Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

DVB ငွေကြေး အရှုပ်တော်ပုံ VJ အဖွဲ့တချို့ နှုတ်ထွက်

blazeOctober 4, 20111min2220

နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ – DVB သတင်းဌာနတွင် မြန်မာကျပ်ငွေ သိန်း ၃,၀၀ဝ ခန့် တန်ဖိုးရှိသည့် အမေကန်ဒေါ်လာ သုံးသိန်း ငွေစာရင်းကွာဟာမှုကြောင့်  ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်

နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့နှစ်ဦးက အုပ်ချုပ်ရေးရာထူးများမှာ ယာယီ နှုတ်ထွက်ထားပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် နော်ဝေ ရဲဌာနမှ အမှုဖွင့်စစ်ဆေးနေကြောင်း DVB က ထုတ်လွှင့်သွားသည်။

 

လက်ရှိ DVB ၏ ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ကိုယူထားသည့် ဦးဟန်ညောင်ဝေ က “ငွေကြေး ကွာဟ

မှု အဓိကဖြစ်ပွားသည့် နေရာသည် မဲဆောက်အခြေစိုက် ဌာနခွဲမှ ဖြစ်ကြောင်း” ထုတ်ဖော်ပြောဆိုထားသဖြင့် DVB ၏ ပြည်တွင်း လုပ်ငန်းစဉ်များကို တဆင့်လုပ်ကိုင်ဆောင်ရွက် ပေးနေသည့် မဲဆောက်အခြေစိုက် ဌာန ဦးဆောင် တာဝန်ရှိသူ ကိုစံ (ခ) ကိုအောင်ထွန်းနှင့် မဇ္ဈိမ သတင်းထောက် ကျော်ခ က မေးမြန်းထားသည်။

 

ကိုအောင်ထွန်းသည် ၂ဝဝ၆ ခုနှစ် မဲဆောက်အခြေစိုက် DVB ဌာနခွဲ တည်ထောင်စဉ်ကပင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး Burma VJ အဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

 

DVB ရဲ့ အမေရိကန်ဒေါ်လာ ၃ သိန်းကွာဟမှုဖြစ်နေတဲ့နေရာဟာ မဲဆောက်ရုံးက အဓိကလို့ DVB ဘုတ်အဖွဲ့က သတင်းမီဒီယာတွေကို ပြောဆိုနေတာတွေဟာ တကယ်အမှန်ပဲလားခင်ဗျ။

 

 

“ဒါကဒီလိုပါ။ ဒါရိုက်တာ အပါအဝင် ဘုတ်အဖွဲ့ဝင် ဦးဟန်ညောင်ဝေတို့ ပြောသွားသလိုမျိုး မဲဆောက်မှာ အဓိက

ငွေကွာဟမှုဖြစ်တယ်လို့ ပြောသွားတာတွေ စွပ်စွဲချက်တွေက အပေါ်ယံပါ။ ဒီကိစ္စက မဲဆောက်တင် မဟုတ်ဘဲနဲ့

အော်စလိုက တာဝန်ခံပြီး လက်မှတ်ထိုးထားတဲ့ ကိုခင်မောင်ဝင်းတို့ စသဖြင့် အားလုံးပါဝင်ပတ်သက်နေတဲ့ ကိစ္စပါ။

ဒီကိစ္စကို မဲဆောက်ရုံးဆိုပြီးတော့မှ ဦးဟန်ညောင်ဝေက မကွဲမပြား ပြောသွားတာရှိပါတယ်။ သူ့စကားကို ပြန်ကြည့် လိုက်ရင်လည်း တာဝန်ရှိသူ ၃ ယောက်ဆိုတာက စီနီယာတွေ မန်နေဂျာတွေ ကျနော် အပါအဝင် ပေါ့လေ။ အဲဒီ လူတွေကို ဆိုလိုတာလား ဒါမှမဟုတ် အောစလိုမှာရှိတဲ့ ဒီ Network တခုလုံးရဲ့ အကြီးအကဲ တယောက်ဖြစ်တဲ့ တယောက်ကို ဆိုလိုတာလား စသဖြင့် သူတို့က ကွဲကွဲပြားပြား မပြောတဲ့ အချိန်မှာ ကျနော်တု့ိကလည်း ဘာမှ ပြန်မပြောနိုင်ပါဘူး။”

 

“ဒီကိစ္စ စဖြစ်ကတည်းက လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက သူတို့က ဒီလိုကွာဟမှု ရှိနေတယ်ဆိုတာ

