ကဗျာခါးခါး….
ငါ့ညတွေမှာ…
ငါ့စာပိုဒ်တွေကို ငါအထပ်ထပ်ဖတ်လို့
ငါ့ရက်စွဲတွေက ကြမ်းတမ်းလွန်းတဲ့ သိက္ခာ
တိတ်ဆိတ်စွာ ဝင်လာခဲ့ပေမယ့်
ငါ့အတွက်တော့ အဆိပ်အတောက်ဖြစ်နိုင်ရဲ့…
သုညကနေစတင်
သုညမှာပဲ ပြီးဆုံးခဲ့
ဘယ်မှာလဲ ချစ်ခြင်းမေတ္တာ
ဘယ်မှာလဲ ရိုးသားမှု
ဘယ်မှာလဲ ကိုယ်ချင်းစာတရား
ဘယ်မှာလဲ တစ်ကိုယ်တော်ထွက်ပြေးချင်းဝါဒ
ကြာလာတော့ ကိုယ့်ကိုယ်ကို
တွေ့ရှိမှုအဖြစ်က
ဝေဝါးခြင်းတွေ ခါးလာတယ်။
သက္ကရာဇ်အဟောင်းတွေမှ
ဆန္ဒသစ်တွေ
ငါမစဉ်းစားရသေးတဲ့
နောက်ထပ်နေ့ရက်တွေ
အားလုံးကို မကြာခင်ကပဲ
ဟားတိုက် မောင်းထုတ်ပစ်ခဲ့ပြီ။
ချွေးထွက်များနေတဲ့ ငါ့အသိဉာဏ်
ငါ့ခေါင်းထဲမှာရော အမှိုက်တွေဘယ်လောက်များနေပြီလဲ
ငါ့မှာရှိနေတဲ့ မေတ္တာတရားနှင့် စာနာမှုကိုတော့
မိုးမခေါင်စေချင်…။
ငါ့နှလုံးသားထဲက တိတ်ဆိတ်တဲ့
ခေါင်းလောင်းထိုးသံ
ဘယ်သူကြားမိသလဲ…။
ငါ့တစ်ယောက်ထဲ အဖော်မဲ့ညတွေ
မိန်းမတစ်ယောက်ဆီ
ငွေကြေးနဲ့ ကမ်းလှမ်းလိုက်ရင်ကောင်းမလား။
င့ါအသက်တွေလည်း
တစ်ရက်ထက်တစ်ရက်ကြီးလာပြီ
မနေ့ကကို မနေ့ကလိုပဲ ထားလိုက်
ဘယ်သူ့အတွက်မှ မဟုတ်ပေမဲ့
ငါ့မျှော်လင့်ချက် အင်းဆက်တွေ
အသက်ရှင်နေတုန်းပဲ….
(((( ကျေဇူးတင်ပါသည်…. ))) ကဗျာရေးဖို့ အာရုံရလို့ စိတ်ထဲရှိရာ လက်တန်းရေးမိလိုက်တယ်။ ပထမနှစ်လောက်က ရေးသားခဲ့တဲ့ မော်ဒန်လား ဘာဒန်လားမသိတဲ့ ကဗျာပုံစံမျိုးလေးပါ။
ကိုရင်စည်
3 comments
min min san
October 5, 2011 at 11:06 pm
Actually i dont really know how to feel and interpret the poem but i can feel what you make this poem by,,,,,,,,,,
nikita
October 6, 2011 at 10:30 am
ဘယ်မှာလဲ ချစ်ခြင်းမေတ္တာ
ဘယ်မှာလဲ ရိုးသားမှု
ဘယ်မှာလဲ ကိုယ်ချင်းစာတရား
>> ရှာဖွေလေ တွေ့ရှိလေတဲ့……ဒါပေမယ့် တစ်ချို့ အရာတွေက လိုချင်ရင် အရင်ပေးရတတ်တယ်
😛
windtalker
October 6, 2011 at 12:07 pm
မနေ ့ကရေးတဲ့ ကဗျာ ထက်
ဒီနေ ့ရေးမယ့်ဟာက ကောင်းတယ်
မနက်ဖန်ရေးမယ့် ကဗျာ က
ဒီနေ ့ရေးတဲ့ ကဗျာထက် ကောင်းမယ်