Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖုန်းမှားခေါ်သူကို အချွန်ကောင်းဖြင့်မမိခြင်း

etoneOctober 11, 20111min78443

ရွာသူရွာသားတို့ … မိမိဖုန်းကို တခြားလူ မှားခေါ်တာ ကြုံခဲ့ဖူးကြမှာပါ … ဖုန်းခေါ်တဲ့ လူနံပါတ်အမှတ်လွဲတာကြောင့် လည်းကောင်း ၊ နံပါတ်မှား နှိပ်တာကြောင့်လည်းကောင်း … တစ်ခါတစ်လေ လိုင်းပူးတာကြောင့်လည်းကောင်း (သူတို့ပြောတာတော့ သူတို့ နှိပ်တဲ့နံပါတ်မှန်တယ်တဲ့ … ) အကြောင်းအမျိုးမျိုးကြောင့် မိမိဆီ ဖုန်းမှားဝင်လာတတ်ပါတယ် … ။ မမျှော်လင့်တဲ့နေရာမှာ မမျှော်လင့်သလို ဝင်လာတဲ့ ဖုန်းမျိုးဖြစ်တာကြောင့် … တစ်ခါတစ်လေ .. ဖုန်းကိုင်ရခက်ခဲတဲ့ အနေထားမျိုးလည်း ကြုံနိုင်ပါတယ် … ဥပမာ လက်ထဲ ပစ္စည်းတွေ မနိုင်မနင်းဖြစ်တဲ့ အချိန် ဖုန်းဝင်လာတာမျိုး … ၊ ဘတ်စ်ကား ကြပ်ကြပ်ပေါ် နေရာမရတဲ့ အချိန် ဖုန်းဝင်လာတာမျိုးပါ … အဲ့ဒီအချိန် ဖုန်းသံကြားလို့ … မနိင် မနင်းဖြစ်နေတဲ့ ကြားက ဖုန်းခေါ်တဲ့လူ (နံပါတ်သစ်) ဘယ်သူမှန်းမသတိတဲ့ ဖုန်းကို ကိုင်ရတာ စိတ်အပင်ပန်းဆုံးပါပဲ … အသိတွေထက် … မှားဝင်လာတဲ့ ဖုန်းတွေ ဖြစ်နိုင်တာကြောင့်ပါ …။

ဖုန်းမှားဝင်တာ ခဏခဏ ကြုံဖူးပါတယ် … တစ်ချို့ဆို နာမည်တွေတောင် သိနေပါပြီ … မဟုတ်ဘူးပြောလည်း မရဘူး.. ဒီနံပါတ်မှန်တယ် အတင်းပြန်ခေါ်ပေး ဆိုတာကတမျိုး … ၊ အခုလေးတင်ပြောပြီး ဖုန်းချသွားလို့ ပြန်ခေါ်တယ်ပြောတာက တမျိုးနဲ့ .. မနည်းရှင်းပြတာတောင် ဆက်လာသူဘက်က ဖုန်းမှားတယ်ဆိုတာ လက်မခံတဲ့ အနေထားတွေလည်း ကြုံခဲ့ဖူးပါတယ် … ။တစ်ချို့ကတော့ ..ယဉ်ယဉ်ကျေးကျေးပေါ့ … ဖုန်းမှားနေပါတယ်ပြောလိုက်လျှင် ဆောရီးနော်ဆိုပြီး .. ချသွားတတ်တယ် … ။ လူ့ယဉ်ကျေးတွေကျတော့လည်း …. သူ့ကြောင့် သူတပါး စိတ်အနှောက်ယှက်ဖြစ်မှာ စိုးတာနဲ့ ..သူတို့ဘက်က စဆက်တဲ့ ဖုန်း မှားသွားတဲ့ အခါ … ပါးနပ်စွာ ဆောရီးပြော တောင်းပန်တတ်ကြတယ် … လူအမျိုးမျိုး စိတ်အထွေထွေပါပဲ … ။ ကျွန်မကတော့ …မှားဝင်လာမှန်းသိတာနဲ့ .. ရှည်ရှည်ဝေးဝေး ဆက်မရှင်း ပြတတ်ပဲ.. ဖုန်းမှားနေပါတယ် ..ပြန်ခေါ်လိုက်ပါလို့ပြောပြီး ဖုန်းချတတ်ပါတယ် … ။

တနင်္ဂနွေနေ့က မနက်စောစော အိပ်ယာထဲက တောင် မထသေးဘူး … ဖုန်းတစ်ခုဝင်လာပါတယ် … အလမ်းပေးတဲ့ အသံနဲ့မှားပြီး … ပိတ်လိုက်မိပါတယ် … ဒါကို ဇွဲကောင်းတဲ့ တစ်ဘက်က ဖုန်းခေါ်တဲ့ လူကလည်း ထပ်ခါ ထပ်ခါ ပြန်ခေါ်ပါတယ် … ကျွန်မရဲ့ အကျင့်ကိုက … နိုးလည်း အိပ်ယာထဲ ခဏပြန်ကွေးတတ်တဲ့ အကျင့်မို့ … ဖုန်းသံကြားလိုက် ပြန်ပိတ်လိုက် ငါးမိနစ်ထပ်ကြာလိုက် ပြန်ပိတ်လိုက် ..… ပြန်ကွေးလိုက်နဲ့ပေါ့ .. ။

အကြိမ်ကြိမ်မြည်လာတဲ့ အသံက အလမ်းသံ မဟုတ်ပဲ (ငါးမိနစ်မခြားပဲဝင်လာတဲ့ အသံမို့ )  .. ဖုန်းသံဖြစ်မယ်ဆိုတဲ့ အသိဝင်လာပြီး အိပ်မှုံစုံမွှား ဖုန်းကိုင်မိပါတယ် … ။ တစ်ဘက်က အသံပိုင်ရှင်က ကုလားပါ … ။ ဖုန်းကိုင်ကိုင်ခြင်းပဲ … သူက …

” အစ်မလေး … ဒါကုလားတို့ … အိမ်ကလား … ကုလားကိုခေါ်ပေးပါ” တဲ့

” ဖုန်းမှားနေပါတယ်ရှင် … ” လို့ မျက်စိမဖွင့်ပဲ ပြောပြီး .. ပြန်အိပ်ပါတယ် … ။

တစ်မိနစ်လောက်ကြာတော့…ဖုန်းသံ ထပ်ဝင်လာပါတယ် … ။ ကျွန်မ ဖုန်းတောင် မထူးရသေးဘူး .. အန်းဆားကီး နှိပ်ယုံလေးရှိသေး .. တစ်ဘက်က အသံရှင်က အလောတကြီးနဲ့ ….. “ကုလားကို ခေါ်ပေးစမ်းပါ မြန်မြန်တဲ့လေ … ” ကျွန်မ နည်းနည်း အချဉ်ပေါက်သွားတယ် .. ဖုန်းမှားနေပါတယ် ပြောလျှက်နဲ့ ဘာလို့ ဒီနံပါတ်ကြီးပဲ ပြန်ခေါ်ရတာလဲဆိုပြီး… တင်းတင်းနဲ့ … ။

