ဦးလန်ဘား ၏ စွန် ့စားခန်းများ(The end)
ဦးသာဝ နှင့် ဒေါ်မြ တို ့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေခိုက်..
သူကြီး ၏ မိန် ့ကြားချက် အရ ဒေါ်မြ မှ စပြောလာသည် ။
“ ဒီလိုပါ တော် .. ”
ဒေါ်မြ သည် ရွာသာယာ ရှိ တစ်ခုထဲသော တည်းခိုခန်း ပိုင်ရှင် ။ အသက် ၄ဝ ကျော် အပျိုကြီး ။
တည်းခိုခန်း ဆိုလို ့၊ အကြီးအကျယ် အခမ်းအနားကြီး မဟုတ် ။ ရွာမှာ ဆိုတော့က..
သူမ ၏ ရေနံချေးသုတ် နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး အောက်ထပ် တွင် အခန်းများ ဖွဲ ့ကာ ၊ ဖွင့်ထားခြင်း ဖြစ်သည် ။
ရွာသာယာ ရှိ ယာခင်းများ သီးနှံထွက်ချိန် ဆိုလျှင် ၊ ဈေးဝယ်လာ ခရီးသည် များ တည်းခိုလေ့ရှိသည် ။
ပုံမှန် အချိန်ဆိုလျှင် တော့ ဒေါ်မြ တစ်ယောက်ထဲ နေသည် ။ သူမ က ကပ်စေး မို ့ဘယ်အမျိုးကို မှ ခေါ်မထား ။
တည်းခိုသူ ရှိလာမှ ၊ အမျိုးထဲ မှ ချာတိတ်တစ်ယောက်ယောက် ကို မဖြစ်စလောက် မုန် ့ဖိုး ပဲဖိုး လေး ပေးကာ ၊ လက်တိုလက်တောင်း ခေါ်ခိုင်းသည် ။
ယခု ဖြစ်ပုံမှာ ၊ ညနေ နေဝင်ပြီ ဆိုလျှင် ၊ ဒေါ်မြ ၏ တည်းခိုခန်း အပြင် မှ အသံများ ကြားနေရခြင်း ဖြစ်သည် ။
တည်းခိုမည့်လူကလည်း မရှိတော့ ၊ တစ်အိမ်လုံးတွင် ဒေါ်မြ တစ်ယောက်ထဲ ။
သူမ က ကြောက်တတ်သူမို ့၊ အောက်ထပ်ကို ဆင်းမကြည့်ရဲ ။ “သတ္တဝါ တစ်ကောင်ကောင်ဖြစ်မှာပါလေ” ဟု ဆုံးဖြတ်ကာ ညအိပ်ယာဝင်လိုက်သည် ။
သို ့သော် ထိုအသံ က တစ်ရက်ထဲ မဟုတ် ၊ နောက်ရက်တွေ လည်း ၊ ညနေဝင်ချိန်တိုင်း ဆက်တိုက်ကြားလာရသောအခါ…
ဒေါ်မြ တစ်ယောက် သူကြီး ဆီ ပြေးလာတော့သည် ။
ထို ့နောက် ဦးသာဝ က စကားဆက်သည် ။
တိုက်တိုက်ဆိုင်ဆိုင် ပင် ၊ ဦးသာဝ က လည်း အသက် ၅ဝ နီးပါး မုဆိုးဖိုကြီး ။ သားသမီး မရှိ ။
ဒေါ်မြ အိမ် ၏ ဘေးတစ်အိမ်ကျော် တွင် တစ်ကိုယ်ထဲ နေသည် ။ ဦးသာဝ က ရွာသာယာ ၏ အကြောပြင် အနှိပ်သည် ။
ဦးသာဝ ၏ ဖြစ်ပုံမှာ… တစ်ရက်က ၊ ညနေ နေဝင်ချိန်ကြီး ၊ ဦးသာဝ အိမ်ကို တံခါးလာခေါက်သည် ဟု ဆိုလာသည် ။
