Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြစ်ဆုံအတွက် ရုပ်ရှင်မင်းသားကျော်သူ မုတ်ဆိတ် နှုတ်ခမ်းမွှေးရိပ်

၂၀၀ရ နောက်ပိုင်းထဲက မုတ်ဆိတ် နှုတ်ခမ်းမွှေး နောက် ဆံပင် အရှည်ကြီးနဲ ့ တွေ ့နေရတဲ့ ဒါရိုက်တာ – ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူဟာ ဒီနေ ့ စက်တင်ဘာ ၃ဝ ရက်နေ ့မှာ အစိုးရအနေနဲ ့ မြစ်ဆုံ ဆက်မဆောက်တော့ဘူးလို ့ သိလိုက်ရတဲ့အတွက် သူ ့ရဲ ့ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေကို ရိတ်လိုက်ပါပြီ ..

 

နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပြီးသွားရင် ကျန်နေသေးတဲ့ ဆံပင်ကို ညှပ်ပါမယ်တဲ့ …. ဒါဟာ သူ ့ရဲ ့ အဓိဌာန် ပါတဲ့..

 

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးမောင်က မုတ်ဆိတ် နှုတ်ခမ်းမွှေး နောက် ဆံပင် အရှည်ကြီးနဲ ့ စတိုင် တမျိုးနဲ ့ ကြည့်ကောင်းပေမယ့် — ငယ်ငယ်ထဲက ကျော်သူဆိုတာ သပ်သပ်ရပ်ရပ်လေး – ရယ်လိုက်ရင် စွဲဆောင်မှုအပြည့်နဲ ့အပြုံးလေးတွေကြောင့် — ဦးမောင်ရယ် သပ်သပ်ရပ်ရပ်လေး ပြန်နေပါ – အဖိုးကြီးလို မနေပါနဲ ့ဆိုပြီး ခဏခဏ  နားပေးငြီးခဲ့ဖူးပါတယ်.. (မရွှေဇီးကွက်ကိုလဲ သမ္မတ က အဲ့လို အကြံပေးခဲ့ဖူးပါတယ်)

 

အရင်တပါတ်ကလဲ ဦးမောင်ရေ ရုပ်ရှင် ပြန်ရိုက်ရင် ရိုက်ရတော့မယ် — အရင်လို ပြန် လှလှပပ သေသေသပ်သပ်လေး ပြန်နေထားဦး — ဒါမှ ရုပ်ရှင်ရိုက်ရင် အဆင်သင့်ဖြစ်မှာ — နောက်မို ့ဆို အဖေအခန်းကပဲ နေနေရမယ် — ဘယ်သူ ဘယ်သူတွေနဲ ့ မတွဲချင်ဘူးလားပေါ့ လို ့တောင် စခဲ့ပါသေးတယ်..

 

မုတ်ဆိတ်တွေနဲ ့ဆိုတော့ ကိုကျော်သူ  ခေါ်မထွက်တော့ပဲ ဦးမောင် ပဲ ခေါ်ဖြစ်သွားတယ်လေ.. တကယ်ရုပ်ရှင်ပြန်ရိုက်ရရင်လဲ အဖေ အဖိုးအခန်းကပဲ ပြန်ပါရတော့မှာပေါ့.. ငယ်ငယ်ထဲကအသည်းစွဲ ရုပ်ရှင်မင်းသား ကျော်သူကို အခုအချိန်မှာလည်း  ချောချောမောမော ကျော်သူအနေနဲ ့ ပိတ်ကားပေါ် ပြန်မြင်ချင်သေးလို ့ သွား ဂျီကျ နားငြီးပေးထားတာ…- လူတွေက ကျော်သူဆိုရင် ချစ်တယ် — ဦးမောင်ဆိုရင် လေးစားတာလို ့ -ဆိုင် မဆိုင်မသိ သွားပြောမိလိုက်သေး….

 

ဒီနေ ့ညနေကတော့ ဦးမောင်က နုတ်ခမ်းမွှေးနဲ ့ မုတ်ဆိတ်တွေ ရိတ်လိုက်ပြီလို ့ လာပြောလို ့ ပျော်သွားလိုက်တာ.. ဘယ်ပုံကြိုက်လဲတဲ့… ပုံတွေလဲ ပို ့ပေးလာတယ် .. အားလုံးကြိုက်တယ် ဦးမောင်ရေ …. ဦးမောင်ရဲ ့ ပရိသတ်တွေအတွက်လဲ ခွင့်မတောင်းပဲ ပြန်မျှဝေလိုက်မိပြီ…

 

နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်မှ ဆံပင်ညှပ်တော့မယ်.. အခုတော့ ယောင်ထုံးကျော်သူ အနေနဲ ့ နေဦးမယ်ဆိုတဲ့ ဦးမောင် ယောင်ထုံးလဲ အမြန်ကျွတ်ပါစေ…

 

အမေ့ ၆၆ နှစ်ပြည့်မွေးနေ ့တုံးကလည်း အမေက ပြောတယ်တဲ့ – ကိုယ်က ဦးစီးဦးဆောင်လုပ်နေတဲ့သူ တယောက်အနေနဲ ့ လူငယ်တွေ လိုက်မလုပ်သင့်တာတွေ ကိုယ်က မလုပ်ပြရဘူး.. စံပြနေသင့်တယ်ဆိုလို ့ အမေ့စကားနားထောင်ရင်း အမေ့အတွက် မွေးနေ ့လက်ဆောင်အနေနဲ ့ ဆေးလိပ်ဖြတ်လိုက်ပါတယ်.. Congratulations ပါ ဦးမောင်…