“ဒါကုလား ဖုန်းမဟုတ်ဘူး … ဖုန်းမှားနေတယ် ” ဆိုတဲ့ စကားကို အသံပြတ်ပြတ်နဲ့ပြောပြီး တစ်ဘက်ကလူ ဘာပြန်ပြောလည်း နားမထောင်ပဲ .. ဖုန်းချ .. ပြန်အိပ်ပါတယ် … ။ တစ်နေ့ကို အိပ်ချိန် ငါးနာရီခွဲ ၊ခြောက်နာရီလောက်ပဲ ရတဲ့ ကျွန်မအဖို့ …ငါးမိနစ် ၊ဆယ်မိနစ်ကလည်း မက်မောစရာပါပဲ …. ။နောက်တခါ ဖုန်းဝင်လာလျှင်တော့ … နည်းနည်း ပြန်မွှေမယ် စိတ်ကူးနဲ့ … မျက်လုံးလေး စင်းပြီး … ပြန်မှေးလိုက်တယ် … ။

ခဏကြာတော့ .. ဖုန်းသံ ထပ်မြည်ပြန်တယ်  ကြိုတင်ကြံစည်ထားတဲ့ အတိုင်း …လုပ်ပစ်မယ် စိတ်ကူးနဲ့ .. ဖုန်းထူးလိုက်ပါတယ် ..  “အမိန် ့ရှိပါရှင် “ဆိုတော့ … ။

ကျွန်မ ဂရိဒင်းလုပ်တာတောင် မစောင့်ပဲ ..ဟိုလူက … ကုလားကို မြန်မြန်လေးခေါ်ပေးစမ်းပါဆိုတာမျိုး ထပ်ပြောတယ် … သူရှာချင်နေတဲ့ ကုလားကို မတွေ့လျှင် မိုးပြိုမယ့် ပုံမျိုးပါ .. သူ့အသံထဲ အမိန့်ပေးသံလည်း ပါနေတာရယ် … မဟုတ်ဘူးပြောထားတာ .. အကြိမ်ကြိမ်နှောက်ယှက်တာရယ်ကြောင့် ..ဖုန်းဆက်လာသူ ၊သူမှန်းသိတာနဲ့ … ကျွန်မ ကြိုတွေးထားတဲ့ အတိုင်း … စရစ်ပါတော့တယ် … (အထူပါး နားမလည်တဲ့ လူတွေ … ဒုက္ခရောက်အောင် … ဖုန်းဘေလ်တက်အောင်ပါ 😛 ) က ျွန်မရဲ့ အိပ်ချိန်ကို နှောက်ယှက်တဲ့ အတွက် … ပါးပါးလေးတော့ နှပ်ဦးမှ ဆိုပြီး … ။

” ဘာ… ဘယ်သူနဲ့ ပြောမယ် … ကုလား ဟုတ်လား … ခဏလေးကိုင်ထားနော်”ဟု သကာလောင်းထားတဲ့ အသံပြောင်းပြီး ပြောပါတယ် … ။

“အင်း ဗျာ မြန်မြန်ခေါ်ပေးစမ်းပါ … ကုလားကိုတွေ့မှ ဖြစ်မှာ”တဲ့လေ … ။

” ကုလားတော့မ ရှိဘူး .. ကုလားမပဲ ရှိတယ် … ဘာပြောချင်လို့လဲ” လို့ …ကျွန်မက ငေါ့တော့… အဟုတ်ကြီးမှတ်ပြီး …။

ကုလားမရှိလည်း …ကုလားမကိုပဲ မှာခဲ့တော့မယ်တဲ့ … “ဒီလိုဗျ ဟိုတစ်လောက ခင်ဗျားတို့ နယ်ဘက်ဆင်း ဝယ်လက်ရှာခိုင်တာလေ … အဲ့ဒါတွေ့ပြီ ။ သူက ကြိုက်လျှင် ချက်ချင်းငွေချေထားခိုင်းလို့ … ”

” ဘာဝယ်လက် ရှာခိုင်းတာလဲ .. ကျွန်မလည်း ဘာမှ မရှာခိုင်းပါဘူး ” အသိစိတ်လွတ်သွားပြီး ပြောမိခြင်းသာ  😛

” အစ်မကြီးယောကျာ်း ရှာခိုင်းထားတာလေ … ဟိုနွားရောင်းမယ့်လူ … ” ပလုတ်တုတ် …ငါ့နဲ့ … ကုလားမလို့ ..  ရွဲ့ပြောတော့မှ .. ချက်ချင်း အော်တို ယောကျာ်းရသွားပါလားဟု  😛  တီးတိုး ရေရွတ်ရင်း …

” အစ်မကြီးတို့ သားပေါက်ရော ..ယူမှာလား … တစ်ချို့ဆို  သားပေါက်ကနေ မွေးထားတာ .. အကောင်ကြီးဝယ်လျှင် ဈေးပိုပေးရလို့ ”

မနက်စောစော စီးစီးသူများကို နောက်ရမလား အောက်မေ့တယ် .. ဘယ်နှယ့်နွားရောင်းတဲ့ ပွဲစားနဲ့ လာတွေ့နေလဲမသိတဲ့ ကျွန်မအဖြစ် ရယ်စရာတော့ကောင်းသား…. ။ သူများကို နောက်ချင်တာနဲ့ … အိပ်ယာထဲက ငုတ်တုတ်ထိုင်ပြီးတောင် စကားပြောရတဲ့အဖြစ် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးဖြစ်လေရော .. ။

စကားမပြောချင်တော့တာနဲ့ …. ခင်ဗျားနာမည်ပြော .. ဘယ်ကို ပြန်ဆက်ရမလဲ မေးတော့…

ဒီဖုန်းနံပါတ်ကို ဆက်ပြီး အာခီးကို ခေါ်ခိုင်းလျှင် ရပါတယ်ပြောပြီး …. ဆက်ဆက်ပြောပေးဖို့သာ တတွတ်တွတ်မှာနေတော့တယ် … ။

