Voice Journal ရဲ့ ရှယ်ဖွချက်
The Voice Weekly Journal Vol.7/ No.45 စာမျက်နာ ၃၉ က ညိမ်းသူရေးထားတဲ့ အင်တာဗျူးပါ ခေါင်းစီးက” အထူးကုဆရာဝန်ဆိုတိုင်း ချင့်ချိန်ယုံကြပါလို့”ဖြစ်ပါတယ်။
အတိုချုံး က – လူနာက သဘော်သားတယောက် ၊ ဗိုက်နာလို့ အထူးကုဆေးခန်း” သုခကမာ႓” မှာပြတယ်။ အူအတက် ခွဲထုတ် လိုက်တယ်။ နောက်ဆက်တွဲ ပြက်သနာ နဲ့( အနာပိုးဝင်၊ လေမလည်၊ ဝမ်းမသွား၊ ဗိုက်ဖောင်း) လာလို့ ဒုတိယတခါ ခွဲခန်း ဝင်ရတယ်။ နောက်တော့ ရန်ကုန်ဆေးရုံကြီးကို လွှဲတယ် ၊ လူနာ က ဆုံးသွားတယ်။ ( အသေးစိတ် Procedure လဲ Voiceက ရေးမထားဘူး)
၈ရက်နေ့ မှာ အထူးကု ဆေးခန်းပြ တယ်၊ ၁၅ရက်နေ့ဆုံးသွားတယ်။
ဝေဖန်ချင်တာက Voice နဲ့ ရေးသားသူ ညိမ်းသူ ကိုပါ။
အချက်အလက် မစုံမလင် ၊ ဆေးပညာအသိ နည်းနည်းလေးတောင် မရှိပါပဲ ဒီလို မျိုး ( ဆောင်းပါး၊ အင်တာဗျူး) ရေးလို့ပါ။ခေါင်းစီး မှာကတည်းက” အထူးကုဆရာဝန်ဆိုတိုင်း ချင့်ချိန်ယုံကြပါလို့” လို့ ရေးထားတော့ ဟို ကဆရာဝန် က အထူးကူ ဆရာဝန် အစစ်မဟုတ်ပဲ အတု လို့ ဆိုလိုတာလား။ ဆေးခန်းကရော ဆရာဝန် အတုနဲ့ကုခိုင်းတယ်လို့ ဆိုလိုတာလား။
ခွဲစိတ်ရင် ပိုက်ဆံရမယ် ဆိုတော့ အတင်းကိုခွဲတာ ဆိုတဲ့ အရေး အသားကတော့ လွန်လွန်းမနေဘူးလား။ ( ဆရာဝန် တယောက် မဟုတ်ပဲ တခြားလူကိုပြောရင် တောင် အရမ်းစော်ကားလွန်းတဲ့ အရေးအသားပါ)
ပြီးတော့ ခွဲစိတ်မှု မှာ လွှဲမှား မှု တစုံတရာ ရှိ တယ် လို့လဲ မရေးထား (ရေးရကောင်းမှန်း လဲသိပုံမရပါ)။ Procedureမှားတယ်ဆိုလဲမှားတယ်၊ ခွဲခန်းသန့်ရှင်းမှုမကောင်းဘူးဆိုလဲမကောင်း ဘူး၊ ခွဲစိတ်ခန်းသုံး ကိရိယာ များမသန့် ရှင်းလို့ ပိုးဝင်တာပါ လို့ ရေးရင်ရေး၊ လူနာကို လစ်လျှုရှုထားတယ်ဆိုရင်လဲ တမျိုး)
ခွဲပြီး တော့လဲ ဆရာဝန် ကိုယ်တိုင် နေ့တိုင်းလာကြည့်တယ် ဆိုတော့ လစ်လျှူရှုမှု လည်းမဟုတ်။
အလွဲဆုံးကတော့ ခွဲစိတ်ကုသရန် လူနာရှင် ဆီကနေ အမိန့်(Command ) တောင်းတယ်လို့ ရေးထားတာပါပဲ။ လူနာရှင် ဆီက လိုအပ်သလိုကုသရန် သဘောတူညီမှု၊ ခွင့်ပြုချက်(Consent) ယူတယ်ဆိုတာပဲရှိပါတယ်၊ လူနာရှင်ဆီက သဘောတူညီချက်၊ ခွင့်ပြုချက် (Consent) တောင်းတယ်ပဲကြားဖူးတယ်၊ အမိန့်( command)တောင်းတယ်ဆိုတာ Voiceက ညိမ်းသူဆိုတဲ့သူ ရေးပြ ဗျူးပြမှပဲ သိရ မှတ်သားရတော့တယ်။
