Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပြစ်သားမဟုတ် လူသား

Ordinary ManSeptember 26, 20111min3169

ကျနော်တို့က အပြစ်သားမဟုတ်ဘူး လူသား။ ဒါပေမယ့် အပြစ်တွေတော့ အဲဒီလူသားတွေတိုင်းဆီမှာ ရှိကြတယ်။ မွေးဖွားလာစဉ်က ဖြူစင်တဲ့လူသားလေးတစ်ယောက်အဖြစ် မွေးဖွားခဲ့ကြတာပါ။ တစတစ ကြီးပြင်းလာကြတဲ့အခါကြမှ အခြေနေ အရပ်ရပ်ကြောင့် ဖြူစင်တဲ့လူသားအပေါ်မှာ အပြစ်တွေက ဆိုးဆေးအဖြစ် လာရောက်ကပ်ငြိခဲ့ကြရတယ်။

အဲဒီ အပြစ်တွေကို ဆေးကြောလိုက်မယ်ဆိုရင် အဖြူထည်သက်သက်လူသားကျန်နေခဲ့မှာပါ။ ဒီတော့ ဆိုးဆေးဖြစ်တဲ့ အပြစ်တွေကို ကျနော်တို့ ချွတ်ပစ်နိုင်ရမယ်။ ကိုယ့်မှာဖြစ်နေတဲ့အပြစ်တွေကို လူတွေကမသိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပြစ်က ချိုတယ်။ ချိုလို့စားလိုက်တဲ့အခါကြမှ အဖြစ်တွေကဆိုးတာ။ အဖြစ်ဆိုးတာက အပြစ်မဟုတ်ဘူး။ အပြစ်ကျူးလွန်မိလို့ မချိုဘူးဆိုရင် ဒီအပြစ်ကလွန်မြောက်ဖို့ အစပဲ။ အပြစ်တွေကို ဆေးလျှော်ဖို့အတွက် အပြစ်ကို သိမှဖြစ်မယ်။

ဥပမာ- ကျနော်တို့ ကွန်ပျူတာတွေမှာ မလိုအပ်တဲ့ဖိုင်တွေကြောင့် ကွန်ပျူတာ လေးနေခဲ့ရင် အဲဒီဖိုင်တွေကို ကျနော်တို့က ဖြုတ်ပစ်ရမယ်။ ဖြုတ်ပစ်ဖို့အတွက်ဆိုရင် အဲဒီဖိုင်တွေကို အတိအကျသိရမယ်။ ဘယ်လိုဖြုတ်ရမယ်ဆိုတာ သိရမယ်။

အခုလည်း ကျနော်တို့ဆီမှာ အပြစ်တွေရှိနေလို့ ကျနော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်နိုင်ဖြစ်နေရင် အဲဒီအပြစ်တွေကို ကျနော်တို့က ဖယ်ပစ်ရမယ်။ ဖယ်နိုင်ဖို့အတွက် အပြစ်ကိုပီပီပြင်ပြင် သိထားရမယ်။ မဟုတ်ရင်အပြစ်မဟုတ်တာကို အပြစ်မှတ်ပြီး ဖြုတ်၊ အပြစ်ကိုတော့ အပြစ်မှန်းမသိ ထွေးပွေ့ထားရင် ထိုင်နေအကောင်းသား ထသွားမှအကျိုးမှန်းသိ ဆိုတာလိုဖြစ်သွားမှာ။

အပြစ်မဟုတ်ဘဲအပြစ်လို့မြင်ပြီး စိတ်ဆင်းရဲနေရင်လဲ ကိုယ်ပင်ပန်းတာပဲ။

အပြစ်ဆိုတာ

(၁) လူလူချင်းပေါ်မှာဖြစ်ရမှာ

(၂) တပါးသူနစ်နာစေတာ(သို့) ကိုယ်နစ်နာစေတာ(သို့) နှစ်ဦးလုံးနစ်နာစေတာ

(၃) ထပ်ခါတလဲလဲလုပ်ချင်နေတာ

(၄) နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ မျက်နှာထိမျက်နှာထားနဲ့ဖြစ်စေ ကျူးလွန်တာ