ကျွန်မလည်း စိတ်မရှည်တော့ဘူး …. အသံတိတ်နားထောင်နေတုန်း …. ခြေသံပြင်းပြင်းနင်းပြီး ဖြတ်နင်းသွားတဲ့ ကျွန်မအစ်ကို အသံကြားတာကြောင့် .. ခဏလာဦး ခေါ်ပြီး … ဖုန်းဆက်တဲ့လူကိုလည်း … ခဏလေး .. ကုလားလာပြီ ကုလားနဲ့ ပြောလိုက်ဆိုပြီး အချွန်နဲ့ ထပ်မပါတယ် … ။

အစနောက်သန်တာ ဝါသနာတူတဲ့ ကျွန်မတို့ မောင်နှမ တိုင်ပင်စရာမလိုပဲ … ကျွန်မပေးလိုက်တဲ့ ဖုန်းကို ယူကာ .. အထွေထူးရှင်းပြစရာမလိုပဲ အထာနပ်တဲ့ သူက ဟန်ပါပါပြောနေပါတော့တယ် … ကျွန်မကတော့ အိပ်ယာထဲ ပြန်လှဲရင်း … သူတို့ ပြောသမျှ ကြားတစ်ချက် မကြားတစ်ချက်နဲ့ပေါ့ … ။ အိုက်တင်ကောင်းတဲ့ ကျွန်မအစ်ကို စကားပြောကောင်းတာလည်း လက်တွေ့ သိရပါတယ် ….။ အတည်ပေါက်နဲ့ ဆက်ဖောနေခြင်းပါ … ။  သုံးလေးမိနစ်လောက်စကားပြောပြီးမှ .. ကျွန်မအိပ်ယာထဲ ဖုန်းပြန်လာပေးလို့… စိတ်ဝင်တစား မေးမိပါတယ် … ။

နွားပွဲစားကုလားက …အကောင်ကြိးရော အသေးပါတွေ့တယ် ပိုက်ဆံလာချေခိုင်းတာဖြစ်ကြောင် း …သူလည်း ရွှီးပြီး … ဒီမှာ တခြားဝယ်လက်ဆီက ဝယ်ပြီးပြီ မင်းတွေ့တဲ့နွား မဝယ်တော့ဘူးဆိုပြီး … ငြင်းလိုက်တယ်တဲ့လေ…. ။

ရှေ့မကြည့် ၊နောက်မကြည့် စနောက်ပြီးတော့မှ … ကျွန်မအားနာသွားမိတယ် … သူများ အလုပ်တစ်ခု ပျက်သွားရပြီလေ … ဒီအလုပ်လုပ်ဖြစ်ဖို့ သူတို့ အချိန်တွေ ငွေတွေ စတေးထားခဲ့ကြရတာပါ …။ … ငါအတော်ဆိုးသွားလားလို့ .. ကျွန်မအစ်ကိုကိုမေးတော့ …  မဆိုးဘူးတဲ့ … ဟီး  😀  ကုလားတွေနွားဝယ်လို့ တားနိုင်တာ … ငါတို့ ကံကောင်းတာလို့ မှတ်သင့်တယ်ဆိုပဲ … ကုလားတွေနင့်ဆီ ဖုန်းမှားဆက်တာ ကံကောင်းတယ်တဲ့ …. ။ ငါတို့ အကုသိုလ်တစ်ခုကို တားလိုက်နိုင်ပြီတဲ့လေ … ။

သူပြောသလိုတွေးတော့လည်း ဟုတ်တုတ်တုတ်နဲ့ … ကျွန်မတို့ တစ်ဘက်က ပြန်ကြည့်လျှင် သူများ အလုပ်ကို ဝင်နှောက်ယှက်တာ .. တစ်မျိုးပြန်ကြည့်တော့လည်း … သတ္တဝါ နှစ်ကောင်ရဲ့ အသက်ကို အမှတ်မထင် ကယ်လိုက်နိုင်တာတဲ့လေ… ။ အကောင်းဘက်က တွေးတော့လည်း .. စိတ်ချမ်းသာမိတာကြောင့် … အရှုံးထဲက အမြတ်လို့ပဲ သဘောထားပြီး .. မေ့မေ့ပျောက်ပျောက်နဲ့ ပြန်ဆက်အိပ်လိုက်ပါတော့တယ်  … ။ ။

 

 

43 comments

  • စုံ စုံ

    October 11, 2011 at 3:52 pm

    etone တို့မောင်နှမကလဲညီတယ်နော် 😛
    ဟုတ်ပါရဲ့ တခါတလေအဲ့လိုဖုန်းမှားဝင်လာရင် ကိုယ်ကလဲမအားတဲ့အချိန်မျိုးနဲ့ကြုံလို့ကတော့
    တကယ်စိတ်ပျက်ဖို့ကောင်းတယ် တချို့ကလဲ ကိုယ်ကဟလိုလို့ထူးတာနဲ့ဖုန်းမှားမှန်းတန်းသိတော့
    ဆောရီးဆိုဖုန်းပြန်ချသွားကြတယ် တချို့ကျတော့လဲ မှားနေပါတယ်ဆိုတာမနည်းပြောယူရတယ်
    တခါတလေစိတ်လေတယ် 🙁

  • AKKO

    October 11, 2011 at 4:05 pm

    တစ်ခါတစ်လေတော့လည်း ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု လွဲချော်သွားလျှင်တောင်မှ အကောင်းမြင်စိတ်လေးရှိနေလျှင် နေသာထိုင်သာရှိတယ်ဆိုရမယ် ။ အကောင်းမြင်ဝါဒ လူတိုင်းမှာရှိသင့်တယ် မဟုတ်လျှင် လောဘတွေ ၊မက်မောမှုတွေနဲ့ ပူလောင်လွန်းလို့ 🙂

  • faker

    October 11, 2011 at 4:09 pm

    ့ကျနော်တို့ နိုင်ငံ ဟာ စက်မှုကိုအားကိုးလို့ရနေတဲ့ နိုင်ငံမဟုတ်သေးတာလေ ၊ နွားတွေ ကျွဲတွေ ထွန်ရက်လို့
    ဆန် စပါး ဆိုတာ ဖြစ်လာတာ ပါလို့ ပြောနိုင်ပါတယ် ။ နောက်ပြီး မွေးကင်းစ ကလေးငယ်တွေ မိခင်နို့ မရနိုင်
    ခဲ့ရင် နွားနို့ သောက်ပြီး အသက်ဆက် ရပါတယ် ။
    ဒီတော့ ဘယ်လိုပြောမလဲဗျာ ကျွဲ နွားတွေဟာ ကျေးဇူးရှင် လို့ပဲ ဆိုပါရစေ ။
    ဖုံးအမှားလေးကြောင့် ဒီသတ္တဝါ တွေရဲ့ အသက်ကိုကယ်နိုု်င်ခဲ့တဲ့ အတွက် သာဓု၊သာဓု၊သာဓု ပါ လို့….။

