Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘန်ကောက်မှာ ရေကြီတဲ့ဓာတ်ပုံတွေ

ဂ်စ္စူOctober 17, 20112min51812

ထိုင်းရေဘေး မြန်မာ အလုပ်သမားတွေပါ အခက်ကြုံ

ဇူလိုင်လကတည်းကစလို့ ရေကြီးမှုတွေဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်ရဖို့ အခက်အခဲ ရှိနေပါတယ်။

ဒီလို ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် နေရေးထိုင်ရေး၊ အစားအသောက် အခက်အခဲအပြင် သွားလာရေး ခက်ခဲမှုတွေကြောင့် တချို့နေရာတွေမှာ ပိတ်မိနေတာတွေ ရှိပါတယ်။ ဒီအခြေအနေ အပြည့်စုံကို မအေးအေးမာက စုံစမ်း မေးမြန်းထားပါတယ်။

ထိုင်းနိုင်ငံက ရေလွှမ်းမိုးခံနေရတဲ့ အယုဒ္ဓယမြို့နဲ့ ပထုံဌာနီမြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲကတော့ ရေကြီးတဲ့အတွက် နေထို်င်စရာအခက်အခဲ၊ စာသောက်ရေး အခက်အခဲ၊ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့ အခက်အခဲတွေ၊ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ် မရရှိတာတွေကို ရင်ဆိုင်နေရတာပါ။

ပထုံဌာနီဘက်မှာ စက်ရုံတွေ ပိတ်တဲ့အတွက် လာလုဆဲ ဆိုတဲ့နေရာမှာ အလုပ် လုပ်ကိုင်နေကြတာမှာ ရေတွေနဲ့ ပိတ်မိနေတာကို ကြုံကြရကြောင်း အလုပ်သမားတစ်ဦးက ပြောပြပါတယ်။

“ရေကြီးတဲ့ အခြေအနေကတော့ ပို ပိုပြီး ဆိုးလာတယ်။ ပို များလာတယ်။ အခု ဒီကိုလာတာက သထုံကနေ လာတာ။ ဒီမှာ လိုတက်စ် မှာ အလုပ်ရမယ်ဆိုတာနဲ့ ဒီကို လာလိုက်တာ။ တစ်နေ့ကို ၅၀ဝ နဲ့ အလုပ်ရမယ်တဲ့။ ၁၄ ရက် ၁၅ ရက်လောက် လုပ်ရမယ်ပေါ့လေ။ အဲဒါနဲ့ လာလိုက်တာ။ ဟိုမှာလည်း စက်ရုံတွေက ရေမြှုပ် နေပြီလေ။ မြှုပ်လို့ ပိတ်ထားတော့ အဲဒါနဲ့ ရတဲ့အလုပ် လုပ်မယ်ဆိုပြီးတော့ လာလိုက်တာ။ နှစ်ရက်လောက် နေတော့ ရေတွေတက်လို့ ဟိုကလူလည်း လာကြိုလို့မရဘူး။ ဒီကလူလည်း သွားလို့မရဘူး ဆိုတော့ အဲဒါ ဒီမှာ သောင်တင်နေတာပေါ့။”

နွန်ထဘူရီမြို့နယ် ဘက်မှာလည်း ရေတွေကြီးနေပြီး ဒီအတိုင်း ဆက်ပြီး ရေကြီး နေမယ်ဆိုရင် မြန်မာပြည် ပြန်ဖို့ ပြင်ဆင်နေပေမဲ့ ငွေကြေး အခက်အခဲတွေကြောင့် မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

