Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဇာဂနာပြောတဲ့စကားတဲ့

ကြောင်လေးOctober 17, 20111min3876

ကျွန်တော်တို့နယ်မှာ စကားတစ်ခုထွက်လာတယ်။ သီတင်းကျွတ်လပြည့်ကျော် (၁) နေ့လောက်ကစကြားရတာ။

ဒီစကားကဘယ်တုန်းကထွက်ထားသလဲတော့ကျွန်တော်မသိဘူး။ ဇာဂနာထောင်ကထွက်မှပြောတယ်လို့ ပြောကြတာပဲ။

ရွာထဲမှာရေးထားတာမတွေ့သေးလို့ ရေးလိုက်တာ။သိပြီးသားလူတွေလည်းရှိမှာပါ။

ဒီလိုပါ။

သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်းကို မြန်မာ လေးယောက်ကဆွေးနွေးဖို့တောင်းဆိုပါတယ်။

အိုင်းစတိုင်းကပြန်မေးတယ်၊ ခင်ဗျားအိုင်ကျူ ဘယ်လောက်ရှိလဲဆိုတော့  ၂၀ဝ ပေါ့။

ဒါဆိုဆွေးနွေးလို့ရတယ်၊ဆွေးနွေးမယ်။

နောက်တစ်ယောက် -ဘယ်လောက်ရှိလဲ  ၁၅၀၊ ရတယ် ဆွေးနွေးမယ်

နောက်တစ်ယောက် –  ၁၀၀  ရှိတယ် ၊ဒါဆိုလဲဖြစ်ပါတယ် ဆွေးနွေးမယ်ပေါ့။

နောက်ဆုံးတစ်ယောက်   –၅ဝ ရှိပါတယ်၊

ဟာအဲဒါဆိုရင်ခင်ဗျားကိုလက်ခံမဆွေးနွေးနိုင်ဘူး၊ လွှတ်တော်မှာပဲသွားဆွေးနွေးပါ—–လို့ပြောလိုက်ပါတယ်တဲ့။

သိပြီးသားသူများရှိနိုင်သလို မသိသေးတဲ့သူများအတွက်ပါ ၊ကျွန်တော်ကတော့ အခုမှကြားတဲ့စကားတစ်ခုပါ။

6 comments

  • Handy note

    October 17, 2011 at 8:23 am

    ဒီလိုတွေ့တာဘဲ

    ဇာဂနာပြောသော လွှတ်တော်အမတ်ရဲ့ အိုင်ကျူ
    VOA အသံလွှင့်ဌာန၊ အောက်တိုဘာ ၁၂

    ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီး မကြာခင်မှာပဲ ဗွီအိုအေကို ဇာဂနာပြောတဲ့ နောက်ဆုံးဟာသ။

    “အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တယ်။ အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ အိုင်စတိုင်းရေ၊ ကျနော်ကတော့၊ ကျနော့်ရဲ့အိုင်ကျူက ၁၈ဝ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲ နှုတ်ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန် ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့။

    ကျနော်ကတော့ အိုင်ကျူ ၁၅ဝ ပဲ ရှိတယ် အိုင်စတိုင်း ဆိုပြီးတော့။ ဟာ ကောင်းပြီဗျာ တဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သချင်္ာသီအိုရီတွေ ဆွေးနွေးကြတာပေါ့ တဲ့။

    နောက်တယောက် ထပ်ပြောတယ်၊ ကျနော်ကတော့ ၁၂ဝ ဘဲ ရှိတယ်ဗျ တဲ့။ ဟာ ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ် တဲ့။

    နောက်ဆုံးလူကကျတော့ ထပြောတယ်၊ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေ တဲ့၊ ကျနော်ကတော့ အိုင်ကျူ ၅ဝ ပဲ ရှိပါတယ်ဗျား။ ဟား….. ဝမ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲ တဲ့။”

    ဒါကတော့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားထောင်က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာက ရန်ကုန်မှာရှိတဲ့ သူ့နေအိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာဘဲ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ နောက်ဆုံး ဟာသ တခုဖြစ်ပါတယ်။
    credit to moemaka(http://moemaka.com/2011/10/zargana-interviews-part-2/)

