Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

who whoSeptember 23, 20111min2904

ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။ ဘယ်လိုကြောင့်များပါလိမ့် ။ ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။ ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။

ခုလည်းကြည့်ပါဦး။ စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။
မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ဝင်ရောက် လာပါတယ်။
ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် တစ်နေရာမှာ ဒေါသကြီးစွာနဲ့ ရန်တွေထောင်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရပါတယ်။ အော်.. ဘာတွေကြောင့်များ အဲလောက်ထိ ဒေါသတွေ ကြီးနေတာပါလိမ့်နော်လို့သာ တွေးမိပါတယ်။

မကြာပါဘူး။ သူမ အော်ဟစ်တာကို အစပိုင်းမှာ ငြိမ်ခံနေတဲ့ ယောက်ျားဖြစ်သူက ထလို့ ကန်ထည့်လိုက်တဲ့ မြင်ကွင်းကို မြင်လိုက်ရပြန်ပါတယ်။ အော်…ဒုက္ခ…ဒုက္ခ လို့သာ တွေးရင်း ဒီမြင်ကွင်းကို ကြည့်လို့ သံဝေဂတရားတွေ တိုးပွားလာရပါတယ်။

တကယ်တော့ ဒေါသချင်းပြိုင်နေတဲ့ ပြိုင်ပွဲလေးတစ်ခုဆိုရင်လည်း မှားမယ် မထင်ပါနော်။ တစ်ယောက် တစ်ယောက် အဘယ်သို့ပင် ရိုက်ပုတ်နေပါသော်လည်း ဒေါသကို ဘယ်သောအခါမှ မထိနိုင်ပါဘူး။ ဒေါသကို လက်ခံထားတဲ့ ခန္ဓာအိမ်ကြီးကသာလျှင် အထိတွေနာလို့ အနာတရနဲ့ ပင်ပန်း နေရတာပါလားရယ်လို့ ကြည့်ရင်းက သိလာရပါတယ်။

အင်း မြန်မြန်အေးချမ်းကြပါစေလို့ စိတ်မှာ ဘာမဆိုင် ညာမဆိုင် မေတ္တာတွေ ပို့ပေးနေ မိပြန်ပါတယ်။ တဆက်တည်းလည်း စွန်းလွန်းဆရာတော်ကြီးကို ပြေးလို့ သတိရမိပါ သေးတယ်။
တစ်နေ့သောအခါ စွန်းလွန်းဆရာတော်ကြီးဟာ စွန်းလွန်းရွာမှာ ပရိတ်ရွတ်၊ ဆွမ်းစဉ်ကိစ္စ ပင့်လျှောက်တာကြောင့် ကြွသွားရာမှ ပြန်လာတဲ့အခါ ရွာထဲမှာ ကလေးမနှစ်ယောက် ရန်ဖြစ်နေ တာကို တွေ့တော်မူတယ်လေ။ အဲဒီအခါ ဆရာတော်ကြီးက ကပ္ပိယဒကာကို ခေါ်ပြီး “အဲဒီက ကလေးမနှစ်ယောက် တရားဟောနေကြတယ်ကွယ့်။ မောလှရော့မယ် ထင်တယ်။ ဟောသည် ငှက်ပျောတစ်ဖီးကို ထက်ဝက်ခွဲပြီး တစ်ယောက် တစ်ခုစီ သွားပေးစမ်း။ အဲဒါ တရားပူဇော်ပါတယ်။ အမောပြေအောင် စားပြီးမှ ဆက်ဖြစ်ချင်ရင်လဲ ဖြစ်ကြသေးတာပေါ့” လို့ မှာကြားပြီး စေလွှတ် တော်မူတယ်။

အဲလို ငှက်ပျောသီးလည်း ပေးလိုက်ရော ကလေးမနှစ်ယောက်လည်း ဟိုကြည့် သည်ကြည့်နှင့် ဘာမျှမပြောတော့ဘဲ ငှက်ပျောသီးကိုင်ပြီး အကြောင်သား ငြိမ်နေကြတယ်တဲ့လေ။

ခုလည်း ဘာထူးလဲနော်။ ယိုသူမရှက် မြင်သူရှက် ဆိုသလိုပါပဲ။ ဘေးကမြင်ရတဲ့လူက သူတို့ရင်ထဲက ဒေါသကြီးကို အတိုင်းသား မြင်လို့ တောင် ကြောက်တတ်လာပါပြီ။ ဆရာတော်ကြီးကို သတိရလိုက်ပေမယ့် ဆရာတော်ကြီးလိုတော့ ငှက်ပျောသီး သွားမပေးရဲပါဘူးနော်။ တော်နေမှ ဒေါသတွေက ရမ်းပုံမီးကျဖြစ်သွားပါဦးမယ်လေ။

ဒါကြောင့်ပဲ “ဒေါသခပ်သိမ်း ငြိမ်းကြပါစေ ” လို့ မေတ္တာဓါတ်တွေ သူတို့အပေါ် လွှမ်းခြုံလို့ ပို့ပေး နေမိပါတယ်။ တဆက်တည်းလည်း ဒီမေတ္တာပို့လေးရဲ့ အဓိပ္ပါယ်လေးကို ပုံဖော်မိနေပါတယ်။
တကယ်တော့ အခုရနေတာသည် ဒုက္ခခန္ဓာ ၊၊ နောက်ထပ် ထပ်ပြီး ရချင်နေတာက သမုဒယ သစ္စာပါနော်။ အင်း သမုဒယကနေပဲ ဒေါသကိလေသာတွေ ပွားတိုးလာရတာပါလားဆိုတာ ဆက်မိ သွားပါပြီ။ ဘယ်လိုပါလိမ့်ဆိုတော့….

