တမ်းတခြင်း… မိုး
အဲဒီတုန်းကလေ …
မိုးတွေလဲ ရွာနေခဲ့သလို
အချစ်တွေလည်း မုန်တိုင်းထန်ခဲ့ကြတယ်
မည်းညို့နေတဲ့ တိမ်ထူထူတွေ ပြေးလွှားနေတာမော့ကြည့်ရင်း
ကလေးလေးလို မင်းရယ်ခဲ့ဖူးတယ်
သူတို့တွေ ဘယ်မှာများ ရွာမှာမို့လို့ အလျင်လိုနေတာလဲ… တဲ့
နောက်ဆုံးတော့လည်း
ထီးသေးသေးလေးတစ်ချောင်းထဲရှိတဲ့
မင်းနဲ့ငါ့အပေါ်ပဲ သူတို့တွေ သက်ဆင်းလာကြတာ
ရွှဲရွှဲစိုနေကြပေမယ့် ငါတို့တွေ နွေးထွေးနေခဲ့ပါတယ်
ခုတော့လည်း …
အလွမ်းတွေ တစ်ဖွဲဖွဲနဲ့
စဲ.. မစဲနိုင်တော့ပါလားကွယ်..။ ။
3 comments
etone
September 29, 2011 at 9:02 am
ဟိုလူကြီးနော် … ဟိုမိုးကို ပြောသလိုလိုနဲ့ … သူပြောချင်တဲ့ မိုးကို ပါအောင် ထည့်ရေးသွားတယ် 😛 😛
နွယ်ပင်
September 29, 2011 at 10:06 am
etone ရယ် ဒါက တစ်ချက်တည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တဲ့ သဘောပါ
ကိုရှူံးကို နားလည်ပေးလိုက်ပါလေ ………. 😛
ကြောင်ကြီး
September 29, 2011 at 9:49 am
အလွမ်းတွေ မစဲပေမဲ့ ကြောင်ကြီးကိုယ်မှာ သန်းတွေခဲနေဆဲပါ ခိုင်…။ 😥