အမှောင်ကိုမှီပြီး လုပ်စားသူများ
လူတွေ အသက်ရှင် နေထိုင်နိုင်ဖို့ အတွက် အသက်မွေးဝမ်းကြောင်းမှု တစ်ခုခုပြုပြီး စီးပွားရှာကြရပါတယ် ။ ကျွမ်းကျင်ရာ ပိုင်နိုင်ရာပေါ် မူတည်ပြီး ရွေးချယ်ရာလမ်းကြောင်း ကွဲပြားစွာနဲ ့ နေရာစုံ ၊ ရာထူးစုံမှာ ရုန်းကန်လှုပ်ရှားနေကြရတယ် ။
အလွှာတန်းစားဆုံဖြစ်တာကြောင့် လူအမျိုးမျိုး စိတ်အထွေထွေစုံရောယှက်နေတော့တာပေါ့ … ။ လူချင်းအတူတူပေမယ့် … အလုပ်အပေါ်ထားတဲ့စိတ်ဓါတ်ချင်းတော့ ကွဲပြားသွားပါတယ် …. ။ တစ်ချို ့က အလုပ်ကို ပေါ့ပေါ့တန်တန်လုပ်မယ် ၊ တစ်ချို့က အလုပ်ကို သေသေချာချာ စိစစ်ပြီး လုပ်မယ် ၊ တချို့ကတော့ အချောင် ဘုံးငွေရလို့ လုပ်တယ် ၊ ခိုးလို့ရလို့ လုပ်တယ် ၊ စာရင်းလိမ်ပြရလို့ လုပ်တယ် စသဖြင့် မွေးဖွားရာ ဗီဇနဲ့ ပတ်ဝန်းကျင်အနေထား ၊ လူနေမှု စရိုက် တို့ပေါ်မူတည်ပြီး … အသက်မွေးဝမ်းကြောင်း အလုပ်ခွင်မှာ ကျင်လည်ကျက်စားရပြန်တယ် …. ။
ဘယ်အလုပ်ပဲ လုပ်လုပ်ပါ … မိမိရှာသလောက် လိပ်ပြာ သန် ့သန် ့ စား နိုင်ရဲ ့လားဆိုတာ အရေးကြီးပါတယ် … ။ အလုပ်တစ်ခုအပေါ် တာဝန်ယူ သိတတ်မှုရှိပါမှ အလုပ်ရဲ ့အသီးပွင့်တွေ ခံစားခွင့်ရတဲ့ အခါ လိပ်ပြာသန့် သန့် စားနိုင် ၊ ခူးဆွပ်နိုင်မှာပါ … ။ ဒီတော့ ကိုယ့်အလုပ်ပေါ် တန်ဖိုးထားတတ်မှုဆိုတာ အရေးကြီးလာတော့တာပေါ့ … တန်ဖိုးထားတတ်မှ တာဝန်ယူသိတတ်မှုရှိမယ် … ဒါမှလည်း … လိပ်ပြာသန့် သန့် နေနိုင်မယ်လေ ။
အလုပ်အကြောင်းတွေ ၊ တာဝန်ယူမှုတွေ ၊ သိတတ်မှုတွေအကြောင်းပြောလို့ … စိတ်ရှုပ်သွားကြပြီလား ။ ကျွန်မက နိဒါန်းပျိုးနေတာပါ … အလုပ်ကို အလုပ်နဲ့ တူအောင် မလုပ်တဲ့သူ၊ ပေါ့တီးပေါ့ပျက် တာဝန်ယူမှုမရှိသူ တစ်ယောက်နဲ့ ဆုံခဲ့ရလို့ပါပဲ … ။
%%%%%%%%%%%%%%%%%%%
မနေ့ကညဘက် ကျွန်မကား ငှားစီးဖြစ်တယ် …နေတိုင်း သွားနေကြလမ်းမို့ တန်သလောက်ဈေးပေးတော့ … ပေါက်ရင်းဈေးထက် ပိုတောင်းတယ် ….. ။ သူများတွေလို စာရင်းလိမ်ထားလို ့ ရတဲ့ ပိုက်ဆံမဟုတ်ပဲ နေဝင်နေထွက် အလုပ်လုပ် ၊ကိုယ့်ချွေးနဲ စာနဲ့ သမ္မာအာဇီဝကျကျရှာထားတဲ့ ပိုက်ဆံမို့လို့ မတန်တရာ မပေးချင်တဲ့ စိတ်နဲ့ ကျွန်မသွားနေကြဈေးကိုပြောတယ် လိုက်နိုင်လျှင် မလိုက်နိုင်လျှင် တခြားကားငှားမယ်ဆိုပြီး …. ဆက်စောင့်နေပါတယ် … ။