  • moonpoem

    October 11, 2011 at 4:10 pm

    ဖုန်းမှားနေပါတယ်လို့ပြောတဲ့ကြားက ဇွတ်ကြီးဆက်ပြီး ပြောနေတဲ့သူရဲ ့အမှားပါ မအိတုံရယ်။ စိတ်မကောင်းမဖြစ်ပါနဲ ့။

  • char too lan

    October 11, 2011 at 4:11 pm

    ့hahaa 🙂
    ကျနော်လဲ အဲ့လိုစိတ်ပုတ်တတ်တယ်ဗျ
    ကျနော်တို့ရုံးဖုန်းနံပါတ်က သမ္မတရုပ်ရှင်ရုံ နံပါတ်နဲ့သိပ်မကွာဘူးထင်တယ်
    လက်မှတ် Booking လုပ်တဲ့သူတွေ အားကြီးမှားတာပဲ အစကတော့ ဖုန်းမှားနေပါတယ်လို့ ..
    ပြောသေးတယ် နောက်တော့ အဲ့ Booking တွေအမြဲလက်ခံပေးထားတယ် …
    သွားကြည့်လို့ နေရာမရရင်တော့ ဒွတ်ခ …. 😉

    • lone

      October 11, 2011 at 4:21 pm

      ဟယ်သူများတွေသနားစရာ အဲ့လိုတော့ မလုပ်ပါနဲ့အေ့…. 🙂 တော်ကြာ ရုံးကိုမှာမယ့်ကိစ္စတွေ
      သမ္မတရုံ ကအဲ့လိုအကျင့်ပုတ်ပြီး လုပ်နေမှ …. ဟုတ်ပေ့ဖြစ်နေမယ်…. မလုပ်ပါနဲ့……. 🙂

      • မှော်ဆရာ

        October 13, 2011 at 2:24 pm

        Yes … that right.

  • နွယ်ပင်

    October 11, 2011 at 4:11 pm

    တကယ့်ကို လိုက်လဲ လိုက်တဲ့ မောင်နှမပဲ … 🙂
    etone အစ်ကိုပြောသလိုပဲ အကုသိုလ်တစ်ခုကို တားလိုက်နိုင်တယ်လို့
    တွေးရင်လဲ ရပါတယ် ဒါပေမယ့် နွားဝယ်မဲ့ သူတွေကတော့ ဒီကမရရင်
    နောက်တစ်နေရာက ဝယ်မယ်ထင်တယ်နော် ……….

    • etone

      October 11, 2011 at 4:23 pm

      ဟုတ်တော့ဟုတ်တယ် အစ်မနွယ်ပင်ရေ..နွားပွဲစားက တစ်ယောက်မဟုတ်တစ်ယောက် လိုက်စပ်မှာပါပဲ … စိတ်မကောင်းပေမယ့် ကိုယ့်ပယောဂမပါတော့ အသက်ရှုတော့ချောင်သား ။
      အစ်မရေ ဟိုးတစ်နေ့က MRTV 4 မှာလာတယ်လေ… မိဘ ကျေးဇူးကို လူမပြောနဲ့ နွားတောင် ဘယ်လောက် မေတ္တာကြီးသလဲဆိုတာလေ … ။ နွားသတ်သမားတွေ ဆွဲသွားတာ နွားကြီး နှုတ်ခေါင်းပြတ်သွားတယ် … လုပ်ပြထားတာ ယိုတွေနဲ့ သုတ်ထားတော့.. နွားက နာကျင်ခံစားမှုမပြပဲ ..သူ့နှာခေါင်းသူ လျှာနဲ့ လျှက်နေပေမယ့်… ကြည့်ရတဲ့လူအဖို့ .. မပီပြင်ပေမယ့် …. စိတ်ခံစားမှုအပိုင်းကျတော့ … သနားတာလွန်သွားတယ် … အခု သားကြီးငါးကြီးတွေ ရှောင်တာမဟုတ်ပဲ စိတ်ထဲ အလိုလို မစားချင်သလိုဖြစ်နေတယ် …။ အသီးရွက်နဲ့ .. ဥပဲ စားဖြစ်နေတော့တယ် 🙂

      • နွယ်ပင်

        October 11, 2011 at 4:33 pm

        ဟုတ်တယ် etone ရေ အစ်မလဲ ကြည့်လိုက်ရတယ် ရိုက်ပြထားတာ သိပ်မပီပြင်ပင်မယ့်
        ကြည့်ရတဲ့ သူအတွက်တော့ စိတ်ထဲမကောင်းဘူးလေ …
        နွယ်ပင်လဲ အခုတစ်လော မေတ္တာရှင် ရွှေပြည်သာ အရှင်ဇဝနရဲ့ တရားတွေနာပြီး သားကြီး
        ငါးကြီးသား မစားချင်တော့ဘဲ စိတ်ထဲက အလိုလုြိဖစ်နေတာလေ ……….

