုရင်တော့ တိုင်းရင်းဆေးဆိုရင် ဘာမီတွန်အမှုန့်ကြိတ်သလို အမှုန့်ကြိတ် ပစ်မဲ့ သူကြီးနဲ့ ကို အထင်သေးရာကျပါမယ်။
    megaforce.kidney@gmail.com

  • windtalker

    September 24, 2011 at 12:24 am

    ကျေးဇူးပြုပြီး
    အားလုံး ဖတ်ပေးကြပါ
    ““ တွီတွီ ကျလိကျလိ ´´´´´´ ( မိုက် မှ အသံကြောင်သံများ )
    အားလုံးအတွက်
    ထူးရှယ်
    ထူးခြား အံ့ဩဖွယ်
    ရုတ်တရက် ဆိုသလို
    ဟာကနဲ ဟယ်ကနဲ
    ပါးစပ်ပေါက်ဟောင်းလောင်း ပစ်စဖွယ်
    မဟာ့ မဟာ စပါရှယ် သတင်းကောင်းကြီး
    ကျွန်တော် မဟာ့မဟာ သမားတော်ကြီး
    ကမ္ဘာ ့အလုပ်အများဆုံးဘွဲ ့ရ ( ကိုယ့်ဟာကိုယ်ပေးသည် )
    ကမ္ဘာ ့ အတော်ဆုံး သမားတော် ဆရာဝန် ဘွဲ ့ရ ( ကိုယ့်ဟာကိုယ် သမုတ်သည် )
    သမားတော်ကြီး ဇီဝက ၏ ခေတ်သစ်မျိုးဆက် ( ကိုယ့်ဟာကိုယ် သတ်မှတ်သည် )
    အလွန် ့အလွန် အင်မတန် ရှယ် ၊ စတီးဇွန်းတင် မက
    ငွေဇွန်း ၊ရွှေဇွန်း တပ်
    သမားတော်လေး မောင်မောင်ပေ ၏
    ဆေးစွမ်း ဆေးမဟာတော်ကြီး ကို
    မန်းတလေး ဂေဇက် တွင်
    မျှဝေ လက်ဆင့်ကမ်းလိုက်ပါပြီ
    စာဖတ်သူ အနေ ဖြင့်
    ယခု ကွန်မင့် ကို ဖတ်ရုံ မျှ ဖြင့် ၊ ( အထူးမှတ်ပါ ။ ။ သည်စာကို ဖတ်တာနဲ ့ပျောက်ကင်းပါပြီ )
    စာဖတ်သူ တွင် ဖြစ်လာလတ္တံ ့ သော ရောဂါဝေဒနာများသည်လည်းကောင်း
    လက်ရှိ ခံစားနေရနိုင်သော သေးသေးမွှားမွှား
    ကြီးကြီးမားမား ရောဂါများသည် လည်းကောင်း
    ပျောက်ကင်း သွားပါပြီ
    ထို ့ကြောင့်
    သို ့ဖြစ်ပါသဖြင့်
    ကျွန်ုပ်
    သမားဂုလု ဆရာသခင် ဒေါက်တာ မောင်မောင်ပေ ထံ
    ဒေါ်လာများ ပေးပို ့ပေးကြပါ
    ဟွန် ့
    မပေးလို ့ကတော့
    သူကြီးနဲ ့တိုင်ပြောပြီသာမှတ်
    ဟင်းဟင်းဟင်းဟင်း
    ညှင်းညှင်းညှင်းညှင်း