လူနာရှင်က အမိန့်(Command) ပေးတယ် ဆိုတော့ ကာ ဆရာဝန်က အမိန့်အတိုင်းလိုက်လုပ်တယ်ဖြစ်မနေဘူးလား။
( ရှေ့နေကယ်မှထောင်လုံးလုံးကျ ဖြစ်နေပါပြီ ညိမ်းသူ ရယ်)
ရုပ်အဆိုးဆုံး ကတော့ ရန်ကုန်ဆေးရုံကြီး ကို သေပြီး ရောက်သွားပြီး၊ ရန်ကုန်ဆေးရုံကြီး က လူသေကို မသိ သယောင် လက်ခံထား သလို ရေးသားချက်ပင်။ ရန်ကုန်ဆေးရုံကြီးဆိုတာ အစိုးရဆေးရုံကြီးပါ၊ ဒီလို ဆေးရုံမျိုး ကို ဒီလို သက်သေမရှိ အချေအမြစ် မရှိ စွတ်စွဲ ရဲတဲ့ ညိမ်းသူ နဲ့ Voice ဂျာနယ် ကိုလဲ အံ့ဩ မိပါတယ်။ ( ဆေးရုံကြီး မှာProcedure အတိုင်း စာရွက်စာတန်းနှင့်လုပ်လုပ်တာပါ၊ အခန့်မသင့်ရင် ညိမ်းသူ နဲ့ Voice ဂျာနယ် တို့ တရားစွဲခံရနိုင်ပါတယ်။
ခွဲစိတ်မှု တိုင်းကို လူနာရှင်ရဲ့ သဘော တူညီမှု ခွင့်ပြုချက် လက်မှတ်တ်ထိုး(Written Consent ) ပြီး မှပြုလုပ်တာပါ ( ကျနော် ကျမ ကဖြင့်စာမတတ် လို့ ရမ်းသန်း လတ်မှတ် ထိုးလိုက်တာလို့ တရားရုံး ရောက်မှ ပြောမှာလား)
လူနာကို ဆရာဝန်ကြီးကို တိုင် နေ့တိုင်းလာကြည့်တယ်ပြောပြီး နောက်မှ ဆရာဝန်တွေ ဂရုမစိုက် လို့သေတယ်ပြောမှာလား။
Procedureတွေလဲနားမလည် အချက်အလက်လဲမစုံမလင် ရမ်းသန်း ပြီးခုခေတ်စားနေတဲ့ ” ဆရာဝန် အပုတ်ချရေး” လုပ်လိုက်တာတော့တော်တော် အရုပ်ဆိုးပါတယ်။ ကို့ရှူးကိုပတ် ပြီး ပြန်တရားစွဲ ခံရနိုင်ပါတယ်။
ပြောရရင် Voiceကခုလိုလုပ်နေတာ ခုမှမဟုတ်ပါဘူး၊ အရင် ၆လ လောက်တုံးကလည်း မန္တလေးမှာ လူတယောက် စကိတ်စီးပြီး ဦးခေါင်းဒဏ်ရာရပါတယ်၊ မြန်မာဆရာဝန်များက လိုအပ်တဲ့ ”အနီးကပ် စောင့်ကျပ် ကုသမှု” လုပ်ပါတယ်။ လူနာရှင်ကိုလည်း ဦးခေါင်းတွင်း ဒဏ်ရာ မရှိတဲ့ အကြောင်း၊ အချိန်အတိုင်းအတာတခု ယောက် ရင် သတိပြန်လည် လာမည့် အကြောင်းရှင်းပြပါတယ်။ သို့သော် မည်သည့်နေရာမှ ရထားမှန်းမသိ အောင်ချမ်းသာကြွယ်ဝလှ သော လူနာရှင် များက စီးလုံးငှါးလေယာဉ်ဖြင့် တဖက် ထိုင်းနိုင်ငံ သို့လူနာအားခေါ်ဆောင် ကာ ကုသစေပါတယ်။