“အယုဒ္ဓယဘက်ခြမ်းကတို့၊ နွန်ထဘူရီ ဘက်က တို့ ပြန်ကြတယ်လေ။ ရေ ကြောက်လာပြီလေ။

နွန်ထဘူရီဘက်မှာလည်း ရေက တရပ်လောက် မြင့်နေတာလေ။ ကျနော်တို့ အိမ်ခန်းတွေက အိပ်လို့မရတော့ဘူး၊ နေဝင်နေပြီ။ အဲဒီအိမ်ခန်းတွေ ရှေ့ကနေပဲ ကိုယ်ထူကိုယ်ထ မြေကြီးတွေ ဖို့ကြတာပေါ့။ လူအရပ် တရပ်ကျော်လောက်လောက်ကို ရေက တန်းနေပြီ။ ကျနော်လည်း ဘယ်လို စဉ်းစားရမှန်းကို မသိဘူး။ ဒီမှာလည်း ပြန်ဆင်းချင်တဲ့သူတွေ ရှိတယ်။ ပြန်ဆင်းချင်တဲ့သူတွေကို အောက်ကလည်း ပိုက်ဆံတောင်းတယ်ဆိုတော့ အဲဒါတွေကိုလည်း စိတ်ပူနေတာပေါ့။ ပိုက်ဆံမရှိဘဲ ဘယ်လို သွားမလဲဗျာ။ မြန်မာကလည်း ဖြစ်ပြန်ဆိုတော့ ပုလိပ်က ဖမ်းမယ်လေ။ အခု ဒုက္ခတွေရောက်လို့ မြန်မာပြည်ကို ပြန်ဝင်ကြပြီ ဆိုတဲ့အခါကျတော့ မြဝတီမှာ ကမ်းနဖူးမှာလည်း ပိုက်ဆံ ထပ်ပေးရသေးတယ်ဆိုတော့ တအားကြီး နှိပ်စက်လွန်း အားကြီးတာပေါ့။”

ထမာဆပ် ကယ်ဆယ်ရေးစခန်းမှာတော့ မြန်မာ အလုပ်သမား ၄ဝ ကျော်လောက် လာရောက် ခိုလှုံနေကြပါတယ်။ စားသောက်ရေးနဲ့ နေရာထိုင်ခင်း လုံလောက်စွာ ပေးထားပေမဲ့ အဲဒီနေရာကိုလည်း ရေတွေဝင်လာနေပြီ ဖြစ်တဲ့အတွက် ပြောင်းရွှေ့ရမယ့် အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပြကြပါတယ်။

ပထုံဌာနီဘက်မှာတော့ ထိုင်းစစ်တပ်က ကားကြီးတွေနဲ့ လှည့်လည်နေပြီး တခြား ကားတွေကတော့ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။ အယုဒ္ဓယ ဘက်မှာတော့ ရေက မြင့်တက်လာပြီးတဲ့နောက် မြန်မာအလုပ်သမားတွေ အနေနဲ့ မီးလိုင်း၊ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး အဆက်အသွယ်မရ ဖြစ်နေကြပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာတော့ ထိုင်းလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေ အများဆုံး တွေ့ရပြီး တခြား နိုင်ငံခြားသားတွေ နည်းတယ်လို့ ဆိုပါတယ်။ မြန်မာအလုပ်သမားတွေထဲမှာ ပတ်စ်ပို့ ကိုင်ဆောင် ထားသူတွေကလည်း ပတ်စ်ပို့ သက်တမ်းကုန်တာတွေ ဖြစ်နေသလို လူဝင်မှုကြီးကြပ်ရေး ရုံးတွေလည်း ရေတွေဝင်လို့ ပိတ်ထားတာကြောင့် သက်တမ်းတိုးဖို့ ခက်ခဲနေပါတယ်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို အကူအညီ ပေးနိုင်မူတွေ ရှိမရှိ ဆက်သွယ်တဲ့အခါ ပြန်လည် ဖြေကြားမယ့်သူ မရှိပါဘူး။ မြန်မာ အလုပ်သမားတွေထဲက အလုပ် လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ပြန်ဖို့အတွက်လည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။

မြန်မာပြည် ပြန်ဖို့အတွက် နယ်စပ် မြဝတီဂိတ်ကနေ ပွဲစားတွေက ငွေကြေး အတင်းအကျပ် ကောက်ခံနေ တာကြောင့် မြဝတီမြို့က ပွဲစားတွေလက်ထဲကနေ ငွေပေးပြီး မရွေးနိုင်တဲ့အတွက် ရေဘေးဒုက္ခနဲ့ ပြန်လာကြတဲ့ ရာနဲ့ချီရှိတဲ့ မြန်မာတွေဟာ ကိုယ့်နိုင်ငံကိုရောက်မှပဲ ပိုပြီး ဒုက္ခတွေ တွေ့ကြုံနေကြရပါတယ်။