ဒီအချက်လေးချက် တစ်ချက်ချက်ချို့ယွင်းရင် အပြစ်မဖြစ်ဘူး။

အပြစ်ကလွန်မြောက်နည်း

အထက်ကအချက်အလက်တွေနဲ့ ညီလို့ အပြစ်ဖြစ်နေရင် အပြစ်ကလွန်မြောက်ဖို့အတွက် သူ့ကိုမွေးဖွားပေးလိုက်တဲ့ အမေ (အပြစ်ရဲ့အကြောင်း) ကို သတ်ရမယ်။ အပြစ်တွေဘယ်လောက်များများ အပြစ်ဖြစ်ရခြင်းအးကြောင်းက အကြမ်းအားဖြင့် (၄) မျိုးပဲရှိတယ်

(၁) ကြောက်လို့

(၂) ကြိုက်လို့

(၃) ဖျက်ချင်လို့

(၄) မှားလို့

ခံစားချက်ဆိုးကို ကြောက်ကြတယ်။

ခံစားချက်ကောင်းကို ကြိုက်ကြတယ်။

ခံစားချက်ဆိုးစေတာတွေကို ဖျက်ချင်ကြတယ်။

ခံစားချက်နဲ့ အဖြစ်ကို မှားမြင်ကြတယ်။

ခံစားချက်က အဖြစ်နဲ့ တခါတလေမှာ ပြောင်းပြန် ဖြစ်စေတယ်။

ဥပမာ – ကျနော်တို့ ပညာတွေသင်ကြတဲ့အခါ ခံစားချက်အားဖြင့် ဆိုးတယ်။ (ပျင်းတယ်၊ မလွတ်လပ်ဘူး)

ဒါပေမယ့် အဖြစ်အားဖြင့် ကောင်းတယ်။ (အသိတိုးတယ်၊ ပညာတတ်တယ်)

သူတပါး ပစ္စည်းကိုခိုးယူရင် ခံစားချက်အားဖြင့်ကောင်းတယ်။ (မလုပ်ပဲ အချောင်ရတာကိုး)

အဖြစ်အားဖြင့်ဆိုးတယ်။ (သူခိုးအဖြင့်ဘဝကျဆုံးတယ်)

ကျနော်တို့က လူလူချင်းဆက်ဆံတဲ့အခါ နှုတ်နဲ့ဖြစ်စေ၊ ကိုယ်နဲ့ဖြစ်စေ၊ မျက်နှာထားနဲ့ဖြစ်စေ ဆက်ဆံကြတာ။ ငါရဲ့ဆက်ဆံပုံက အပြစ်လား။ အပြစ်ရဲ့အရည်အချင်းတွေနဲ့ တို်က်ဆိုင်စစ်ဆေးကြည့် ၊ မဟုတ်ရင် ရဲရဲသာလုပ်။ အပြစ်ရယ်လို့ တွေ့မိရင်တော့ အကြောင်းရင်းရှာပြီး လုံးဝ မလုပ်နဲ့။ ဒါကမလုပ်ရသေးတဲ့ အပြစ်တွေကို မလုပ်မိအောင် သတိထားတာ။

လုပ်ပြီးသားအပြစ်တွေအတွက်ရော?

လုပ်ပြီးသားအပြစ်တွေအတွက်က ရုပ်ရှင်လို ပြန်ရစ်လို့တော့မရဘူးပေါ့။ ဒါပေမယ့် တကယ်အပြစ်ဟုတ်ရိုး မှန်ခဲ့ရင် ကိုယ့်ကျူးလွန်မှုခံရသူကို နှစ်နှစ်ကာကာတောင်းပန်လိုက်ပါ။ တောင်းပန်လိုက်ရင် ဒီနှစ်ဦးကြား နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ပြန်ရမှာပါ။

ကျနော်တို့ အဓိကသတိထားရမှာက ခံစားချက်ဗျ။ ခံစားချက်ကတခါတလေမှာ လူ့အသိကို ပြောင်းပြန်ဖြစ်အောင်လုပ်တယ်။ ဒါပေမယ့် ခံစားချက်မရှိလို့လည်း မဖြစ်ပြန်ဘူး။