ထိုင်းနိုင်ငံမှ ဆရာဝန်များ သည်လည်း မြန်မာမှ ဆရာဝန် များနည်းတူ ”အနီးကပ် စောင့်ကျပ် ကုသမှု” ကိုပဲလုပ်ပါတယ်။ မြန်မာမှ ဆရာဝန်များဆိုခဲ့သည့် အတိုင်း အချိန်အတိုင်းအတာတခု ကြာမြင့်သည့်အခါ အလိုလို သတိပြန်လည်လာပါတယ်။ ဒါကို ပင် မြန်မာမှ ဆရာဝန်တွေ ညံ့လို့၊ အသုံးမကျ လို့ လူနာက သတိပြန်လည်မလာတာ၊ ယိုးဒယားက ဆရာဝန်များ ကတော်လွန်းလို့ ” ဟပ်ချလောင်းလုပ်ပေးလိုက်တာ” သတိ ရလာသည် ဟု ဆေးပညာ နေနေသာသာ စာပေဗဟုသုတပင်မရှိ သော လူတယောက်က ရေးသားခဲ့ပါသည်။ Voice ကလည်းအားတက်သရောပင် ဖော်ပြပေးခဲ့သည်။
ယခင် သွေးလွန်တုတ်ကွေးကိစ္စတုံးက လည်းအားတက်သရောဖော်ပြပေးခဲ့ပြီး ၊ ထိုကိစ္စ အတွက် သိန်းပေါင်းများစွာ အလျော်ရလိုက်သည် ကိုတော့မသိ သယောင် ဖော်ပြခြင်းမရှိခဲ့ပေ။
ဆိုရရင် Voice ဂျာနယ်သည် အချေအမြစ်မရှိပဲသူတပါးဂုဏ်သိကာ္ခပျက်စီးစေရန်၊ အများပြည်သူကို ဆရာဝန်မုန်းတီးရေး ဝါဒမှိုင်းတိုက် (ကျန်တဲ့နိုင်ငံရေးမှိုင်းလည်းတိုက်ပါတယ်) နေသည်မှာကြာခဲ့ပါပြီ။ ဒီတခါတွင်တော့ အတော်ပင်လက်ရဲလာကာ အစိုးရပိုင်၊နိုင်ငံပိုင် ရန်ကုန်ဆေးရုံကြီးကိုပါ အသရေညိုးနွမ်းစေခဲ့ပါပြီ။ တာဝန်ရှိသူ များကရော မိမိ နှင့်တိုက်ရိုက်မပတ်သက်သ၍ ကြည့်နေကြဦးမည်လား၊ အရင်အခါများ ကလို လူမသိသူမသိ ဖြေရှင်းမှုမျိုးပဲပြုလုပ်ကာ သည်းခံနေကြဦးမည်လား။ သို့မဟုတ်……………….
11 comments
ဘဘ
October 23, 2011 at 12:13 am
အဖြစ်အပျက်အမှန်တွေ ကိုတော့ကာယကံ ရှင်တွေပဲသိမှာပါ၊ ကျနော် ကတော့ ဂျာနယ်မှာ တဖက်သတ် ရေးထားတာ ပဲတွေ့လို့ ဝေဖန်တာပါ။
htoosan
October 24, 2011 at 9:51 am
ဘဘ ရေ.. Voice ဂျာနယ်မှာက တဘက်သတ်ရေးတယ်လို့တော့ ပြောလို့မရဘူးထင်ပါတယ်။
The Voice Weekly Journal Vol.7/ No.45 စာမျက်နာ ၃၉ မှာ ဘဘ ပြောသလို ရေးသလို ဆရာဝန်ရဲ့ ဖြေရှင်းချက်ကို စာမျက်နှာ ၃၈ မှာ ဖော်ပြထား ပါတယ်။
နှစ်ဘက်ပြောစကားများကို ရေးထားတာမို့လို့ ။နှစ်ဘက်ပြောစကားမှ ယူရျ်ခေါင်းစဉ်တပ်ထားတာမို့လို့ Voice မှ ဖွသည်ဟု မယူဆသင့်ပါဟု ထင်မြင်ယူဆမိကြောင်းပါ။
lwinmg
October 23, 2011 at 12:20 am
အငြင်းပွားစရာ အကြောင်းအရာတွေကတော့ ကာယကံရှင်တွေပဲ အသိဆုံးနေမှာပါ၊
ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ သိနိုင်ဖို့ ခက်ခဲလှပါကြောင်း…။
Mg Ni Tut
October 23, 2011 at 2:46 am
စာအရကတော့ ဆရာဝန်တွေပယောဂမကင်းဘူးလို့ ထင်တာပဲ။ သူတို့ခွဲလိုက်မှ ဗိုက်ဖောင်းသွားတာမဟုတ်လား?
