ဗုဒ္ဓဂါယာခရီးမှ (နီပေါတခွင် လှည့်လည်စဉ်)
နီပေါက ပုံတွေ ရိုက်လာခဲ့ဖို့ တောင်းဆိုထားသူတွေအတွက်………….
ဒါကတော့ လုမ္မိနီက မြန်မာကျောင်းမှာတွေ့ခဲ့တဲ့ မြေပုံဖြစ်ပါတယ်။
နီပေါမှာ လမ်းဆုံလမ်းခွတွေမှာ ဖွားတော်မူပြီးစ လက်ကလေးတစ်ချောင်းထောင်ပြီး လမ်းလျှောက်တဲ့ ကလေးပုံရုပ်ထုလေးကို ထားတတ်ကြတယ်။ သူတို့တွေက ဗုဒ္ဒ္စဘာသာ မဟုတ်ကြပေမယ့် မြတ်စွာဘုရားက သူတို့ဆီမှာ ဖွားမြင်တာ ဆိုတာကို ဂုဏ်ယူကြတယ်။ (ကားသွားရင်းနဲ့မို့ အဲဒီပုံကိုတော့ ရအောင်မရိုက်နိုင်ခဲ့ဘူး။) ပုံမှာပါတဲ့အတိုင်း မျက်လုံးနှစ်လုံးကိုလည်း နေရာအတော်များများမှာ ရေးဆွဲထားတတ်ကြတယ်။ သူတို့ရဲ့အယူအဆအရ ကိုယ်တစ်ယောက်တည်း ရှိနေချိန် ဖြစ်ပေမယ့် မဟုတ်တာလုပ်ရင် လောကကြီးမှာ မျက်လုံးနှစ်လုံးက အမြဲတမ်းစောင့်ကြည့်နေတာလို့ ဆိုလိုတယ်။ သဘောကတော့ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုတဲ့သဘောပဲ။ အဲဒါကတော့ မကောင်းမှုကို မပြုရဲအောင် သတိပေးတဲ့သဘောပေ့ါ။
လုမ္မိနီ အင်ကြင်းတောက မြတ်စွာဘုရားဖွားတော်မူရာနေရာကို အာသောကမင်းကြီးက အထိမ်းအမှတ်အနေနဲ့ ဆောက်လုပ်ထားခဲ့ပါတယ်။ အဲဒီနေရာကို အုတ်ရိုးတွေ ပြန်တူးဖော်ပြီး အသစ်ပြန်လည်တည်ဆောက်ထားတာဖြစ်ပါတယ်။ (အတွင်းမှာ ဓာတ်ပုံရိုက်ခွင့်မပေးလို့ အပြင်ကပဲ အဆောက်အဦကို ရိုက်ခဲ့ရပါတယ်။) အဝင်ဝမှာရော၊ အထွက်မှာပါ လုံခြုံရေးတွေ စောင့်နေပြီး တစ်ယောက်စီ တန်းစီပြီး ကြည့်ရပါတယ်။ တစ်ယောက်တည်း အကြာကြီးရပ်နေရင် အော်ပြီးဖယ်ခိုင်းပါတယ်။ အဲဒီမှာ marker stone ဆိုပြီး ကျောက်တုံးမှာ မြတ်စွာဘုရား မွေးကာစက ခြေရာထင်နေတယ်လို့ ယူဆထားတဲ့ ကျောက်တုံးလေး ရှိပါတယ်။ အဲဒါကို ဂျပန်က ဗုံးပေါက်ရင်တောင် ခံနိုင်ရည်ရှိတဲ့ မှန်ဘောင်နဲ့ ထည့်ထားပြီး လုံခြုံရေး ကင်မရာတွေ အများကြီးနဲ့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ အဲဒီကျောက်တုံးလေးထားတဲ့ ဘေးမှာတော့ မယ်တော်မာယာ ဖွားမြင်တော်မူနေပုံ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်း ရှိပါတယ်။