ဒါ့ကြောင့် ခံစားချက်ကို ဦးစားမပေးနဲ့၊

လျစ်လျူလည်းမရှုနဲ့။

ခံစားချက်က လူကိုတစ်ခုခုလုပ်ခိုင်းတယ်။ အပြစ်နဲ့လား၊ အပြစ်မဲ့လား ကြည့် အပြစ်နဲ့ဆို don’t အပြစ်မဲ့ဆို do ပေါ့။

ပြုပြီးအပြစ်ကို ဆေးကြောတဲ့အနေနဲ့ တောင်းပန်တာကလည်း ခံစားချက်ဆိုးတယ်။ အောက်ကျတယ်လို့၊ ဘာတို့ ထင်တာပေါ့ ခံစားချက်ပေါ်လာပြီဆို အပြစ်ဟုတ် မဟုတ်ကြည့်ရတော့မယ်။ နှစ်ဦးသားငြိမ်းချမ်းဖို့ပဲ။

(လောကလူသားများ အစဉ်ထာဝရငြိမ်းရေးကို ဦးတည်ဆောင်ရွက်နေကြသူများထဲမှ သဲလေးတစ်ပွင့်အဖြစ် ပါဝင်နေသည်ဟု ခံယူပါသည်။)

9 comments

  • eveningstar

    September 26, 2011 at 4:15 pm

    (၁)လူတစ်ယောက်မူးလာသည် ။ခွေးတစ်ကောင်အိပ်နေသည်။ အကြောင်းတစ်စုံတရာမရှိပါဘဲ ထိုသူကခွေးကို သူပိုင်ခြေထောက်ဖြင့် ကန်လိုက်သည်။ ထပ်ခါတလဲလဲတော့်မကန်ချင်ပါ။
    (၂)မိန်းမတစ်ယောက်ရေချိုးနေသည်။ လူတစ်ယောက်ချောင်းကြည့်နေသည်။ စိတ်ကလည်းပြစ်မှားနေသည်။ ထိုအချိန်တွင်ရေခပ်လာသောလုံမပြိုများရောက်လာ၏။ ထို့ကြောင့်ကျွေဲတစ်ကောင်ကိုပဲကျူးလွန်လိုက်၏။.

    ဆက်ပြိံးမရေးချင်တော့်ပါ။

  • Ordinary Man

    September 26, 2011 at 6:04 pm

    eveningstar ရေ လူတွေမှာ အဲဒီထက်ကြီးမားတဲ့ အပြစ်တွေကို ကျူးလွန်နေကြတာ
    လူတွေကိုထိခိုက်တာက ပိုအရေးကြီးတယ်လို့ခံယူပါတယ်

  • mgmglusoe

    September 26, 2011 at 6:20 pm

    ခက်နေတာက လူတွေမှာ အသက်တစ်ရာမနေရ ပြဿနာပေါင်းက သောင်းခြောက်ထောင် ရှိတယ် တဲ့လေဗျာ
    ဥပမာ… လူတစ်ယောက်ပေါ့ဗျာ အပြစ်မှန်းသိရက်နဲ့ဖြစ်စေ မသိလို့ပဲဖြစ်စေ အပြစ်ကြီးတစ်ခုလုပ်မိတယ်ထားပါတော့
    အပြစ်လုပ်မိတာကို ခံရတဲ့သူဖက်က တန်ပြန်တစ်ခုပြန်လုပ်ပြန် ရောဗျာ ၊ ဒီတော့ ပထမလုပ်မိတဲ့သူ က ငါ့ကိုဒီလို
    လုပ်ရမလားဆိုပြီး ပြန်လည်တုန့်ပြန်ပြန်တော့ မုန့်လုံးစက္ကူကပ်သလို အမုန်း သံသရာလည် တာမျိုး ။
    ဒီလိုကိစ္စမျိုးအတွက် —–ဥပက္ခါ ပြုရမှာလား ?
    ပြိုင်လာလျှင် အရှုံးပေး နှလုံးအေးသောဆေး သဘောထားပေးရမှာလား ?
    ကိုယ့်ကိုဒုက္ခပေးသူကို မေတ္တာပို့ နေရမှာလား ?
    လက်စားချေရမှာလား ( လက်စားချေရမှာလား ဆိုတဲ့မေးခွန်းတော့မေးစရာမလိုဘူးထင်ပါတယ်)
    ဘာကြောင့်လဲဆိုတော့ ရန်ကိုရန်ခြင်းတုန့်ပြန်တဲ့အတွက် မုန်းစကိုရှည်မှာ စိုးလို့ပါ၊