  • megaforce

    September 24, 2011 at 6:35 am

    ဆေးစွမ်းကို မယုံကြည်သူတွေကို အပြစ်မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဒီဆေးကို သောက်ဖူးတဲ့သူတွေ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ်comment တွေဖတ်ပြီး သဘောထားတွေသိရတာ ဝမ်းသာပါတယ်။ ဆေးကို မသုံးစွဲဘူးခင်တော့ ဒီထက်မကပြောကြမယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ဆီးကျိတ်ရောဂါကြောင့် ခွဲစိတ်ခံရမဲ့ လူနာများ Kidney failure ဖြစ်နေသူများ ၁လခန့် စမ်းသောက်ကြည့်ဘို့ အကြံပေးချင်ပါတယ်။ လောလောဆယ် ၁လစာ free ပေးပါမယ်။ ဆိုးတဲ့သူဟာလည်း ဆိုးတာတွေ ရတတ်သလို ကောင်းတဲ့သူဟာလဲ ကောင်းတာတွေရတတ်ပါတယ်။ မသိသူကျော်သွား သိသူဖော်စား ဆိုတဲ့စကားပုံလေး က မှတ်သားဘို့ အလွန်ကောင်းပါတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုဟာ ကိုယ့်ရဲ့ကံတရားပါပဲ။ ကောင်းတာရွေးချယ်ရင်ကောင်းတဲ့ကံဖြစ်မယ်။ ဆိုးတာရွေးချယ်ရင်ဆိုးတဲ့ကံ ဖြစ်မယ်။

  • Foreign Resident

    September 24, 2011 at 1:06 pm

    If your medicine is really effective,
    Why don’t you registered in Myanmar or international ?
    ( even traditional medicine can register in Myanmar )

    Moreover, if you are not a liar,
    then, you also need to say name of Medicine, registered Nr,
    Contact person name, address, telephone Nr & etc.

  • megaforce

    September 24, 2011 at 4:08 pm

    ပြောရမယ်ဆိုရင် ဒီအလုပ်ဟာ ကျနော်ရဲ့ ပင်မစီးပွားရေးလုပ်ငန်းမဟုတ်ပါ။ ဒါကြောင် ့ဒါတွေကို ထိုင်ရောင်းနေဖို့ မအားပါ။ ထို့ကြောင့် Register လုပ်ဖို့ စိတ်ကူးမရှိပါ။ ဝယ်မယ်ဆိုရင်လဲ ကျနော်အားတဲ့ တနင်္ဂနွေ နေ့မှ အဆင်ပြေ ရင်ရောင်းပေးနိုင်ပါလိမ့်မယ်။ ဒါတွေကို ကြိုရေးနေရင် စိတ်ဝင်စားအောင် သက်သက်ရေးနေတယ်လို့ထင်မှာစိုးလို့ မရေးတာပါ။ မနှစ်က MG မှာတင်ထားတဲ့ ဆီးပိုက်တန်းလန်းနဲ့ အကူအညီတောင်းတဲ့ဟာ မကြာခင်က ဖတ်မိလို့ တခါတည်း တင်လိုက်တာပါ။ ပို့စ်ကို ပြန်ရှာတာ မတွေ့ပါ။ လိမ်မယ်ဆိုရင်တော့ ငွေကြိုတောင်းရမယ် ဈေးလဲလျှော့ပေးပြီး စိတ်ဝင်စားလောက် ကျလောက်အောင် ရွှန်းရွှန်းဝေ ရေးရပါလိမ့်မယ်။ ဒါက စီးပွားဖြစ်လုပ်တာမဟုတ်ပါ။ တကယ်ရောဂါခံစားနေရသူတွေ ဆီးအနည်ပါသူ ဆီးသွေးပါသူ ဆီးမထိန်းနိုင်သူတွေ တွေဆေးမတွေ့ရင် အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပါတယ် ။ ဆီးကျိတ်ကတော့ ကျနော်ကိုတိုင်စမ်းသောက်ကြည့်ဆေးစစ်ကြည့် ကြည့်တာပါ။ လွန်ခဲ့သော နှစ်အနည်းငယ်က စင်္ကာပူ မှာဆေးသွားစစ်ကတည်းက ဆီးကျိတ် အနည်းငယ်ကြီးနေပါတယ်။ ဆီးကျိတ်ကြီးတဲ့သူဟာ ဆီးသွားရင်ဆီးကျန်တတ်ပါတယ်။ ယခုတော့ ပျောက်သွားပါပြီ။ သူကြီးရေ ဆီးပိုက်တန်းလန်းနဲ့ပိုစ် link တင်ပေးပါလား။

