ဘာသီးလဲဆိုတာ ပြောပြပေးပါဦး
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနားက အပင်ပဲ ဖြစ်ပါတယ်။ အသီးတွေ ပြွတ်သိပ်နေအောင် သီးနေပြီး ဘာပင်မှန်းမသိဘူး။ အပင်လေးကလည်း နိမ့်နိမ့်လေးနဲ့ အသီးတွေက ပတ်လည်သီးနေတာဆိုတော့ အရင်တစ်ခါ တင်တဲ့ အပင်နဲ့လည်း နေရာ သိပ်မကွာခြားလှတာ တွေ့ရှိရတယ်။ မနောလည်း စားလို့ရမရ သိချင်တာလည်းပါလို့ ဓာတ်ပုံရိုက်ယူလာခဲ့တယ်။




15 comments
youngcat
October 16, 2011 at 8:23 pm
မြောက်ပေသီးဖြစ်ပါတယ် မနောရယ်။မြောက်ပေပင်က သီးနေတာပါ။
ပေါက်ဖော်
October 16, 2011 at 8:31 pm
အခုကြည့်ရတာတော့..ဂွေးသီးနဲ ့ခပ်ဆင်ဆင်ပဲ..ဇီးသီးနဲ ့လဲ ဆင်တာပဲ..
ကြီးလာရင်တော့ အုန်းသီးဖြစ်မလား မပြောတတ်..
ဘာမှန်းမသိရင်တော့ ဗာသီး ဖြစ်ဖို ့များတယ်..
🙄
TTNU
October 16, 2011 at 9:56 pm
မနောဖြူလေးရေ အရွက်ပုံစံကြည့်ရတာတော့ တောထန်းလို့ထင်တယ်။ တီချာ့အိမ်မှာ ဒီလိုမျိုးအပင်တော့
ရှိတယ်။ သူလောက်သက်တမ်းမရင့်လို့လားမသိ။ ပင်စည်သေးပြီး အသီးတော့မသီးသေးဘူး။
comegyi
October 16, 2011 at 11:09 pm
အရသာသိရအောင် စမ်းပြီးစားကြည့်ဗျာ စားပြီးတဲ့အခါ အခြေအနေထူးရင်ပြန်ပြောပြဗျာ ဟဲဟဲ ……..
manawphyulay
October 17, 2011 at 9:57 am
စားကြည့်လို့ အခြေအနေက ထူးရင် ပြန်ပြောနိုင်ရင်တော်ရဲ့။ မပြောနိုင်ပဲ မာလကီးသွားရင် ဘယ်နှယ့်လုပ်မလဲ…. လုပ်ကြံနေပြန်ပြီ။
kyeemite
October 17, 2011 at 9:42 am
အဲဒါကို ကုလားမကွမ်းသီးလို့ ခေါ်တယ်ဗျ..
မှည့်ရင် သပြေသီးမှဲ့လို အရောင်ဖြစ်သွားတယ်..
စါးလို့ရတယ်..မှဲ့ရင်
ဖန်တွတွနဲ့…ကွမ်းသီးနုစားရသလိုဘဲ..ဝါးပီးအရည်ကိုထွေးထုတ်ရတယ်..
များများစားရင်တော့ကွမ်းမူးသလိုမူးတတ်တယ်..
ငယ်ငယ်တုံးကအပျော်လျှောက်ဝါးကြတာပါ..
manawphyulay
October 17, 2011 at 9:56 am
ဟုတ်လား။ မနော တစ်ခါ တင်ထားတဲ့ အသီးတွေတုန်းကလည်း ကုလားမကွမ်းသီးလို့ ပြောကြတာပဲ။ ဒီအသီးကတော့ တော်တော်ကြီးတယ်ရှင့်။ အသီးက ပြောင်ချောနေတာပဲ။ ကြည့်ရတာတော့ ဆက်ပြီးသီးဖို့ အနေအထားရှိသေးတယ်။
ရွှေဘိုသား
October 17, 2011 at 10:29 am
အဲဒါ ဆပ်တဖူး ပင်လို့ခေါ်ပါတယ်ဗျာ အပေါ်ဆုံးက အပွင့်တုန်းက မခူးလိုက်လို့ အသီးထိဖြစ်လာတာပါ
အပွင့်ဆို ကျနော်တို့ဆီးမှာ 2000 လောက်ရှိပါတယ် ဈေးက တော်တော်မွှေးပါတယ် အပွင့် က ငှက်ပျောဖူး လိုအရွယ်အစား အဖြူပွင့်ပါ တော်တော်ကို မွှေးပါတယ် စာရေးသူကပိုသိမှာပေါ့ ကျနော်တို့ ရွှေဘို အခေါ်ပြောတနော်
manawphyulay
October 17, 2011 at 10:39 am
အရိုးတံတွေက နဂါးမောက်ပုံစံတွေနဲ့ဆိုတော့ နဂါးမောက်သီးကော မဖြစ်နိုင်ဘူးလား ရွှေဘိုသားရဲ့။ ပြောတတ်တော့ဘူး။ သူက အရွက်တွေရဲ့ထိပ်မှာ မြင်တဲ့အတိုင်းပဲ မျက်စိလေးတွေနဲ့ နဂါးအမောက်ထောင်နေသလို ဖြစ်နေတာ တွေ့ရတယ်။
kyeemite
October 17, 2011 at 1:10 pm
ဒါဆိုတူတာဘဲဖြစ်မယ်..ဒီထက်အရွယ်ဆက်ကြီးနိုင်ရင်တော့မဟုတ်တော့ဘူးဗျ..
ကုလားမကွမ်းသီးက သေးတယ် ကြာခွက်ထဲပါတဲ့ ကြာစေ့လောက်ဘဲရှိတယ်..
အပင်ကတော့တော်တော်ဆင်တူတာဘဲ..
“ဘီလူးကြီး”ogre
October 17, 2011 at 5:36 pm
အရွက်က ဓနိပင်အရွက်
ပင်စည်က ဆပ်သွားဖူးပင်စည်
အသီးက ဇီးသီးလိုလို ခရမ်းချဉ်သီးလိုလို
ဒီအပင် သုံးမျိုးစပ် ကပြား ပင်ဖြစ်မယ်ဗျ..။။
alinsett
October 17, 2011 at 6:24 pm
ကိုယ်တော့ မစားဖူးဘူး။ အခုမှ..ပဲ။ ဒီ အသီးရဲ ့နာမည်နဲ့ အသီး ရဲ ့ အကြောင်း…သိတာပါ။
ကျေးဇူးပါပဲ။
manawphyulay
October 19, 2011 at 3:48 pm
မစားဖူးရင် စားကြည့်ပါလား…. 😛 ပြီးရင် ဘယ်လိုအရသာရှိတယ်ဆိုတာ ပြောပြပေးပါဦး အလင်းစက်ရေ….
sukoko
October 19, 2011 at 1:51 pm
ထူးထူးဆန်းဆန်းနော်……
ဘာသီးလဲဟင်
naywoonni
October 19, 2011 at 10:11 pm
အသီးလေးချည့် သာပြရင်တော့ ခရမ်းချဉ်သီလို့ ပြောမိမှာ ….။ ကျွန်တော့တို့ ဆီက ခရမ်းချဉ်သီးစိမ်းလေးတွေ အတိုင်းပဲ…။