    • Ordinary Man

      September 26, 2011 at 7:34 pm

      ကိုမောင်မောင်လူဆိုးရေ
      ငုံခံရမှာ မဟုတ်သလို မှားယွင်းစွာ တုန့်ပြန်ရမှာလည်းမဟုတ်ဘူး
      မှားရင်ဝန်ခံ မှန်ရင်ဖြေရှင်းရမှာပါ
      ကိုယ်မှားလိုသူကအမှား အပြစ်ကျူးလွန်ရင် ဝန်ခံလိုက်ပါ။
      ကိုယ်မမှားပဲ သူကအမှားနဲ့ အပြစ်ကျူးလွန်ရင် အကျိုးသင့်အကြောင်းသင့် ရှင်းပြရမှာပေါ့
      လောကမှာတော့လူအမျိူးတော့ တွေ့ကြုံရတာပါပဲ။

  • mgmglusoe

    September 26, 2011 at 7:47 pm

    ဟုတ် ကျေးဇူးပါ သင့်တော်လျှော်ကန် တဲ့ အဖြေလေး မို့ ကျေနပ်မိပါတယ် ။ Ordinary Man ရဲ့ အရေးအသားတွေကို
    ဆက်လက် စောင့်မျှော် အားပေးနေပါ့မယ် ။

  • True Answer

    September 26, 2011 at 7:50 pm

    ဒါနဲ့ ခင် ဗျား သတ် မှတ် ချက် အရ သားသတ်သမားတွေကော အပြစ်ရှိသလားဗျ။
    နောက် တိရစ္ဆာန်တွေသတ်ပြီး ယဇ်ပူဇော်တဲ့သူကော အပြစ်ရှိသလားခင်ဗျ။

    • ကြောင်ကြီး

      September 27, 2011 at 10:17 am

      ကိုသစ္စာရေ ခင်ဗှား မိုးပြာကိုယ်တော် ပို့စ်တွေမှာ ပေးလိုက်တဲ့ကွန်မန့်လေ ဘာတဲ့ ဗုဒ္ဓဘာသာ ဂိုဏ်းအားလုံး (ထေရဝါဒ၊ မဟာယန၊ တိဘက်) သည် သံသရာနဲ့ အဓိကကျတဲ့ တရားဒေသနာတွေကို လက်ခံတယ်။ မိုးပြာအုပ်စုက ဘယ်နှယ်ကြောင့် သင်းကွဲငှက်ဖြစ်နေရသလဲဆိုတာ အလွန်ကောင်းသဗျာ။ ဟိုခင်မျာ ဘာမှတောင် မပြန်နိုင်ရှာတော့ဘူး။ သိပ်လည်း စိတ်အနှောက်အယှက် မဖြစ်ပါနဲ့၊ လူတယောက်ထဲက နာမည်မျိုးစုံနဲ့ရေးနေတာ အသိသာကြီး။ ဘယ်သူလည်းဆိုတာတော့ မပြောတော့ပါဘူးဗျာ။ မှန်တာပြော ရွာပြင်ထုတ်ခံနေရအုံးမယ်။ ဒေါ်ရွှေကလည်း ဟိုရောက်ရင် ချမ်းသာပေးမှာ မဟုတ်ဘူး။

  • True Answer

    September 27, 2011 at 7:23 pm

    ခင်ဗျားတို့ တကယ့် ကုသိုလ်၊ အကုသိုလ်၊ အရိယာသစ္စာကို နားလည်ချင်တယ်ရင် ဒီထက်အများကြီး ရိုးသားဖို့လိုပါလိမ့်မယ်။
    ဒီလိုမှမဟုတ်ရင်တော့ ဦးဉာဏသတ်မှတ်တဲ့ အရိယာသစ္စာ နဲ့ အပြစ်ကိုပဲနားလည်လိမ့်မယ်။
    အမှန်တရားကို ဦးဉာဏသတ်မှတ်ချက် တဲ့အတိုင်း အဟုတ်ထင်နေလို့ကတော့
    သဲအင်းဂူဆရာတော်ကြီး စကားနဲ့ ခဏငှားပြောရရင် –
    မိုးကျောခိုင်း လေဖက်ထောက် ယက်ဆင်းရမယ် မှတ်ပါ။
    ရိုင်းတယ်မထင်ပါနဲ့ ခင်ဗျားတို့ကို စေတနာထားလို့ပြောတယ်မှတ်ပါ။