နှုတ်နဲ့ အကြောင်းကြားတဲ့အတွက် ကျနော်တို့ ဒီမှာ စရင်းဇယားတွေ ကိုင်နေရတဲ့လူတွေ ပြုလုပ်ပေးနေရတဲ့

လူတွေကို ဘယ်နေရာတွေမှာ ကွာဟတယ်။ ဘယ်လိုဆိုတာကို တိတိပပ တရားဝင် အီးမေးနဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်

ဖြစ် အကြောင်းကြားခဲ့တာ မရှိပါဘူး။”

 

“ဒီဟာကို နှုတ်နဲ့ပဲပြောလာတော့ ကျနော်တို့က ဒီအပါ်မှာ ဖြေရှင်းခဲ့ပါတယ်။ သူတို့က ဒီဟာကို ပြေလည်မှု မရှိဘဲနဲ့

နောက်ဆုံး ထိုင်းနိုင်ငံကို ကိုအေးချမ်းနိုင် ကိုယ်တိုင်လာပြီးတော့ မြန်မာပြည်ထဲကလာတဲ့ သတင်းထောက်တွေ စီမံနေရတဲ့ လူတွေနဲ့ ဒီဟာကို အကျေအလည် ဆွေးနွေးပြီးတဲ့နောက်မှာမှ သေချာ အဖြေမရှာသွားဘဲနဲ့

အောက်တိုဘာ ၁ ရက်နေ့မှာ မီဒီယာ ထုတ်ပြန်ချက်အနေနဲ့ တဘက်သတ် လုပ်လိုက်တဲ့သဘောမျိုးပါ။”

 

 

 

မဲဆောက်ရုံးရဲ့ တာဝန်က ဘာလဲ။ DVB ရဲ့ အဓိက ဘယ် Program အတွက်၊ ဘာတွေ လုပ်ပေးနေရတာလဲ…

 

 

 

“မဲဆောက်ရုံးဆိုတာက ပြည်တွင်း Network အားလုံးကို အုပ်ချုပ်နေတဲ့ ဌာနချုပ်နေရာပါ။ နဂိုကတည်းက ပြည်တွင်း

က လာတဲ့သတင်းရုပ်သံ အကြမ်းတွေကို သက်ဆိုင်ရာ တခြားဌာနတွေကို ပို့ပေးရတဲ့ တာဝန်ပဲ ရှိခဲ့တာပါ။ နောက်ပိုင်း ကြတော့ ရွှေဝါရောင်လိုကာလမှာ Network မျိုးမှာ ပိုမိုအောင်မြင်လာပြီးတော့ အလုပ်တွေ ပိုအောင်မြင်လာတဲ့ ကာလမှာ။ ကျနော်တို့ကလည်း သတင်းအချောလုပ်ရတဲ့ အနေအထားတွေပါ လုပ်လာရပါတယ်။”

 

“အခြေခံအားဖြင့်တော့ ကျနော်တို့ဒီမှာကတော့ သတင်းအချော သတင်းရုပ်သံအတွက် ပုံမှန်သတင်းတွေအပြင် Feature  မှတ်တမ်းတွေပါ လုပ်ရပါတယ်။ ပြီးတော့ ပြည်တွင်းသတင်းထောက်တွေကို သင်တန်းပေးတာမျိုးတွေ

ပြည်တွင်း သတင်းထောက်တွေ လာတဲ့အခါမှာ လာတဲ့အခါမှာ ဆက်ဆံရတဲ့အခါ၊ နိုင်ငံတကာ သတင်းထောက်

တွေ လာတဲ့အခါတွေမှာ ကူညီဆောင်ရွက်ပေးတာမျိုးတွေ လုပ်ငန်းဆောင်တာတွေကတော့ အများကြီးရှိပါတယ်။”

 

မဲဆောက်ရုံးကို စထောင်တာ ဘယ်တုန်းကလဲ။ လူဦးရေ ဘယ်လောက်ရှိလဲ…

 

“၂ဝဝ၆ နှစ်ဆန်းကတည်းက ဒီမှာ ရုံးအနေနဲ့ ရှိခဲ့တာပါ။ လူဦးရေကတော့ ပုံမှန်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ လတ်မှတ်တွေကလည်း မရှိဘူးဆိုတော့ ဒုက္ခသည်စခန်းထဲမှာ သွားနေရတဲ့ အခါမျိုးတွေ၊ ပြည်တွင်း ပြန်ဝင်

