ဖိနပ်ပုံပြင်လို ့ဘဲနာမည်ပေးရမှာပေါ့(၂)
ပညာရှိတစ်ယောက်ဟာ ဖိနပ်ချုပ်သမားဆီရောက်လာတယ်။
သူ ့ဖိနပ်တွေ စုတ်ပြတ်သွားလို ့ပြင်ချုပ်ဖို ့ပါ။
သူဟာဒီနယ်တဝန်းမှာအင်မတန်ကျော်ကြားနေတဲ့သူဖြစ်တယ်။ရှေးကထင်ရှားခဲ့တဲ့ ကျမ်းကြီးကျမ်းငယ်အသွယ်သွယ် ကိုအာဂုံ ဆောင်နိုင်သူအလွတ် ရွတ်ပြပြီး ပြန်လည်သင်ကြားပြသနိုင်သူဖြစ်လို ့နယ်သူနယ်သားအားလုံးက လေးစားနေရသူပေါ့။
ပညာရှိ ဖိနပ်ချုပ်ဆိုင်ထဲဝင်လာတာနဲ ့ဘဲ ဆိုင်ထဲရှိနေသူ အားလုံးကခရီးဦးကြိုပြ ုကြတယ်။နေရာထိုင်ခင်းပေး ကြတယ်။
ပညာရှိဟာ မော်ကြွားတဲ့မျက်နှာပေးနဲ ့သူ ့အတွက်ပေးတဲ့နေရာမှာဝင်ထိုင်ပြီး ဖိနပ်ချုပ်သူ ကို သူ ့ဖိနပ်ထိုးပေးလိုက်တယ်။
“ဒါကိုမြန်မြန်လေးချုပ်ပေးစမ်းပါ”
သူ ပြောပုံ ကဖိနပ်ချုပ်သမားအနေနဲ ့သူ ့ဖိနပ်ကိုချုပ်ခွင့်ရတာကိုဘဲ ဆုလာဘ်တခုလိုမှတ်ယူ ရတော့မယ့်ပုံ—–။
ဖိနပ်ချုပ်သမားကလည်း ဖိနပ်ကိုရိုရိုသေသေဘဲ ယူကြည့်ပါတယ်။
ဖိနပ်တွေ ကတော်တော် စုတ်နေပီ။လွယ်လွယ်ကူကူပြင်ချုပ်ဖို ့မရနိုင်တော့ဘူး—-။
“ဆရာကြီး ဖိနပ်တွေကိုအသစ်တိုင်း ပြန်ကောင်းသွားအောင် ချုပ်ဖို ့ဆိုရင်တော့ သုံးလေးရက်အချိန်ယူမှရပါမယ်”
“ဒီထက်မြန်အောင် လုပ်လို ့မရဘူးလား”
“မရဘူး ဆရာကြီး၊ဖိနပ်ပြင်ချုပ်ဖို ့သားရေကို ဖြတ်ရ၊အနံ ့ပျောက်အောင်အခြောက်လှမ်းရမယ်၊ပြီးရင်ကော်သုတ်ရမယ်၊ကော်ကိုလည်းအခြောက်ခံရဦးမယ်။”
ပညာရှိ တော်တော်စိတ်ပျက်သွားတယ်။
“ဒါဆို ငါတော့ဒုက္ခဘဲ။ငါက ဒီသုံးလေးရက်လုံး ဖိနပ်မစီးဘဲနေရတော့မှာလား။ခုသုံးလေးရက်တွင်းမှာဒီနယ်သူနယ်သားတွေကို သင်ကြားပေးဖို ့အတွက် သွားစရာလာစရာတွေကအများကြီး၊ဖိနပ်သာမရှိရင် ငါသွားလာဖို ့ဒုက္ခဘဲ”
သက်ပြင်းတွေတချချလုပ်နေတဲ့ အခါ ဖိနပ်ချုပ်သမားကမနေနိုင်တော့ဘဲ အတွင်းခန်းထဲက ဖိနပ်တခချို ့သွားထုတ်လာတယ်။
“ဒီဖိနပ်တွေထဲ ကစီးကြည့်ပါဦး၊ဆရာကြီးနဲ ့တော်တာပါသလားလို ့”