ရှူံးနိမ့်မှုများနဲ့.. လူ
October 23, 2011 at 2:56 am
ပြောရရင် ဖွတဲ့စာလဲဖြစ်နိုင်တယ်၊ စာရေးတဲ့သူက အချက်အလက် ခိုင်ခိုင်လုံလုံမရဘဲ ပွ ပြီးရော ဖွ လိုက်တာလဲ ဖြစ်မယ်။ မြန်မာနိုင်ငံမှာ ဆရာဝန်လိုအပ်ချက်တွေ သိပ်များနေတော့ ရှိနေတဲ့သူလေးတွေကပဲ မနိုင်မနင်းဝန်ကို ထမ်းနေရတယ်မြင်မိတာပဲ။ ခုတစ်လော Voice ကို ဖွ တဲ့သတင်းတွေ တော်တော်များများရေးနေတာ သတိထားမိတယ်။ မယုံပါဘူး။ ထားပါတော့၊ အချက်အလက်ခိုင်လုံတယ်ပဲထား၊ ဘယ်ဥပဒေအကြောင်းအရ ဘယ်ဆရာဝန်ကိုတရားစွဲမှာလဲ? ဘာမှ မဖြစ်နိုင်တာကို လျှောက်လုပ်နေမယ့်အစား ဥပဒေပြုရေး ကြိုးစားကြပါတော့လား
ကြောင်ကြီး
October 23, 2011 at 12:23 pm
မှန်၏။ အခုတလော ဗွိုက်စ်ဂျာနယ် လျောက်ဖွနေတာ သတိထားမိတယ်။ ပြောရရင် မြန်မာ့မီဒီယာ လောကမှာ ယုံကြည်ရသူ ခပ်ရှားရှားရယ်။ ဈေးကွက် အုပ်စီးထားတဲ့ တိုက်တွေအားလုံးက (အလဲဗင်းဂျာနယ် အပါအဝင်) စစ်အုပ်စု အရှင်မွေးလို့ ကြီးပြင်းလာသူတွေ။ သူတို့မှာ နောက်ကွယ်က သိဖို့ခက်တဲ့ (ဒါပေမဲ့ မြင်နေရတယ်) အပေးအယူ အနှောင်အဖွဲ့တွေရှိမယ်။ တိုးတက်ပွင့်လင်းလာမှုကို ကြိုဆိုပါ၏ သို့သော် ကျုပ်တို့ စာဖတ်သူတွေကို southချဉ်တော့ မမှတ်ကြနဲ့။ မြန်မာပြည်မှာ သတင်းစာနဲ့ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ (media watch dog) ရှိသင့်တယ်။ တလောကတော့ ဂျာနယ်တိုက်တွေ အစိုးရအရာရှိတွေနဲ့ ပေါင်းပြီး အဖွဲ့တခု ဖွဲ့တယ် ကြားတယ်။ အလဲဗင်းတိုက်က သပိတ်မှောက်တယ်လို့လည်း ဖတ်ရတယ်။ (ဒါလည်း မြှုပ်ကွက် ဖြစ်နိုင်တယ်၊ မယုံတာတော့ မယုံဘူးပြောမှာပဲ၊ မကျေနပ် လဲသေ) ။ သူတို့ လုပ်ဆောင်ချက်တွေ မယ်မယ်ရရ တခုမှ မတွေ့ရသေးဘူး။ ပြန်ကြားရေးဝံဂျီး ခွင့်ပြုမှ ရမယ်ဆိုလည်း တပ်ရှုပ်ဂျီးဆီသာ တန်းသွားကြပါတော့…။
Foreign Resident
October 23, 2011 at 8:35 am
စာရေးသူ “ဘဘ” ရေ ၊
ဒီ ” Voice Journal ရဲ့ ရှယ်ဖွချက် ” Post နှင့် ပါတ်သက်ပြီး
ကျွန်တော်လည်း
” Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ” ဆိုပြီးကို
Reply အနေနှင့် Post တင် လိုက်ပါတယ်ဗျာ ။
ဖတ်ကြည့်ပြီး ထင်မြင်ချက် Comment လေးများ
ချီးမြှင့် ပေးသွားပါအုံး ခင်ဗျာ ။
လေးစားလျှက် Foreign Resident ။
three colors
October 23, 2011 at 10:14 pm
ဒီ caseကို ကျွန်တော် အပါအဝင် ဘယ်သူမှ(သက်ဆိုင်သူများကလွဲပြီး)မသိပေမဲ့ ကျွန်တော်ကြားမြင်ရသလောက် မြန်မာပြည်မှာ
သုံးစားလို့မရတဲ့ဆရာဝန်တွေ အများကြီးပါ၊