နေရတဲ့ ဟာမျိုးတွေရှိပါတယ်။ ပုံမှန် ပျမ်းမျှအားဖြင့်တော့ ဒီမှာ ၁၅ ယောက်လောက် ရှိပါတယ်။”

 

မဲဆောက်ရုံးက တာဝန်ခံရတဲ့ ပြည်တွင်း သတင်းထောက် ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်လိုတွေလုပ်ကိုင်ရလဲ…

 

“ပြည်တွင်းမှာ ကျနော်တို့ Network မှာပျမ်းမျှအားဖြင့် လူ ၅ဝ ဝန်းကျင်လောက်ရှိတာပေါ့။ စာရင်းဇယား အတိအကျ ကိုတော့ ကျနော်မသိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက အမြဲတမ်းအဝင်အထွက်ရှိတယ်။ တချို့တွေက Network အပေါ် အဖွဲ့ဝင်အဖြစ်အနေနဲ့ ပါဝင်လုပ်ကိုင်နေသူတွေ ရှိနေသေးသလို စိတ်ဓါတ်အရ ပါဝင်ကူညီပေးနေ

တဲ့ လူတွေလည်း ရှိပါတယ်။”

 

“ဒါပေမယ့် အဲဒီမှာ အယောက် ၅ဝ လုံးကတော့ ကင်မရာကိုင်၊ ဘောလ်ပင်၊ စာရွက်ကိုင်ပြီးလုပ်နေတဲ့ သတင်းထောက်တွေ လို့တော့ ပြောလို့မရပါဘူး။ တချို့တွေက သူတို့ သက်ဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍတွေကို တာဝန်အသီးသီး ခွဲယူရတာပါ။ တချို့တွေက ဗွီဒီယို ရိုက်ကူးနေတဲ့ အချိန်မှာ တချို့တွေက အင်တာနက်ဆိုင် ကနေပြီးတော့ ဒီဘက်ကို ပြန်တင်ပေးနေတာ၊ တချို့ကလည်း လူကိုယ်တိုင်သယ်ပြီးတော့ ထိုင်းကို လာပို့တာမျိုး၊ သုတေသနတွေရှိတယ်။”

 

ဒီကဏ္ဍတွေကိုကတော့ ချင်းမိုင်ရုံးနဲ့ ဆက်သွယ်ပြီး လုပ်တာလား အော်စလိုနဲ့ တိုက်ရိုက် ချိတ်ပြီး လုပ်တာလား။ ဘယ်သူက ဦးဆောင်လုပ်ပေးလဲခင်ဗျ…

 

“ကျနော်တို့က နဂို Network စတည်ထောင်ကတည်းက နော်ဝေးမှာရှိတဲ့ ထိပ်တန်း အကြီးအကဲတွေ ဖြစ်တဲ့ ကိုခင်မောင်ဝင်း၊ ကိုအေးချမ်းနိုင်နဲ့ အယ်ဒီတာတချို့လောက်ပဲ သိခဲ့တာပါ။ ဒီချင်းမိုင် မှာရှိတဲ့ သတင်းရုံးနဲ့ မဲဆောက်မှာရှိတဲ့ တခြားသတင်းရုံးတွေက လူတွေတောင် ကျနော်တို့ ဒီမှာရှိတယ်ဆိုတာ ပြီးခဲ့တဲ့ ၂ဝ၁ဝ လောက်က တိတိပပ သိခဲ့တာမဟုတ်ဘူး။”

 

 

အခုကွာဟနေတယ်ဆိုတဲ့ ငွေကြေးတွေဟာ ဘယ်ကာလတုန်းက ဖြစ်တာလဲ။ ဘယ်ကဏ္ဍတွေမှာ

ဖြစ်သွားတာလဲ။ ဘယ်လို စသိတာလဲ…

 

“ငွေရေးကြေးရေး Report  လုပ်ရတဲ့ အပိုင်းကို ပြောရမှာပဲဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ငွေကြေးက ပြန်တင်တဲ့ အခါမျိုးမှာ အကြမ်းလုပ်တဲ့ လုပ်ငန်းနဲ့ Output ကိုပဲ အစပိုင်းမှာ အကြမ်း လုပ်တဲ့ စရင်းဇယားတွေပဲ ရှိပါတယ်။