  • kai

    September 24, 2011 at 4:20 pm

    s$ ဆိုတာ စင်္ကာပူဒေါ်လာလား..။
    ထားပါတော့..
    ကြော်ငြာ Cat ရှိပါတယ်.။ Classifieds, Personal Ad ကျုပ်ကပဲပြောင်းပေးလိုက်ပါတယ်..။
    ဆီးပိုက်တန်းလန်း ပို့စ်လည်း ရှာတင်ပေးလိုက်ပါတယ်..။ အဲဒါထင်ပါတယ်..။
    http://myanmargazette.net/32792/health-fitness

    ဆိုတော့..
    ဆေးအကြောင်းတော့..နည်းနည်းပြည့်စုံအောင်ရေးသင့်တာတော့ အမှန်ပါပဲ..။
    စင်္ကာပူကဆေးလား..။ မြန်မာတိုင်းရင်းဆေးကို တခြားမှာလုပ်တာလား.. လား..လား..တွေချည်းဖြစ်ကုန်ပြိ..။
    စီးပွားရေးလုပ်တာပဲလေ..။ ကိုယ့်ပစ္စည်းရောင်းကောင်းအောင်.. ( ကိုယ့်စိတ်ထဲသေချာနေရင်) အားရပါးရ..ဆွယ်ရ..ကြေငြာရမှာပေါ့..။
    တကယ်ပျောက်ကြရင်.. ကုသိုလ်လည်းရမှာအမှန်ပါ..။

  • megaforce

    September 24, 2011 at 4:53 pm

    တိုင်းရင်းဆေးစစ်စစ်ပါသူကြီးရေ။ အားရပါးရဆွယ်ကြောငြာဖို့ထက် တကယ်ရောဂါခံစားနေရတဲ့သူတွေ ဆေးမတွေ့သူတွေ အနည်းငယ်အတွက်လောက်ပဲ ရည်ရွယ်တာမို့ပါ။ ကိုုယ်လည်းအစက ရောင်းဖို့မရည်ရွယ်ပါဘူး ။ ဒါပေမဲ့ဆေးစွမ်းကို သဘောကျလို့ ပါ။ ကျေးဇူးတင်ပါတယ် သူကြီး။

  • megaforce

    September 24, 2011 at 5:02 pm

    ဒီပို့စ်ကလေးကို နောက်ပြောင်တဲ့ Windatlker ကိုလည်းစိတ်မဆိုးကြောင်းပြောပါရစေ။ အဲဒီ ပို့စ်မှာ dislike မပေးဘူးလို့ ကျနော်အာမခံပါတယ်။ ဒါဟာ MG ရဲ့အနှစ်သာရပါပဲ။ ကြိုက်ရင် ကြိုက်တယ် ။ မကြိုက်ရင်မကြိုက်ဘူး ကိုယ်ကြိုက်တာ စိတ်ထဲရှိတာကို စိတ်တိုင်းကျရေးနိုင်တဲ့ ပျော်စရာရွာကလေးပါပဲ။ ကျနော့်ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားမယ်ဆိုရင်တော့ တောင်းပန်ပါတယ်။ Sorry ပါ။

  • htoosan

    September 24, 2011 at 6:01 pm

    အင်း .. ပြောရင်တော့ ထူးဆန်းတို့ ဘီလူးကြမ်း ခံရဦးမယ်။

    မိုက်မိုက်မဲမဲ သောက်ကြည့်မယ့်သူ့ လူ ဘယ်နှစ်ဦးများရှိမလဲ သိချင်ပ။
    ပြောလို့တော့မရဘူး ရေထဲ မြောလာတဲ့စည်ထဲက အရည်ကို ဘာမှန်းမသိ အရက်ထင်ပြီးသောက်ကြတာ ၆ ဦးသေပြီး ၂ရ ယောက်ဆေးရုံရောက်သွားတယ်ဆိုတော့ ..