မည်သူလဲ ဟုမေးတော့ ၊ “အကြောပြင်ချင်လို ့၊ ဒေါ်မြ တည်းခိုခန်း ကို လိုက်ခဲ့ပါ” ဟု ပြောကာ အသံပျောက်သွားသည် ။
ဦးသာဝ လည်း ထလိုက်သွားတော့ ၊ ဒေါ်မြ တည်းခိုခန်း က မည်းမည်းမှောင်မှောင် ၊ တည်းခိုသည့် လူရှိသည့် ပုံ မပေါ် ။
မနက်ကြမှ ဒေါ်မြ မေးကြည့်တော့ ၊ တည်းခိုသည့် သူမရှိပါတဲ့ ။ တစ်ယောက်ယောက် နောက်ပြီပေါ့လေ ။
ဒါနဲ ့..နောက်နေ ့တွေ ကြတော့ လည်း ၊ အချိန်ကြ လျှင် ၊ လာခေါ်ပြန်သည် ။ ယောင်ပြီး လိုက်သွားမိတော့ ဘယ်သူမှ မရှိ ။
သို ့နှင့် ဦးသာဝ လည်း ဒေါသတွေ ဖြစ်ပြီး ၊ အကြောင်းစုံကို တိုင်ကြားရန် သူကြီးဆီ ရောက်လာခြင်း ဖြစ်သည် ။
သို ့နှင့် ဦးသာဝ နှင့် ဒေါ်မြ တို ့သည် ၊ သူတို ့၏ အဖြစ်ဆန်းများကို စုံထောက်ကြီး ဦးလန်ဘား ကို စုံစမ်း ခိုင်းလိုက်ကြသည် ။
ဦးလန်ဘား လည်း အမှု မလိုက်ရသည် မှာ ကြာပြီ ဖြစ်သဖြင့် ဝမ်းသာအားရ ဖြင့် လက်ခံလိုက်လေသည် ။
ထို ့နေ ့ညနေစောင်းမှ စ၍ ဦးလန်ဘား တစ်ယောက် စတင် လှုပ်ရှားတော့လေသည် ။
ပထမ ဆုံး ဒေါ်မြ အိမ်၊တည်းခိုခန်း သို ့သွားရောက် စနည်းနာသည် ။
ဒေါ်မြ ပြောခဲ့သလို ပင် ၊ တည်းခိုသည့်သူ မရှိ ။ တစ်ညတာ နေထိုင် စုံစမ်းဖို ့ဒေါ်မြ ကို ခွင့်တောင်းလိုက်သည် ။
ဒေါ်မြကလည်း ခွင့်ပြုသဖြင့် ၊ ဦးလန်ဘား တည်းခိုခန်း ဖွင့်ထားရာ အောက်ထပ် အခန်းတစ်ခန်း အတွင်း ဝင်နေလိုက်သည် ။ သူ၏ လက်စွဲတော် ကျွဲချို လေးခွ ကြီးနှင့် ။
ဒေါ်မြ ကိုလည်း ၊ သူ ရှိနေတာ ကို လျှို ့ဝှက်ထားရန် မှာလိုက်သည် ။
နေဝင်သွားပြီး ညချိန် သို ့ရောက်လာပြီ ။
ဦးလန်ဘား တစ်ယောက် အမှု လိုက်ချင်လို ့သာ လာစောင့်ရသော်လည်း ၊ သူ ့ခဗျာ လည်း ခပ်ကြောက်ကြောက်ရယ် ။
ငယ်စဉ်ကိုရင်ဝတ်တုန်း က ကျက်ခဲ့သမျှ ဘုရားစာ လေး တွေ ကို ပြန်ရွတ်ရင်း စောင့်နေသည် ။
ည ၉ နာရီ ခန် ့အထိ ဘာသံ မှ မကြားရသေး ။ ဦးလန်ဘား တစ်ယောက် ငိုက်စ ပြုလာသည် ။
ထိုအချိန်တွင် ၊ တည်းခိုခန်း အပေါက် တံခါးဝ နားဆီ မှ ၊ လျှောက်လှမ်းလာသော ခြေသံ တစ်ခု ကို ကြားလိုက်ရသည် ။
