မြန်မာ့စံနှုန်းတွေအကြောင်း-၂
ငယ်ငယ်က ကြားဖူးခဲ့တဲ့အချင်အတွယ်လေးက
နှစ်လမယ်တစ်စလယ် လား နှစ်စလယ် တစ်လမယ်လားမမှတ်မိတော့ပါ
နှစ်ခွက်တစ်ပြည်၊လေးပြည်တစ်စိတ်၊နှစ်စိတ်တစ်ခွဲ၊နှစ်ခွဲတစ်တင်း လို့သိထားပါတယ်။
ကျွန်တော်တို့ခေတ်မှာသင်ရတာက ရှစ်လုံးတစ်ပြည်ကစသင်ရတာပါ။
တစ်စလယ် ဆိုတာဘယ်လောက်ရှိသလဲမသိပါ။
ဖေဖေရယ် မေမေရယ် ကြင်စတုန်းက စလယ်ဝင်အိုးလေးကိုသုံးကာ ထမင်းချက်ပြုတ် စားသောက်လို့နေလာခဲ့တာ……………
ဆိုတဲ့သီချင်းစာသားလေးအရဆိုရရင် တစ်စလယ်ဟာလင်မယားနှစ်ယောက်စာ နို့ဆီဗူးနှစ်လုံး လို့ထင်ပါတယ်၊
ဒါဟာ ရန်ကုန်သူ/သားတွေရဲ့စားနှုန်းနဲ့တွက်တာမဟုတ်ပါ၊ဒီစံနှုန်းဟာ ရှေးယခင်ကျေလက်ရဲ့စံနှုန်းဖြစ်လေတော့
ကျေးလက်နေတောသူတောင်သားတွေရဲ့စားနှုန်းနဲ့တွက်ကြည့်တာပါ။ရှေးယခင် နို့ဆီဗူးတွေမြန်မာနိုင်ငံမှာမပေါ်ခင်က
တစ်စလယ်ဆိုတာဘာနဲ့သတ်မှတ်ခဲ့တာလဲမသိ။၊(ကျွန်တော်မသိတာပါ)နို့ဆီဗူး၊ပြည်၊တင်းဆိုတာတွေဟာ ထုထည်အခြေခံတဲ့စံနှုန်းတွေပါ။
နို့ဆီတစ်ဗူးရဲ့ထုထည်ကို ပိုင် အာရ်စကွဲယား အိတ်ချ် နဲ့တွက်ကြည့်ရင် ရပါတယ်။ဒါဆိုရင် ပြည်နဲ့တင်းတို့ရဲ့ထုထည်ကိုလည်းတွက်ကြည့်လို့ရပါပြီ။
ထားတော့….
၁၆ အောင်စ ၁ ပေါင်…………………………….၂ဝ ဟန်ဒြိတ် ၁ တန် ဆိုတာ အလေးချိန်ရဲ့အချိန်အတွယ် စံနှုန်းပါ။
အဲဒီမှာစပါပြီ
နိုင်ငံခြားကိုဆန်တင်ပို့တဲ့အခါတန်ချိန်နဲ့သတ်မှတ်ပို့ကြပါတယ်။အိတ်တွေနဲ့ထည့်ပြီးတော့ပေါ့။
ဆယ်တန်းအောင်ကာစ သမမှာလုပ်တုန်းက အစိုးရဆန်စက်တွေကဆန်သွားထုတ်တဲ့အခါမှာ တစ်အိတ်ကို ၁၀၈ ပေါင်ရှိရပါတယ်။
ပေါင်ပြည့်လား ပေါင်လျော့လားဆိုတာကိုကျွန်တော်တို့ကစစ်ဆေးယူရပါတယ်။တစ်ခါတစ်လေ ၁၀ရ ပေါင်တို့ ၁၀၅ပေါင်တို့ဖြစ်နေတတ်ပါတယ်။
ကျွန်တော်တို့က အခြင်အတွယ်စံနှုန်းနဲ့ တစ်အိတ်ကိုတစ်တင်းခွဲ ၂၄ ပြည် လို့သတ်မှတ်ပြီးပြန်ခြင်ရောင်းရတာပါ။ပေါင်ပြည့်တဲ့အိတ်တွေဆိုရင်
ဆန်အမျိုးအစားအလိုက် ပြည်ပိုစားရပါတယ်။(ပေါင်မပြည့်ရင်လည်း ပြည်တောင်းကိုင်တွယ်တဲ့ကျွမ်းကျင်မှုနဲ့ မပို ပိုအောင်ပညာခန်းတွေသုံးပြီးခြင်ပါတယ်။ခြင်တာက အရောင်းစာရေးမပါ၊ကျွန်တော်တို့က ခွဲတမ်းပဲယူတာပါ၊)
ပြောချင်တာက ဆန်အမျိုးအစားမတူညီမှု ၊အမျိုးအစားတူသော်လည်း တန်အရည်အသွေး အဆီအနှစ်ပြည့်ဝမှုအပါ်မူတည်ပြီး ထုထည်နဲ့အလေးချိန်ကွာခြားနေတာကိုပြောချင်တာပါ။
——————–
အခုပြောမှာ မြန်မာ့စံနှုန်းတော့မဟုတ်ပါဘူး၊အများသဘောတူ လက်ခံ ထားတဲ့ သတ်မှတ်ချက်ပါ။
ကုဗ= အလျား×အနံ×အမြင့်(အထူ)
သစ်တွေကိုတန်ဖွဲ့တဲ့အခါ ထုထည်ကိုအခြေခံပြီးဖွဲ့ပါတယ်။ဥပမာ….၃×၂ သစ် ၁၈ ပေ ၁၀ လုံးဟာဘယ်နှစ်တန်ရှိသလဲသိချင်ရင်