ဒါကတော့ လုမ္မိနီမှာ ရှားရှားပါးပါး တွေ့ရတဲ့ မြတ်စွာဘုရားဖွားတော်မူတဲ့ အင်ကြင်းပင်မျိုးပါ။ အပင်ဟာ ဖြောင့်တန်းပြီး အောက်ခြေရှင်းပါတယ်။ မြတ်စွာဘုရား ဖွားတော်မူတဲ့ အင်ကြင်းပင်ဟာ မြန်မာနိုင်ငံမှာတွေ့ရတဲ့ ပန်းပွင့်တဲ့ အင်ကြင်းပင်မျိုး မဟုတ်ဘူးလို့ သိရပါတယ်။ အရင်က အင်ကြင်းတောဖြစ်ခဲ့ပေမယ့် ခုတော့ မရှိသလောက်ရှားနေပါပြီ။ ပြန်စိုက်ဖို့ ကြိုးစားနေကြပေမယ့် ရှင်ခဲတယ်လို့ သိရပါတယ်။ အင်းးးးးးးးးးး ဒါဟာလည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ အဲဒါကို ကြည့်ပြီး ဘယ်အရာမှ မမြဲဘူးဆိုတဲ့ သံဝေဂတရားကို ဆင်ခြင်နိုင်ပါတယ်။
ဒါကတော့ လုမ္မိနီဥယျာဉ်ဝင်းအတွင်း အဝင်ပေါက်နားက သဘာဝရေထွက်မှာ ကလေးတွေ ဆော့ကစားနေကြတာ။
ဦးသန့်က ကုလသမဂ္ဂမှာ အတွင်းရေးမှုးဖြစ်ချိန်တုန်းက ကြိုးစားထားလို့ လုမ္မိနီဥယျာဉ်ဝင်းကြီး တစ်ခုလုံးကို ဗုဒ္ဓ္စဘာသာရဲ့ နေရာအဖြစ် သတ်မှတ်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ်တွေ ဆောက်ထားခဲ့တယ်။ အခုမြင်ရတာက ငြိမ်းချမ်းရေးတူးမြောင်းနဲ့၊ ငြိမ်းချမ်းရေးတံတား ဖြစ်ပါတယ်။
နီပေါနယ်စပ်က ဆိုင်တွေ။ သူတို့ဆီက ကုလားမတွေက အကျီင်္ရယ်၊ ဘောင်းဘီရယ်၊ ပုဝါရယ် ဝတ်ကြတာမို့ ဝမ်းဆက်မှာ ၃ပိုင်းပါတယ်။ အိန္ဒိယမှာတော့ ဆာရီစ အရှည်ကြီးတစ်စပဲ ပါတယ်။ ရောင်းတဲ့ပုံစံ (style) လည်း ကွာတယ်။ သူတို့က အရုပ်မမှာ ဝတ်ပြထားတယ်။ ဒါ့အပြင် မြန်မာပြည်မှာ ဂေါ်ရခါးလို့ ခေါ်တဲ့ နီပေါလူမျိုးတွေက ကုလားတွေနဲ့တူတဲ့အပြင် မြန်မာနဲ့လည်း ဆင်တယ်။ ဘီဟာပြည်နယ်က ကုလားမတွေထက်တော့ သန့်ပြန့်လှပလို့နေသလိုပဲ။
နီပေါက ဓားကောက်။ ကြည့်ရတာ ဝယ်ချင်စိတ်ပေါက်လို့ သေသေချာချာ ဓာတ်ပုံရိုက်ယူခဲ့တာ။ ဝယ်ပြီးရင်လည်း ဘယ်လိုသုံးရမှန်းမသိလို့ ဝယ်တော့ မဝယ်ခဲ့ဘူး။
နီပေါပုံပြင်လေးကတော့ ဒါပါပဲကွယ်။
26 comments
koyinmaung
October 11, 2011 at 8:42 am
အမယ်…ဆင်ရုပ်ရှေ့ကအတီးနဲ့ကနေတာမမနဲ့ဘယ်လိုအမျိုးတော်ပါလိပ်
ခုလိုဓါတ်ပုံလေးတွေတင်ပေးတာကျေးဇူးတင်ပါတယ်…..
ပေါက်ဖော်
October 11, 2011 at 9:06 am
ဘလိုမှ အမျိုးမတော်ပါဘူး..