“ ဟေ့….အပြင် က ဘယ်သူလဲ ၊ ငါ စုံထောက်ကြီး ဦးလန်ဘား ဒီမှာ ရှိတယ်နော် ”
ခြေသံ က တံခါးဝ ဆီ မှ ပြန်ထွက်ခွာသွားသည့် ပုံစံ ။ ထိုအခါ မှ ဦးလန်ဘား လည်း အပြင်သို ့ထွက်ကာ ၊ အမှောင်ထဲ ဓါတ်မီး တစ်လက် နှင့် လိုက်ကြည့်သည် ။
ဘာမှ ကို မတွေ ့။ သို ့နှင့် သူ ့ အခန်းထဲ သို ့ပြန်ဝင်လိုက်တော့ ၊ အပေါ်ထပ် ဒေါ်မြ အခန်းထဲ မှ စကားပြောသံသဲ့သဲ့ ကြားလိုက်ရသည် ။
ဒေါ်မြ သည် တစ်ယောက်ထဲ နေသူ အပျိုကြီး ဖြစ်၍ သူ အံ့ဩသွားသည် ။
“သူခိုးများ ဝင်နေတာများလား” ဟု အပေါ်သို ့ကုတ်ချောင်းချောင်း နှင့် တက်ကြည့်လိုက်သော အခါ မြင်ရသော မြင်ကွင်းမှာ ၊
ဦးသာဝ က ဒေါ်မြ အနောက်မှ နေပြီး နောက်ကြောကို ဘာနှင့် လည်း မသိ ထောက်နေသည် ။
ဦးလန်ဘား လည်း မနေတော့ပဲ ၊ ဦးသာဝ ဆီ ပြေးသွားပြီး အနောက်မှ ဖက်ကာ ဆွဲ လှဲ လိုက်သည် ။ ဖုန်းကနဲ ဦးသာဝ ကြမ်းပြင်ပေါ် နောက်ပြန်လဲသွားသည် ။
“ အောင်မလေး..ကိုကိုသာ သေပါပြီတော် ၊ လာကြပါဦးရှင် ၊ ဟောဒီမှာ..ဦးလန်ဘား သောင်းကြမ်း နေလို ့ပါတော် ”
“ ဟာ..ဒေါ်မြ မအော်နဲ ့လေ ဗျာ ၊ ခင်ဗျား ကို ဦးသာဝ က မကောင်းကြံ နေလို ့၊ ကျုပ် က လဲ ကယ်ရသေးတယ် ”
“ ဘာလို ့ကိုကိုသာ က ကျွန်မ ကို မကောင်းကြံ ရမှာလဲ ၊ ကျွန်မ နောက်ကြောတွေ တက်နေလို ့ ၊ ကိုကိုသာ က ကျွန်မ နောက်ကြော ကို သူ ့ဒူးနဲ ့ချေပေးနေတာကို ၊ ရှင် က လူစွမ်းကောင်း လုပ်တယ်ပေါ့လေ ၊ ဟင်း..ဟင်း ၊ သိမယ် ၊ ရှင် ဒီလို အကြမ်းဖက် တဲ့ ကိစ္စ ကို သူကြီး ဆီ မှာ တိုင်မယ် ”
“ ဟောဗျာ..ခင်ဗျား တို ့ဘဲ ၊ ညရေး ညတာ အတွက် ကျုပ် ကို အမှု အပ်ထား တာလေ ၊ ခင်ဗျား တို ့ငှားထားလို ့ကျုပ် က ကာကွယ်ပေးနေတဲ့ ဟာ ၊ မကျေနပ် တိုင်ဗျာ ၊ ကျုပ် လဲ ရှင်းဖို ့အသင့်ပဲ ”
သို ့ဖြင့် ဦးသာဝ ၊ ဒေါ်မြ နှင့် ဦးလန်ဘား တို ့ သူကြီးအိမ် သို ့ညကြီးမင်းကြီး ရောက်သွားကြလေသည် ။
သူကြီးလည်း အိပ်ချင်မူးတူး ဖြင့်
“ လုပ်လာပြန်ပြီ ကွာ ၊ ဘာဖြစ်ပြန်ပြီ တဲ့ လဲ ၊ လန်ဘားရေ ”
ဦးလန်ဘားလည်း အကြောင်းစုံ ကို ရှင်းပြလိုက်သောအခါ