    ဒါမှမဟုတ် တင်တဲ့ လူကဘဲ အလကား ရတာဘဲ အရူံးမရ်ှိဘူး စမ်းကြည့်ဦးမှဘဲဆိုပြီး တွေးတာလား ။

  • windtalker

    September 24, 2011 at 6:07 pm

    မှန်ပါတယ်
    မက်ဂါဖို ့စ် ရေ
    ခင်ဗျား ရေးဖို ့တစ်ခုခု လိုတယ် လို ့
    ကျုပ် က ခံစားရပြီး
    သရော်စာ တစ်ပုဒ် ကောက်ရေးမိလိုက်တာပါပဲ
    ခင်ဗျား ကို မုန်းလို ့ချစ်လို ့ရယ် မဟုတ်ပါဘူး
    ခေါင်းထဲမှာ ဖြစ်လာတဲ့ အတွေးလေးကို
    လက်တမ်းချရေး ပြီး
    ပြန်ဖောက်သည် ချ လိုက်တဲ့ သဘောပါပဲ
    တစ်ကယ်ဆိုရင်
    မဟာ့မဟာဆေးစွမ်းကောင်းကြီး အတွက်
    မြင်ဆရာ ဟာ ခင်ဗျားပါ
    ရှင်းရှင်းပြောရရင်
    ကျုပ် လည်း ဆေးနည်းတစ်ခု ရေးတင်ပေးခဲ့ဖူးပါတယ်
    ကျုပ်ရေးတင်ခဲ့တဲ့ ဆေးနည်းကတော့
    http://myanmargazette.net/49342/health-fitness
    မက်ဂါဖို ့စ်ရဲ ့
    လက်ရာ ပို ့စ်တွေ ကို
    စောင့်မျှော်နေမယ် နော်

  • megaforce

    September 24, 2011 at 7:11 pm

    Windtalker အနေနဲ့လည်းနောက်သင့်ပါတယ်။ Windtalker ရဲ့လက်တန်းအရေးအသား လေး ကတော်တော်ပြောင်မြောက်ပါတယ်။ Windtalker လိုချမရေးပေမဲ့ ဖတ်ကြည့်ပြီး စိတ်ထဲကနောက်နေမဲ့သူတွေ ကလည်း မနဲဘူး ဆိုတာမှန်းလို့ရပါတယ်။ ဒါကလည်းသူတို့အပြစ်မဟုတ်ပါဘူး။ ဒါက သဘာဝပါ။
    htoosan ရေ၊ MG လို စည်ကားတဲ့ရွာကြီးမှာ ကိုယ်စိတ်တိုင်းကျ အရင်မစမ်းပဲ ရွာသားတွေကို စမ်းဖို့ကြိုးစားမယ်ဆိုရင်တော့ ကိုယ့်သေတွင်းကိုယ်တူးသလိုပဲနေလိမ့်မယ်။ ရွာထဲ ဝင်လာပြီ ဆိုကတည်း ကိုယ်ဘက်က ခံစစ်ကိုသေချာအောင် လုံလုံကာနိုင်မှ တော်ကာကျပါမယ်။

  • TNO

    October 12, 2011 at 11:12 am

    ကို megaforce ရေ ကျွန်တော် mail ပို ့ထားတာရလား၊ ကြာနေပြီ ၊ အကြောင်းပြန်ပေးပါလား၊
    စိတ်ဝင်စားလို ့ပါ

  • akswe

    October 12, 2011 at 5:51 pm

    အဘကိုလည်း ဘယ်ပုံမှာရမယ်ဆိုတာ လေး မေးလ် ပို့ပေးပါဦး megaforce ရေ။ လိုအပ်တဲ့သူရှိနေ လို့ပါ
    တခြားကျောက် ကပ်နဲ့ ပတ်သတ်ပြီးဆေးရဲ့ effect ရှိပုံကိုလည်း အကျယ် တဝင့် ရှင်းပြစေချင်ပါတယ်။

Leave a Reply