မမ ကိုယ်တိုင် စိတ်မထိန်းနိုင်လို ့.ဝင် က. နေတာပါ
ဟီ.ဟိ..
ခုမှ တို ့အမျိုးတွေကို တွေ ့ရတော့တယ်..
တန်းစီပြီး ဓာတ်ပုံ အရိုက်ခံနေကြတာ…
😮
blackchaw
October 11, 2011 at 8:55 am
“သူတို့တွေက ဗုဒ္ဒ္စဘာသာ မဟုတ်ကြပေမယ့် မြတ်စွာဘုရားက သူတို့ဆီမှာ ဖွားမြင်တာ ဆိုတာကို ဂုဏ်ယူကြတယ်။ ”
ကျွန်တော်က အဲဒါမျိုး ဖြစ်စေချင်တာ MaMa ရေ။ ကိုးကွယ်တာမကိုးကွယ်တာ တစ်ပိုင်း
ဂုဏ်ယူတာက တစ်ပိုင်းပေါ့။ ဂယာနဲ့တော့ ကွာသလားလို့။ ကျေးဇူးပါ ဗျာ။
စုံ စုံ
October 11, 2011 at 9:26 am
ခရီးသွားပို့စ်တွေကိုဖတ်တိုင်း သွားချင်စိတ်ကိုထိန်းမရဘူး
အန်တီမမရေ အခုလိုပြည့်ပြည့်စုံစုံလေးရှင်းပြပေးတော့လဲ
ဗဟုသုတတွေထပ်တိုးလို့ကျေးဇူးအထူးတင်ပါတယ်နော် 🙂
Shwe Tike Soe
October 11, 2011 at 9:30 am
ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ.. အခုလို. လူတိုင်းရောက်ဖို.ခဲယဉ်းတဲ့ နေရာကိုသွားပြီး ပြန်လည်မျှဝေးပေးတာ
နောက်လဲ အခုလို ထူးထူးခြားခြား ဘုရားဖူးတွေသွားပြီး တရားသိ နိဗာန်ရောက်နိုင်ပါစေဗျား…….
nozomi
October 11, 2011 at 9:38 am
ဒီရွာလေးကတော့ တကယ့်ကို ရွာပီသတဲ့ ရွာလေးတစ်ရွာပါပဲ
မနက်က ရွာထဲဝင်လာတော့ ရန်ဖြစ်နေတဲ့ အိမ်ထဲ ဝင်မိသွားတာနဲ့ ဆူဆူညံညံနဲ့ စိတ်နောက်ပြီး ပြန်ထွက်လာရတယ်(ဘယ်အချိန် အဖျက်ခံရမလဲ မသိဘူး)
အခု ဒီအိမ်ရောက်တော့ မှ ဘုရားသံ တရားသံ နဲ့ စိတ်ချမ်းသာသွားတယ်
ပုံလေးတွေ မြင်ရ စာလေးတွေ ဖတ်ရနဲ့ တကယ်ကို အဲဒီနေရာရောက်သွားတဲ့ အတိုင်းပါပဲ ၊ ဒီအတွက်လဲ မမ မှာ ကုသိုလ်တွေ အများကြီး ထပ်ရဦးမှာပါ
အဲဒါကြောင့် ပြောတာပေါ့ MG က တကယ်ကို ရွာပီသတဲ့ ရွာလေးတစ်ရွာပါလို့
Diamond Key
October 11, 2011 at 9:46 am
ခရီးသွားတာ ဝါသနာပါသူ ဆိုတော့ မမရဲ့ ပုံလေးတွေနဲ့ ခရီးသွား မှတ်တမ်းလေးက မရောက်ရသေးတဲ့ နေရာတွေကို ကြိုခရီးသွားရသလိုပါပဲ။ ဖတ်ခွင့်ရတာ ကျေးဇူးကမ္ဘာ။
နွယ်ပင်
October 11, 2011 at 10:03 am
အန်တီမမ အခုလိုပုံလေးတွေနဲ့ တင်ပေးတဲ့အတွက် မရောက်ဖူးသေးတဲ့
နွယ်ပင်တို့ အတွက်ကတော့ တကယ့်ကို ကျေးဇူးတင်စရာပါပဲ ။
လောလောဆယ် မသွားနိုင်သေးခင်တော့ ဒီလို ခရီးသွားမှတ်တမ်းပုံလေးတွေနဲ့ပဲ
ကျေနပ်နေရတာပါပဲ ……………
ကြောင်ကြီး
October 11, 2011 at 10:08 am