နောက်ပိုင်းမှာ လုပ်ငန်းချဲ့ထွင်ဖို့နဲ့ ရံပုံငွေတွေ ပိုချပေးတဲ့အခါကြတော့ စရင်းဇယားစနစ်က အမြဲတမ်း ဒီအော်စလို

က ဦးခင်မောင်ဝင်းတို့ တောင်းနေတဲ့ ပုံစံ စနစ်တွေက အမြဲတမ်းပြောင်းလဲနေတာ။ သူတို့ Donors တွေကို

ပြန်တင်ပြတဲ့ အခါမျိုးမှာလား ဒါမှမဟုတ် စရင်း ဇယား အသစ်အတွက်လားဆိုတာ ကျနော်တို့ အတိအကျ မသိပါ

ဘူး။”

 

“ကျနော်တို့ဘက်မှာလည်း ဘယ်သူက ဘာရာထူးနဲ့ ဆိုတာ ခွဲထားတာမရှိပါဘူး။ လုပ်နိုင်တဲ့လူက ပိုလုပ်နေပြီးတော့ မလုပ်နိုင်တဲ့လူတွေက အခါအားလျော်စွာ အပတ်စဉ်လုပ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေကို သူတို့ဘက် ကလည်း နားလည်ပြီးတော့ လူဦးရေ အတိအကျ မဖြစ်လည်း ကိစ္စမရှိပါဘူး။ ဥပမာအားဖြင့် သတင်းထောက်

မောင်ဖြူ၊ မောင်မဲ၊ မောင်နီ စသဖြင့် အဆင်ပြေအောင် စရင်းဇယားမှာ ထည့်လိုက်ပါပေါ့။ လစာကိုလည်း အဆင်ပြေ

အောင်ထည့်လိုက်ပါ စသဖြင့် ဒါတွေက အဲလိုမျိုး တင်ပေးခဲ့တာရှိတယ်။”

 

“ကျနော်တို့က နဂိုကတည်း က Ground မှာလုပ်နေတဲ့ဟာတွေနဲ့က တူနိုင်မှာမဟုတ်ဘူး။ အရင်ကတည်းက အုပ်စုလိုက် မျှဝေပြီး သုံးနေရတဲ့ အနေအထားတွေရှိပါတယ်။  ၂ဝဝ၉ ၊ ၂ဝ၁ဝ နောက်ပိုင်းမှာ ဒီစနစ်နဲ့ပဲ Network ကကြီးထွားလာတယ်။ ငွေကြေးသုံးစွဲမှုများလာတယ်။ စသဖြင့်ရှိခဲ့ပေမယ့်လည်း အားလုံးသွားနေတဲ့ စနစ်က ဒီပုံစံအတိုင်းပါပဲ။”

 

“ဒါပေမယ့် ၂ဝ၁၁ နောက်ပိုင်းမှာ စရင်းစဇယားတွေ ကွာဟနေပါတယ်။ စရင်းကိုင်က တွေ့ရှိပါတယ်ဆိုပြီး အကြောင်းကြားလာပြီး ဘက်ဂျက် ဖြတ်တာမျိုး ဩဂုတ်လက စလုပ်လာပါတယ်။ စလုပ်လာတဲ့ အခါမျိုးကျတော့ ကျနော်တို့က ဒီဘက်ဂျက်နဲ့ ရှိတဲ့ လူဦးရေနဲ့ လုပ်ငန်းတွေကို လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ သူတို့ဆီက တခုခု တုန့်ပြန်ချက်တောင်းတဲ့အခါမှာ ပြန်လည်ပြောကြားနိုင်ခြင်းမရှိပဲနဲ့ ဦးအေးချမ်းနိုင် ကိုယ်တိုင် ဒီထိုင်းနိုင်ငံကို လာပြီးတော့ ပြည်တွင်းထဲက သတင်းထောက်တွေကို ကိုင်တွယ်နေတဲ့ မန်နေဂျာတွေ ဘာတွေနဲ့ ဆက်လုပ်ဖို့ ကိစ္စတချို့ ဆွေးနွေးခဲ့ပါတယ်။”

 

“သူတို့က စရင်းကိုင်ဘက်က သိတာလို့ နောက်ပိုင်းမှာပြောတယ်။ ဘယ်လိုကွာတာလဲ။ ဘယ်လိုကနေ ရှာဖွေတွေ့