ထိုင်းနို်င်ငံမှာ ရေဘေးဒဏ်ကြောင့် လူ ၃၀ဝ ခန့် သေဆုံးမှုဖြစ်ရပြီး ထိုင်းအာဏာပိုင်တွေကတော့ မြို့တော် ဘန်ကောက်ရဲ့ အရေးကြီးတဲ့နေရာတွေမှာ ရေမလွှမ်းမိုးနိုင်အောင် ကြိုတင် ပြင်ဆင်မှုတွေကို အပူတပြင်း လုပ်ဆောင်နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေကြီးမူဟာ နှစ်ပေါင်း ၅ဝ အတွင်း အဆိုးဆုံးဖြစ်သလို ထိုင်းနိုင်ငံရဲ့ ခရိုင်အတော်များများမှာ ရေလွှမ်းမိုးမှုဒဏ်ကို ခံနေကြရပါတယ်။

Source:Voa News

http://www.voanews.com/burmese/news/Thai-floods-10-16-11-131957798.html

 

ဘန်ကောက် ကို ရေတွေ ဝင်လာပြီ

 

ထိုင်း နိုင်ငံမြောက် ပိုင်း တွင် ရေလွှမ်းမိုးမှု ကြောင့်  ဆည်များ  ဖောက်ချ ရာ ကနေ လျှံ ထွက်လာ
သည့် ရေတွေ ဟာ ဒီနေ ့မှာမြို ့တော် ဘန်ကောက် ကို ကျောက်ဖယား နဲ ့ အခြား နေရာ တွေ က
နေ ဝင်ရောက်လာ ပြီလို ့ FNG က သတင်း ရရှိ သည်။

ထိုင်း နိုင်ငံ ရဲ ့ မြို ့တော် ဟောင်း ဖြစ် တဲ့ အယုဒ္ဒယ မြို ့တော်ရဲ ့ နေရာ အချို ့ ပြီးခဲ့ သည့် သီတင်း
ပတ်ထဲက  ရေ အောက် ရောက် ရှိ နေ ပြီး ဘန်ကောက် မြို ့ ထဲက ပသုပ် ဌာနီ ခရိုင် မှာ တော့
ရေလွှမ်း မိုး မှု အကြီး အကျယ်ကြုံတွေ ့နေရ သည် ဟု ပသုပ်နမ် တွင် နေ ထိုင် သည့် မြန်မာ
ကျောင်းသား တစ်ဦး ဖြစ်သူ ကိုလင်းထက် က FNG သို ့ ပြောသည်။

ထိုင်းနိုင်ငံ တွင် ရေကြီး မှု ကြောင့် အနည်းဆုံး လူ ၃၀ဝ နီးပါးခန် ့သေဆုံး ခဲ့ သည် ဟု ဘန်
ကောက် ပို ့စ် သတင်း စာ တွင် ဖော် ပြ ထား သည်။ ယခု ရေလွှမ်း မိုး မှု မှာ ထိုင်း နိုင်ငံ တွင်
နှစ်ပေါင်း ၇ဝ အတွင်း အဆိုးရွား ဆုံး ဖြစ်သည်။

ဘန်ကောက် မြို ့ ရေကြီး ချန် နှင့် တိုက် ဆိုင် စွာ ပင် တောင် တရုတ် ပင်လယ် မှ အပူပိုင်း
မုန်တိုင်း တစ်ခု သည် ဗီယက်နမ် ကမ်း ရိုး တန်း ကို ဖြတ် ကျော် ကာ အောက်တိုဘာလ
၁၆ ရက် နေ ့ တွင် ကုန်း တွင်း ပိုင်း သို ့ ဝင် ရောက် လာ မည် ဖြစ် သည်။