ကားသမားလည်း ကျွန်မပြောတဲ့ ဈေးနဲ့ သူတောင်းတဲ့ဈေးကွာဟနေတာကြောင့် …. မောင်းထွက်သွားခဲ့တယ် … ။ ဒါပေမယ် ့ စိတ်ပြောင်းသွားဟန်တူတဲ့ ကားသမားက … ဘက်ဆုတ်ပြီး ကျွန်မရှေ့ ကားပြန်ရပ်လာတယ် … ။ ကျွန်မပြောတဲ့ ဈေးနဲ့ ပို ့ပေးမယ်လို့ ပြောပြီး … ကားကို စက်နှိုး အရှိန်ပြင်းပြင်း စထွက်ပါတော့တယ် … ။ ကားငှားစီးနေရင်း ရတဲ့ အတွေ့ ကြုံတွေကြောင့် တစ်ကျော့ပြန်ဝင်လာတဲ့ကားသမားကို ပြန်မငှားချင်ပေမယ့်လည်း အားနာစိတ်လေးဖုံးဖိမရတော့ … အဲ့ဒီကားကို လိုက်စီးလိုက်မိတယ် … ။ ကားပေါ် စတက်လို့ တံခါးတောင် သေချာ လော့ကျအောင် မပိတ်ရသေးဘူး … ဝူးခနဲ စထွက်တော့တာပါပဲ … ငါတော့ အားနာမိတာမှားပြန်ပြီလို့ နောင်တရပေမယ် ့ … အခုနေ ကားရပ်ခိုင်းပြီး ပြန်ဆင်းလို့ကလည်း မဖြစ်တာကြောင့် … မီးစင်ကြည့်ကရတော့မှာပဲ လို့ တွေးရင်း … ဒီတိုင်းစီးသွားပါတယ် …. ။
ကျွန်မသွားရမယ့်လမ်းရဲ့ သုံးချိုး တစ်ချိုးလောက်သွားပြီချိန်မှာတော့ ကားသမားက စကားစဆိုလာပါတယ် …. ။ ကျွန်မနာမည် ဘယ်သူပါတဲ့လဲတဲ့ …. ။ ပြောပြောချင်းစကားမှာတင် မရိုးသားမှုအရိပ်ယောင်တစ်စုံတစ်ခု ပါနေတာကြောင့် ကျွန်မလည်း … သူဘာဆက်ပြောနိုင်လဲဆိုတာမျိုးတွေးပြီး ….သူ့ကားထဲမှာ ဘယ်လို မင်္သကာ စရာ ထည့်လာမလဲ ဆိုတဲ့အ တွေးနဲ့ … လျှောက်ကြည့်နေမိရင်း သူမေးတာ ပြန်မဖြေဖြစ်ခဲ့ပါဘူး … ။ တစ်ခုခုတော့ . တစ်ခုခုမှန်း သိပေမယ့် .. တစ်ခုခုဆိုတာ ဘာမှန်းကို ကျွန်မလည်း မသိဘူး .. ။
သူမေးတာကို ကျွန်မပြန်မဖြေတော့ … ထပ်မေးပြန်တယ် …. ။ စိတ်က ထင့်ကနဲ ဖြစ်သွားတာကြောင့် …. မရည်ရွယ်ထားပါပဲ … ကျွန်မနာမည်မေးပြီး ဘာလုပ်မလို့လဲ ရှင့်ကားသာ ရှင်မောင်းလို့ ပြောဖြစ်သွားတယ် ။ ကျွန်မပြောတာကို အသက်တိုးတိုးထွက်အောင် ရယ်ညည်းပြီး … အစွာလေးပဲတဲ့ … ။ ဒီနေရာက အမြဲ ငှားထာလားတဲ့လေ … ။ ကျွန်မလည်း ….ကားဈေးပြောကတည်းက ဒီကနေ အမြဲ ငှားနေကြ သွားနေကြအချိန်ဆိုတာ ထည့်ပြောလိုက်မိတာ သတိရတာကြောင့် … ရှည်ရှည်ဝေးဝေးမပြောတော့ပဲ အင်း …ဟုသာ ဖြေလိုက်တယ် … အကြောတင်းတဲ့ ကားသမားက … ညီမလေးအမြဲပြန်လျှင် အကြိုပို့ လုပ်ပေးပါရစေတဲ့ ။ ဖုန်းနံပါတ်လေး ပေးထားပါလားဆိုပြီး … မလိုအပ်တဲ့ အပိုစကားတွေပြော စပ်ဖြီးဖြီးလုပ်ကားမောင်းနေပါတယ် … ။ အားလုံးသိတဲ့အတိုင်း ကျွန်မကလည်း မတရားတာ ဆိုလျှင် ငြိမ်မခံတတ်တာကြောင့် … ဒီလူ့စိတ်ထဲ မိန်းမတစ်ယောက် ညဘက် ကားငှားစီးတာ ..