မေမြို့ဖက်က ဂေါ်ရခါး တိဘက်သွေးစပ်တဲ့ ကုလားကပြား ဗုဒ္ဓဘာသာဝင် မြန်မာမလေးတွေ ဂွတ်တယ်ဗျ။ အသားအရည်၏ ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်း၊ အချိုးအဆက်ပြေပြစ်ခြင်း၊ ချောမောလှပခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း အင်းပြောရင်းပြောရင်း ဂလု…. 🙄
နီပေါမှာ အခုဆိုရင် ဟိန္ဒူဘာသာက အများစု၊ ဗုဒ္ဓဘာသာက ဒုတိယဖြစ်သွားပြီ။ ဒါပေမဲ့ ဘာသာနှစ်ခုအကြား သိပ်ပြသနာမရှိဘူးလို့ သိရတယ်။ မဖြစ်ဆို ဗုဒ္ဓကို ဟိန္ဒူဘာသာဝင်တွေက သူတို့ဘုရားရဲ့ နဝမမြောက် ဝင်စားသူလို့ သတ်မှတ်ထားတာကိုး။ သိသလောက်တော့ ဟိန္ဒူဘုရားက သျှီဝလားမသိဘူး၊ လူသားအသွင်အဖြစ် ဝင်စားပြီး လူလိုပြောလို့ရမဲ့သူတွေကို ကယ်တင်ခဲ့တာလို့ ယုံကြတယ်။ သဂျီးတို့လို ရုပ်ဝါဒီသမားတွေအတွက် ထာဝရဘုရားသခင်က ကွန်ပြူတာနည်းပညာ ထွင်ပေးခဲ့သလိုပေါ့။ သူတို့ကိုးကွယ်တာ ဘဲဥနဲ့တုတ်ချောင်းဆိုလား…။ 😎
MaMa
October 11, 2011 at 2:30 pm
မြန်မာပြည်မှာရှိတဲ့ ဂေါ်ရခါးတွေက ဗုဒ္ဓဘာသာကို ပိုကြည်ညိုလေးစားကြတယ်။ ပိုယဉ်ကျေးကြတယ်။
(သူတို့ကိုးကွယ်တာ ဘဲဥနဲ့တုတ်ချောင်းဆိုလား…။ )
အဲဒါတော့ မသိခဲ့ရဘူး။
Foreign Resident
October 11, 2011 at 3:50 pm
” ကွန်ပြူတာနည်းပညာ ထွင်ပေးခဲ့သလိုပေါ့။ သူတို့ကိုးကွယ်တာ ဘဲဥနဲ့တုတ်ချောင်းဆိုလား ”
Dear Ma Ma,
Basic computer language consists only “0” ( Zero/ဘဲဥ ) & “1” ( One/တုတ်ချောင်း ).
meelay
October 11, 2011 at 1:47 pm
ရွာထဲက အန်တီတွေ၊ မမတွေ၊ ဦးဦးတွေ ရဲ့ ကျေးဇူးနဲ့ နိုင်ငံပေါင်းစုံ၊ မြို့ပေါင်းစုံ ရောက်ဖူးသွားတယ် … အခုလို ပို့စ်တွေကို တင်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် ……. 🙂
windtalker
October 11, 2011 at 2:36 pm
ပန်းရောင်ပါတိတ်ဝမ်းဆက် နဲ ့အရမ်းသွက်နေတာ
မမ ပဲ ဖြစ်ရမယ်
ဟုတ်တယ်ဟုတ်
MaMa
October 11, 2011 at 2:47 pm
မောင်ပေပြောမှပဲ ကိုယ်တင်ထားတဲ့ပုံ ပြန်ကြည့်ရတယ်။ ကင်မရာနောက်က လူပုံက ကင်မရာရှေ့မှာ ပေါ်ပါ့မလား မောင်ပေရယ်။ ကျမရဲ့ပင်ကိုယ်ကလည်း မသွက်ပါဘူး။ ရွာထဲမှာ ပြချင်လို့ မြင်ကွင်းတွေစုံအောင် ဓာတ်ပုံတွေလျှောက်ရိုက်နေရတာနဲ့တင် လူလည်း ဗရုတ်သုတ်ခပုံ ပေါက်နေတယ်။ 🙁
inz@ghi
October 11, 2011 at 3:06 pm
(သာဓု)၃ ပါ အန်တီမမ …
inz@ghi လည်းလာအားပေးတွားပါသည်..