  • FattyCat

    October 11, 2011 at 4:15 pm

    လွန်ခဲ့တဲ့ (၈) နှစ်လွန်လောက်ကပေါ့…
    အလုပ်မှာလဲ ညအိပ်ပြီးအလုပ်လုပ်ထားလို့ အိပ်ရေးကလဲမဝရတဲ့ကြားထဲ မနက်အစောကြီး (၉)နာရီလောက် ဖုန်းလာတယ်။
    တနင်္ဂနွေနေ့ကြီးမို့ ရုံးမှာတစ်ယောက်မှမရှိတော့ အိပ်ချင်မူးတူးနဲ့ထကိုင်ပါတယ်ဆိုမှ..
    တစ်ဖက်က ဟဲ့မပို့သေးဘူးလားတဲ့…
    ကျွန်တော်လဲ စိတ်ပေါက်ပေါက်နဲ့ ပို့လိုက်ပြီ နာရီဝက်လောက်ရှိပြီလို့ ပြောလိုက်တယ်
    ပြီးတော့ ဖုန်းချပစ်လိုက်တာပေါ့နော်
    နောက်ထပ် တစ်နာရီလောက်ကြာတော့ ထပ်ဆက်ပြန်တယ်..မရောက်သေးဘူးတဲ့
    ကျွန်တော်လဲ ထပ်ပြောလိုက်တယ်…အချိန်တန်ရင်ရောက်မယ်လို့ စိတ်ရှည်ရှည်ထားစောင့်လို့
    နေ့လည် (၁၂)နာရီလောက်ကျတော့ ရေချိုးနေတုန်း ဖုန်းလာပြန်ရော အဲဒါနဲ့ ရေချိုးခန်းထဲကနေ တန်းလန်းကြီးထွက်ပြီး (ရေချိုးမပြီးခင်လက်စနဲ့) သွားကိုင်တော့ အခုထက်အထိမရောက်သေးကြောင်းနဲ့ အလုပ်ကို လေးစားဖို့ ကျွန်တော့ကို ဆုံးမပါလေရော။
    ဘွားတော်ကြီးတစ်ယောက်ဗျ။
    ကျွန်တော်လဲ စိတ်ပေါက်ပေါက်နဲ့ ဝယ်ချင်ဝယ်မဝယ်ချင်နေ နောက်လာမဝယ်နဲ့ မရောင်းဘူးလို့ပြောလိုက်တယ်…ဟီး
    သူလဲ စိတ်ဆိုးပြီး ဖုန်းချသွားပါတယ်…
    နောက်မှသိတာ ကျွန်တော်တို့ဖုန်းနဲ့ အောင်သပြေကော်ဇောဆိုင်ဖုန်းက နံပါတ် တော်တော်ဆင်တယ် ပြောတာပဲ…သူတို့တော့ ဘယ်လိုရှင်းတုန်းမသိဘူး…ကျွန်တော်တော့ အိပ်ချင်မူးတူးနဲ့ သူတပါးကို ဒုက္ခပေးမိလိုက်တယ်…
    အခုတော့ မလုပ်တော့ပါဘူး…အသက်တွေလဲရလာပြီ…
    တစ်ခါတစ်ခါ City FM က Star Online အစီအစဉ်နဲ့ ဖုန်းမှာ ဝင်လာရင်သာ နောက်ပြီး ပြန်ဖြေမိတာပါ…
    သူငယ်ချင်းတစ်ယောက် အိမ်ဖုန်းနဲ့ ခဏခဏမှားတတ်လို့လေ…
    မှားဝင်လာလို့ကတော့ ပျော်စရာကြီးပဲ…ဟီးဟီး

    ကြောင်ဝတုတ်
    ခေတ္တရန်ကုန်

  • lone

    October 11, 2011 at 4:18 pm

    ကုလားတွေက ဦးနှောက်ကိုမရှိဘူး... မွတ်စလင်ဘာသာမှာ ဘာလို့နွားသတ်ကြတာလဲမသိဘူးနော်…ဒါပေမယ့် မမ etone ဆီဆက်တဲ့ ကုလားက မွတ်စလင်မဖြစ်နိုင်ဘူး
    နွားနို့ရောင်းတဲ့ကုလားမျိုးပဲဖြစ်ရမယ်…နို့ညှစ်ချင်လို့ဝယ်တာဖြစ်မယ်…မွတ်စလင်တွေက သူတို့ကို ကုလား
    လို့ပြောရင်မကြိုက်ဘူး…အဲဒါကြောင့်မွတ်စလင် လုံးဝမဖြစ်နိုင်ဘူး… မွတ်စလင်တွေက သူတို့က ကုလားမဟုတ်ဘူးတဲ့… ဘာ ဆိုလဲမသိဘူး………သူတို့ကိုယ်သူတို့ပြောတာ …lone တော့မသိဘူး… အခုမြန်မာနိုင်ငံက
    ဒီမိုကရေစီ အင် ရသွားပြီဆိုတော့ မွတ်စလင်ဘာသာရေးအကြောင်းသိတဲ့သူများ ရှိရင်လည်း တင်ပေးစေလို
    ပါတယ်….ဘာကြောင့်နွားသတ်ပြီး..ဘာကြောင့် ဘုရားကိုမကန်တော့ပဲစာတွေကိုပဲကုန်းကုန်းပြီးကန်တော့
    နေလဲ…နောက်ပြီး မိန်းကလေးတွေ တစ်ကိုယ်လုံး အမဲရောင် ပိတ်ကို မျက်လုံးကလွဲပြီး ကျန်တာအကုန်အုပ်ပြီး ဝတ်သလဲ….ဥပုသ်စောင့်ရင် ဘာမှမစားတာလဲ…အစရှိသဖြင့် အစုံစုံ ပေါ့…သိချင်
    ပါသည်….သိတဲ့သူများရှိရင်တင်ပေးစေလိုပါသည်…. 🙂

    • etone

      October 11, 2011 at 4:25 pm

      ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့ ညီမလေးရေ … ဘာသာရေးကျတော့လည်း … ပြိုင်ပြောရတာခက်တယ်လေ … ။ ကိုယ်ကောင်းဖို့က အဓိက ပါပဲ … ။ 😉

    • zawmyothu

      October 11, 2011 at 4:52 pm

      မွတ်စလင်တွေက ဥဗုဒ် လဆိုရင် တစ်လလုံး
      မနက်ကနေညနေ ၆နာရီလောက်ထိ အစာမစားပါဘူး
      ွွှှပြော၇ရင် သူတို.ရေတောင်မသောက်ရပါဘူး
      အဲညနေ ၆ နာရီကျော် လာရင်တော. သူတို. စပြီး
      စားလို.ရပါတယ် သိချင်ရင်တော. မန္တလေး ၈၂ ၂၇*၂၈ မှာ သူတို.နေတာများတယ်
      မေးလို.ရတယ်နော 😀
      (ကျွန်တော်သိသလောက်ဝင်ဖောတာ:D)

    • kai

      October 12, 2011 at 12:17 am

      ကုလား = ကုလ = အမျိုးကောင်းသား

      အသံထွက်။ /ka̱ la׃/
      Pali-ကုလ
      နာမဝိသသေန
      attributive adjective
      ကုလား
      Pali-ကု‌လ>+ကုလား(n)
      နိုင်ငံခြားမှလာသော၊ နိုင်ငံခြားတွင်ဖြစ်သော
      =
      A Muslim, (Arabic: مسلم‎) also spelled Moslem,[1] is an adherent of Islam, a monotheistic, Abrahamic religion based on the Qur’an, which Muslims consider the verbatim word of God as revealed to prophet Muhammad. “Muslim” is the Arabic term for “one who submits to God”.
      မွတ်ဆလင်ဆိုတာ.. အစ္စလမ်ဘာသာကိုးကွယ်သူကိုခေါ်တာပါ..။
      ==
      မသိရင်မသိတဲ့အတိုင်း မေးပါနော…
      လူမျိုးရေးခွဲခြားနှိမ့်ချတာတွေဖြစ်ောအင် ရည်ညွှန်း.. မရေးစေလိုပါဘူး..။ 😆