သူ့လက်ခုတ်ထဲကရေများထင်နေသလားမသိတဲ့စိတ်ကို … နည်းနည်း ချဉ်မိတာကြောင့် … ဒီထက်ဆိုးလာလျှင် ကျွန်မစိတ်နဲ့ တစ်ခုခုတော့ဖြစ်ပြီလို့တွေးရင်း … ပြန်မဖြေပဲ လိုက်လာခဲ့ပါတယ် …။ လူနည်းနည်းပြတ်တဲ့နေရာလည်းရောက်ရော …. ကားကိုထိုးရပ်လိုက်ပါရော … ပြီးတော့ … ဟိုဟာပျက်သလိုလို ၊ ဒီဟာပျက်သလိုလို … လျှောက်လုပ်နေပါတယ် … ကျွန်မလည်း သတိကြီးကြီးထားပြီး ….သူဘာများလုပ်မလဲ စောင့်ကြည့်နေမိတယ် …. ။ ဖြတ်သွားဖြတ်လာ ကားတစ်စီးစ နှစ်စီးစကလွဲလို့ … ပုစဉ်းရင်ကွဲလေးတွေအော်သံလောက်ပဲ ကြားရတယ် …. ဓါတ်မီးတိုင် မီးလင်းနေတာ ကျွန်မအတွက်တော့ … ကံတရားက ကိုယ့်ဘက်မှာလို့ ထင်ရတယ်လေ … ။ ကားဖုံးကိုဖွင့်ပြီး ဘာကလိမ်ကြံနေမှန်းမသိတဲ့ လူကြီးက တစ်ချက်တစ်ချက် ကျွန်မ ကိုလှမ်းကြည့်တဲ့သူ့အကြည့်ကြောင့် ….. သူ့ကိုကျွန်မဘယ်လိုမှ အယုံကြည်မရှိတော့ပါဘူး …. ။ ကားပျက်တာ ဟုတ်ချင်မှဟုတ်မယ် … ဘယ်ခြုံမြင်လို့ … ဘယ်လိုထွင်လဲမသိတဲ့ ဒီအခြေနေမှာ …တ စ်ခုခုဆို… သူသေကိုယ်သေပွဲပဲ ဖြစ်ရတော့မယ် လို့တွေးရင်း …. ။ဖုန်းကို အိတ်ထဲကထုတ် လက်မှာကိုင်ထားလိုက်တယ် …. ကားနံပါတ်နဲ့ စီးတီး တက်စီနံပါတ်မှတ်သားထားခဲ့တယ် … အရေးရ အကြောင်းရဆို … ဖုန်းထဲက ရက်ကော့လေးက တရားခံရှာပေးတဲ့ အခါ ကူညီမှာပါ … ။ ဒီနေရာ ရာဇဝတ်မှု ဖြစ်နိုင်တယ်ဆိုတာ နေ့တိုင်း သွားနေကြလမ်းမို့ သတိမထားမိတဲ့ကျွန်မ သင်ခန်းစာကောင်းကောင်းရလိုကတော့တယ် ….. ။ တချက်ချက်ပြေးနေတဲ့နာရီ စက်သံလေးရယ် …ကျွန်မ နှလုံးခုန်သံရယ်ကလွဲလို့ …. ဘာသံမှ မကြားရအောင် တိတ်ဆိတ်လွန်းတယ် … ။
… ကားပျက်တာပြင်နေမယ့်အတူတူ ကျွန်မကားပေါ်မှာ ထိုင်ပြီးတောင်တွေးမြောကးတွေးထာထက်စာလျှင် အောက်ဆင်းနေမယ်စိတ်ကူးနဲ့ …. အောက်ဆင်း ရပ်ကြည့်နေတုန်း မှုန်ပြပြကားမီးထိုးရင်း တက်စီတစင်း ထိုးရပ်ပါတယ် …. ။ ရေငတ်တုံးရေတွင်းထဲကျတာမို့ …. ထိုးရပ်လာတဲ့ကားပေါ်တက်ကာ ဘာကြံကြံနေမှန်းမသိတဲ့လူကြီးကို ဒီကားနဲ့ လိုက်သွားပြီးအောြ်ပီး ထားခဲ့ပါတော့တယ် …. ။ ပိုက်ဆံလည်း မပေးခဲ့ပါဘူး … လိုရာခရီးဆုံးအောင် တာဝန်ယူစိတ်နဲ့ မပို့ချင်ပဲ .. ကလီကမာ ဉာဏ်များတဲ့လူမို့ ….. ပိုက်ဆံမပေးပဲ ထားခဲ့တာပါ … ။ ကိုယ်လုပ်ရမယ့် အလုပ်အပေါ် လေးလေးစားစား တာဝန်ယူစိတ်မရှိပဲ …. မိန်းမမြင်လျှင် ငန်းကြောထချင်တဲ့ လူ ့သတ္တဝါတွေ ဘယ်နှစ်ယောက်များ ကားမောင်းစားနေကြပါသလဲ …. တွေးရင်းရင်မောမိပါတယ် …. ။ ရဟန်းရှင်လူ ၊ ပြည်သူအများ ကားငှားစီးရတဲ့အ ချိန်နဲ့ ကြုံတဲ့ အခါ … အလားတူ စိတ်အနှောက်ယှက်ဖြစ်စရာများကြုံကောင်းကြုံနိုင်ပါတယ် … ။ ဒါတွေက ကိုယ့်အလုပ်ပေါ်ကိုယ် တာဝန်ယူစိတ်လျှော့နဲလို့ တန်ဖိုးထားတာနည်းလို့ဖြစ်ရ တာမျိုးပါ … ။ ကားကတော့ အနီရောင်ပါ …ကိုရိုတာအမျိုးစားဖြစ်ပြီး ကားနံပါတ်က တော့ x / ၁၈၈၉ ပါပဲ …. ။ လူဝဝ အသက်ငါးဆယ်နီးပါး နှဖူးပြောင်ပြောင်မောင်းပါတယ် … သတိနဲ့ ယှဉ်ပြီး ကားစီးကြပါလို့ တိုက်တွန်းပါတယ် … ။
ကျွန်မရဲ့ ညီမလေး ဆေးကျောင်းတက်စဉ်ကာလကလည်း ကြုံခဲ့ဖူးပါတယ် …. ။ ဆရာမကို မရရတဲ့အချိန် စာသင်ဝိုင်းလုပ်ပေးပါပြောထားတာကြောင့် ညဘက်အချိန် ကျူရှင် ကျောင်းသွား၊ကျောင်းပြန်လုပ်ရတာလည်း ရှိပါတယ် … ။ သူလည်း အဖော်တွေမပါပဲ တစ်ယောက်တည်းကားစီးနေကြမို့ အထူးဆန်းမဟုတ်ပေမယ် ့ တစ်ရက်တော့ ကားငှားစီးရင်း …သွားနေကြလမ်းက မောင်းရမှာကို … တခြားလမ်းကမောင်းပို့တယ် …အရှေ့မှာ လူပြတ်တဲ့နေရာရောက်တော့မှာ သိတဲ့ ကျွန်မညီမလေးက အလွယ်ဆုံး၊ အမြန်ဆုံးဖြစ်တဲ့သွားနေကြလမ်းကသွားဖို့ပြောတော့ … တက်စီသမားက မြည်တွန်ဟောက်တည်းပြီး ….လမ်းပေါ်မှာ ချထားခဲ့ပါလေရော … အဲ့ဒီနေ့ က ငိုမဲ့မဲ့ နဲ့ အိမ်ပြန်ရောက်လာတဲ့ ကျွန်မညီမလေးကို ကြည့်ရင်း … ဘာမှ ပြန်မပြောလိုက်ဘူးဆိုတာမျိုး ၊ အားမလို အားမရဖြစ်ရတာမျိုးနဲ့ … ဂရုဏာဒေါသထွက် ၊ စိတ်မကောင်းဖြစ်ခဲ့ရဘူးတယ် … ။
လူတွေ … လူတွေ … လောကမှာ ယောကျာ်းနဲ့ မိန်းမ နှစ်မျိုးစားပဲရှိတာ … ဘာကြောင့်များ မိန်းမဆိုတဲ့ အမျိုးကို ပျော့ညံ့တယ်လို့ သတ်မှတ်ထားခဲ့မှန်း မသိဘူး … တစ်ဆင့်နိမ့်အမျိုးစားထဲကမို့ အမြတ်ထုတ် အချောင်နှိုက်ချင်တဲ့ လူစားမျိုးတွေ ပေါလာတာ ကျွန်မတို့လို ညဘက် အသွားပြန်လုပ်ရတဲ့ မိန်းမတွေအတွက်တော့ … အန္တရာယ်ကို လက်ယက်ခေါ်နေသလိုပါပဲ … ။ ကြုံသော်ရှိမကြုံသော်ရှိ အန္တရာယ်ကို ဘယ်လို အနေထားနဲ့ ကာကွယ်၊ခုခံ ၊ချေပ မလဲဆိုတာတော့ …မိန်းမတိုင်းတွေးထားသင့်ပါတယ် … ။ တခြားနိုင်ငံတွေမှာတော့ ဘယ်လိုဥပဒေတွေရှိလည်း မသိဘူး … ညကြီးသန်းခေါင်တောင် အလုပ်သွားအလုပ်ပြန်တွေ လုပ်နေကြတုန်းပဲ … ။ လူနေမှူ့စရိုက် ကွာခြားလို့လား ၊ မွေးရာပါ စိတ်ဓါတ်တွေ ကွာခြားလို့လားဆိုတာ စဉ်းစားရင်း … အတွေးများနေရပါတော့တယ် ။ ။
23 comments
windtalker
October 15, 2011 at 12:24 pm
အတုန်ရယ်
ရှေ ့က အက္ခရာပါ တစ်ခါတည်း အပြည့်အစုံ
ဖော်ပြ လိုက်စမ်းပါ ဟယ်
ဒီလိုကောင်စားမျိုးတွေ ကို
အရေးယူချင်ယူ ဒါမှမဟုတ် နံပါတ်မြင်တာနဲ ့
တစ်ခါတည်း တန်းရှောင်လို ့ရအောင်
“ဘီလူးကြီး”ogre
October 15, 2011 at 12:36 pm
ဒေါ်တုန် ကိုများစမ်းချင်သေးတယ်
အကြောင်းမသိလို့နေမယ်
ကျုပ်တို့တော့ လုပ်ရဲပေါင်…မတော်အပ်တုံးကြီးနဲ့ဆေးထိုမှ အခက်..။။။
meelay
October 15, 2011 at 12:59 pm
တုန်တုန်တို့ကတော့ အမျိုးမျိုး ကြုံလဲ ကြုံတတ်တယ် ……………….
cobra
October 15, 2011 at 2:26 pm
အမကံကောင်းတာပေါ့
နောက်ကားတစ်စီးလာလို့
မလာရင်ဘာတွေဆက်ဖြစ်ကြမလဲမသိဘူး…။
water-melon
October 15, 2011 at 2:49 pm
ဟုတ်တယ် အစ်မ တုံရေ။ ခေတ်ကြီးက မိန်းကလေးဆိုရင် ဝါးမယ်စားမယ်မြိုမယ်စို့မယ် ကြီးဘဲ။ သူများနိုင်ငံတွေမှာဆို မှောင်မှောင်ချုပ်ချုပ်ဘာမှမဖြစ်ဘူး။ ဒီမှာကတော့ မှောင်ပြီဆိုတာနဲ့ ဘုုရားတ နေရတာ။ ဘယ်ကြားက ဆွဲပြီး ဘယ်ချုံကို ခေါ်သွားမယ် မသိဘူး။ ညစ်ညမ်းကားတွေကလည်း ပလူပျံနေတော့ ကာမ ရာဂ စိတ်တွေက ငယ်ထိပ်ရောက်နေကြပြီ။ နောက်ဆို ဘယ်သွားသွား ဖုန်းရယ် အဖော်ခေါ်သွားပေါ့။ ဖုန်းက ဆက်လို့ရတယ် တစ်ခုခုဖြစ်ရင် ကျူးမီးယားလို့အော်လိုက်လေ။ ဟီး စတာ 🙂
hmee
October 15, 2011 at 3:10 pm
ရမလားလို့ စမ်းချင်တာနေမှာ တုံရဲ့။ မှတ်လောက်အောင် လုပ်ခဲ့ရမှာ။ ဓါတ်ပုံလေး ဖြစ်ဖြစ် ရိုက်ခဲ့ရောပေါ့။ စိတ်ဓါတ် မကောင်းလို့ ဒီလူ ဘယ်တော့မှ ကြီးပွါးမှာ မဟုတ်ဘူး။
etone
October 17, 2011 at 10:27 am
မမှီရေ ဓါတ်ပုံရိုက်ချင်တာ မှောင်နေတာနဲ့ ပုံမပေါ်ဘူးဖြစ်နေတယ် … ညဘက်ဓါတ်ပုံရိုက်လို့ရတဲ့ ဖလက်ချ်ပါတဲ့ ဖုန်းမျိုးဆို အဆင်ပြေတယ် 🙁
Yin Nyine Nway
October 15, 2011 at 3:40 pm
ဟုတ်တယ်ဟုတ်တယ်….