  • unclegyi1974

    October 17, 2011 at 10:12 am

    မဆန်းပါဖူးကြောင်လေးရေ
    အိုင်ကျူမြင့်တဲ့သူတွေဥပမာအိုင်စတိုင်လိုပေါ့
    တို်င်းပြည်အုပ်ချုပ်မင်းလုပ်တယ်ဆိုတာမကြားသလားလို့
    သူတို့ ကဒီထက်မြင့်တဲ့လူသားတရပ်လုံးကောင်းကျိုးဆောင်ရွက်ဖို့ပိုအလေးထားကြလို့ပါပဲ
    အိုင်ကျူဘယ်လောက်မြင့်မြင့်စိတ်ဓာတ်ကအများအကျိုးမကြည့်ပဲကိုယ်ကျိုးပဲကြည့်တဲ့
    သူတွေတိုင်းပြည်အုပ်ချုပ်မှာကိုသာကြောက်ရမယ်ထင်ပါတယ်
    သို့သော်လည်းပေါ့လေသားရွှေအိုးထမ်းလာသလိုဖြစ်နိုင်ရင်တော့အကောင်းဆုံး

  • ပေါက်ဖော်

    October 17, 2011 at 10:18 am

    လွတ်လာတာနဲ ့..လွှတ်တော်ကို…လွှတ်ဆော်လိုက်တဲ့..ကိုဇာကြီးရဲ့..ပျက်လုံးပါပဲ..
    ထွက်ထွက်ချင်း ဗျင်းလိုက်တာပေါ့..
    အွန်လိုင်းမှာတော့ ပြန် ့လျက်ပါ

  • ရွှေဘိုသား

    October 17, 2011 at 10:25 am

    တရားသူကြီးက ဦးဇာဂနာ ဘယ်ပေါ်ချက်တာလည်းဆိုတော့ မီးဘို ပေါ်ချက်တယ်ဆိုလို့ ထောင် သုံးနှစ်ချတာပါတဲ့ဗျာ Meebo ကိုတရားသူကြီး မမကြားဖူးတော့ ပြက်တယ်ထင်သွားတာတဲ့

  • ပေစုတ်စုတ်

    October 17, 2011 at 3:38 pm

    ဘယ်သူပဲဖြစ်ဖြစ် အခုချိန်မှာတော့ အပြုသဘောဆောင်တဲ့လူတွေကိုပဲအားပေးချင်ပါတယ်…
    ဥပမာ.. ဆိုးမိုက်နေတယ်ဆိုတဲ့ ကလေးတစ်ယောက်ကို လိမ္မာလာစေချင်လို ့ဆုံးမမယ်ဆိုရင်.. “မင်းမိုက်လှချည်လား.. ဆိုးလှချည်လား.. သောက်သုံးနဲနဲမှမကျဘူး..” ဆိုပြီး သွားပြောလို ့မရပါဘူး…
    ပျော့ပျောင်းညင်သာတဲ့နည်းနဲ ့ ပညာသားပါပါ သူ ့စိတ်က လိမ္မာလာချင်အောင် မြူပြီးပြောနိုင်မှလိမ္မလာနိုင်ပါမယ်… ဆိုးနေသော်ညား လိမ္မာကြောင်း ကောင်းကွက်ရှာပြောပေးမှပဲ… သူလိမ္မာတဲ့ ဂုဏ်ပုဒ်ကိုထိန်းချင်တဲ့ အတ္တနဲ့… သူ ့ဟာသူထိန်းပြီး လိမ္မာလာပါလိမ့်မယ်…

    အသုံးမကျပေမဲ့…အသုံးမကျကြောင်းကိုပဲ. .အထပ်ထပ်ပြောပြီး .. အသုံးကျလာစေကြောင်းမျှော်လင့်နေမယ်ဆိုရင်တော့… လိမ္မာချင်နေတဲ့လူတောင် လူမိုက်ဖြစ်ချင်စိတ်ပေါက်သွားနိုင်မယ်ထင်ပါတယ်… ဒါဟာ ကြီးကြီးငယ်ငယ် ကျွန်တော်တို ့လူတိုင်းမှာရှိတဲ့ အခြေခံအကျဆုံး အတ္တပါပဲ…

  • mgmaung

    October 17, 2011 at 6:17 pm

    အိုင်းစတိုင်းက အိုင်ကျူ နှိမ့်လိုက်ရင် ပြီးသွားမယ့်ဟာကို/
    သူကဘာလို့ အိုင်ကျူ မြင့်နေရတာလဲ မသိ ?/

Leave a Reply