      • annonymous

        October 14, 2011 at 11:37 am

        ဟင်း မျက်နှာလိုက်တဲ့ kai ပဲ ဟိဟိ။ အံရော…အံရော…

  • faker

    October 11, 2011 at 4:27 pm

    အင်း….ဒါတော့ တင်နိုင်တဲ့သူရှိမှာပါ….
    တင်ပြီးတာနဲ့ ဝုန်းဒိုင်းကြဲတဲ့ ဇတ်လမ်းလေးတစ်ပုဒ်ဖြစ်လာမှာ တော့ သေချာနေပါတယ် ။
    နွားကိုသတ်ပြီး ဆင်းရဲတဲ့သူတွေကို ကျွေးရင် ကုသိုလ်ရတယ် ဆိုလားဗျာ ။
    အဲလိုတော့ ကြားဖူးပါရဲ့။

  • MaMa

    October 11, 2011 at 4:39 pm

    တခါက အသိတစ်ယောက်။ သူတို့မောင်နှမတွေက အိမ်နာမည်ကို ချစ်စနိုးနဲ့ တိရိစာ္ဆန်နာမည်တွေ ပေးထားတယ်။ ဝက်ကလေး၊ ကျားကြီး စသဖြင့်ပေ့ါ။ တစ်နေ့တော့ အမကြီးဖြစ်သူက သူ့မောင် ကျားကြီး အိမ်ပြန်နောက်ကျတော့ ဟန်းဖုန်းကို လှမ်းဆက်ပြီး မေးတယ်။ `ဟဲလို- ကျားလား´
    ဖုံးကမှားဝင်သွားတော့ တဖက်က `ဟုတ်ကဲ့- ကြားပါတယ်ခင်ဗျ´ တဲ့။

  • ရွှေအိမ်စည်

    October 11, 2011 at 4:51 pm

    အကောင်းဆုံးကတော့အိပ်ခါနီးပိတ်အိပ်တာပါဘဲ…။
    ကိုယ်အတွက်လည်းအိပ်ချိန်လိုတယ်လေ…။

    အခုကြားမိတာတော့ 5သိန်းတန်ဖုံးတွေ ပွားတယ်ပြောတာဘဲ…
    သူခိုးဈေးမှာ..လိုချင်တဲ ့နံပါတ်တောင်ပြောဝယ်နိုင်ပါသတဲ ့.
    (သူခိုးဈေး=ဘိန်းစားဈေး..ညနေ6နာရီစခင်းတဲ ့ရွှေဘုံသာလမ်းကအဟောင်းတန်းမှာရနိုင်ကြေ့ာင်း)
    .သွားတော့မဝယ်ဘူးဘူးနော်..သူများပြောပြတာ

    ပွားတယ်ဆိုတာက..မေလ်းတစ်စောင်မှာဖတ်ရတာ…….

    ပွားတာတော့ကြုံဘူးတယ်လေ….
    နံပါတ်ပိတ်ပြန်ပြောင်းရတာပါဘဲ..
    ဒါပေမယ့်လည်းစဉ်းစားကြည့်မိတယ်……
    ငယ်ငယ်ကပုံပြင်လေးလို ပေါ့…
    ရွှေသမင်ဘယ်ကထွက်……မင်းကြီးတာ ကထွက်ဆိုသလို …..
    ပွားတာလည်း..ဘယ်ကထွက်…..

    မှားတာ က.တော့..ကိုယ်လည်းတခါခါသူများကိုလည်းမှားဘူးတယ်
    နွားရောင်းမယ့်လူတော့..ဒီတစ်ခါဘဲကြားဘူးတယ်….အမှတ်တယပေါ့

  • လင်းဝေကျော်

    October 11, 2011 at 4:54 pm

    ရည်းစားဟောင်းက ဖုန်းဆက်ရင်ကို ဘယ်လိုအချွန်နဲ့မမှာတုံး အီးတုံးရေ..

    • etone

      October 13, 2011 at 8:28 am

      ရည်းစား ဟောင်းက ဖုန်းဆက်လျှင်တော့… အတော့်ကိုပျော်မှာပဲ … 😀 ပြောစရာရှိတာကိုး … ။
      ” နင့်ကောင်မ ရွာထဲဝင်ပြီး ငါ့ကို လာကလိနေတယ် … ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ထိန်း လည်ပင်းလာညှစ်မိလိမ့်မယ်လို့လေ … ”

      ပြောသာပြောရတာ … အဲ့ဒီတစ်ယောက်က …ကလိတာပဲ လုပ်တတ်တာ.. ဘယ်တော့မှ ပြိုင်မပြောဘူး … ဖေ့စ်ဘွခ်မှာလည်း စိတ်တိုအောင် လာလာလုပ်သွားပြီး အခုတော့ အကောင့်တောင် ဖျက်သွားပြီ…. 😛

      သူ့အကောင်က ရွှေထွက်တယ်ဆိုလျှင်တောင်မှ etone တို့က မစဉ်းစားဘူး … ကိုယ်ကျင့်တရားမကောင်းလို့ 🙄

      • ကြောင်ကြီး

        October 13, 2011 at 10:56 am

        ရွှေထွက်ရင်တော့ စဉ်းစားပါကွယ်၊ နှစ်ဦးနှစ်ဖက် အကျိုးရှိ… :mrgreen: ဖုံး…ခွပ်…အောင်မယ်လေးဗျ၊ ကြောက်ပါပြီး ဒေါက်တာရဲ့ နောင်မပြောတော့ပါဘူး။ ကျနော်က စေတနာနဲ့ပါ၊ ဒေါက်တာကလည်း စိတ်ကြီးလွန်းတယ်။ ကိုယ်မှ ရွှေမထွက်တာ၊ ထွက်တဲ့သူကထွက်တယ်ဆိုတော့လည်း.. ဘုံ…အင့်။ အမယ်လေး ထပ်မပြောတော့ပါဘူး…။

        • etone

          October 13, 2011 at 11:18 am

          ကိုကြောင်ကြီးရေ … ကိုယ်ကျင့်တရားနဲ့ စာရိတ္တဆိုတာကို ..ရွှေထက်ပိုတန်ဖိုးထားတဲ့ ကျွန်မကတော့ … ဝေါင်ဝေါင်ရှေးပါတယ် … ။ 😛 လင်ဆိုးမယား တဖားဖားလည်း .. အဖြစ်မခံနိုင်ပါဘူး … ။