ဌားရအခက် မဌားရအခက်နဲ့
အရမ်းဝေးရင်ဖြစ်ဖြစ် …. ညအချိန်ဖြစ်ဖြစ် တယောက်ထဲတော့ မဌားရဲဘူး
eveningstar
October 15, 2011 at 3:43 pm
ထိပ်ပြောင်ရင်သတိထားနော်အမ
ထိပ်ပြောင်ဗိုက်ရွှဲတွေကကြောက်ဖို့ကောင်းတယ်။
ရွှေဘိုသား
October 15, 2011 at 3:43 pm
ရွာထဲက မိန်းကလေးတွေနဲ့ အပြင်က မိန်းကလေးတွေ အတွက် အရမ်းကို ဆင်ခြင်လို့ရအောင်
ရေးပေးတဲ့ မမတုံ ရေကျေးဇူးတင်ပါတယ်ဗျာ
တကယ်လည်း ညဘက်ဆို မိန်းကလေးဆို အဖော်ပါမှ တက္ကစီ စီးသင့်ပါတယ် တစ်ချို့ ယာဉ်ပေါ်မှာ
အဖော်ရော ယာဉ်မောင်းရော နှစ်ယောက်ဆို လုံးလုံး မစီးကြပါနဲ့ဗျာ အန္တရာယ် အရမ်းများပါတယ်
manawphyulay
October 15, 2011 at 4:34 pm
အင်းနော် ကြောက်စရာကြီး။ မနောကတော့ ဘယ်တုန်းကမှ ကြောက်စိတ်မထားခဲ့မိလို့လားမပြောတတ်ဘူး။ ဟိုတစ်ခါ နေပြည်တော်ခဏသွားတုန်းက ည ၁၂ နာရီ အဝေးပြေးရောက်တော့ ကားငှားတာ တစ်ယောက်ထဲပဲ ကားသမားကလည်း ပထမပြောထားတဲ့သူကတစ်ယောက် နောက်လူပြန်ချိန်းနေသေးတယ်။ ကိုယ်ကလည်းအိမ်ပြန်ရောက်ချင်တော့ ဘာမှမပြောပဲနေလိုက်တယ်။ မိုးတွေက လမ်းရောက်တော့အရမ်းကောင်းနေတယ်။ ကိုယ်ကတော့ ဘုရားစာပဲရွတ်နေလိုက်တယ်တစ်လမ်းလုံးကို ဘုရားတနေရတယ်။ ကားတစ်ခုခုပျက်ရင်သေပြီလေ… ကားသမားက ပြောတယ်။ ညဘက်ကို ကားငှားရင် မိန်းကလေးတစ်ယောက်ထဲဆို ကျွန်တော်တို့က မငှားဘူးတဲ့ ဘာလို့လဲဆိုတော့ သူတို့ကားသမားတွေ ငွေလိမ်တာတို့ ဘာတို့ လုပ်ကြတာများလို့ ပြောတာပဲ။
အာရက္ခ မြေသား
October 15, 2011 at 6:26 pm
လူချင်းအတူတူပေမယ့် … အလုပ်အပေါ်ထားတဲ့စိတ်ဓါတ်ချင်းတော့ ကွဲပြားသွားပါတယ် …. ။ တစ်ချို ့က အလုပ်ကို ပေါ့ပေါ့တန်တန်လုပ်မယ် ၊ တစ်ချို့က အလုပ်ကို သေသေချာချာ စိစစ်ပြီး လုပ်မယ် ၊ တချို့ကတော့ အချောင် ဘုံးငွေရလို့ လုပ်တယ် ၊ ခိုးလို့ရလို့ လုပ်တယ် ၊ စာရင်းလိမ်ပြရလို့ လုပ်တယ် စသဖြင့် မွေးဖွားရာ ဗီဇနဲ့ ပတ်ဝန်းကျင်အနေထား ၊ လူနေမှု စရိုက် တို့ပေါ်မူတည်ပြီး … အသက်မွေးဝမ်းကြောင်း အလုပ်ခွင်မှာ ကျင်လည်ကျက်စားရပြန်တယ် …. ။
ကိုပေါက်(မန္တလေး)
October 15, 2011 at 6:38 pm
ကျနော်ရန်ကုန်လာတုန်း အငှားကားစီးရင်ကားဆရာရဲ့နောက်ကဘဲထိုင်တယ်။
အထူးသဖြင့်ညမှာပေါ့။
ကားပေါ်ရောက်တာနဲ့ ဖုန်းထုတ်ပြီး အိမ်ကိုလှမ်းအကြောင်းကြားတယ်