နိုင်ငံခြားပြန် သမားတော်ဆိုပြီး ငွေ လှိမ့်တောင်းနေတဲ့ကောင်တွေ၊ရောဂါဇစ်မြစ်ကိုသေချာမမေး၊သေချာမရှင်းပြပဲ တမိနစ် တယောက်နှူန်းနဲ့ကြည့်နေတဲ့ အထူးကု နာမည်ခံ ကောင်တွေ တွေ ့မြင်နေရလို့ပါ။
စေတနာမပါရင် ဆရာဝန်ကိုအမှတ်ကောင်းရုံနဲ့ မလုပ်ပါနဲ့။
စာရေးဆရာလုပ်၊ စီးပွားရေး လုပ်နေတဲ့သူတွေ အများကြီးပါ။
ဝမ်းရေးအတွက် ထိုက်သင့်သလောက် ယူရမှာ ဖြစ်ပေမဲ့ လူ့အသက်ပေါ် ်မှာ အမြတ်မထုတ်သင့်ဘူး။
ဝဋ် ဆိုတာ လိုက်တတ်ပါတယ်။
ဘဘ
October 24, 2011 at 12:00 am
three colorsပြောတာ အမှန်တရားတွေပါပါတယ်။ သို့သော် ဆရာဝန် တိုင်းက ပိုက်ဆံ တမျက်နာပဲကြည့်နေတာတော့မဟုတ်ပါဘူး။
((ကျနော် လဲ တခြားနိုင်ငံတွေမှာ အလုပ်သွားမလုပ်ဖူးတော့သေချာတော့ မသိပါဘူး။ ))
ကြားဖူးတာက နိုင်ငံခြား တိုင်းပြည်မှာ ဆရာဝန် တွေက အစိုးရဆေးရုံ(သို့ အပြင် ဆေးရုံ တွေမှာ လုပ်ရုံနဲ့) အရမ်းမချမ်းသာ ရင်တောင် လူရိုသေရှင်ရိုသေ နေနိုင်ပါတယ်။ ဒီမှာသာ အစိုးရဆေးရုံ ကပေးအပ်ချီးမြင့်တဲ့ လခ လေးနဲ့ သာ ကျေနပ်နေပြီး အပြင်မှာ ဆေးခန်းထိုင်ခြင်း၊ အခြားနည်းနှင့်ငွေရှာခြင်း မလုပ်ပါက နောင်တချိန် တွင် ဆရာဝန် ဆိုတာ အကျီ်ဆိုလဲ အဟောင်း ၊ အသုံးအဆောင် ပစ္စည်းဆိုလဲ အပေါဆုံး တရုတ်ကလာတာမျိုး၊ ကားစီးဖို့ဝေလာဝေး ဆိုက်ကားပင်မှန်အောင် မစီးနိုင်သူ၊ သားသမီး များကို လဲ ရိုးရိုး ကျောင်းမှလွဲ၍ ကျူရှင်ပင် မထားနိုင်သူများ ဟုလူအများကသိရှိလာပေမည်။
ဘဘ
October 24, 2011 at 12:13 am
ကြုံတုံးပြောရရင် ဒီနှင့် အတွက် မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဌ(Health Care Budget) မှာ ၁ ရာခိုင်နှုန်းပင်မပြည့်ဘူးလို့ဆိုပါတယ်။ အရမ်းများ များနေမလား။
အဲဒီတော့ ”စရိတ်မျှပေး ကျန်းမာရေး ”ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။ အဲဒီ က ”စရိတ်မျှပေး ကျန်းမာရေး ”ဆိုင်းဘုတ် ဖိုးတောင်အနိုင်နိုင်ရယ်လား။
ဒါကတော့ အမေရိကန် မှာ ကျန်းမာရေးကဏ္ဌအတွက် (US health care budget)ပါ။ 23% သုံးပါတယ်။ ကာကွယ်ရေးအတွက် 25 % ပါ။
http://www.usgovernmentspending.com/health_care_budget_2012_1.html
မြန်မာမှာလဲ ကာကွယ်ရေးအတွက် Budget 23.6 %လောက်ရှိတယ်လို့သိရပါတယ်။
unclelay
October 24, 2011 at 12:23 am
စေတနာကောင်းတဲ့ ဆရာဝန်လဲ မရှိဘူးမဟုတ်.. ရှိပါတယ် ..
ဒါပေနဲ့ မီးမောင်းထိုး မှ တွေ့ရမယ်နဲ့ တူပါတယ်..
ဘာကြောင့်လဲဆိုတော့ ဝမ်းရေးက ရှိပေတာကိုး နော့..
စေတနာတွေ အသပြာတွေ ကြားထဲမှာ ရောထွေးနေတယ် ထင်ပါရဲ့ဗျာ…