          ဒါကြောင့် … အလိမ္မာ အိမ်ပါလေးကိုပဲ … ကပ်နေရပါတော့တယ် 😆

  • hmee

    October 11, 2011 at 5:50 pm

    ဖြစ်ရမယ် ဒေါ်တုံကတော့။ အဲ့လို ဖုန်းမှားတာက အာရုံနောက်တယ်။ ဒီမှာက ဖုန်းမှားတာ မဟုတ်ဘူး။ ကြော်ငြာတာ။ ဖုန်းနဲ့ ဘာတွေ လာပြောမှန်းမသိဘူး။ တခါတလေများဆို ငါ ဟီဘရူးစကား နားမလည်ဘူး မပြောတတ်ဘူး ပြောတာတောင် E လိုပြောတတ်လား လာသေးတယ်။ ပြီးရင် ပြောတတ်တဲ့ တယောက်လှမ်းခေါ်ပြီး ပြောတော့တာပဲ။ အလုပ်မအား ပါဘူးဆိုမှ တခါတခါ ဆက်တိုက်ကြော်ငြာဝင်တယ် ကောက်ကိုင်လိုက်လို့ အသံက မကြားဖူးတဲ့ အသံဆို ချက်ချင်း ပြန်ချ ပြစ်တယ်။ တခါတခါ ဟီဘရူးလို လာပြော ကိုယ်က ဖုန်းမှားနေပါတယ်ပြောတာကို အရစ်တွေရှည်နေတာ တလုံးမှ နားမလည်ဘူး။ တော်တော် စိတ်ရှုပ်ရတယ်။ 🙁

  • nozomi

    October 11, 2011 at 5:59 pm

    အို ကာလားမ အထုမှ ဖုန်းမားဂျင်ယောင် မဆောင်ပါနဲ့
    ကောင်းကောင်း ပြန်မပြောရင်
    ကာလားရော ကာလားမိန်းမရော အကြောင်းတွေ ကာလာမ တို့ ရွာထဲ လာဖွလိုက်မယ်နော 🙂

  • mglay

    October 11, 2011 at 7:29 pm

    ဒေါ်ဒေါ်တုံး အဲဒီလောက်ဖုန်းမှားဝင်နေရင်လည်း ဖုန်းအသစ်လေးထပ်ဝယ်လိုက်ပေါ့

    • etone

      October 13, 2011 at 8:34 am

      mglayရေ … ဖုန်းသစ်တစ်လုံးဝယ်ဖို့ မပြောနဲ့ …ဟမ်းဆက် အသစ်ဝယ်ရတာတောင် လွယ်တာမဟုတ်ဘူး ….. အထဲက contacts တွေကို ဖုန်းဟမ်းဆက်ထဲပဲ မှတ်တတ်လို့ .. (ringtone & pic ထည့်လို့ရလို့ ..) ဟမ်းဆက်အသစ်လဲလျှင် … ပြန်ပြန်ရိုက်ရတာ အလုပ်ပိုတယ် … ။ နံပါတ်သစ်တစ်ခု သုံးတိုင်း .. ကိုယ့်ကိုပြန်ဆက်သွယ်မယ့်လူတွေ …. မျက်စိလည်လည်ကုန်တာရယ် … အသစ်တလုံးရဖို့ … ဖောင်ပြန်တင်ရ အလုပ်ပိုမှာရယ် … ဖုန်းဈေးတွေ သူများ နိုင်ငံနဲ့ ယှဉ်လျှင် …. တော်တော့်ကို ဈေးကြီးနေတာရယ်ကြောင့် …. အသစ်မဝယ်ဖြစ်ပါဘူး … ။

      ဖုန်းတလုံး နှစ်သောင်းလောက်ဖြစ်သွားတဲ့ အချိန်ကျလျှင် … တပတ်နံပါတ်တစ်ခု တစ်ပတ်တစ်ခါ လဲသုံးမယ် 😆

  • naywoonni

    October 11, 2011 at 8:20 pm

    အိုးရွဲ့ရင် စလောင်းအတည့်နဲ့ ဖုန်းလို့ မရဘူးတဲ့…။ ကြားဖူးတာပဲ…..

  • windtalker

    October 11, 2011 at 8:40 pm

    ဟိတ် etone သတိလဲ ထားဦးနော်
    တော်ကြာ
    ဂေဇက်က အရှုပ်တော်ပုံတွေ
    ဖုန်းထဲ ကူးလာမယ်
    ပြောရတာ မဟုတ်ဘူးရယ်

    • etone

      October 13, 2011 at 8:48 am

      ဟုတ်ကဲ့ ကိုပေရေ .. ကျွန်မလည်း သတိထားကြိုတွေးထား ပါတယ် … အဲ့ဒါမျိုး ကူးလာခဲ့လျှင် ရီကောရင်းလုပ်ဖို့ အဆင်သင့်ပါပဲ .. 😆

  • “ဘီလူးကြီး”ogre

    October 13, 2011 at 9:24 am

    ဒေါ်တုန်
    ကျုပ်တို့..ဖုန်းမဆက်ဘူးနော်…ရီကောရင်းလုပ်ထားမှာစိုးလို… ;P

    • etone

      October 13, 2011 at 11:33 am

      မရဘူး မရဘူး … ရီကောရင်းလုပ်ထားပြီး ပြီ .. ဟိုနေ့ က ကိုဘီလူး … …………ဘာတဲ့ .. အရက်ဆိုင်က မူးပြီး ဖုန်းခေါ်တာလေ … ပိုက်ပိုက်မလောက်လို့ … အိမ်ပြန်မရဘူးဆိုလား 😀 အိမ်နားမှာမို့ .. ပိုက်ပိုက်ခဏလာပေးပါဆိုလား .. ဟဲဟဲ … ။