သူပေးတဲ့ဖိနပ်တွေထဲစီးကြည့်တဲ့အခါ ဖိနပ်တရံ ဟာပညာရှိနဲ ့ကွက်တိသွားတော်နေတာတွေ ့တယ်။
“ကွက်တိဘဲဟေ့. ငါနဲ ့တိုင်းချုပ်ထားသလားအောက်မေ့ရတယ်”
ဒါဆိုလဲ အဲဒီ ဖိနပ်ကိုဆရာကြီး စီးသွားပေါ့။ဆရာကြီး ဖိနပ်ချုပ်ပြီးမှဘဲ ပြန်လာလဲယူလေ”
ပညာရှိကြီး ကျေနပ်သွားတယ်။
ဒီအကြံမဆိုးဘူး ဆိုပြီး ထိုဖိနပ်ကိုစီးသွားဖို ့ပြင်တယ်။နောက်မှအတွေးတခုရပြီးလှည့်လာတယ်။
“မထူးပါဘူး ဒီဖိနပ်သစ်ဘဲ တခါတည်းငါ့ရောင်းလိုက်တော့ပါလားကွာ”
“ဒါတော့ မဖြစ်ဘူးနဲ ့တူတယ်. ဆရာကြီး၊အဲဒီ ဖိနပ်က သူများ ကချုပ်ဖို ့လာအပ်ထားတာ၊ခုဆရာကြီးမှာ အခက်အခဲ တွေ ့နေတာနဲ ့ကျွန်တော်က ခဏပေးစီးထားတာပါ”
သူဝတ်ထားတဲ ့ဖိနပ်တွေ အသစ်မဟုတ်မှန်း သိတာနဲ ့ပညာရှိကြီးကရွံရှာသလို အလျင်အမြန်ချွတ်လိုက်တယ်။
“မင်းကွာ ငါက ဖိနပ်အသစ်အောက်မေ့လို ့၊သူများဖိနပ်ကြီး ငါ့ပေးစီးစရာလား—-??”
ပြောရင်း က ပညာရှိ ပိုဒေါသထွက်လာတယ်။
“ငါ့လို လူမျိ ုးကသူ များအဟောင်းစီးမလား၊အဆင်အခြင်နည်း လိုက်တဲ့ကောင်ကွာ၊ဒါ ငါ့ကို သက်သက်စော်ကားသလို ဘဲ”
ဖိနပ်ချုပ်သူက အံ့အားသင့်သွားတယ်။
ပြီးတော့ ဗလုံးဗထွေးနဲ ့အမြန်ဖြေရှင်းချက်ထုတ်တော့တယ်။
“ဖိနပ်ဟောင်းရော ဘာဖြစ်လဲ ဆရာကြီးရယ်၊ဆရာကြီးက ရှေးကဉာဏ်ပညာ ဖိနပ်ဟောင်းတွေ အများကြီးငှားစီး ခဲ့ပြီးပြီပဲ၊ဒီဖိနပ်ကို ထပ်စီးရုံနဲ ့ဘာဖြစ်သွားမှာ မလို ့လဲ”
8 comments
မောင်သန်းထွဋ် ဦး
September 26, 2011 at 11:38 am
ကျွန်တော်တို ့နေ ့စဉ်နဲ ့အမြဲ တွေ ့ကြုံနေရတဲ့ဘဝတွေမှာ နိမ့်ချနိုင်သမျှနှိမ့်ချနေထိုင်ခြင်းက နောင်အခါကြီးမြတ်ဖို ့ရာအတွက်မဟုတ်ပါလား။
မိမိကိုယ်ကို စိတ်ကြီးဝင်နေခြင်းသည် ကိုယ့်ရန်သူကိုယ် ဖန်တီးနေခြင်းဖြစ်ပါသည်။လူ ့ပတ်ဝန်းကျင်တစ်ခုမှာ အဆိုးအကောင်း၊အမှားအမှန်ကတော့ အမြဲတွဲကပ်နေမှာပါ။မှားနေသည်ကို သိလျှင်တော့ပြင်ဆင်စေလိုပါသည်။ဆက်ပြီးမိုက်နေလျှင်တော့ မိုက်ရာမှ ယုတ်၊ယုတ်ရာမှပုပ်ဖြစ်ပေတော့မည်။