ရှိပြီးတော့ ကွာတာလဲ။ အဲဒီလိုတိတိကျကျ မေးတဲ့အခါအမှာ တိတိကျကျ ခုချိန်ထိကို မရှိသေးပါဘူး။ မရှိတဲ့ အခါကြ

တော့ Ground မှာ လုပ်နေတဲ့လူတွေကရော ဒီဘက်မှာ Network အားလုံးကို စီမံအုပ်ချုပ်နေတဲ့ တာဝန်ရှိ သူတွေ ကရော ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။”

 

ဒီလောက် ငွေကွာဟမှုကြီးကိုဘာဖြစ်လို့ခုမှ သိရတာလဲခင်ဗျ…

 

“ဒီလိုမျိုးကွာတယ်။ မကွာဘူးဆိုတာက တချို့လုပ်ငန်းတွမှာ ပြည်တွင်းမှာ လုပ်ငန်းကိစ္စအားလုံးကို လူပုဂ္ဂိုလ် တချို့ရဲ့

နိုင်ငံရေးသိက္ခာ၊ ဂုဏ်သိက္ခာ၊ လုံခြုံရေး စသဖြင့် အတိအကျ မပြောနိုင်တာဘဲ ရှိပါတယ်။ အဲဒီအခါမျိုးကျရင် နှုတ်အား

ဖြင့် ဖြစ်စေ စရင်းဇယားနဲ့ Network ဦးဆောင်လှုပ်ရှားနေတဲ့ လူတွေကလည်း ပြောထားတဲ့ဟာတွေရှိပါတယ်။”

 

“ဒါကိုစရင်းဇယားမှာ အဆင်ပြေသလိုမျိုး သူတို့ လုံခြုံရေးအရ ထည့်သွင်းလိုက်ရတာတွေ ရှိပါတယ်။ နောက်ပိုင်း

ကြတော့ ဒီစရင်းဇယားတွေကို စစ်ဆေးတဲ့အခါမျိုးကြတော့  ဒါကို နဂိုကတည်းက သိရှိခဲ့တဲ့လူတွေက မသိရှိတော့ ပါဘူး။ ဒါမျိုးက မဖြစ်ခဲ့ပါဘူး။ ပြန်လည်ပြီးတော့ အစဖေါ်ပြီးတော့ တာဝန်ခံမှုမရှိတော့ပဲနဲ့ အဲဒီနေရာတွေကနေ ဆွဲထုတ်လိုက်ပြီးတော့ ကွာတယ်ဆိုပြီး ဖြစ်လာတာပါ။ အဲဒီတော့ သူတို့ ဘယ်လိုကွာသလဲ၊ တွေ့ရှိလဲဆိုတာကတော့ သူတို့ စရင်းကိုင်တွေပဲပြောနိုင်မယ်ထင်ပါတယ်။”

 

“ကျနော်တို့အနေနဲ့ကတော့ ဒီဟာတွေ ဘယ်လိုသုံးစွဲခဲ့တယ်။ ပြည်တွင်းမှာ သတင်းကိစ္စတွင် မဟုတ်ဘဲနဲ့ သတင်းနဲ့ ဆက်စပ်နေတဲ့ သတင်းရင်းမြစ်တွေ မှာသုံးစွဲနေတဲ့ ကိစ္စတွေမှာ နှုတ်အားဖြင့် သူတို့ကို ပြောထားခဲ့ပြီးဖြစ်ပါတယ်။”

 

ဒီအဖြစ်အပျက်က ဘာကြောင့်ဖြစ်သွားရတယ်လို့ ထင်လဲ…

 

“ဒီစရင်းဇယားတွေကိုကြည့်မယ်ဆိုရင် ၂ဝဝ၆ ကတည်းက နိုင်ငံတကာ လုပ်ပုံကိုင်ပုံတွေနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ဆီမှာက စရင်းဇယားကျွမ်းကျင် ပိုင်နိုင်တဲ့လူ ရှိခဲ့တာမှမဟုတ်ဘဲ။ ကျနော်တို့က မြေအောက်လုပ်ငန်း ဆန်ဆန် သတင်းတွေ ထုတ်လုပ်ရေး ထွက်ရှိရေးအတွက် အလုပ်ဖြစ်ရေးတာ ဦးတည်ခဲ့တာ ဖြစ်တဲ့အတွက် ဒီစရင်းဇယားတွေက တကယ့် Ground က ပုံစံနဲ့ ကြည့်လိုက်ရင် တူညီနိုင်မှာမဟုတ်ပါဘူး။ ဒါကိုလည်း သူတို့သိရှိနားလည်ပြီးသား ဖြစ်ပါတယ်။”