chitlay
October 11, 2011 at 2:51 pm
အန်တီမမ ဦးထုပ်အဖြူလေးဆောင်းပြီး ဝင်ကနေတာလားဗျို့ … 🙂
အခုလို ပုံလေးတွေတင်ပြီး ဘယ်နေရာက ဘာဆိုတာ ရှင်းပြထားတဲ့အတွက် မရောက်ဖူးပေမယ့် ကိုယ်ကိုယ်တိုင် ရောက်သွားသလို ခံစားရပါတယ် … ကျေးဇူးပါ အန်တီမမရေ … နောက်လဲ ဒီထက်မက သွားနိုင်ပြီး ပုံတွေလဲ များများတင်နိုင်ပါစေ … 😛
kocho
October 11, 2011 at 2:56 pm
ဘုရားဒကာမ မမရေ ကျေးဇူးကမာ္ဘပါ။ post က perfect postပါ။ စာလဲဖတ်ရ ဓတ်ပုံလဲကြည့်ရ ကိုယ်တိုင် visit တာမျိုးခံစားရပါတယ်။
MaMa
October 11, 2011 at 3:03 pm
အန်တီမမ ကိုယ်တိုင်သာ က လိုက်ရင် ဆင်ရုပ်ကြီးတွေတောင် (မျက်စေ့နောက်လို့) အသက်ဝင်လှုပ်ရှား လာလိမ့်မယ်ထင်ပါတယ် ချစ်လေးရေ။ 😀
ကိုယ့်ကြိုးစားမှုလေးကို အသိအမှတ်ပြုပေးလို့ ကျေးဇူးတင် ဝမ်းသာရပါတယ် ကိုချိုရေ။
pooch
October 11, 2011 at 7:35 pm
မမရေ… အင်ကြင်းပင် အဖြောင့်ကို အခုမှမြင်ဖူးတယ်.. အင်ကြင်းမှန်ရင် အကုန်တူတယ်ထင်နေတာ..
ဒီမှာတော့ ရှိမဲ့ပုံမပေါ်ဘူးနော်..
မမကို ကျေးဇူးတင်တယ် .. မသိတာတွေ သိလိုက်ရလို့
weiwei
October 11, 2011 at 9:56 pm
လုမ္မဏီဘုရားဝင်းထဲမှာ သစ်ပင်ကြီးတစ်ပင်ရှိတယ် … အခေါင်းပေါက်ရှိပြီး လူတွေဝင်လို့ထွက်လို့ရတယ် … မဝင်ခဲ့ဖူးလားမမ 😛 .. ဆံမဆံ့ သိချင်လို့ပါ … 🙂
weiwei
October 11, 2011 at 9:58 pm
နိပေါလ်နဲ့ အိန္ဒိယနဲ့ နယ်နိမိတ်က ခြံစည်းရိုးတစ်ခုစာပဲ ခြားပေမယ့် အရမ်းကွာခြားတယ်နော် … နိပေါလ်နယ်နမိတ်ထဲရောက်သွားတာနဲ့ သန့်ရှင်းသပ်ရပ်မှုကို သတိထားမိပါတယ် … (အဆင့်အတန်း တော်တော်ကွာတယ်) …
MaMa
October 11, 2011 at 10:08 pm
လုမ္မိနီဘုရားဝင်းထဲမှာ အဲဒီသစ်ပင်ရှိတာတော့ မသိခဲ့ရဘူး။
(နီပေါလ်နဲ့ အိန္ဒိယနဲ့ နယ်နိမိတ်က ခြံစည်းရိုးတစ်ခုစာပဲ ခြားပေမယ့် အရမ်းကွာခြားတယ်နော်)