ကိုယ်နဲ ့ ထိုက်သလောက်တွေ ရနေတဲ့အပေါ် ဪ ငါနဲ ့ ထိုက်သလောက် ငါရတာပဲလေလို့ သဘောမထားတတ်တဲ့အခါ မကျေနပ်တာတွေ ဖြစ်လာမယ် ။ ဒါသည် ဒေါသပဲလေ။ ပိုကောင်းတာကို ရချင်နေတာသည် အခုရ နေတာကို မကျေနပ်နိုင်လို့ပဲ ဒီ့ထက်ကောင်းတာ ရချင်နေ တာမဟုတ်လား။ မကျေနပ် ဖြစ်နေသမျှ ဒေါသပဲလေ ။

ဒီဒေါသသည် လိုချင်၊ ရချင်ခြင်းဆိုတဲ့ သမုဒယက ပေါက်ပွား လာတာပဲ မဟုတ်ပါလား။ ဒါကြောင့် “ဒေါသခပ်သိမ်း ငြိမ်းရပါလို၏” “ငြိမ်းကြပါစေ” လို့ဆိုရင်ပဲ ဒါကို ဖြစ်စေတဲ့ သမုဒယနဲ့ ဒုက္ခတွေ ငြိမ်းနိုင်ပါစေလို့စိတ်ကို အာရုံပြုထား ရပါမယ်ဆိုတာ ပေါ်လာပါတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ဒီလိုချင်နေတဲ့ သမုဒယကြောင့်သာ ဒီလို ဒေါသတွေ ရနေရတာကို သိမြင်ပြီး သမုဒယငြိမ်းမှ ဒေါသငြိမ်းနိုင်တော့မှာပါလားလို့ အမြင်မှန်စွာနဲ့ “ဒေါသခပ်သိမ်းငြိမ်း ရပါလို၏ ”လို့ မေတ္တာပို့ပေးနေမိပြန်ပါတယ်။

အော် သူတို့တွေ အားလုံးလည်း သမုဒယတွေ ငြိမ်းနိုင်လို့ ဒေါသတွေ သိမ်းနိုင်ကြပါစေရယ်လို့ လှမ်းပြီး မေတ္တာပို့တိုင်း ဒီသမုသယနဲ့ ဒုက္ခကနေ လွတ်ငြိမ်း နိုင်ကြပါစေလို့သာ ပို့ပေးနေရပါပြီ။

အင်း ဒါမှသာ ပညာနဲ့ ယှဉ်တဲ့ မေတ္တာဓါတ်လေးတွေ တွဲပါသွားမယ်ဆိုတာလေး တွေးမိသမျှ ပြန်လည် ဝေမျှရင်း အားလုံးလည်း “ဒေါသခပ်သိမ်း ငြိမ်းနိုင်ကြလို့ ” သမုဒယ ပိုက်ကွန်တွင်းမှ အလွတ်ရုန်းထွက်နိုင်ကြပါစေ။

4 comments

  • weiwei

    September 23, 2011 at 11:07 am

    အခုတလော ကိုယ်တွေ့ကြုံနေရတယ် … လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း အသားလွတ် ဒေါသတွေထွက်ကြ၊ ရန်ထောင်နေကြ၊ စောင်းမြောင်းပြောဆိုနေကြတာကို ကြုံနေရလို့ တရားရတာမဟုတ်ပေမယ့် တရားတော့ ကျမိပါတယ် …. ပူလောင်လိုက်တာလို့ ….
    ဒေါသခပ်သိမ်း ငြိမ်းကြပါစေ … နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ….

    • whowho

      September 23, 2011 at 11:22 am

      သမုဒယက အချိန်ပြည့် မွေးဖွားနေသော ကိလေသာတရားတွေရဲ့ ပူလောင်မှုတွေကို ကြောက်တတ်အောင် မျက်မြင်ပြသလို့ တရားတွေ ဟောနေကြတယ်လို့ နှလုံးသွင်းကြပါစို့နော်။

  • manawphyulay

    September 23, 2011 at 11:52 am

    လူ့ဘောင်လောကမှာ
    လောဘ၊ ဒေါသ၊ မောဟတွေကတော့ အမြဲတမ်းရှိနေဦးမှာပါ။
    ရုံးမှမဟုတ်နေရာတိုင်းမှာ ပူလောင်တဲ့အပြုအမူတွေနဲ့ အမြဲမြင်တွေ့ရနေတာ ကြာတော့ စိတ်ကုန်လာပြီ။

  • နွယ်ပင်

    September 23, 2011 at 2:23 pm

    တစ်ခါတစ်ခါကြတော့လဲ ခက်သားလား ကိုယ်ကဒေါသမထွက်ချင်လို့
    အမြတ်မခွက်ချင်လို့ အေးအေးနေပြန်လဲ ဘေးကလာဆွနေတဲ့သူတွေကြောင့်
    ဒေါသမထွက်ချင်ပဲ ထွက်လာရတဲ့ အခါမျိုးလည်းရှိသေးတယ် …

Leave a Reply