 

“ဒါပေမယ့် ဒီဘက်နှစ်ကာလမှာ ဒီ Network တွေကို အော်စလိုကလူတွေက တိုက်ရိုက်ချုပ်ကိုင် မောင်းနှင်လိုလာတဲ့ အတွက် ဦးဆောင်လှုပ်ရှားနေတဲ့လူတွေကို ဖယ်ရှားလိုတဲ့အတွက်၊ ငွေရေးကြေးရေးတွေကို အကြောင်းပြပြီးတော့ စွဲဆိုတယ်လို့ပဲ ကျနော်က မြင်ပါတယ်။”

 

ဒါဆိုရင် ပြည်တွင်း Network တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ မဲဆောက်က အဖွဲ့တွေဟာ လုံးဝ ရပ်ဆိုင်း လိုက်ပြီ ဆိုတဲ့ သဘောလားခင်ဗျ…

 

“စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက အားလုံးသဘောတူဆန္ဒနဲ့ DVB နဲ့ဆက်လုပ်နိုင်မယ့် အနေအထား မရှိတော့

ဘူး။ ကိုအေးချမ်းနိုင်လာတုန်းက ကျနော်တို့က တခြားနည်းလမ်းနဲ့ ညှိနှိုင်းလို့ရတဲ့နည်းလမ်းရှိရင် လုပ်မယ်လို့ ကျနော်တို့က ပြောခဲ့တယ်။ ဒါပေမယ့် အဆင်မပြေတဲ့အတွက် ကျနော်တို့ဘာသာ ကျနော်တို့ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။”

 

“တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် DVB နဲ့ဆက်ပြီးလုပ်ကိုင်သူတွေရှိပါတယ် အများစုကတော့ ၉ဝ ရာခိုင်နှုန်းကတော့ ကျနော်တို့လိုပါပဲ။ နှုတ်ထွက်လိုက်ကြပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အဖွဲ့ကြီးတခုလုံး ဆက်လက်ရပ်တည် လှုပ်ရှားနိုင်အောင် လမ်းစဉ်တွေကို ကျနော်တို့ ရှာနေတာပါ။”

 

“ကျနော်တို့အနေနဲ့ နှုတ်ကတိတွေနဲ့ သဘောတူခဲ့တဲ့ ကိုခင်မောင်ဝင်းတို့ အနေနဲ့လည်း ဒီလိုအချိန်မှာ တာဝန်ကနေ ယာယီနှုတ်ထွက်ပြီးရှောင်သွားတဲ့ဟာကလည်း ကျနော်တို့အပေါ်မှာတာဝန်မဲ့ရာ ကျပါတယ်။”

 

ဒီကိစ္စနဲ့ ပါတ်သက်ပြီး တရားရုံး တင်မယ်ဆိုတော့ ဒါနဲ့ပါတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ…

 

“ဒီကိစ္စတွေစဖြစ်ကတည်းက တာဝန်ရှိတဲ့ အော်စလိုက အုပ်ချုပ်သူက ဒါတွေက လူတဦးတယောက်တည်းပေါ်မှာ ပုံချလို့ရတာ မဟုတ်ဘဲနဲ့ ငွေရေးကြေးရေး အတွင်းမှာ တာဝန်ခံစီစဉ်နေရတဲ့ တာဝန်ခံ မန်နေဂျာတွေကိုလည်း

ခေါ်ယူပြိးတော့ တကယ်သုံးစွဲခြင်း ရှိမရှိ အကြံပြုခဲ့တာတွေလည်း ရှိပါတယ်။ စရင်းဇယားတခုတည်းကို ကိုင်တွယ်ပြီး

ပြောမယ်ဆိုရင် မြေအောက်လှုပ်ရှားခဲ့တဲ့ စရင်းဇယားတွေအရ လုပ်ခဲ့တဲ့ တချို့ဟာတွေက တိကျမှုရှိနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူသက်သေပဲရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီ Burma VJ မှာ ပါဝင်ခဲ့တဲ့ သူတယောက်ပါပဲ။ ကျနော်တို့လုပ်ခဲ့တဲ့ အလုပ်နဲ့ လူသက်သေတွေနဲ့ပဲ ပြနိုင်အောင် ကျနော်တို့ ဘက်ကလည်း ကြိုးစားနေပါတယ်။”