ငါပြန်လာပြီပေါ့
ပြီးရင် ခပ်တည်တည်နဲ့ ဖုန်းကို မဖွင့်ဘဲ မာမာထန်ထန်နဲ့အမိန့်တွေပေးတယ်။
တစ်ည ကမ္ဘာအေး မီးရထားကုန်းကျော်ကနေ အိမ်ပြန်လာတာ
အမှောင်ရိပ်မှာကားရပ် ကားဆရာကို သုံးရာပေးပြီး ကျေနပ်လားလို့မေးတော့ဟိုက ရတယ်ဆရာဆိုပြီး
အမြန်နုံးနဲ့ ကားမောင်းပြေးရော အိမ်ပြန်ရောက်တော့ ပြန်ပြောပြတာ
ကျပ်ကျပ်လုပ် ဒါမျုးိ ဓါးထိုးခံရမယ်လို့ အားပေးကြပါတယ်။
ကြောင်ကြီး
October 15, 2011 at 7:56 pm
အဲသလိုဖြစ်ရင် အကောင်းဆုံးက အိမ်၊ မိတ်ဆွေတဦးဦးဆီကို ဖုံးလှမ်းဆက်ပါ။ ဖြစ်နိုင်ရင် ကားဆရာ ကြားလောက်အောင် ဘယ်ရောက်နေပြီ၊ အဆောက်အဦး၊ လမ်းဆုံအမှတ်အသား တခုခုကို ပြောထည့်လိုက်။ သိပ်မင်္သကာရင် ကိုယ်ဖက်ကလည်း ရိုင်းမသွားအောင် တဖက်ဖုန်းထဲကလူက အပြင်မှာ လာစောင့်နေသလိုနဲ့ ငါဘာကား ဘာအရောင် ဘယ်နံပါတ်ကို စီးလာတယ်လို့ ခပ်တည်တည်နဲ့ ရွှီးလိုက်။ မတော်လို့ တခုခုဖြစ်ခဲ့ရင်တောင် မှတ်တမ်းတင်ပြီးသား ဖြစ်သွားပြီ။
pooch
October 15, 2011 at 11:02 pm
တုံတုံရယ်…. မထိတ်သာ မလန့်သာရှိလိုက်တာကွယ် …ဖြစ်မှဖြစ်ရလေ….သတိထားနော်
သတ္တိကတော့ အတော်ကောင်းပါလား..
ဦးကြောင်ပေးတဲ့ အကြံက မဆိုးဘူး နောက်ဆို အဲ့ဒါမျိုးလှမ်းဆက်သင့်တယ် .. ကိုယ့်ကိုယ်ကို သိပ်အရဲမကိုးနဲ့ .. ကိုယ်ကမိန်းကလေး.. အားကြီးသူနဲ့ အားနည်းသူ အရေးအကြောင်းဆို … ကိုယ်က အရေးနိ်မ့်နေတာ…အဲ့ဒီလို အခြေအနေမျိုးမှာဆို …
ခေတ်မကောင်းသလို လူတချို့ကလည်း မကောင်းတော့ဘူး..
nigimi77
October 15, 2011 at 11:08 pm
အဲဒါ ဝ မီဟုတ်ဘူး ။
မီယုံရင် အီးဒုံးကို မေးကြည့်ပါ…
ဟုတ်လယ်နော် အီးဒုံး…. ဝ လေ နီ ့ကို အီလီကား မပို ့ပေးခဲ့ဘူးနော်…
တန်ရာတန်ကြေး ပေးပြီး ပို ့ခဲ့တာနော်…. အာဝူးးးးးးးးးးးးးးးးးးးးးးးးးးး အု အု အု ။ 😛
တညင်သား
October 16, 2011 at 8:56 am
ဒေါ်အီးတုန်းကို ကားသမားက လှန့်သွားလို့နဲ့တူတယ် .. ပုံတော်ဖိနပ်ကြီးစီး ချိတ်ထမီကြီးဝတ် ထောင်ထောင်မောင်းမောင်း တောင့်တောင့်တင်းတင်း ဆိုတော့ ရွာအစည်းအဝေမှာ အဆိုတင်သွင်းတဲ့ပုံမြင်မိလို့ပါ ……… 🙂
etone
October 17, 2011 at 10:31 am
ညဘက်သာ အဲ့ဒီလို မြင်လိုက်ရလျှင် လန့် ပြေးမှာပဲ…
ဥစ္စာစောင့် ကားငှားစီးတယ်ဆိုပြီးပေါ့ ..