လူသားအားလုံးချစ်ခင်ကြစေလိုသည်။အမှားကိုသိလျှင် တောင်းပန်ဖို ့ဝန်မလေးသင့်ပေ။ခံရသူလဲ ခွင့်လွှတ်နိုင်ပေလိမ့်မည်။
etone
September 26, 2011 at 11:45 am
ပညာရှိသာ တကယ်မှန်မယ်ဆိုလျှင် (တကယ်သာ ပညာရှိ ဟုတ်မယ်ဆိုလျှင် ) ကြိုတင် ကြံစည် တွေးတောခြင်း အတတ်ပညာ မွေးရာပါ ဉာဏ်ရည်မှာ ရှိရပါမယ် … ။ ဒီတော့ … သူ ဖိနပ် နည်းနည်း ပွန်းပဲ့ စဉ်ကတည်းက ဖိနပ်အသစ်တရံ အပ်ထားရပါလိမ့်မယ် … ။ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာမျိုး သာမန်လူတွေတောင် မိမိကိုယ်ရေးကိုယ်တာ အသုံးဆောင် ပစ္စည်းနဲ့ ပတ်သတ်ပြီး တွက်ချက်တတ်လျှင် ပညာရှိဖြစ်ပြီး ဘာကြောင့်များ မမှန်း တတ်ပါသလဲ .. စိတ်ဝင်စားစရာပါပဲ … ။
ကျွန်မကတော့ မပြည့်တဲ့ အိုး ဘောင်ဘင်ခတ်တယ်လို့ပဲ မြင်မိပါတယ် …. ။ ပညာရှိဖြစ်ပါလျှက် အလကား ဘဝင်မြင့်စိတ်ဝင်နေတယ်လို့လည်း မြင်မိပါတယ် … ။ သူများ ဖိနပ်စီးရလို့ အလုံးရင်း လျော့သွားတာ မှမဟုတ်ပဲလေ … သူများဖိနပ်စီးရုံကလွဲလို့ တခြား ဘာရွေးချယ်စရာမှ သူ့မှာ မရှိတာ (အဲ့ဒီအချိန်က ကြိုမချုပ်ထားလျှင် …. ဖိနပ်ဝယ်မရဘူးပဲ ထားပါတော့…) …
အခြေနေနဲ့ အချိန်ခါကို မှန်ကန်စွာ မဆုံးဖြတ်တတ်သူက ပညာရှိ မဖြစ်ထိုက်ဘူးလို့ မြင်မိပါတယ် … ။
ဖိနပ်ချုပ်သမား လုပ်တာ မှန်ပါတယ်… ကာစတန်မာကို … ရိုသေတဲ့ သဘောနဲ့ အကျိုး မမျှော်လင့်ပဲ … ကူညီသင့်တာ ကူညီပေးပြီး ပွင့်၂လင်း၂ ဆွေးနွေးပြောပြတဲ့ အတွက်ပါ …. ။ သူသာ မျက်နှာလို မျက်နှာရဆိုလျှင် မတန်တဆဈေးနဲ့ ပညာရှိကိုရောင်းပြီး ဖိနပ်ပိုင်ရှင်ကို အကြောင်းပြချက်ရှာ ကျေနပ်တဲ့ အလျှော် နည်းနည်းပိုပေးလိုက်မှာပါ … ။ ဖိနပ်ဖိုး တင်ရောင်းထားတဲ့ ငွေနဲ့ အလျှော်ပေးရတဲ့ ငွေကြားကကျန်တာတော့… သူ့အမြတ်ကိုး 🙄