အဆိုပါ မုန်း တိုင်း ကြောင့် ထိုင်း နိုင်ငံ တောင် ပိုင်း တွင် ထပ်မံ ရေကြီး နိုင် သည် ဟု
အစိုးရက သတိပေးထား သည်။

ရေကြီး နေသည့် နေရာ များ ကို ထိုင်းစစ်တပ် နှင့် အကူ အညီပေး ရေး အဖွဲ ့ များ က
သွား ရောက် ကယ်ဆယ် မှု များ ပြု လုပ် နေသည်။

ထိုင်းဝန်ကြီးချုပ် ယင်လပ် က ရေကြီး နေ သည့် နေရာ များ ကို သွားရောက် ကြည့် ရှု ပြီး
ရေနှုတ်မြောင်းများ မှ တစ်ဆင် ့ ပင်လယ်တွင်း သိုု ့ ရေ များ စီးထွက် သွား စေရန် စီစဉ်
ထား သည် ဟု ဆို သည်။

လော့ဘူရီ နှင့် နခွန် ဆဝန် တွင် အစိုးရ က ရေကြီး နေ သည့် ဒေသ မှာ ပြည်သူများ ကို
ရဟတ်ယာဉ် များ စစ်ကား များ ဖြင့် ဘေးလွတ်ရာ သို ့ ပို ့ဆောင်ပေး ထား သည်။

နောက်ဆုံး ရရှိ သည့် သတင်းများ အရ မြို ့တော် ဘန်ကောက် နှင့် နိုင်ငံ မြောက်ပိုင်း
အနောက်မြောက်ပိုင်း သို ့ ဆက်သွယ် သည့် လမ်းများ ကို ပိတ် ထား ရသည် ဟု သတင်း
ရရှိ သည်။ အဝေးပြေး လမ်းမ များ ၏ အချို ့ နေရာ များ တွင် ရေ များ ဖုံး လွှမ်းနေသည်။

By Freedom News

Link:-http://freedomnewsgroup.com/2011/10/14/bkk-flood-emergency/

 

စတုတ္ထမြောက် ရေမြုပ်သွားတဲ့ စက်မှုဇုန်

စက်ရုံ ၉၀၊ အလုပ်သမား ၆၀,၀၀ဝတို့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေပြီ

ပထုမ်ဌာနီ စီးပွားရေးဇုန်

ရေအရမ်းကြီးလို့ အယုဒ္ဓမှာရှိတဲ့ စတုတ္ထအကြီင်္းဆုံးစက်မှုဇုန် ရေမြုပ်သွားပြီး အလုပ်သမားတွေရွှေ့ပြောင်းရေး အမိန့်ပေး ဖို့ အာဏာပိုင်တွေ ကြုံတွေ့နေရပါတယ်။ စစ်တပ်နဲ့အလုပ်သမားတွေက ရေတားတွေထိမ်းထားဖို့ကြိုး စားပေမဲ့လည်း ရေ တွေက တံတိုင်းအကာတွေကို ချိုးဖျက်ပစ်လိုက်ပြီး ဘန့်ဖာအင်းစက်မှုဇုန်ဟာ ရေမြုပ်သွားပါတယ်။ ဘေးကင်းရာမြေကို ချက်ချင်းရွှေ့ဖို့ ပြည်သူတွေကို အမိန့်ထုတ်ထားပါတယ်လို့ ဘန့်ဖာအင်းခရိုင်မှူး နာသီးဘောဆုဝမ်က ပြောပါတယ်။ ရေ အမြင့်က ၈ဝ စင်တီမီတာကနေ တမီတာထိ ရောက်လာပါပြီ။