“ ဦးလန်ဘား လုပ်တာ အမှန်ပဲလေ ၊ ဒေါ်မြ အိမ်မှာ သူ စောင့်နေရတော့ ၊ မသင်္ကာလို ့သူ လုပ်မိတာပေါ့ ၊ ဒါနဲ ့ဦးသာဝ က ဘာကိစ္စ နဲ ့၊ အချိန်မတော်ကြီး မှ ဒေါ်မြ အခန်းထဲ ရောက်နေရတာ လဲ ၊ ပြောပါဦး…”
ဦးသာဝ နှင့် ဒေါ်မြ တို ့တစ်ဦးကို တစ်ဦး ကြည့်နေကြသည် ။ ဒေါ်မြ က ၁၆ နှစ်မလေး ရှက်သလို မခို ့တရို ့လေး လုပ်ရင်း ဦးသာဝ ကို လက်တို ့လိုက်သည် ။
“ ဒီလိုပါ..ဟောဒီက မြမြ နဲ ့ကျုပ် နဲ ့၊ ချစ်ရည်ငံ နေတာ ကြာပါပြီ ”
“ ဟေ.. ”
“ ဟောဗျာ .. ”
ဦးသာဝ လည်း အခု မှ ရှက်ပြီး မျက်နှာကြီး နီလာသည် ။ ဒေါ်မြ က ဆက်ပြောရန် သူ ့ပခုံးအား ကုတ်နေသည် ။
“ ကျုပ် တို ့ညပိုင်းတွေ မှာ ဆို တွေ ့နေကြပါ ၊ ကျုပ်တို ့တွေ ့တာ ကို ရွာထဲ က ချာတိတ် တစ်ချို ့က သိသွားတယ် ထင်ပါရဲ ့၊ လာလာနှောင့်ယှက်နေကြလို ့၊ သူကြီး ကို အပူကပ်ပြီး ဦးလန်ဘား ကို စောင့်ဖမ်းခိုင်းလိုက်ရင်း အခုလို ဦးလန်ဘား က ကျုပ် ကို အထင်လွဲတာတွေ ဖြစ်ကုန်တော့တာပါပဲ ”
“ ဟောဗျာ…ခင်ဗျား တို ့နှစ်ယောက် ချိန်းတွေ ့တာ လုံခြုံရေး အတွက် ကျုပ် ကို ဒရဝမ် ငှား တဲ့ သဘောပေါ့လေ ၊ ကောင်းကြသေးရဲ ့လားဗျာ… သူကြီး ၊ ကျုပ် လို စုံထောက်ကြီး တစ်ယောက် ကို ကလီကမာ နဲ ့ဒရဝမ် လုပ်ခိုင်းတာ ကျုပ် မကျေနပ်ဘူး ၊ သူကြီး ရှင်းပေး ”
သူကြီး လည်း ဘာ ဝင်ပြောရမှန်း မသိ ။ ဦးလန်ဘား တော်တော် ဒေါသဖြစ်နေပုံ ရသည် ။
“ ဦးလန်ဘား ကို ကျွန်တော် သာဝ နဲ ့မြမြ တို ့က ကျေနပ်အောင် တောင်းပန်ပါ့မယ် ။ ဦလန်ဘား အနေနဲ ့အထူးတလည် စောင့်ရှောက်ပေးတဲ့ အတွက် အဖိုးအခ ကို ထိုက်ထိုက်တန်တန် ဆုချ ပါမယ် ဗျာ ၊ အခု ခင်ဗျား တို ့လဲ အားလုံး သိကုန်ကြပြီ ဆိုတော့ ၊ ဒီ ဝါကျွတ် မှာ ကျုပ်တို ့ရဲ ့မင်္ဂလာပွဲ လေး ကို လုပ်တော့မှာမို ့၊ တစ်ခါထဲ ကြိုဖိတ် လိုက်တယ်နော် ”
ဦးလန်ဘား လည်း အာကေ ကောင်းကောင်း လာမည် ဆိုသောကြောင့် နှုတ်ဆိတ်သွားသည် ။ သူကြီး က