  • kai

    September 28, 2011 at 3:31 am

    အပြစ်ဆိုတာ
    (၁) လူလူချင်းပေါ်မှာဖြစ်ရမှာ
    (၂) တပါးသူနစ်နာစေတာ(သို့) ကိုယ်နစ်နာစေတာ(သို့) နှစ်ဦးလုံးနစ်နာစေတာ
    (၃) ထပ်ခါတလဲလဲလုပ်ချင်နေတာ
    (၄) နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ မျက်နှာထိမျက်နှာထားနဲ့ဖြစ်စေ ကျူးလွန်တာ
    ဒီအချက်လေးချက် တစ်ချက်ချက်ချို့ယွင်းရင် အပြစ်မဖြစ်ဘူး။

    “တချက်ထဲပဲ..ဒါပေမဲ့..အသေ..”
    လူတယောက်က..လူဆိုးတယောက်ခေါင်းကို သံတုတ်နဲ့အသေရိုက်သတ်တယ်ဆိုပါတော့..
    အဲဒါဆို.. ၁၊၂၊၄ နဲ့လည်းပြည့်စုံသွားပြီ..။
    (၃) ထပ်ခါတလဲလဲလုပ်ချင်နေတာမဟုတ်ရင်.. အပြစ်မဖြစ်ဖူး ဆိုလိုချင်နေတာလား…။

    – သမုတိသစ္စာရှုထောင့်နဲ့.. အဲဒီအကောင်ကြီးဟာ လူမဟုတ်..
    ခေါင်းကိုယ်လက်ခြေတွေအစုအပေါင်းကြီဖြစ်ပြီး..တုတ်နဲ့.. ရိုက်ခွဲလိုက်တာ လူမဟုတ်.. ခေါင်းကြီးလို့ပဲကြည့်ကြည့်…
    – ပရမတ္ထသစ္စာရှုထောင့်နဲ့.. အဲဒီအကောင်ကြီးဟာ လူမဟုတ်..
    အပုပ်ကောင်ရုပ်ဆောင်နေတဲ့… ရုပ်နာမ်အစုအဝေးဖြစ်ပြီး.. အာပေါဓါတ်လွန်တဲ့ရုပ်အစုကို..ပထဝီဓါတ်ကဲတဲ့ရုပ်အစုနဲ့ထိလို့.. နာမ်ဖြစ်တဲ့..အသက်ဝိဉာဉ် မရဏဇောကျသွားတယ်လို့ပဲပြောပြော..
    – အရိယသစ္စာရှုထောင့်နဲ့.. အဲဒီလူဟာ..လူတွေကိုဒုက္ခပေးနေတဲ့လူဆိုးဖြစ်တာမို့.. လောကလူသားများ အစဉ်ထာဝရငြိမ်းရေးကို ဦးတည်ပြီး..(ကိုယ့်ရဲ့မြင့်မြတ်တဲ့ ဘဝကိုအနစ်နာခံကာ) နောင်လူသားတွေဒုက္ခမဖြစ်အောင်အဆုံးသတ်ပေးလိုက်တယ်…ဆိုဆို…

    အဲဒီလိုလူသတ်တာကို.. ဘယ်သူမှမသိလိုက်ရင်လည်း လူသတ်သူဟာ.. လူသတ်သမားဆိုတဲ့.. ဘဝကိုလည်းကျဆုံးမှာသေချာတယ်..။ အပြစ်ကတော့ ဖြစ်နေတာ ..အသေအချာပဲ..။
    – ဥပဒေအရတော့.. လူးကောင်းက လူဆိုးသတ်လည်း.. လူသတ်မှုအပြစ်နဲ့..ထောင်ကျမှာသေချာတယ်..။ 🙁

    မိုးပြာရှုထောင့်နဲ့.. နားလည်အောင်ရှင်းပြပေးပါဦး… 🙂

Leave a Reply