သောကြာနေ့ကတည်းက ဒီစက်မှုဇုန်ရဲ့ အရှေ့ဖက်က ကြိုးပေါက်သွားတဲ့ရေတံတိုင်းကို ပြင်ဖို့ စစ်သားတွေနဲ့အလုပ် သ မားတွေက အပြိုင်အဆိုင်လုံးပမ်းခဲ့ကြပေမဲ့ ရေအားကအရမ်းသန်လို့ မရပါဘူး။ အောက်တိုဘာ ၄ ရက်က ကျောက်ဖရား မြစ်ရေ လျှံပြီး ချိုင်ဝပ်ထနာရမ်ဘုန်း ကြီးကျောင်းမှာတားထားတဲ့ အတားတွေကို ချိုးဖျက်ပစ်လိုက်ချိန်ကစပြီး အယုဒ္ဓယနဲ့ မြစ်အောက်ပိုင်းဒေသတွေ ရေမြုပ် ကုန်ပါတယ်။ ဆာဟာရတ္ထနာနုခေါန်၊ ရိုကျနာနဲ့ အဆင့်မြင့်နည်းပညာသုံး စက်မှုဇုန် တွေ ရေလွှမ်းကုန်ပြီး ဘတ်ငွေ ဘီလျံနဲ့ချီပြီး ပျက်စီးကုန်ပါတယ်။ အာဏာပိုင်တွေက ကြိုးစားပေမဲ့လည်း ဘန်ပါအင်းဇုန် အားလုံးရေမြုပ်ကုန်တယ်လို့ ထိုင်းစက်မှုဇုန် ဒုအုပ်ချုပ်ရေးမှူး နာရာပေါ့တီးဝဲထနွမ်က ပြောပါတယ်။

စက်မှုဇုန် ၄ ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက ၁၉၄ ဘီလျံလောက် ရှိတယ်လို့ သူက ပြောပါတယ်။ ဘန့်ဖာအင်ဇုန်ဟာ လိုက် (ရိုင်) ပေါင်း ၁၉၆၂ လိုက်ရှိပြီး စက်ရုံပေါင်း ၉ဝ နဲ့ အလုပ်သမား ၆၀,၀၀ဝ ရှိပါတယ်။ လုပ်ငန်းအများစုက အီလက် ထ ရောနစ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အင်ဂျင်နဲ့အဝတ်အထည်လုပ်ငန်းတွေ ဖြစ်ကြပါတယ်။

အယုဒ္ဓယကလာတဲ့ရေတွေတားဖို့ အသေအချာဆောင်ရွက်မှုတွေလုပ်ထားဖို့ ပထုမ်ဌာနီ၊ ခလုန်လူအန်းခရိုင်းမှာရှိတဲ့ နာ ဝမ်နာခေါန်စက်မှုဇုန်ကို မနေ့က ကြည်းတပ်ဦးစီးချုပ် ဖရာယုသ်ကျန်းအိုချား စစ်ဆေးခဲ့ပါတယ်။ စက်မှုဇုန်တွေမှာ ရေကြီး တာကို ကူညီဖြေရှင်းပေးဖို့ အစိုးရရဲ့ ရေဘေးကယ်ဆယ်ရေးစစ်ဆင်မှုဌာနက တပ်မတော်ကို တောင်းဆိုထားတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ အခုအခါမှာ တပ်မတော်ဟာ နာဝမ်နာခေါန် စက်မှုဇုန် မပျက်စီးစေဖို့ ရေကြီး တာကနေ ကာကွယ်ဖို့ အဓိကထား လုပ်နေပါတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ ဒီဇုန်မှာ ကုန်ထုန်စက်ရုံ ပေါင်း ၂၂ရ ရုံရှိပါတယ်၊ အကျယ်အဝန်းက လိုက် (ရိုင်) ၈၀၀ဝ ရှိပြီး အလုပ်သမားပေါင်း ၁၈၀,၀၀ဝ ကျော် ရှိပါတယ်။ ဒီနယ်မှာ ရင်းနှီးမြှုပ်နှံမှုက ဘတ်ဘီလျံ ၁၀ဝ ကျော်ပါတယ်။