“ အေး…ဦးသာဝ နဲ ့ဒေါ်မြ ၊ ခင်ဗျား တို ့ကလဲ ခင်ဗျား တို ့ပဲ ၊ ချစ်ကြိုက်နေရင်လဲ အစကတဲ က ပေါ်တင်ယူလိုက်ကြ ပြီးနေတာပဲဟာ ၊ ခင်ဗျား တို ့က လျှို တိတ် လုပ်တော့ ၊ ရွာထဲ က ကလေး တွေ က အူယားကြပြီး ၊ ခင်ဗျား တို ့နှစ်ယောက် ကို နှောင့်ယှက်ကြတာ နေမှာပေါ့ ၊ ကျုပ်တို ့ရွာအကြောင်းလဲ သိရဲ ့သားနဲ ့ ”
“ ဪ..သူကြီးရယ် ခိုးစားရတဲ့ အသီးက ပိုချိုတာ မလား ..ဟီးဟီး ”
ထိုစဉ် ဒေါ်မြ က ဦးသာဝ ဗိုက်ကို ဆွဲလိမ် လိုက်သဖြင့်
“ အား..နာတယ် မြမြ ရဲ ့ … ”
ဦးလန်ဘား လည်း
“ တော်တော် ကမြင်းကြောထတဲ့ လူတွေပဲ ၊ တော်ပြီ…နောက်ကို စုံထောက် လုပ်မစားတော့ဘူး ၊ ရွာထဲ က ခင်ဗျားတို ့လို ကြိတ်ပုန်း အတွဲတွေ ပဲ လိုက်စောင့်ပေးတော့မယ် ဗျို ့ ၊ ဟားဟားဟားဟား ”
xxxxxxxxxxxxx The end xxxxxxxxxxxxx
——————– အားလုံးကို ကျေးဇူးတင်ပါသည် ——————–
( စာဖတ်သူများ ဖတ်လို ့မကောင်းလျှင် တောင်းပန်ပါသည် ။ ပထမပိုင်းနှင့် ဝေးသွားသဖြင့် ၊ အိုင်ဒီယာ ခန်းသွားပါကြောင်း။ )
5 comments
ဆူး
October 1, 2011 at 7:25 pm
လန်ဘားတော့ တကယ်ဖော်လိုက်ပြီပေါ့..
ကောင်းပါ့ ကောင်းပါ့။
GreeNSheeP
October 1, 2011 at 8:29 pm
အရင်ပို ့စ်တွေ ထဲ ကလို
ရွာထဲက လူတွေ ကို များ
ညွှန်းထားတာလား ဗျို ့
weiwei
October 1, 2011 at 8:57 pm
ဦးလန်ဘားဇာတ်လမ်းကို မဆုံးပါနဲ့အုန်း ..
ရွာထဲက အမှုတွေ ထပ်အပ်ချင်ပါသေးတယ် …
သူကြီးကပြောတော့ ရွာထဲမှာ ၂ ကိုယ်ခွဲဇာတ်လမ်းတွေ များတယ်ဆိုပဲ ..
အဲဒါ ဘယ်သူတွေ ၂ ကိုယ်ခွဲထားသလဲလို့ စုံစမ်းပေးပါအုန်း …
windtalker
October 2, 2011 at 10:41 am
၂ ကိုယ် ခွဲ ဇါတ်လမ်းနဲ ့ပတ်သက်ပြီးတော့
ဟောင်ကောင်ဆူးမ ကို အမှု အပ်တာ ပိုကောင်းမယ် ဗျ
ဘာလို ့လဲ ဆိုရင်
သူကိုယ်တိုင် သူ ့ရဲ ့ဗာပုံပြင် မှာ ၂ကိုယ်ခွဲတွေ ကို
တွေ ့ထားရတာကလား
Koyin Sithu
October 2, 2011 at 11:43 am
ဒီပို့စ်ထဲ… ခိုးစားရတဲ့အသီးက ပိုချိုတယ် ဆိုတဲ့ လူပျိုကြီးအဆိုကို
လုံးဝ ထောက်ခံပါတယ်ဗျို့…. 😀
အိုက်ဒီယာ ခန်းနေရင် ABC ဘီဘီ ၄ +၁ မှီဝဲရင်း အိုက်ဒီယာ ပြန်ဖြည့်နိုင်ပါကြောင်း
အကြံပြုပါတယ်ခင်ဗျာ…