အဲဒါတော့ ဟုတ်တယ် ဝေဝေ ရေ။ လူတွေ၊ အိမ်တွေ၊ စားသောက်နေထိုင်ပုံတွေ အကုန်လုံး ကွာခြားသွားတယ်။ အိန္ဒိယမှာက ကျင်ငယ်စွန့်တာလောက်ကတော့ ယောကျင်္ားတွေရော၊ မိန်းမတွေရော လူလယ်ကောင်မှာ (လူကြားထဲမှာ) သွားနေကြတာပဲ။ တချို့နေရာတွေမှာဆို မိုင်းဗုံးက ရှောင်မလွတ်ပဲ။ ခွကျော်သွားရတယ်။ ကြိုက်ပါတယ်ဆိုတဲ့ ကုလားစာ စားမရတာ အဲဒါတွေကြောင့်လည်းပါတယ်။ နီပေါရောက်တော့ အဲဒီအန္တရာယ်တွေ ကင်းဝေးသွားတယ်။ အနံ့အသက်လည်း ကောင်းသွားတယ်။
weiwei
October 11, 2011 at 10:20 pm
အဲဒီသစ်ပင်က ထူးခြားတယ်မမ …. လူတွေဝင်ထွက်လုပ်လွန်းလို့ ပြောင်ချောနေတာပဲ … ခပ်ဝဝတွေဝင်ရင် တစ်နေလို့ ဘေးလူတွေက ဝိုင်းရယ်ကြတယ် … ကံကောင်းစေတယ်ဆိုလား … ကျန်းမာရေးကောင်းစေတယ်ဆိုလား .. တစ်ခုခုပဲ … သေချာတော့ မမှတ်မိတော့ဘူး …
တညင်သား
October 11, 2011 at 11:51 pm
အဲဒီသစ်ပင်ကို မဝင်ခဲ့မိတာ ခပ်ကောင်းကောင်းရယ် တော်ကြာ ပြန်ထွက်လို့မရမှ ဓုတ်ခ… 😛
MaMa
October 12, 2011 at 8:40 am
အိန္ဒိယမှာ ခရီးစဉ်တလျှောက်လုံး လိုက်ပို့တဲ့ ဆရာတော်က အားလုံးရဲ့ ပတ်စပို့တွေကို ယူထားတယ်။ သွားတဲ့လူတွေကလည်း စိတ်ပူလို့ ဆရာတော်ကို တစ်ယောက်ပြီး တစ်ယောက် မကြာခဏ ပတ်စပို့က ဆရာတော်ဆီမှာနော်လို့ သွားသွားပြောကြတော့ ဆရာတော်က ခင်ဗျားတို့ မပြန်ရမှာ ဘာလို့ ဒီလောက် ကြောက်နေတာလဲ။ ခင်ဗျားတို့ ဒီမိုကရေစီ လိုချင်တယ်ဆို အိန္ဒိယက ဒီမိုကရေစီနိုင်ငံပဲ။ ပတ်စပို့ ပျောက်တော့လည်း ဒီမိုကရေစီ ရသွားတာပေ့ါတဲ့။ 🙂
အဲဒါကြောင့် မတွေ့ခဲ့တာ ကံကောင်းတယ်လို့ စဉ်းစားမိနေတာ။ ကိုယ်ကလည်း နေရာတကာ ပါလေရာဆိုတော့ တော်ကြာဝင်မရ ထွက်မရ တစ် နေမှ ဒီမိုကရေစီရနေဦးမယ်။ 😀
chitmg
October 12, 2011 at 9:14 am
ဆရာတော်တွေခုလိုနောက်ပြောင်ပြောဆိုတာအာပတ်သင့်ပါသလား၊သိသူများဖြေပေးပါ၊
မမရေတော်တော်ကျေးဇူးတင်ပါတယ်ဗျာ။အစု ံးပါပဲ၊ဖတ်ရကြည့်ရတာ။တင်ပြရေးသားပုံကလဲစိတ်ဝင်စားဘို့ကောင်းမှကောင်း။