အယုဒ္ဓယ၊ ဘန့်ဇာအင်း စက်မှုဇုန် ရေမြုပ်နေပုံ

စစ်သားတွေဟာ ရေတားတံတိုင်းတွေဖို့ ဘို့ သဲအိတ် ၁၀၀,၀၀ဝ ကျော် ကို အပြိုင်အဆိုင် ထုတ်လုပ်နေကြရပါတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယုသ်က ပြောပါတယ်။ ရေတား အကာအကွယ်အတွင်းမှာရှိတဲ့စက်မှုဇုန်နေရာက လုံခြုံစိတ်ချရပေမဲ့ အကာအကွယ်အပြင်ဖက်မှာနေတဲ့ လူတွေကတော့ ရေလွှမ်းတာ ခံနေရပါတယ်။ သောကြာညက လျှံတက်လာတဲ့ရေက အရမ်းမြင့်တယ်လို့ နဝမ်နခေါန်စက်မှုဇုန်မှူး နီဖစ်က ပြောပါတယ်။ “စနေနေ့လည်မှာ ရေတက်လာတာဆို ၅မီတာ အမြင့် ရှိတဲ့တံတိုင်းကိုရောက်ဖို့ တမီတာလောက်ပဲ လိုတော့တယ်” လို့ သူက ပြောပါတယ်။ တချို့နေရာတွေမှာ ရေတွေက ဒီ အတား အဆီးတွေကို ချိုးဖျက်လိုက်ပြီး စက်မှုဇုန်ထဲကို ဝင်လာတယ်။ ဒါပေမဲ့ အလုပ်သမားတွေက ရေတွေကို စုပ်ထုတ် ပစ် နိုင်ခဲ့ပါတယ်။ အာရှအဝေးပြေးလမ်းမကြီးပေါ်က ဒက်ချာတီဝေါင်တံတားအနီးက မြေတံတိုင်းကိုပြင်ဖို့ အာဏာပိုင် တွေနဲ့ အလုပ်သမားတွေက လုပ်ကိုင်နေကြပါတယ်။ အာရှလမ်းမကြီးကို ဒီကနေ့ဖွင့်ဖို့ မျှော်လင့်ရတယ်လို့ နခုန်ဆဝမ် အုပ်ချုပ်ရေးမှူး ချိုင်ရော့ချ်မီဒဲန်က ပြောပါတယ်။ပြည်နယ်ရေဘေးကယ်ဆယ် ရေးဌာနက ရေဘေးဒုက္ခ သည် ၁၀,၀၀ဝ လောက်ကို နေစရာပေးနေရပါတယ်လို့ သူက ပြောပါတယ်။

အောက်တိုဘာ ၁၆၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

Source:နေ ့သစ်

Link:-http://www.naytthit.net/?p=20956

 

တစ်ချို ့..ရွာသားတွေမသိလောက်သေးဘူးထင်လို ့..

ဆိုဒ်တွေပြန်ဖွင့်ထားပေးတော့..ပုံတွေလဲ မြင်ရလောက်မယ်ထင်ပါတယ်.

ကွန်နက်ရှင်မကောင်းလို ့…Upload သီးသန် ့ မတင်ပေးတော့ဝူးဂျာ..

12 comments

  • ပေါက်ဖော်

    October 17, 2011 at 10:00 pm

    ရေဘေးဒဏ်က ဘန်ကောက်မြို့ သက်သာရာရ

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ကျောက်ဖယားမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုကျော်လွန်ပြီး မြို့တော်မှာ ရေမကြီးအောင် ကာရံထားတဲ့ အတားအဆီးတွေကို မချိုးဖျက်ဘဲ ပြန်ကျသွားတာကြောင့် ဒီကနေ့ တနင်္လာနေ့မှာ ထိုင်းတာဝန်ရှိသူတွေ စိတ်အေး သွားရပါတယ်။

    မြို့တော်ရဲ့ အချက်အခြာနေရာတလျှောက် ရေလွှမ်းမိုးမယ့်အရေး စိုးရိမ်ခဲ့ရတာတွေ သက်သာရာရသွားပြီလို့ တာဝန်ရှိသူတွေက တနင်္လာနေ့အစောပိုင်းမှာ ပြောပါတယ်။ ဒါပေမဲ့လည်း မြို့တော်ရဲ့ မြောက်ဘက်မှာ ရေကာတံတိုင်းကျိုးပြီး ရေဝင်တာကြောင့် အဲဒီက စက်မှုဇုံကို ရွှေ့ပြောင်း ကယ်ထုတ်ပေးခဲ့ရတယ်လို့ ရေဘေး ကူညီကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