၃×၂တစ်လုံးရဲ့ထုထည် ၃×၂×၁၈=၁၀၈ ကုဗပေ ရပါတယ် ၁ဝလုံးဆိုတော့ ၁၀၈၀ ကုဗပေပါ
သစ် ၁ တန်ဟာ ၇၂၀၀ ကုဗပေရှိတယ်လို့သတ်မှတ်ပါတယ်၊ဒါကြောင့် ဝ.၁၅ တန်ရပါတယ်။
ဒါကိုအခြေခံပြီးသစ်သမားတွေက သစ် ၁ တန်မှာ
၃×၂ ၆၆.၆လုံး (စံနှုန်း ၁၈ ပေနဲ့ သတ်မှတ်သုံးစွဲကြပါတယ်)
၅×၂ အလုံး ၄၀
၆ ပတ်လည် ၁၁လုံး
၆ ငါးမုးပျဉ် ၁၃၃ ချပ် စသည်ဖြင့် တွက်ထားကြပါတယ်။
တယ်တော့ကျွန်းနဲ့ ပျဉ်းကတိုးက အလေးချိန်ကွာပါတယ်၊
သစ်မတူတဲ့အတွက်အလေးချိန်တူရင် ထုထည်မတူနိုင်ပါဘူး
ဒါကို အာခိမိဒိ ကဖော်ထုတ်ပြထားပြီးပါပြီ။
3 comments
Zaw Wonna
September 24, 2011 at 9:13 am
ခုလို အသေးစိတ်ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။ နောက် ဧက နဲ့ ပတ်သက်ပြီး မြန်မာ အတိုင်းအထွာကို လည်း သိလိုပါတယ် ခင်ဗျာ။
small cat
September 24, 2011 at 9:40 am
၁ ဧကကိုမြန်လက်လံ ၃၆ လံခွဲပတ်လည်လောက်ရှိတယ်လို့ဆိုပါတယ်။
မြန်မာတွေရဲ့ တကွက် လို့ခေါ်တဲ့အတိုင်းအတာကတော့ လက်လံ ၄ဝ ပတ်လည်လို့ဆိုပါတယ်။အဲဒါ အကွက်ကြီးပါ ။ အကွက်ကလေးကတော့ ၁ဝ လံပတ်လည်ပါ၊အကွက်ကြီး ၁ ကွက်မှာ ၁ဝ လံပတ်လည်
အကွက်လေး ၁၆ ကွက်ရှိတယ်လို့ဆိုပါတယ်။
အဲဒီဆက်စပ်ချက်ကိုကျွန်တော် တော့ သေချာတွက်မကြည့်ရသေပါဘူး၊စိတ်ဝင်စားရင်တွက်ကြည့်ကြပါ။
မြေ တစ်ကျင်း ရဲ့အတိုင်းအတာက အလျား ၁ဝပေ×အနံ၁ဝပေ×အနက် ၁ ပေဖြစ်ပါတယ်။
မြန်မာမြေတစ်ကျင်းကတော့ အလျား×အနံ (၈ တောင်ပတ်လည်) × အနက် ၁ တောင်လို့ဆိုပါတယ်။
နှိုင်းယှဉ်ပြီးတွက်ကြည့်ပါ။
small cat
September 24, 2011 at 9:53 am
၁ ဧကကိုမြန်လက်လံ ၃၆ လံခွဲပတ်လည်လောက်ရှိတယ်လို့ဆိုပါတယ်။
မြန်မာတွေရဲ့ တကွက် လို့ခေါ်တဲ့အတိုင်းအတာကတော့ လက်လံ ၄ဝ ပတ်လည်လို့ဆိုပါတယ်။အဲဒါ အကွက်ကြီးပါ ။ အကွက်ကလေးကတော့ ၁ဝ လံပတ်လည်ပါ၊အကွက်ကြီး ၁ ကွက်မှာ ၁ဝ လံပတ်လည်
အကွက်လေး ၁၆ ကွက်ရှိတယ်လို့ဆိုပါတယ်။
အဲဒီဆက်စပ်ချက်ကိုကျွန်တော် တော့ သေချာတွက်မကြည့်ရသေပါဘူး၊စိတ်ဝင်စားရင်တွက်ကြည့်ကြပါ။
မြေ တစ်ကျင်း ရဲ့အတိုင်းအတာက အလျား ၁ဝပေ×အနံ၁ဝပေ×အနက် ၁ ပေဖြစ်ပါတယ်။
မြန်မာမြေတစ်ကျင်းကတော့ အလျား×အနံ (၈ တောင်ပတ်လည်) × အနက် ၁ တောင်လို့ဆိုပါတယ်။
နှိုင်းယှဉ်ပြီးတွက်ကြည့်ပါ။
ဒီစံနှုန်းတွေဟာ စာအုပ်တွေထဲက အချက်အလက်အတိအကျကို ဖော်ပြထားတာမဟုတ်ပါဘူး၊
လက်ရှိသုံးစွဲနေကြတဲ့ လယ်သမားမိတ်ဆွေ (သက်ကြီးပိုင်း) တွေကိုမေးမြန်းထားတာပါ၊
အတိအကျမှတ်တမ်းတင်ထားတဲ့စာအုပ်တွေ ၊အချက်အလက်တွေ တွေ့ရင် တင်ပေးကြပါခင်ဗျာ။
ကျွန်တော်လည်းသေချာမှတ်ထားချင်လို့ပါ။