Shwe Ei
September 26, 2011 at 11:59 am
ဒီနေရာမှာ ပညာတတ်နဲ့ ပညာရှိ တွေးခေါ်ပုံချင်းကွာပါတယ်။ တချို့သော ပညာတတ်တွေက စာတတ်ရုံနဲ့ ပညာရှိဖြစ်ပီလို့ စိတ်ကြီးဝင်တတ်ကြလို့ ”ငါ” ကလွဲပီး တခြားသူတွေကို မတူဘူးမတန်ဘူး မြင်တတ်ကြတာပါ။
thit min
September 26, 2011 at 12:22 pm
“ငါ” စွဲတွေဖြတ်”ကျုပ်”လို့ပြောင်းသုံးလို့ခဏခဏနောက်ဘူးတဲ့သူငယ်ချင်းတယောက်ကိုတောင်သတိရလိုက်မိပါရဲ့။
ဦးချို၊အစွယ်၊အဆိပ်ရှိသမျှနဲ့တော့ မာန်တွေတက်နေကြပါရဲ့။
မြေကြီး၏ရယ်ခြင်း၊ဥစ္စာပစ္စည်း၏ရယ်ခြင်း၊မယား၏ရယ်ခြင်းလို့ဖတ်ဖူးတာရှိပါတယ်။
“ငါ” “ငါ” “ငါ” တွေကိုခုခတ်ဆို “ပြာ” ဘဲကျန်ရတော့မှာပေါ့ဗျာ။
တွေးစရာလေးတွေပါတဲ့စာလေးတွေရေးပေးတာ ကိုသန်းထွဋ်ဦးကိုကျေးဇူးပါ။
taungpawthar
September 27, 2011 at 9:49 am
လက်တွေ ့တကယ်ရှိနိုင်တဲ့ ပုံပြင်မျိုးတော့ မဟုတ်ဘူးထင်တယ် အဲဒီလို ပညာရှိဟန်ဆောင်တဲ့သူ ပညာ ရှိဆိုပြီး မော်ကြွားနေတဲ့ သူမျိူးက သူကိုယ်တိုင်တော့ ဖိနပ်လာ ချုပ်မယ်မထင်ဘူး
windtalker
September 28, 2011 at 11:43 am
မီးလေး
ဖိနပ်ပုံပြင်တွေ ပြီးရင်
မီးလေး ရဲ ့
ကိုယ်တွေ ့ ပုံပြင်လေး တွေ ပါ
သေချာရေးတင်ပေးပါဦးနော်
သိပ်စိတ်ဝင်စားနေလို ့ပါ
မောင်သန်းထွဋ် ဦး
September 28, 2011 at 3:55 pm
အမလေးဗျာ မောင်ပေရယ် မီးလေးတော့မလုပ်ပါရစေနဲ ့နော်။အရင့်အမာကြီးပါ။ခုလိုအားပေးဝေဖန်ပေးကြတာကိုကျေးဇူးတင်ပါတယ်နော်။
လင်းဝေကျော်
September 28, 2011 at 12:45 pm
ပုံပြင်တွေရဲ့ ပြဿနာက အဲဒါပါပဲ။
လက်တွေ့နဲ့ မထင်ဟပ်နိုင်ဘူး။ သူပေးချင်တဲ့ မက်ဆေ့ချ် ကို မဖြစ်ဖြစ်အောင် ပေးဖို့ကြိုးစားရတာကိုး။
ဒီတော့ လူကြီးတွေက သရုပ်မှန်ဝါဒီတွေက ပုံပြင်မဖတ်နဲ့။ ဖတ်မိရင် သူပေးချင်တဲ့ အကြောင်းအရာထက် သူပြောတဲ့ တင်ပြတဲ့ ပုံကို လွဲနေတယ် ပြောမိသွားတတ်တာမို့။