    မကြာသေးခင်က မိုးအပြင်းအထန်ရွာတာ ဆက်ရှိနေမယ်ဆိုရင် မြို့တော်အတွက် အန္တရာယ်ရှိနေနိုင်သေးတယ်လို့ နေ့လည်ဘက် သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေကပြောပါတယ်။ စိုးရိမ်နေတဲ့ မြို့တော်သူမြို့တော်သား တချို့ဟာလည်း ရေကာတံတိုင်းကို ခိုင်မာအောင် သဲအိတ်တွေချပြီး ဆက်ပြီး ကာရံနေကြဆဲရှိပါတယ်။

    သူတို့ရဲ့ရပ်ကွက်တွေမှာ ရေမကြီးနိုင်ဘူးဆိုတာ သေချာတဲ့ထိ သဲအိတ်တွေဆက်ပြီး ချသွားမယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

    ထိုင်းနိုင်ငံမှာ နှစ်ငါးဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် လူ ၃၀ဝ ကျော် သေဆုံးခဲ့ရပြီးပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော်ရဲ့ မြောက်ဘက် ခရိုင်တွေက တဝက်တပျက် ရေမြှုပ်နေတဲ့မြို့တွေမှာ လူထောင်ပေါင်းများစွာဟာ အစာရေစာ ပြတ်လပ်ပြီး အိုးအိမ်မဲ့ဖြစ်နေကြဆဲရှိပါတယ်။

    Original enclosure (SchearfThaiFloodReliefVolunteers-resizedpx480q100shp8.JPG)
    http://media.voanews.com/images/SchearfThaiFloodReliefVolunteers-resizedpx480q100shp8.JPG
    Source:Voa
    http://www.voanews.com/burmese/news/Thailand-flood-10-17-11-131979673.html

  • windtalker

    October 17, 2011 at 10:06 pm

    ဒုက္ခ ဘယ်လောက်တောင် များကြရှာမလဲ မသိဘူးနော် ကိုပေါက်ဖော်
    ရေမြန်မြန်ပြန်ကြ ပြီး အားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ချမ်းသာကျန်းမာကြပါစေ လို ့
    ကွန်မင့် နဲ ့ဆုတောင်း မေတ္တာ ပို ့သ လိုက်ပါတယ် ခင်ဗျာ

  • kocho

    October 18, 2011 at 2:02 am

    ဆရာလေးပေါက်ပေါက် ဓတ်ပုံများအတွက် ကျေးဇူးတင်ရှိပါကြောင်း(လေးစားလျှက်)

  • small cat

    October 18, 2011 at 6:54 am

    ဘယ်သူတွေ ဘယ်လောက်ဒုက္ခရောက် ရောက်၊ကျုပ်အတွက်ကတော့ အကောင်းဆုံး
    အခွင့်အရေးပါပဲ။

    ကျုပ်က လေးပုံမြောက်က ချာတိတ်လေးလေ။

  • “ဘီလူးကြီး”ogre

    October 18, 2011 at 8:02 am

    ပုံတွေ အရဆိုရင်တော့
    စက်မှုဇုန်တော့ ဒုက္ခရောက်ပြီဗျ
    အလုပ်သမားတွေ ပိုဆိုးမယ် ထင်တယ်
    ရေကျတာတောင် ချက်ချင် ပြန်စနိုင်မယ်မထင်ဘူး

  • blackchaw

    October 18, 2011 at 1:48 pm

    ပေါက်ဖေါ်ကြီးရေ။ ဓါတ်ပုံတွေပါ
    ကြည့်ခွင့်ရတဲ့အတွက်ကျေးဇူးပါ။
    mp3 အသံဖိုင်ကို ဂဇက်မှာတင်ချင်ရင် ဘယ်လိုတင်ရသလဲဆိုတာလေး
    သင်ပြပေးပါရန် လေးစားစွာ မြစ်တာ ရပ်ခံအပ်ပါတယ် ဆရာပေါက်ဖေါ်ခင်ဗျား။

    • ပေါက်ဖော်

      October 18, 2011 at 2:48 pm

      ဦးချောရေ့..သိသလောက်ပြောရရင်.
      Upload တင်ပြီး ဒေါင်းလုဒ် လင့်ခ် ပြန်ပေးမှရမယ်ဗျ
      Web Page မှာ..တိုက်ရိုက်နားထောင်စေချင်တာဆို.လျင်တော့ မရလောက်ဘူးထင်တာပဲ..