unclegyi1974
October 17, 2011 at 11:11 am
အိတုန်မဖုန်းထဲမှတ်ထားတာလည်းကောင်းတာတဲ့အကြံပဲ
ဒါကနောက်ကျအသုံးဝင်တယ်
အကောင်းဆုံးကကိုကြောင်ကြီးပေးတဲ့အကြံကို
ယခုဆောင်းပါးအတွက်ကောင်းဆုံးအကြံအဖြစ်ရွေးချယ်ပေးလိုက်ပါတယ်
ဆုယူရန်မောင်ကြောင်ကြွရောက်ဖို့ဖိတ်ခေါ်ပါတယ်
ကားသမားကောတခြားလူတွေကောစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့လိုနေတာအမှန်ပါဗျာ
pan pan
October 17, 2011 at 11:12 am
အဲဒါကြောင့်ပေါ့
ညဖက်ရုံးမှာ အိုဗာတိုင်းဆင်းရရင်
သူငယ်ချင်းအဖော်ပါမှ ကားငှားပြန်ရဲတာ
မဟုတ်ရင် နည်းနည်းစောပြန်ပြီး လိုင်းကားပဲစီးတယ်
ဒါပေမယ့် ကားငှားချင်ရင် ရုံးအောက်မှာ ပုံမှန်စောင့်နေတဲ့
တက္ကစီသမားတွေတော့ရှိလို့တော်သေးတယ်(သူတို့ကတော့ အိုဗာတိုင်းသမားတွေကို အမြဲ စောင့်နေတဲ့လူတွေလေ၊ တစ်ယောက်ပို့နေတုန်း လူကျန်သေးလားမေးတယ်၊
ကျန်ရင် ပြန်လာစောင့်သေးတာ)
သူတို့က ဘယ်ရုံးကဘယ်သူဘယ်မှာနေတယ်၊
ဘယ်လိုဈေးဆစ်တယ်ဆိုတာတောင်သိနေပြီ
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ညဖက်ကြီး တစ်ယောက်တည်းတက္ကစီမစီးရဲဘူး 🙂
pan pan
October 17, 2011 at 11:49 am
မetone၊ တစ်ခုခုဆို နိုင်သလောက်သာပြန်ဖိုက်ပစ်၊ မှတ်တမ်းတင်ထား
ကိုကြောင်ကြီးပြောသလိုလည်း လုပ်ရမယ် (နည်းယူသွားတယ်) 🙂
ညီမလည်း တစ်ခါတစ်လေကြုံဖူးတယ်
ကားပေါ်မှာတော့မဟုတ်ဘူး လမ်းပေါ်မှာ (နောက်ကကပ်လိုက်လာတာ)
လမ်းပေါ်မှာဆိုတော့ လူစည်တဲ့ဖက်ကို အသားကုန်ပြေးတာပေ့ါ
အဲဒါကြောင့် နည်းနည်းမှောင်တဲ့နားကဆို မသွားတော့ဘူး
ဝေးချင်ဝေး လင်းလင်းကျင်းကျင်းရှိတဲ့ဖက်ကပဲသွားတယ်
etone
October 17, 2011 at 12:45 pm
ဟီးဟီး .. စာရေးဖို့တော့ ကုန်ကြမ်းရသွားတာပေါ့ … ။
Nikita ကားတွေကြည့်ပြီး ဗျင်းရတော့မယ်မှတ်တာ …
နည်ရဲဇော်
October 17, 2011 at 1:11 pm
မိန်းကလေးတွေ အရေးအကြောင်းရှိ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် pepper spray လိုဟာမျိုးလေးတွေ ဆောင်ထားသင့်တယ်။ ညီမ/အမ တို့ရေ။ ကိုယ့်ဘက်က အမြဲတမ်းသတိနဲ့ပြင်ဆင်ထားတာ မမှားဘူးလို့ထင်ပါတယ်။ ဒီလိုစာမျိုးလေးတွေဖတ်မိတဲ့ အတွက် တခြားမိန်းကလေးတွေ ဆင်ခြင်စရာရတာကြောင့် ချီးကျူးအားပေးပါတယ်။