 

ငယ်ငယ်ထဲကချစ်ခဲ့ရတဲ့ မင်းသားကျော်သူကို ပိတ်ကားပေါ် အမြန်ပြန်ကြည့်ချင်ပါပြီ…

 

စတိုင်သစ်နဲ ့ ကျော်သူ

စတိုင်သစ်နဲ ့ ကျော်သူ

မုတ်ဆိတ်တွေနဲ ့ဦးမောင်

13 comments

  • yetazar

    October 1, 2011 at 2:09 pm

    ကိုကျော်သူ ခု တင်ထားတဲ့ပုံကိုမြင်ရတာ ဆရာကြီးမင်းသိင်္ခ ကိုသတိရလိုက်တာဗျာ ။ ဆရာကြီးသာရှိရင် ဧရာဝတီမြစ်ကြီးအကြောင်းကိုဘယ်လိုများပြောမလဲမသိဘူး ။

  • ကိုကိုလူဆိုး

    October 1, 2011 at 3:10 pm

    နိုင်ငံရေးအကျဉ်းသားတွေကိုသာ လွှတ်ပေးရင် ဦးကျော်သူကြီး ဦးဇာဂနာလို ကတုံးပါ တုံးမယ်ထင်တယ် 😀

  • nayminn

    October 1, 2011 at 4:39 pm

    ဦးမောင်…ဆံပင်အတိုနဲ့ မြန်မြန်မြင်ပါရစေ။

  • yetazar

    October 1, 2011 at 6:49 pm

    ခုဆံပင်နဲ့လဲလိုက်တယ်ဗျ ။ မြန်မာပီသလိုက်တဲ့မျက်နှာထားဗျာ ။ လေးစားတယ် ။

  • မောင်တုတ် ကြီး

    October 1, 2011 at 6:58 pm

    အားလုံးအချုပ်နှောင်ကင်းပြီး ငြိမ်းချမ်းပါစေ။

  • chitsu

    October 1, 2011 at 9:14 pm

    ဦးကျော်သူကိုတော့အရမ်း
    လေးစားရပါတယ်…ကိုယ်ကျိုးမရှာဘဲသူတပါးအကျိုးကိုဆောင်ရွက်နေပေးလို့ပါ

  • bigbird

    October 2, 2011 at 1:54 am

    ရင်ထဲကနှစ်သက်ခဲ့ရတဲ့ မင်းသားတစ်ဦးပါ…
    ခုတော့ လေးစားတာက ပိုသွားပြီး။

  • tattoo

    October 2, 2011 at 11:32 am

    ဧရာဝတီကို ချစ်ကြတဲ့မြန်မာများနဲ့ မြန်မာပြည်သားတွေအားလုံး ပျော်နေမယ်လို့ ထင်ပါတယ်

  • naywoonni

    October 10, 2011 at 7:03 pm

    ဓါးတောင် ဇာတ်ကားကိုတောင် သတိရသွားတယ်……..

  • နွယ်ပင်

    October 11, 2011 at 9:12 am

    ဂျာနယ်ထဲ ဖတ်လိုက်ရတာကတော့ ကျော်သူက မြစ်ဆုံအတွက်
    မုတ်ဆိတ် နှုတ်ခမ်းမွှေးရိပ်တာမျိုးမဟုတ်ဘဲ အဓိဌာန်ဝင်လို့
    ပြန်ထွက်တာနဲ့ ကြုံသွားလို့ ရိတ်ဖြစ်တာပါလို့ ပြေတာ ဖတ်လိုက်ရတယ် ။

  • etone

    October 11, 2011 at 11:04 am

    ရိတ်မယ့်ရိတ် အကုန်ရိတ်တာမဟုတ်ဘူး … (မုတ်ဆိတ်ပြောပါတယ် 😛 ) ဘာလို့ နည်းနည်းလေး ချန်ထားခဲ့ရတာလည်း မသိဘူး 🙄

    နာရေးကူညီမှူ အသင်းက ကိစ္စတွေလိုက်လုပ်နေတဲ့ သူ့ကို အပြင်မှာတွေ့တော့ အတော်တောင် အံ့ဩသွားတယ် .. တစ်ချိန်က ကုလား မင်းသားလေးလို ရုပ်မျိုးနဲ့ … ပိတ်ကားပေါ်က လူကြိုက်များတဲ့ သရုပ်ဆောင်တစ်ယောက် … ပရဟိတ္တလုပ်ငန်းတွေလုပ်ရင်း … ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်အောင်ပဲ …အဝတ်စား ၊ ဆံပင် နဲ့ ခြေလက်တွေကအစ … ညစ်ထေးနေတာ … ။ ဂျပန်ဖိနပ်ကြီးလေး စီးပြီး … နေလောင်ခံရတဲ့ အသားတွေနဲ့ …. သူ့သွင်ပြင်က ကိုယ်ကျိုးမဖတ်တဲ့ စိတ်ဓါတ်ကို ပေါ်လွင်စေပါတယ် 🙂

  • Pearl May

    October 11, 2011 at 1:26 pm

    ခုလွှတ်ပြီတဲ့နော်။ ဘယ်သူတွေဘယ်လိုလွတ်လာမလဲပဲ။ ဦးကျော်သူ ဆံပင်တိုတိုမြင်ရပါစေလို့။

Leave a Reply