      • windtalker

        October 13, 2011 at 12:46 pm

        ၂ထပ်တိုး နဲ ့အမြန်လေး ပြေး ချေးပေးလိုက်တာတော့ မဟုတ်ဘူးရယ်
        ဟီဟိ

  • ဆူး

    October 13, 2011 at 2:03 pm

    ဆူးဖုန်း နံပါတ် က သန်လျှင်က အထည်ချုပ်နဲ့ နံပါတ် ခပ်ဆင်ဆင် ဖြစ်နေတာ..
    ပထမတော့ အဲဒီ နံပါတ်မသိဘူး.. မှားတယ်ပဲ ပြောပြောလိုက်တယ်.. ဆက်တဲ့ လူကလည်း နံပါတ်ဆင်တော့ မျက်စိမှောက်ပြီး ဆူး နံပါတ်ကို မှတ်ထားပြီ အသေမှတ်ထားတာ… နောက်မှ သိလိုက်တယ် သူတို့ ဆက်တဲ့ နံပါတ်က ဘယ်ဟာလဲ ဆိုတာ.. ဒီတော့ မှားဆက်လာတဲ့ လူတိုင်း နံပါတ်မှားနေပါတယ် အထည်ချုပ် ဖုန်းမဟုတ်ပါဘူး ********** ကို ပြောင်းဆက်လိုက်ပါ ဆိုပြီး ဒိုင်ခံ ဖြေရှင်းပေးနေရတယ်။
    နောက်တော့ မနောက်ဖူးဖူး.. နောက်ရမှာ စိတ်မလုံလို့ မနောက်ရဲဘူး။

  • MaMa

    October 13, 2011 at 2:45 pm

    ဟိုးးးးးးးးးးး အရင်က မြို့သစ်တွေ တိုးချဲ့တော့ ဖုံးနံပါတ်တွေကို နယ်မြေခွဲပြီး ပြန်ပြောင်းတဲ့အခါမှာ နံပါတ်တွေ ကပြောင်းကပြန် ဖြစ်ကုန်တယ်။ လုပ်ငန်းဖုံးနံပါတ်ကို ရသွားတဲ့လူကတော့ ဒုက္ခများတော့တာပဲ။ ဖြစ်ချင်တော့ ပင်စင်စား အဖိုးကြီး အဖွားကြီး နှစ်ယောက်တည်းရှိတဲ့အိမ်ကို တနေကုန်ဖုံး တဂွမ်ဂွမ်လာတော့ စိတ်ဆိုးပြီး ဆက်သမျှလူကို ပြောဆိုလွှတ်တော့တာပဲ။ အမှန်တော့ ဖုံးမှားဝင်လည်း ပိုက်ဆံကုန်တာမို့ ဆက်တဲ့လူကလည်း ဘယ်မှားချင်ပါ့မလဲ။ အဲဒါကြောင့် နောက်တခါ ဖုံးမှားဝင်ရင် ဖုံးနံပါတ်အမှန်ကို ပြောပေးလိုက်ပါလို့ အကြံပေးလိုက်မှပဲ အားလုံးအဆင်ပြေသွားတော့တယ်။

  • မမလေး

    October 13, 2011 at 11:35 pm

    ဖုန်းဆိုလို့ ပြောဥိးမယ်နော် … ညည ဆို ၁၁ နာရီ တစ်ခါတစ်လေ နောက်အကျဆုံး ၁၂ ၊ ၁ လောက်ထိဖုန်းဆက်တယ် … ဘယ်သူမှန်းမသိဘူး .. ၃ လ လောက်ရှိပြီထင်တယ် … မဆက်နဲ့ပြောလည်းမရဘူး … အော်လည်းမရဘူး … အဲ့ဒါဘယ်လိုလုပ်ရမလဲ ???

    • မှော်ဆရာ

      October 14, 2011 at 12:05 am

      သီချင်းလေးဆိုပြလိုက်ပါ …
      နင်ဘယ်သူလဲ ငါဘယ်သူလဲ
      တကယ်ဆို လူလူချင်းပဲ မထူးဆန်းဘူး …

    • etone

      October 14, 2011 at 8:39 am

      ဒါများ မင်းသမီးလေးရေ …ညဘက်ကျလျှင် ဖုန်းပိတ်ထားလိုက်ပေါ့ ..:)

  • NK

    December 9, 2011 at 12:36 pm

    အဲပြသာနာများဗျာ..လွယ်နှစ် လေးပါ..ဖုန်းမသုံးနဲ့ပေါ့ဗျာ..အဲတာဆို အဲအပူမရှိတော့ဘူး..

  • mummymoon

    December 9, 2011 at 1:44 pm

    ရေဝေးကိုရောက်နေပါတယ်ရှင်လို့ ပြောရင် တစ်ခါတည်းချသွားလိမ့်မယ်– ဟီး

  • htet way

    December 9, 2011 at 4:05 pm

    ဖုန်းမှားစရာတော့ မရှိပါဘူး ကိုယ်ပိုင်ဖုန်းမှ မရှိတာကိုး ကျုပ်တို့များ
    နားအေးတာပေါ့။ ဒီလိုပြောလို့ လူဆင်းရဲ မမှတ်လိုက်ပါနဲ့ အမိငယ်(ရေသည် ယောက်ကျားစကား)
    တခါက ဖုန်းဝယ်ဖူးပါတယ် အိမ်က ညီမက ဟလို… ရွာသာက မဘုတ်ဆုံလား
    ဘာရယ်ဟုတ်ဖူးနော် နေကောင်းလား .. ဂွပ်။ အမကြီးက ဟဲလို ခင်ဆုံလား
    နင် ကောင်က လူပါးဝတာပါ ဟဲဟဲ..ဘာရယ်ဟုတ်ဘူးနော် ဂွပ်။ကိုထက်လား ညီမလေးပါ
    စဉ်းစားပြီးပြီ …ဟင် ပြောလေ..ဆိုတာကတစ်မျိုး။ကဗျာဆရာမပါ ဂေ ဇက်မှာ
    တင်ထားတယ် ဖတ်ကြည့်လို့ကကတဖုံ ။ထက်လား ..ဒို့ ကခင်တာပါ..ကတမှောင့်
    အနှီလို နိပ်စက်ကြတော့ စိတ်ညစ်နေတုန်း ဟဲလို ဘယ်သူလည်း..၊ ထက်ဝေးပါ ၊ဘာ..
    ရေဝေးက ဟုတ်လား၊ မဟုတ်ဘူး ။သိပ် မကြားရဘူး … ဘယ်က.၊. ထက်ဝေး… ရေဝေးက ..
    အဲ့ ဒီမှာ ဖုန်းကို စိတ်နာလို့ မတန်တဆဈေးလျှော့ြ့ပီးရောင်းလိုက် ရပါတယ်။ သွပ်…သွပ်..သွပ်

  • zaw min

    December 9, 2011 at 9:16 pm

    ဖုန်းမှာနေပါတယ်လို့ ပြောတာကို တစ်ဖက်က ဘာလို့ဖုန်းမှားရမှာလည်း ဒါငါ့ဖုန်းနဲ့ငါဆက်နေတာ…မင်းသာနံပါတ်မှားနေတာကွ အဲဒီနံပါတ်ဘယ်ကရသလဲ…အဲဂလိုလဲ ကြုံဘူးပါတယ်…

Leave a Reply