      Upload တင်ပြီး Download Link ပြန်ပေးချင်ရင်တော့..
      ဂေဇက်မှာဆို..ဒီလင့်ခ်ကိုသွား
      http://myanmargazette.net/wp-admin/media-new.php
      ပြီးရင် Select File ကိုရွေးပြီး ကွန်ပျူတာထဲက Mp3 ကိုရွေးပြီး Open လုပ်ရင်..သူ ့ဘာသာ
      Upload လုပ်နေပါလိမ့်မယ်..ပြီးတော့မှ
      File URL ဘေးမှာ ဒေါင်းလုဒ်အတွက် လင့်ခ် လေးပေါ်လာပါလိမ့်မယ်..
      ကျနော်စမ်းတင်ကြည့်တဲ့ MP3 ဆို.ဒီမှာ
      http://myanmargazette.net/wp-content/uploads/2011/10/01-Mone-Mae-Phoe-Khat-Tal.mp3

      တခြားကနေ Upload တင်ချင်ရင်တော့..
      http://mp3songurls.com/ ကနေသွားပြီး Browse ကနေ mp3 ဖိုင်ကိုရွေးပြီး
      Start Mp3 Upload ကိုနှိပ်လိုက်ရင်..တင်နေပါလိမ့်မယ်
      ပြီးရင် အောက်နားမှာ လင့်ခ် ပြပေးပါလိမ့်မယ်ဗျ

      Forum ထဲမှာ တင်ရင်တော့ တိုက်ရိုက် နားထောင်လို ့ရမလားမသိပါဘူး..
      css code တွေဘာတွေနဲ ့မိုလို ့.ကျနော်လဲနားမလည်သေးလို ့

      မရှင်းရင် ထပ်မေးပါ.သိသလောက်ရှင်းပြပါ့မယ်

  • blackchaw

    October 18, 2011 at 2:58 pm

    ကျေးဇူးပဲ။ စမ်းကြည့်လိုက်ဦးမယ်။

  • etone

    October 18, 2011 at 3:26 pm

    ဘန်ကောက်မှာ ရေဒီလောက်ကြီးနေတာတောင် ပလတ်စတစ်အိတ်တွေ … ဟိုပစ္စည်းတွေ ၊ ဒီပစ္စည်းတွေ နဲ့ အမှိုက်သရိုက်တွေ ပေါလောပေါ်မနေတာ … သူတို့အတော် စည်းကမ်းရှိလို့ပါပဲ … ။

    ဒီမှာတော့.. မြောင်းလေးပဲ ရေလျှံဦးတော ့…. 😆 (ဖြည့်တွေးကြပါကုန် ….. )

  • pasi

    October 21, 2011 at 12:47 pm

    အော် ကြိုတင်မမြင်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေပေါ့နော် သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ

  • naywoonni

    October 21, 2011 at 5:17 pm

    ကြားရ နားဝ မှာ မသက်ပါ့လား ကိုပေါက်ဖော် …. ဒါနဲ့ အောက်ဆုံးပုံက အဘိုးကြီးက ဘာလုပ်ပြနေတာလဲ… ကနေတာတော့ မဟုတ်လောက်ပါဘူး…….

  • 18aungphone

    October 21, 2011 at 6:17 pm

    ရေမြန်မြန်ကျပါစေလို့………..ပဲ ထိုင်းနိုင်ငံမှာရှိနေတဲ့လူတွေအတွက်ဆုတောင်းပေးပါတယ်

Leave a Reply